Tuesday, 4 March 2014

အမျိုးဂုဏ်ကို ထိန်းသိမ်းကြစေချင်



ရခိုင်မြောက်ပိုင်းမှာ ကုလားများနေတာ ခိုးဝင်တာကြောင့်ရော ကုလားတစ်ယောက် ကုလားမ မယား ၃ - ၄ ယောက်နှုန်းယူထားပြီး "သားဖောက်"နေကြလို့ပါ။

ကုလားနဲ့ယူတဲ့ရခိုင်မ မရှိသလောက်နည်းပါတယ်။ လူတစ်ထောင်မှာ တစ်ယောက်လောက်ရှိရင်တောင် ရခိုင်လူမျိုးပျောက်သွားတာ ကြာလှပြီ။  စိန်ကြည်တွေမှာ ရခိုင်မတွေမပါပါဘူး။


အမျိုးဂုဏ်ကို ထိန်းသိမ်းကြစေချင်


Category: သူ့အမြင်
Published on Monday, 03 March 2014 10:08
Written by အငြိမ်းစား ကျောင်းဆရာတစ်ဦး
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjROGoaY_J1D-eZVk_pm7XBr8Xr5DdbpKZ3vqyfwOs8thL-UvzO2LyYL70yaSMJaLiXHyMAijjOmgA4x4tykUJcmUxHXtmxCt1OLUVCDhTfRsSfwJNfIRZJ8tJEppiV6zxziEFEU9W5Eps/s1600/bayint_naung1.jpg
မျိုးစောင့်ဥပဒေတွေ ဘာတွေ ကြီးကြီးကျယ်ကျယ်ပြောနေတာကိုလည်း မသိပါဘူး။ စိတ်မဝင်စားလို့ သေသေချာချာ ဖတ်လည်း မကြည့်မိဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အမျိုးကိုစောင့်ရှောက်ခြင်းဆိုတာကိုတော့ လက်ခံတယ်။ ကြိုက်လည်း ကြိုက်တယ်။
ကျွန်တော်တို့မြို့က လူဝင်မှုကြီးကြပ်ရေးရုံးထဲကို ဝင်သွားရင် ထင်ရှားစွာ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကို သတိ ထားမိ တယ်။ "မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍ လူမျိုးပျောက်မည်" တဲ့။ အောက်မှာ အဲဒီစကားကို ပြောသွားသူကိုလည်း ရေးထား တယ်။ "ဒီပဲယင်းဝန်ထောက် ဦးမြဲ" တဲ့။ အလွန်အဓိပ္ပာယ်ရှိတဲ့ စကားလေးပါ။
ကျွန်တော်အဖွားက ကျွန်တော်တို့ ငယ်စဉ် မြေးတွေကို သီချင်းနဲ့ ချော့သိပ်ရင် ဆိုလေ့ရှိတဲ့ သီချင်းလေးတစ်ပုဒ်ကို သွားပြီး သတိရမိတယ်။
"စိန်ကြည်နော်… စိန်ကြည်နော်… လင်ယူပက်စက်သည်… မာစတာကြီးက တိုကျိုပြန်… ဗိုက်တစ်လုံးနဲ့ကျန်" ဆိုတာလေး ကို အဖွားကိုသတိရတိုင်း အဖွားဆိုလေ့ရှိတဲ့ သီချင်းလေးကိုလည်း သတိရမိတယ်။ ကျွန်တော် အရွယ်ရောက်တော့ အဖွားကို အဲဒီသီချင်း အဓိပ္ပာယ်မေးကြည့်မိတယ်။ အဖွားက
"ငါတို့ မြန်မာမတွေ လင်ယူတာ မဆင်မခြင်ယူတာကိုပြောတာကွဲ့။ ဂျပန်တွေ တက်လာတော့ တို့ရပ်ကွက်ထဲက ကောင်မတွေ ဂျပန်ကို လင်တော်လိုက်ကြတာတွေ။ သူတို့လင်တွေ ခေတ်ကောင်းစဉ်ကတော့ မာစတာမယား… မာစတာမယားနဲ့ ရပ်ကွက်ထဲ စောင့်ကြွားကြွားပေါ့။ သူတို့လင်တွေ စစ်ရှုံးလို့ ထွက်လည်းပြေးရရော သူတို့မှ လင်ကောင်မပေါ်ဘဲ ဗိုက်လေး တွေနဲ့ ။ ရပ်ကွက်ထဲမှာလည်း သူတို့မွေးတဲ့ ဂျပန်လေးတွေ အများကြီးပေါ့။ တော်ပါသေးရဲ့ ဂျပန်တွေ ဝင်လာတာနှစ်နည်းနည်း လေးကြာလို့။ နှစ်များကြာရင် ရွာတည်လို့ရမယ်" လို့ မြန်မာမတွေ လင်ယူပက်စက်ပုံအကြောင်း အဖွားကရှင်းပြဖူးတယ်။ ဟုတ်ပါတယ် ရပ်ကွက်ထဲမှာ ဂျပန်နဲ့ရလို့မွေးခဲ့တဲ့ ဂျပန်ကြီးကနေ ဂျပန်လေး၊ ဂျပန်မတွေ တစ်ချိန်က ပေါများခဲ့ဖူးပါတယ်။
ကျွန်တော်တို့ရပ်ကွက်က စတင်ထူထောင်ကတည်းက မြန်မာရပ်ကွက်ပါ။ တကယ့်မြန်မာ၊ ဗုဒ္ဓဘာသာတွေချည်း နေထိုင်ခဲ့ကြ တယ်။ ဓမ္မာရုံ၊ ဆွမ်းလောင်းအသင်း၊ ဝတ်ရွတ်အသင်းတွေနဲ့ ဘာသာရေး အလွန်ကိုင်းရှိုင်းပြီး၊ မနက်ဆိုရင် သံဃာတော်တွေ ဆွမ်းလောင်းကြတာကို ဂုဏ်ယူဝမ်းမြောက်စွာ လုပ်လေ့ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က လမ်းထိပ်မှာ ကုလားလေးတစ်ယောက် ကွမ်းယာဆိုင်လာထွက်တယ်။ သုံးပေ၊ လေးပေ လောက်ရှိတဲ့ ကွမ်းယာဆိုင်လေးဆိုတော့ ဘယ်သူမှလည်း သတိမထားမိကြပါဘူး။ ရပ်ကွက်ထဲကလူတွေ ကွမ်းယာနဲ့ ဆေးလိပ်သောက်စားရတာ အဆင်ပြေတာကြောင့် ကုလားလေး ကွမ်းယာဆိုင်ကို အားပေးလိုက်ကြတာ လက်မလည်နိုင် လောက်အောင်ပါပဲ။ ဒီလိုနဲ့ ကုလားလေးက ရပ်ကွက်ထဲမှာ အိမ်တစ်လုံး ငှားနေလိုက်တယ်။ ဒါလည်း ရပ်ကွက်က ဝိုင်းဝန်း စောင့်ရှောက်ကြတာကြောင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့ပါတယ်။
မကြာပါဘူး အဲဒီကုလားလေးက သူငှားနေတဲ့အိမ်ကို ဝယ်လိုက်တယ်။ ဒါလည်း ပြဿနာမရှိသေးဘူး။ နောက်တော့ ကုလားလေးက အိမ်ဘေးက ဖြူဖြူနုနုကောင်မလေးတစ်ယောက်ကို ယူလိုက်တယ်။ ရပ်ကွက်ထဲကတော့ ကြွေးနဲ့ သိမ်း လိုက်တယ်ဆိုလား ပြောနေကြတာပဲ။ ကုလားလေးက ဖြူနုနဲ့ယူပြီး အိမ်ဆိုင်ဖွင့်တယ်။ ပထမ မုန့်လေးတွေလောက်ရောင်း ရာက နောက်ပိုင်း ကုန်စုံဆိုင်ကြီးဖြစ်လာတယ်။ ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန် အားလုံးရတယ်။ နောက်ပိုင်း ဈေးရောင်းတာ လောက်သာမကတော့ဘူး။ အပေါင်ခံတယ်၊ ငွေတိုးချေးတယ်။ ဒီလိုနဲ့ ကုလားလေးဟာ တစ်ဖြေးဖြေး မာမူကြီး၊ ဘိုင်ကြီးဆိုပြီး ရပ်ကွက်ထဲက တစ်လေးတစ်စား ဆက်ဆံရတဲ့သူဖြစ်လာတယ်။ ပထမ သုံးပေ၊ လေးပေ ကွမ်းယာဆိုင်လောက်ကနေ ပေ ၄၀၊ ပေ ၆၀ အိမ်ခြံ၊ နောက်ပိုင်း ဘေးနှစ်အိမ်၊ နောက်ပိုင်း တစ်ရပ်ကွက်လုံးရဲ့ ထက်ဝက်လောက်ကို သိမ်းပိုက်နိုင်ခဲ့တော့ မြန်မာ ပီပီ ရွှေဥဒေါင်းလမ်းလို့ ယခင်ပေးခဲ့တဲ့ နာမည်ကို အမည်ပြောင်းခေါ်ရမလိုလို ဖြစ်နေတယ်။
နောက်ပိုင်း ကုလားလေးရဲ့ ဆွေတွေမျိုးတွေ၊ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေက လမ်းထဲကို သူနဲ့ပတ်သက်ပြီးရောက်လာ ကြတယ်။ ကုလားလေးခေါ် မာမူကြီးခေါ် ဘိုင်ကြီးကလည်း သူ့အသိုက်အဝန်းနဲ့သူ သြဇာတိက္ကမကြီးသူတစ်ယောက်ဖြစ်လာ တယ်။ မြန်မာတွေက အိမ်တွေရောင်း၊ တောပြောင်း၊ ဘဝပြောင်းချိန်မှာ ဘယ်ကမှန်းမသိရောက်လာတဲ့ ဘိုင်ကြီးရဲ့ ဆွေတော် မျိုးတော်တွေက ရပ်ကွက်ထဲမှာ ဒန်ပေါက်ဆိုင်၊ ဒိန်ချဉ်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်လိုက်ကြတာ ကြောင့် မြန်မာထမင်းဆိုင်တွေ ပျောက်ပြီး၊ မနက်ဆိုရင် ကာကာဆိုင်က လက်ဖက်ရည်၊ နေ့လည်ဆိုရင် ဟာလာဒန်ပေါက်၊ ညဆိုရင် ချစ်တီးထမင်းဟင်းနဲ့ ကိုယ်တောင် အိန္ဒိယရောက်နေသလား အထင်မှားသွားရပါတယ်။
ဟုတ်ပါတယ်။ နှစ်ပေါင်း သုံးဆယ်လောက်အတွင်းမှာ ကျွန်တော်တို့ရပ်ကွက် အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။ ကုလား တစ်ပိုင်း မြန်မာတစ်ပိုင်းရပ်ကွက်ဖြစ်သွားတယ်။ ရပ်ကွက်မှာ တဲတွေပျောက်ပြီး တိုက်တွေရောက်လာတာမှန်ပေမယ့် တိုက်တစ်လုံးဆောက်လိုက်ရင် တစ်ခြမ်းက မြန်မာမြေရှင်ပိုင်၊ နောက်တစ်ခြမ်းက ကုလားပိုင်။ ဘာပဲဖြစ်ဖြစ် မြန်မာတွေကြား ထဲမှာ ဘာတစ်ခုမှ ပြဿနာမပွားဘဲ နှစ်ပေါင်းများစွာ အတူလက်တွဲပြီး ကျေနပ်စွာ နေထိုင်ခဲ့ကြတာပါပဲ။
ဒါပေမဲ့ ပြဿနာက လက်ဖက်ရည်ဆိုင်မှာ ကုလားလေးတွေနဲ့ မြန်မာမလေးတွေချိန်းတွေ့။ ပိုပြီးဆိုးတာက မည်းမည်း သည်းသည်းကြီးတွေကို မြန်မာမလေးတွေက ချွေးလေးတွေသုတ်ပေးလိုက်၊ ကြူလိုက်၊ မူလိုက်၊ ကလူလိုက်လုပ်နေတာတွေ တွေ့မြင့်ရတာ အလွန်စိတ်ပျက်ဖို့ကောင်းလာပါတယ်။ အဖွားငယ်စဉ်က မာစတာကြီးက တိုကျိုပြန်ပေမယ့်၊ မာမူကြီးကတော့ ဘယ်မှ ပြန်တော့မှာ မဟုတ်ပါဘူး။ ကွမ်းယာဆိုင်လေးကနေ တစ်ရပ်ကွက်လုံး သိမ်းပိုက်နိုင်တာကိုပဲ တော်လို့ဆိုပြီး မြန်မာပီပီ ခန္တီစသည်းခံခြင်းနဲ့ ခွင့်လွှတ်နေခဲ့တာဆိုတော့ ခုတော့ ဘာတစ်ခုမှလည်း တတ်နိုင်တော့မှာ မဟုတ်ပါဘူး။
တတ်နိုင်တာတစ်ခုကတော့ မြန်မာမလေးတွေ အမျိုးဂုဏ်ကိုစောင့်ရှောက်ဖို့တော့ သင့်ပါတယ်။ ငွေနောက်လိုက်ရာကနေ၊ လူနောက်ကိုပါလိုက်ပြီး၊ နောက်ဆုံး ကုလားမယားဆိုတာကို ဂုဏ်ရှိတယ်ထင်သွားမှာ စိုးရိမ်မိပါတယ်။
ရပ်ကွက်ထဲမှာကလည်း ကိုယ့်မြန်မာကောင်လေးတွေက ညဆိုရင် မိုးလင်းအထိ ဘောလုံးပွဲကြည့်၊ တစ်နေကုန်အိပ်၊ အလုပ်မရှိ အကိုင်မရှိ၊ ဘဝတွေမရေရာမသေချာ၊ အနာဂတ်မဲ့နေချိန်မှာ ကြည့်လိုက်ရင် အားကိုးစရာ တစ်ကွက်မှ မရှိတာကြောင့် အားကိုး လောက်တဲ့သူတွေကိုရှာချင်ရင်လည်း တစ်ခြားဘာသာတူ၊ လူမျိုးတူတာတွေကိုပဲ ရှာသင့်ပါတယ်။ ရခိုင်မှာ ပြဿနာတက် တော့မှ မောင်းတောနဲ့ ဘူးသီးတောင်မှာ လူဆယ်ရောက်ရှိရင် ကုလားက ၉ ယောက်၊ ရခိုင်မြန်မာတွေက တစ်ယောက်နှုန်း လောက်ဖြစ်နေတယ်ဆိုတာ သိလိုက်ရလို့ အလွန်အံ့အားသင့်သွားမိပါတယ်။ ရခိုင်မှာ လူမြိုခံလိုက်ရတာကို နှစ်ပေါင်းများစွာ ဒီအတိုင်းပစ်ထားခဲ့တဲ့ အစိုးရမင်းတွေရဲ့ ညံ့ဖျင်းချက်တွေကိုလည်း အံ့သြမဆုံးဖြစ်မိတယ်။
မြန်မာနိုင်ငံတစ်နံတစ်လျားကြည့်ရင် ကျွန်တော်တို့ရပ်ကွက်ထဲကလို အဖြစ်မျိုးတွေ ရင်ဆိုင်နေကြရတာ အများကြီး ရှိမယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်နေလို့ လူမျိုး၊ ဘာသာ ခွဲခြားပြီး ပြဿနာရှာဖို့ ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ပေးခဲ့တဲ့ ကောင်းမွေ ဆိုးမွေမှန်သမျှ ဆက်ခံကြရဖို့သာရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာလည်း လူမည်းတွေကို သူတို့ခေါ်လာတယ်။ ခုထိပြဿနာမရှိအောင် ထိန်းသိမ်းပြီး ဒီမိုကရေစီ နည်းကျ နေထိုင်ခဲ့ကြတာတွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း ဆိုးမွေကိုလက်ခံပြီး အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ကြိုးစားရုံကလွဲပြီး အခြားနည်းမရှိပါဘူး။
ဒါပေမဲ့ ဒီကြားထဲမှာ ကိုယ့်အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး လူမျိုးမပျောက်အောင် ထိန်းသိမ်း စောင့်ရှောက်ကြစေချင်ပါတယ်။ ဒီပဲယင်းဝန်ထောက်မင်း ဦးမြဲပြောထားခဲ့သလို လူမြိုခံရပြီး လူမျိုးပျောက်မယ့်အရေး တွေးတွေးပြီးစိတ်မချမ်းသာဖြစ်မိလို့ ဒီစာကိုရေးတာပါ။ ဘာအစွဲ၊ ညာအစွဲ အတိုက်အခိုက်တွေမှ ပါလိုတဲ့ စိတ်ရင်းလည်း မရှိပါဘူး။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာတွေပျောက်သွားရမယ့်အရေးကိုတော့ ဘယ်မြန်မာမှ လိုလားမယ် မထင်ပါဘူး။ ဒါဆိုရင် မြန်မာမလေးတွေ ထိန်းသိမ်းဆင်ခြင်ခြင်းဟာ အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလို့ မြင်မိပါတယ်။




--
http://www.burmaburo.blogspot.com

No comments:

Post a Comment