ဂျာမနီဆိုင်ရာ မြန်မာသံအမတ်ကြီး (ဗိုလ်ချုပ်မှုးဟောင်း) ဦးစိုးနွယ်အား အရေးယူပေးပါရန် တောင်းဆိုမှုများ ထွက်ပေါ်
ပို့စ်တင်ချိန် - 4/26/2014 11:24:00 PM
ဂျာမာန်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ပျံသန်းနိုင်
အဆိုပါ မူရင်းသတင်းအား ဖော်ပြထားသည့် http://www.anna.aero/2012/11/
မြန်မာနိုင်ငံတွင် ၂၀၁၂ နှောင်းပိုင်းမှ စတင်ကာ ဘာသာရေး လူမျိုးရေးနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ ဒေသအနှံအပြားတွင် ဖြစ်ပွားခဲ့ ပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ Tour ကုမ္မဏီတစ်ခုမှ မန်နေဂျာတစ်ဦးမှ ဂျာမနီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယခုကိစ္စ ပိုမိုကြီးထွားလာမည်ဆိုပါက ၄င်းတို့၏ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာနိုင်ကြောင်း The Ladies ဂျာနယ်သို့ ပြောကြားခဲ့သည်။
အဆိုပါ သတင်းအား တင်ပြထားသည့် ဖေ့ဘုတ်အသုံးပြုသူ တစ်ဦးကမူ ၄င်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သောလည်း ရွှေတိဂုံစေတီတော် ဆိုသည်မှာ မြန်မာနိုင်ငံသားများအားလုံး လူမျိုးမရွေး ဘာသာမရွေး အလေးအနက်ထားသည့် မြန်မာ့သမိုင်းပြတိုက်တစ်ခုကဲ့
မကြာသေးမီ လပိုင်းကပင် စစ်တွေမြို့တွင် လုပ်ငန်းများ လုပ်ဆောင်နေသည် MSF မှ ဌာနေကိုယ်စားလှယ် အမေရိကန်နိုင်ငံသူသည် သာသနာ့ အလံကို ၄င်းအဖွဲ့မှ ငှားရမ်းထားသည့် ရုံးခန်းတည်ရှိရာ အိမ်မှ ဖြုတ်သိမ်းခဲ့သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ အဓိကရုဏ်း ဖြစ်ပွားရာမှ ကလေးတစ်ဦး သေနတ်မှန်သေဆုံးပြီး ယူအင်အဖွဲ့အစည်းများ၏ ဂိုဒေါင်များ ရုံးခန်းများကို ဒေါသထွက်နေသည့် မြို့ခံလူအုပ်ကြီးမှ ၀င်ရောက်ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ပစ္စည်းတန်ဖိုး ဒေါ်လာ ၁ သန်းနီးပါး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
The Ladies News Journal
ရွှေတိဂုံ စေတီတော်ပုံစံ ကိတ်မုန့်အား ဓားဖြင့် လှီးဖြတ်သည့် မြန်မာသံအမတ်ကြီးအား အရေးယူပေးရန် တောင်းဆို
Friday, April 25, 2014
ဂျာမန်ပိုင် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက် ဆက်သွယ်ပျံသန်းရန် သဘောတူ စာချုပ်ချုပ်ဆိုပွဲတွင် ရွှေတိဂုံ စေတီတော်နှင့် ထီးတော်နေရာတွင် လက်ဝါးကပ်တိုင်ပုံစံ ပြုလုပ်ထားသည့် ကိတ်မုန့်အား ဓါးဖြင့် လှီးဖြတ်ခဲ့သည် ပုံမှာ အွန်လိုင်းမီဒီယာများတွင် ပျံနှံလျက်ရှိကြောင်း တွေ့ရှိရပါသည်။
အဆိုပါပုံနှင့်ပတ်သက်၍ မန္တလေးမှ ဆရာတော် ဦးပဏ္ဍိတက "ရွှေတိဂုံစေတီ ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး အထွတ်အမြတ်ထားတဲ့ စေတီပဲ၊ အဲဒီတော့ ရွှေတိဂုံ စေတီတော်ပုံ ကို ဓါးနဲ့ လှီးနေတဲ့ ပုံကို မြင်လိုက်ရတာ တော်တော်စိတ်ထိခိုက်မိတယ်။ ကိတ်မုန့်လှီးနေတဲ့ သူတွေထဲမှာ ဗုဒ္ဓဘာသာဝင် လို့ ယူဆရတဲ့ ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုပါ တွေ့ရတာ ပိုပြီးစိတ်မကောင်းဖြစ်မိတယ်" ဟု ပြည်သူ့အာဏာကို မိန့်ကြားသည်။
ဖေ့ဘုတ်အသုံးပြုသူ ဆရာတော်တစ်ပါးကလည်း "ရွှေတိဂုံပုံတော်လည်း သူတို့လက်ထက်ကျတော့မှ ကိတ်မုန့်အဖြစ် ဓါးနဲ့ အလှီးခံရတယ်လို့။ စေတီပုံရဲ့ထိပ်မှာ တင်ထားတာက လက်ဝါးကပ်တိုင်ကို ကိုယ်စားပြုတယ်ဆိုရင် ဘာသာ(၂)ခု လုံးကို တစ်ပြိုင်နက် စော်ကားလိုက်သလိုပဲ" ဟု မိန့်ကြားသည်။
သံအမတ်ကြီး ဦးစိုးနွယ်ကိုလည်း ရွှေတိဂုံစေတီတော်ပုံကိတ်မုန့်၊ စိန်ဖူးတော်နေရာတွင် လက်ဝါးကပ်တိုင်ထည့်သွင်း ထားခြင်းတို့ကို အပြုံးမျက်နှာဖြင့် ကိတ်မုန့်လှီးခဲ့ခြင်းအား ပြည်သူအများအပြားက ဆန့်ကျင်ရှုတ်ချလျက် ရှိပြီး အစိုးရခေါင်းဆောင်များမှ တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူပေးရန် လိုလားလျက် ရှိသည်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ ဂျာမဏီနိုင်ငံခရီးစဉ်တွင် Condor လေကြောင်း ဥက္ကဌက ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့ပြီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment