Thursday, 6 March 2014

သမ္မတကြီး ဘဲရီးဂွတ်- Mr president Very good


ကောင်းလေစွ၊ ကောင်းလေစွ၊

သမ္မတဆိုသည်မှာဤသို့ပြတ်သားရပေမည်။




သမ္မတကြီး ဘဲရီးဂွတ်-Mr President very good ,

ဘင်္ဂလားဒေ့ရှင်္က ၀န်ကြီးချုပ်ရှိတ်ဟာစီနာ လာတယ်-မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နဲ့  တွေ့ ဆုံတယ် ။ သူတို့ နိုင်ငံတွင်းရောက်ရှိနေထိုင်နေတဲ့  ဘင်္ဂလီဒုက္ခသည်တွေကို ပြန်ခေါ်ပြီး လက်ခံယူပါလို့  ပြောတယ် ။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က သူတို့ ဟာ မြန်မာနိုင်ငံသားမဟုတ်လို့  ငြင်းဆိုပြီး လက်မခံပယ်ချလိုက်တယ်ဆိုတာ သတင်းတွေ ဖတ်ရတယ် ။

ဘင်္ဂလားဒေ့ရှင်္ လူမျိုးတွေက ဘင်္ဂလီစကားပြောပြီး မူဆလင်ဘာသာဝင်တွေဖြစ်တယ် ။ ဒုက္ခသည်စခမ်းက ဘင်္ဂလီကုလားတွေဟာလဲ မူဆလင်ဘာသာဝင်ဖြစ်တယ် ။ အဲဒါကို မြန်မာနိုင်ငံသားဆိုပြီး ပြန်ခေါ်ပါလို့  ပြောတာကိုက လက်ခံနိုင်စရာ အကြောင်းမရှိတာဘဲဖြစ်တယ် ။ မြန်မာနိုင်ငံက ဗုဒ္ဒဘာသာကို ကိုးကွယ်တာဖြစ်တယ်- တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးရှိတယ် ။ ဒီတော့ သမ္မတကြီး ပြောတာမှန်တယ် ။

ဘင်္ဂလားဒေ့ရှင်္နိုင်ငံမှာ ရခိုင်ဒုက္ခသည်တွေ ဆိုရင် ဒုတိယနိုင်ငံကို ရောက်နေတဲ့  ဒုက္ခသည်လို့  ပြောနိုင်ပြီး ပြန်ခေါ်သွားပါလို့  ပြောလာရင် မြန်မာနိုင်ငံသမ္မတကြီးက လက်ခံရမှာဖြစ်တယ် ။ ဒါက ယခင် စစ်အစိုးရက လူ့ အခွင့်အရေးချိုးဖေါက်ခဲ့ မှုကြောင့် ထွက်ပြေးရောက်ရှိနေကြသူများဖြစ်လို့  အရပ်သားအစိုးရလက်ထက်မှာ ပြန်ခေါ်ရတာဖြစ်တယ် ။ ခုတော့ ရခိုင်ဒုက္ခသည်မှ မဟုတ်တာ ။ ဒီတော့ သမ္မတကြီး ပြောတာမှန်တယ် ။

ဘင်္ဂလားဒေ့ရှင်္နိုင်ငံမှာ ရှိနေတဲ့  ဒုက္ခသည်လို့  ပြောပြောနေတဲ့  အဲဒီလူတွေကို -UNHR-က ကျွေးမွေးစောင့်ရှောက်နေတယ် ။ UNHCR- ကို ကမ္ဘာ့ကုလသမ္မဂ ဒုက္ခသည်များမဟာမင်းကြီးရုံးလို့ေ ခ်ါတယ် ။ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးအတွက် စီစဉ်ပေးနေတဲ့  အဖွဲ့ ဖြစ်တယ် ။ မြန်မာနိုင်ငံက မြန်မာနိုင်ငံသားမဟုတ်လို့  လက်မခံ ပယ်ချလိုက်ပြီဆိုရင် ဘင်္ဂလားဒေ့ရှင်္နိုင်ငံဝန်ကြီး မစ္စ ရှိတ်ဟာစီနာက သူ့ နိုင်ငံကိစ္စ သူဖြေရှင်းဖို့ ဘဲလိုတယ် ။ UNHCR-က ကျွေးမွေးစောင့်ရှောက်ပေးတာကို လက်ခံပြီး ဒီအတိုင်း ထားပေးမလား ဒါမှမဟုတ် ပြန်လည်နေရာချထားရေး ( Resettlement ) လုပ်မလား ဆိုတာဘဲ ရှိတယ် ။ ဒီတော့ ကိုယ်နဲ့ မဆိုင်လို့  လက်မခံ ပယ်ချတယ်ဆိုတဲ့  မြန်မာသမ္မတကြီး ပြောမှန်တယ်။

တဆက်တည်းမှာဘဲ မြန်မာသမ္မတကြီး ပြောတာအမှတ်ရနေမိတယ် ။ ကြိုက်တဲ့ နိုင်ငံက ( ခိုးဝင်ဘင်္ဂလီ ကုလား ) သူတို့ ကို လက်ခံရင် သင်္ဘောနဲ့ တင်- တင်ပို့ ပေးမယ်လို့  ပြောတာကြားဖူးတယ် ။ ဒါက မြန်မာနိုင်ငံရဲ့  အာဏာပိုင်အမြင့်ဆုံး တစ်ဦးဖြစ်တဲ့  သမ္မတတစ်ဦးရဲ့  နုတ်ထွက်စကားဘဲ ။ ဒီတော့ခါ -UNHCR-အနေနဲ့  ဘင်္ဂလားဒေ့ရှင်္နိုင်ငံက အဲဒီလူတွေကို ဘယ်လို အတန်းအစားမျိုးနဲ့  သတ်မှတ်သတ်မှတ် တတိယနိုင်ငံကို ခေါ်ဆောင်သွားမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီလိုလူမျိုးတွေကိုလဲ ပို့ ဆောင်ခေါ်ယူဖို့  တာဝန်ရှိနေသေးတယ် ။

စစ်တွေမြို့ မှာ -NGO-အဖွဲ့ တစ်ခုဖြစ်တဲ့  -AZG-နယ်စည်းမခြားဆရာဝန်များအဖွဲ့ ကို မောင်းထုတ်ကြတယ် ။ မောင်းထုတ်ရတဲ့  အကြောင်းရင်းက ခွဲခားဆက်ဆံတာ- သတင်းအမှားတွေ ထုတ်ပြန်ပြီး နိုင်ငံကို သိက္ခာချလို့ ဘဲဖြစ်တယ် ။ -UNHCR- က သူတို့ ရဲ့  အခြားလုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့  ကြားရတယ် ။ ကျွန်တော်ကတော့ ပိုကောင်းတယ်လို့  ပြောချင်တယ် ။ ရခိုင်ပြည်နယ်မှာပါမက မြန်မာနိုင်ငံမှာပါ သူတို့ မရှိလေအကောင်းဆုံးဖြစ်တယ် ။ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်က လူဦးရေ ပေါက်ကွဲမှု အန္တရယ်ကို ကြောက်ရွ့ံပြီး နိုင်ငံရေးမတည်ငြိမ်ဆုံး နိုင်ငံဒေသဖြစ်တာမို့ လို့  -ဒုက္ခသည်အဖြစ် နယ်စပ်ပြေးလာပြီး ဒုက္ခသည်အဖြစ် ခိုးဝင်လာမှာ စိုးရိမ်လို့ -UNHCR-နဲ့  စာချုပ်ချုပ်ဆိုထားတဲ့  နိုင်ငံမဟုတ်ဘူး ။

မြန်မာနိုင်ငံဟာလဲ -UNHCR-ကို လုပ်ချင်ရာ လုပ်ခွင့်ပေးလို့  ရတဲ့  အဖွဲ့ အစည်းမဟုတ်ဘူးဆိုတာ နားလည်ပေးဖို့ လိုတယ် ။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာဟာ ခိုးဝင်ဘင်္ဂလီကုလားတွေရဲ့  လူဝင်မှုကြီးကြပ်ရေးပြသနာဖြစ်တယ် ။ မကြာခင်သန်ကောင်စာရင်းကောက်ခံတော့မယ် ။ ဒီလိုကောက်ခံတဲ့ အခါ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးထဲမှာ မရှိတဲ့  လူမျိုးနာမည်ကို ဖြည့်စွက်ရေးလာရင် အဲဒီလူမျိုးကို တရားဥပဒေအရ ဖမ်းဆီးအရေးယူရလိမ့်မယ် ။ တိုင်းရင်းသားလူမျိုးစုရဲ့  မျိုးစုနာမည်ကွဲနေတာကို ဖြည့်စွက် ပြောင်းလဲတာက ဘာမှ ပြသနာမရှိပေမဲ့  နယ်စပ်ဖြတ်ကျော်ခိုးဝင်လာတဲ့  ဘင်္ဂလီကုလားတွေကိုတော့ ဘယ်လိုနည်းနဲ့ မှ သန်ကောင်စာရင်းမှာ ရေးထည့်ခွင့်မပြုနိုင်ဘူးဆိုတာ သိထားဖို့ လိုတယ် ။

နာမည်ကိုရေးထည့်တိုင်အောင် တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ သန်ကောင်စာရင်းစစ်ရေးကော်မီတီတို့ က ပြန်လည်စစ်ဆေးတဲ့ အခါမှ ဆက်လုပ်ကြမယ်ဆိုတာကတော့ အဓိပ္ပယ် သိပ်မရှိလှဘူးလို့  ပြောချင်တယ် ။ ကျွန်တော်တို့  ဖြစ်ချင်တာက နာမည်စာရင်းကောက်ခံတဲ့ အခါမှာ လူမျိုးနာမည်ကို ရေးပြီဆိုကတည်းက မရေးရဘူးလို့  သတ်သတ်မှတ်မှတ် ကြေညာထားရန်ဘဲလိုတယ် ။ အဲဒီလိုမှ မဟုတ်ဘဲ ရေးလာပြီဆိုရင် မြန်မာနိုင်ငံရဲ့  လူ့ အခွင့်အရေးကို ကာကွယ်တဲ့ အနေနဲ့  ရေးတဲ့ သူ မည်သူမဆို ဖမ်းဆီးထောင်ချဖို့ လိုတယ် ။ မြန်မာနိုင်ငံမှာ သန်ကောင်စာရင်းကောက်တာဟာ လူ့ အခွင့်အရေးကို ကာကွယ်တာဖြစ်တယ် ။ သန်း-၆၀-ကျော်သော သူများရဲ့  လူ့ အခွင့်အရေးကို ကာကွယ်နေတဲ့  သမ္မတကြီးကို ပြောချင်တယ် ။

သမ္မတကြီး ဘဲရီးဂွတ် -Mr President very Good ,

ခိုင်အောင်ကျော် ( နယူးယောက် )





--
http://www.burmaburo.blogspot.com

No comments:

Post a Comment