Sunday 24 November 2013

တရားလိုမှ တရားခံပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး









Posted: 24 Nov 2013 05:44 AM PST
သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့်
ရေးသားချက်များအပေါ် တရားစွဲဆိုမည်ဟု ကြေညာထားချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့
ပြန်လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ် အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။

ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များ
စုဆောင်းလျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများစွာခန့်အပ်ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူး ကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဦးညီညီအောင်မှ ပြော ကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိကသတင်းစာ အများစုတွင် ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကို သာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောကြားသည်။

"ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲအဆင်သင့် ပြင်ထားတယ်။
ပြောချင်တာတစ်ခုပဲရှိတယ်။ တစ်ခါတလေ ကျရင်တရားစွဲတဲ့သူက တရားခံပြန်ဖြစ်
သွားတတ်သလို၊ ရှေ့နေကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ်လို့တော့ ကျွန်တော်ပြော ချင်ပါတယ်"ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ရေးသားခြင်းမှာ ဦးမိုးဟိန်းအနေနှင့် ပြည်သူ လူထုများအတွက် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်း တို့ဘက်မှ တရားစွဲဆိုမည့်အပေါ် မိမိအနေဖြင့် အဆင့်သင့် ပြင်ထားပြီးဖြစ်ကြောင်း မိမိ၏လမ်းအားမိမိလျှောက်နေကြ သူများဖြစ်သည့်အတွက်၎င်းအနေနှင့် ရေးသင့်ရေးထိုက် ပြောသင့်ပြောထိုက်သည်များကို ပြောကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားခြင်း များမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

"ကျွန်တော့်ကိုတရားစွဲမယ်ဆိုတော့ ကျွန်တော်တစ်ခုတော့ ပြောချင်တယ်။ သူ့ကိုပြည်သူတွေဘက်ကနေ တရားစွဲလို့ ရတာ အများကြီးရှိပါ သေးတယ်"ဟု ၎င်းကဖြည့်စွက်ပြော ကြားသည်။ နိုဝင်ဘာလ ၂၃ရက်နေ့ထုတ်သူရိယနေ၀န်း
ဂျာနယ်တွင် ဦးတေဇနှင့် စိန်စီသောညများ၊ မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်အော်
သို့ ခုန်ချကြ ပေတော့ဟု ရေးသားဖော်ပြ ခြင်းအား တရားစွဲဆိုသွားမည်ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားခဲ့ပြီး ယခုအချိန်ထိ သူရိယနေ၀န်းအယ်ဒီတာချုပ် ဦးမိုးဟိန်းဆီသို့ တရားရုံးမှ ဆင့်ခေါ်စာများ၊ ရှေ့နေမှ
စာပို့ခြင်းများ မရှိသေးကြောင်း၊ ယခုကဲ့သို့ တရားစွဲဆိုမှု အပေါ် ဦးမိုးဟိန်းမှ ရင်ဆိုင်
ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း ဦးမိုးဟိန်းကဆက်လက်ပြောကြားသည်။

ရေးသားသူ-ဇော်မျိုး တည်းဖြတ်-အေးငြိမ်းသူ
Posted: 23 Nov 2013 05:41 PM PST
"မတရားတဲ့အခွင့်အရေးတွေနဲ့ရယူချမ်းသာခဲ့တဲ့ မစ္စတာကျွန်းသစ်၊ မစ္စတာဘိန်းနဲ့မစ္စတာကြံတော"
________________________________________________
ရေး- ထောင်သူရဲ ဘအုပ်
စာစီ - ရဲရင့်ငယ် (ကနေဒါ)

ကျုပ်ထောင်သူရဲဘအုပ်ရဲ့ ခရိုနီစနစ်အမြစ်ဖြုတ်ရေးတိုက်ပွဲနဲ့ အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းရေးတိုက်ပွဲကြီးကို ကျုပ်နဲ့အတူ ၈၈ ကျောင်းသားခေါင်းဆောင် တွေနဲ့ ပြည်သူတစ်ရပ်လုံးက စတင်ဆင်နွဲနေတာကို အ၀ါရောင်အဆင့်ကနေ နောက်တစ်ဆင့် လိမ္မော်ရောင်အဆင့်ကို မြှင့်တင်လိုက်ပြီလို့ ဒီကနေ့အတိအလင်းစစ်ကြေညာလိုက်ပါတယ်။

ခင်ဗျားတို့ခရိုနီအားလုံးမှန်သမျှတစ်ယောက်မကျန် မြန်မာ့မြေပေါ်ကနေအမြန်ဆုံး
ထွက်ပြေးသွားရတော့မယ်နေ့က နီးလာနေပြီဆိုတာကျွန်ုပ်ပြည်သူ့ကိုယ်စား သတိပေး လိုက်တော့မယ်။ ကျုပ်တို့ဘက်က ရဟန်းရှင်လူပြည်သူအပေါင်းအားလုံးရှိတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်မျိုးဆက်သစ်ခေါင်းဆောင်များကပါ ထောက်ခံလာ လိမ့်မယ်လို့ ယုံကြည်ထားတယ်။ မြန်မာ့တပ်မတော်မှလည်း ခရိုနီစနစ်တိုက်ဖျက်ရေးကို ထောက်ခံပေးပါလို့လည်း ကျုပ်တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်က ခရိုနီမှန်သမျှ ခင်ဗျားတို့ စိန်ထုပ်၊ ဒေါ်လာထုပ်၊ ရွှေထုပ်မှုမှန်သမျှကို အမြန်ဆုံးသိမ်းကြပေတော့ဗျို့။

အထူးသဖြင့် ၁၉၈၈ကနေ့ ၂၀၁၀ အထိ မတရားတဲ့အခွင့်အရေးတွေနဲ့ရယူချမ်းသာခဲ့တဲ့မစ္စတာကျွန်းသစ်၊ မစ္စတာဘိန်းနဲ့မစ္စတာကြံတောတို့ကို ကျုပ်နဲ့အတူ မြန်မာပြည်သူတွေ က စစ်ကြေညာလိုက်ပါပြီ။ ခင်ဗျားတို့ခရိုနီတွေက ပြည်သူပိုက်ဆံကိုပဲ သိမ်းယူ ဓားပြတိုက်တဲ့ ငတက်ပြားအလုပ်ကိုပဲ ကျွမ်းကျင်တာပါ။ အာဏာပိုင်အဟောင်းတွေကို အပေး အကျွေးလာဘ်ထိုးတဲ့အလုပ်ပဲကျွမ်းကျင်တာပါ။ လမ်းမပေါ်မှာ စာရွက်တွေလျှောက်ဝေပြီး မဟုတ်တရားဝါဒဖြန့်တိုက်ခိုက်တဲ့ အောက်တန်းကျကျလုပ်ရပ်တွေပဲ ကျွမ်းကျင်တာပါ။
ကျုပ်တို့ကျောင်းသားတွေ ၈၈တုန်းက ပြည်သူလူထုထံ ပန်ကြားလွှာ၊ အရေးတော်ပုံစပြီ၊ တော်လှန်ရေးတပ်လှန်သံ စသည်တို့ကို နိုင်ငံရေးအတွက် စာတမ်းတွေ၊ လူထုထဲကို ရဲရဲဝံ့ဝံ့လုပ်ခဲ့တာမျိုးနဲ့ မင်းတို့ခရိုနီတွေ မနေ့တစ်နေ့က မိုးဟိန်းအကြောင်းတစေ့တစောင်းဆိုတဲ့ ပစ်စာလို စာရွက်ဝေတာမျိုးကတစ်ခြားစီပါပဲ။

မနေ့တစ်နေ့က အတိအကျပြောရရင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ င်္နနူ စားသောက်ဆိုင်အတွင်းမှာ ခရိုနီထိပ်သီးတွေရဲ့လက်ပါးစေခိုင်းသူတချို့က ရောင်စုံနှစ် ဖက်ကပ်နဲ့ရိုက်ထားတဲ့ဂျာနယ်ဆိုက်ဒ် A3 စာရွက်တွေဝေသွားကြတယ်။ သူရိယနေ၀န်းဂျာနယ် CEO ကိုမိုးဟိန်းရဲ့ မကောင်းကြောင်းမဟုတ်မမှန်လုပ်ကြံရေးသားထားတဲ့အကြောင်း တွေပါတဲ့စာရွက်တစ်မျက်နှာပေါ့ဗျာ။

စားသောက်ဆိုင်တွေ၊ လမ်းဆုံလမ်းခွတချို့မှာ CCTV ကင်မရာတွေရှိနေပြီဆိုတာ ဒင်းတို့တွေသတိလစ်သွားပုံရတယ်။ ခရိုနီက လက်တစ်ခုပ်စာဘဲရှိတာ။ သူရိယနေ၀န်း ဂျာနယ်ဘက်က လူထုက ၀ိုင်းဝန်းထောက်ခံနေကြတာက လူထုတစ်ရပ်လုံးဗျ ။
ဒါကြောင့် စာဝေခိုင်းတဲ့သူတွေရော ပိုက်ဆံပေးပြီးရေးခိုင်းတဲ့ခရိုနီကိုရော ဘယ်သူလက်ချက်ဆိုတာ ကျုပ်တို့သိပြီးပါပြီ။

အဲဒီခရိုနီကလည်း ကြားလူကတစ်ဆင့် ကျုပ်လည်း သတင်းတွေပြန်ကြားနေရပါတယ်။ အဲဒီခရိုနီတွေ တိုင်ပင်တဲ့အစည်းအဝေးဆုံးဖြတ်ချက်လမ်းသုံးသွယ်ကိုလည်း ကျုပ်တို့ ပြန်ကြားရပါတယ်။

၁။ မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်အုပ်စုကို အပြတ်ရှင်းရေးလမ်း
၂။ ခရိုနီတွေ မြန်မာပြည်က ထွက်ပြေးထွက်ခွာရေး
၃။ ခရိုနီတွေမိမိကိုယ်ကို ဆွဲကြိုးချ သတ်သေရေးဆိုပြီး ဆုံးဖြတ်တယ်လို့ကြားရတယ်။
ကျွန်တော်ထောင်သူရဲဘအုပ်က ကြားကနေ ခရိုနီတွေကိုအကြံပေးချင်တယ်။ ခင်ဗျားတို့ဆုံးဖြတ်တဲ့လမ်း ၃သွယ်ကလည်းမဆိုးတော့မဆိုးပါဘူး။ မိုးဟိန်းနဲ့ သူရိယနေ၀န်း ဂျာနယ်အုပ်စုကို အပြတ်ရှင်းမယ့်လမ်းကကောင်းပါတယ်။
ဒါပေမဲ့ မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်အုပ်စုက ၈၈ကျောင်းသားခေါင်းဆောင်ကောင်းတွေက သရဏဂုံတင်ထားပြီးသားတဲ့ဗျ။ သူတို့က သူတို့ဘ၀ကိုနေ့စဉ် နောက်ဆုံးနေ့ဆိုပြီး သတ်မှတ်ပြီး လူထုအတွက် သူရိယနေ၀န်းဂျာနယ်ထုတ်ဝေနေကြတာဗျ။ မနက်လင်းကတဲ ညနေ နေ၀င်တဲ့အထိ မသေသေးရင် ဒီနေ့ မသေသေဘူးလို့ တရားမှတ်ပြီး သတ်မှတ်ပြီးနေနေတဲ့ လူထုရှေ့က ဘက်တော်သွားတွေဗျ။ မိုးဟိန်းနဲ့ သူရိယနေ၀န်းဂျာနယ်အဖွဲ့သားတွေ၊ ဆောင်းပါးတွေရေးနေတဲ့ကျုပ် ဘအုပ်လိုကောင်တွေက နေ့တိုင်းကို သေနိုင်တဲ့နေ့ဆိုပြီး တရားရှိ,ရှိနဲ့လူထုအတွက်အသက်ရှင်နေတာ။
ခင်ဗျားတို့ ကျုပ်တို့လို သရဏဂုံတင်ပြီးသား သူရဲတွေနဲ့ လာလဲကြရင်လာခဲ့ကြစမ်းဗျာ။ ခင်ဗျားတို့က ရှေ့တစ်လှမ်းတက်ရင် ကျုပ်တို့က ဆယ်လှမ်းတက်ပြီး သားသာမှတ်ပေတော့။ မိုးဟိန်းနဲ့ကျုပ်ထောင်သူရဲဘအုပ်၊ စစ်သူရဲဗလမင်းထင်နဲ့သူရိယနေ၀န်း(၈၈) ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ထိလို့သေသွားတဲ့နေ့ အချေမှုန်းခံရတဲ့နေ့ကတော့မင်းတို့ခရိုနီအားလုံးရဲ့ ပိုင်ဆိုင်မှုအားလုံးနဲ့ခင်ဗျားတို့တွေရဲ့ ဘ၀တွေအားလုံးတနွယ်ငင်တစင်ပါအားလုံးမြန်မာ့မြေပေါ်မှာ လူထုတစ်ရပ်လုံးရဲ့ လက်ချက် နဲ့ ပျောက်ကွယ်သွားရမဲ့နေ့ပဲ။ အဲဒီ ကျုပ်တို့ပျောက်ကွယ်သွားတဲ့သတင်းနဲ့အတူ မင်းတို့ရဲ့ဘဏ်တိုက်တွေ၊ မင်းတို့ရဲ့ကုမ္ပဏီဌာနချုပ်ခြံဝင်းကြီးတွေ၊ မင်းတို့ရဲ့ဟိုတယ် နန်းတော်ကြီး တွေ အားလုံးသိဖို့ ရဟန်းရှင်လူထုတစ်ရပ်လုံးက ဖယောင်းတိုင်ထွန်းပြီးလာမယ်မထင်နဲ့ မီးဒုတ်ကိုယ်စီနဲ့ကိုင်ပြီး ချီတက်ဝိုင်းရံလာမယ်နေ့ပဲ။

မီးဒုတ်-မီးဒုတ် ရှို့ရှို့ဆိုတဲ့ ဒို့ဗမာအစည်းအရုံးရဲ့ကြေးကြော်သံကို ခင်ဗျာတို့ခရိုနီတွေ မေ့နေကြတယ်ထင်တယ်။ ဟိုတုန်းက ဒို့ဗမာအစည်းအရုံးရဲ့ကြေးကြော်သံ ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့ဆိုတာက ဗြိတိသျှနယ်ချဲ့တွေအတွက် ကြေးကြော်ခဲ့တာ။
အခု မြန်မာပြည်သူတွေရဲ့ မီးဒုတ်ကတော့ မင်းတို့ခရိုနီတွေ အားလုံးရဲ့နတ်စည်းစိမ်နဲ့ ဘ၀တွေ ကို ရှို့ပစ်ဖို့ ဆိုတာ ကျုပ်အတိအ လင်းသတိပေးလိုက်ချင်တယ်။
ဒါမှမဟုတ် နောက်နည်း လမ်းတစ်သွယ်ကတော့ ဆွဲကြိုး ချပြီးတော့ မသတ်သေပါနဲ့ ကျန်ခဲ့တဲ့ သြိပ ကိုလူမြင် သူမြင်မကောင်းပါဘူး။

ခင်ဗျားတို့ခရိုနီအားလုံး ရန်ကုန်မြစ်ထဲက မော်တော်တစ်စင်းနဲ့ ဘင်္ဂလားပင်လယ်အောင်အထဲအထိ မောင်းသွားပြီး အားလုံးခုန်ချပြီး အဆုံးစီရင်လိုက်တာက ပိုကောင်းပါ တယ်။ ရန်ကုန်မြစ်ထဲမှာဆိုပေါ်လာမဲ့ Body က မြင်မကောင်းရှုမကောင်းဖြစ်နေမှာစိုးလို့ပါ။ ဘင်္ဂလားပင်လယ်အော်ထဲ ဆိုတော့ Body တွေ ပြန်ပေါ်မ လာတော့ဘူးပေါ့ဗျာ။ ဘင်္ဂလား ပင်လယ်အော်ထဲမှာက ငမန်းတွေရှိတယ်လေ။ ခဏလေးနဲ့လက်စသတ်သွားတာပေါ့ဗျာ။

ဒါကြောင့် မစ္စတာကျွန်းသစ်ရေ ငါ့ညီမင်းငယ်ပါသေးတယ်။ စာရွက်တွေ ဆက်ဝေလို့ရှိရင် အပိုင်း၂တို့ အပိုင်း၃တို့ ဆက်ဝေခဲ့ရင် သပ်သပ်ရပ်ရပ်ကလေးဝေနိုင်အောင် စာရွက်စာတမ်းဝေနည်းတွေနဲ့ လူလားမြောက်လာတဲ့ထောင်သူရဲဘအုပ်တို့လို ကျောင်းသားတွေဆီမှာ သင်တန်းလာတက်လိုက်ဦး။ မင်းရဲ့ လက်ပါးစေတွေကို စာရွက်ဝေ နည်းသင်တန်းအလကားအခမဲ့သင်ပေးလိုက်မယ်။ မင်းက စာရွက်တွေဝေပြီး မဟုတ်တရားဇာတ်လမ်းဆင်ပြီး မိုးဟိန်းကိုတိုက်ခိုက်နေတာ ငါတို့လိုထောင်ထွက်တွေ ဘ၀ပျက်ခဲ့တဲ့လူတွေက နွေရာသီမှာ ယပ်တောင်ကလေးနဲ့ လာခတ်ပေးနေတယ်ပဲ အောက်မေ့တယ်။ ဆက်ဝေပါ ဆက်ဝေပါ မင်းတို့ရဲ့အောက်တန်းကျတဲ့ အရေးအသားတွေ၊ ဇာတ်လမ်း လုပ်ဇာတ်တွေကိုလူတွေသိသွားစေချင်လို့ပါ။ မင်းတို့က မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်ကိုပါ တိုက်ခိုက်ရှုတ်ချလေ သူရိယနေ၀န်းက ပို၍အောင်မြင်လေလေပေါ့ကွာ။ သရဏဂုံတင်ထားပြီးသော ထောင်သူရဲဘအုပ်။

ထောင်သူရဲဘအုပ်
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment