ရခိုင်အနောက်တံခါးခေါက်သံလော – ဒေါက်တာမြင့်သိန်း(သုတေသန)
စစ်တကောင်းတောင်တန်းနေ လူမျိုးစုငယ်ဗုဒ္ဓဘာသာဝင် ရွာများကို တစ်ရွာပြီးတစ်ရွာ မီးရှို့ဖျက်ဆီး ၀င်ရောက် သိမ်းပိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင်းသို့ တစ်ဖက်နိုင်ငံမှ တိုင်းရင်းသား မျိုးနွယ်စုများ ပြေးဝင်လာ . . .
၂၀ မတ် ၂၀၁၄ ရက်နေ့ထုတ် Dhaka Tribune
သတင်းစာတွင် Zeeshan Khan က ““A referendum in Rakhine state?၊
””(ရခိုင်တွင် လူထုဆန္ဒခံယူပွဲ လုပ်ရန်လိုပြီလား) ဟူသည့် ခေါင်းစဉ်ဖြင့်
ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားသည့် ဆောင်းပါးတစ်စောင်
ရေးသားထားသည်ကို တွေ့ရသည်။ အဓိက အကြောင်းအရာမှာ ရခိုင်ပြည်နယ် စစ်တွေ၊
မောင်တောဒေသကို လူထုဆန္ဒခံယူပွဲကျင်းပကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့
ထည့်သွင်းသင့်ကြောင်း၊ စစ်တွေ၊ မောင်တောတွင် နေထိုင်ကြသည့် ဘင်္ဂါလီ (၎င်းတို့
အသုံးအနှုန်း အရ ရိုဟင်ဂျာ) များ၏ ပြဿ နာကို ဖြေရှင်းရန် တစ်ခုတည်းသော
နည်းလမ်းမှာ လူထုဆန္ဒခံယူပွဲ ကျင်းပကာ ဘင်္ဂလားဒေရှ်နိုင်ငံ၊
စစ်တကောင်းဒေသနှင့် ပူးပေါင်းရန်ဖြစ်ကြောင်း ဖြစ်သည်။ ၎င်းဆောင်းပါးတွင်
အခြားနိုင်ငံအချို့၏ သမိုင်းကြောင်းအရ တစ်ချိန်က နယ်မြေခွဲထုတ်
ပူးပေါင်းမှုအချို့ကို ဥပမာပြု၍ လည်းကောင်း၊ ယခုလောလောဆယ် ဖြစ်ပွားနေသည့်
ခရိုင်းမီးယားဒေသကို လူထုဆန္ဒခံယူကာ ရုရှားနိုင်ငံ အတွင်း သိမ်းသွင်းသည့်
နမူနာကို စံထား၍ လည်းကောင်း စစ်တွေ မောင်တောဒေသများကို ရခိုင်ပြည်နယ်မှ
ခွဲထုတ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားခြင်း ဖြစ်သည်။ … ၎င်းဆောင်းပါးတွင်
ရခိုင်ပြည်နယ်၏ ၄၂ ရာခိုင်နှုန်းသော လူဦးရေ၊ စစ်တွေ၊ မောင်းတော၏ ၉၅
ရာခိုင်နှုန်းသော လူဦးရေတို့မှာ ဘင်္ဂါလီ မျိုးကွဲဘာသာ
စကားပြောကြသူများဖြစ်ပြီး မြန်မာအစိုးရ၏ အဖိအနှိပ် ခံနေရကြောင်း၊ မြောက်ဦးမင်းနိုင်ငံ ပေါ်ပေါက်ရန် အတွက် ဘင်္ဂါလီပေါင်း မြောက်မြားစွာ၏
အသက်သွေးချွေးတို့ဖြင့် တိုက်ခိုက် ပေးခဲ့ရကြောင်း၊ ထိုဘင်္ဂါလီများ သည်
ရိုဟင်ဂျာတို့၏ ဘိုးဘေးများပင်ဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်လာခဲ့သည့်
နေရာများမှာပင် အခြေချနေ ထိုင် ခဲ့ကြကြောင်း ရေးသားထားသည်။ ထို့အပြင်
ဘင်္ဂလားဒေရှ်နိုင်ငံ အနေဖြင့် နယ်ခြားဒေသ တစ်လျှောက် ဒုက္ခရောက်နေကြသည့်
မိမိတို့၏ သွေးသား တော်စပ်သူများကို အထွေအထူး စဉ်းစားနေစရာ မလိုဘဲ
ခရိုင်းမီးယားကဲ့သို့ နှစ်နိုင်ငံကြား လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ်
ဖန်တီးပေးရန် ဖြစ်ကြောင်း၊ ၎င်း အခွင့်အရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက
အတင်းအကျပ် လုပ်ယူစရာမလိုဘဲ နဂိုရှိပြီးသား အခြေအနေကို ရယူ
လိုက်ခြင်းသာဖြစ်ကြောင်း ရေးသားတိုက်တွန်း ထားသည်ကို တွေ့ရသည်။
၎င်းဆောင်းပါးကို လေ့လာသည့်အခါတွင်
ပထမအချက်အနေဖြင့် နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို
မလေးစားသည့်သဘော သက်ရောက်သကဲ့သို့ သွေးထိုးမြှောက်ပင့် ပေးမှုများလည်း
ပါပေသည်။ ဒုတိယအချက်မှာ ရိုဟင်ဂျာဆိုသည်မှာ ၎င်းတို့၏ သွေးသားတော်စပ်သူ ဘင်္ဂါလီ
စကားပြောများ ဖြစ်သည်ကို ၀န်ခံရာလည်း ရောက်ပေသည်။ မြန်မာအစိုးရက
မတရားနှိပ်စက်နေပြီး လူ့အခွင့်အရေး လုံးဝမရှိသော ဘင်္ဂါလီများအတွက်
နိုင်ငံတကာ ဖိအားဖြင့်သာ မလုံလောက်ဘဲ ခရိုင်းမီးယားနည်းကို
အသုံးပြုရန်တိုက်တွန်း ထားချိန်တွင် ၎င်းတို့နိုင်ငံ စစ်တကောင်း
တောင်တန်းဒေသရှိ ဗုဒ္ဓဘာသာဝင် လူမျိုးစုငယ်များအပေါ် မည်ကဲ့သို့
နှိပ်စက်ညှဉ်းပန်းနေသည်ကို ထိမ်ချန်ထားလိုပုံရသည်။ ၎င်းတို့၏ အပြစ်များကို
ဖုံးကွယ်နိုင်ရန် အတွက် ၎င်းတို့နှင့် နယ်နိမိတ် ဆက်စပ်နေသည့်
မြန်မာနိုင်ငံတွင် လူမျိုးစုများ နှိပ်စက်ခံနေရသည်ဟု လက်ညှိုးထိုးပြ
နေခြင်းပင်ဖြစ်သည်။ စစ်တကောင်း တောင်တန်းနေ လူမျိုးစုငယ် ဗုဒ္ဓဘာသာဝင်
ရွာများကို တစ်ရွာပြီး တစ်ရွာ မီးရှို့ဖျက်ဆီး ၀င်ရောက်
သိမ်းပိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင်းသို့တစ်ဖက်နိုင်ငံမှတိုင်းရင်းသား မျိုးနွယ်စုများ ပြေးဝင်လာသူများပင်လျှင်
ထောင်နှင့်သောင်းနှင့်ချီ၍ ရောက်ရှိနေပေသည်။
သို့သော် မြန်မာအစိုးရ၏ မီဒီယာသို့
ထုတ်ဖော်ပြောကြားမှု အားနည်းချက်ကြောင့် ထိုအခြေအနေကို ပြည်သူတို့
သိခွင့်ရမှု နည်းပါးခဲ့သည်။ ပလက်ဝဘက်သို့ဝင်ရောက်ခိုလှုံလာေ သာ ချက္ကမာများ၊
မောင်တော ဘက်မှ ၀င်ရောက် ခိုလှုံလာသူများမှာ အတော်ပင် များပြားလှပေသည်။
သို့သော် နိုင်ငံတော်က အခြား အိမ်နီးချင်းနိုင်ငံများကဲ့သို့
လုပ်မစားတတ်ခြင်းက ခက်နေပေသည်။ တကယ်ဆိုလျှင် ၀င်ရောက် လာသော ဒုက္ခသည်များကို
စနစ်တကျ နေရာချထားပေးပြီး နိုင်ငံတကာသို့ အဆိုပါ ဖြစ်ရပ်များကို တင်ပြကာ
ကမ္ဘာသိအောင် လုပ်ရမည်ဖြစ်သည်။ ကိုယ်ခံနေရသည်ကိုလည်း လူသိအောင်မလုပ်၊
အမှန်တရားကိုလည်း မဖော်ထုတ်ရဲ၊ အရာရာကို တွန့်ဆုတ်တွန့်ဆုတ်
လုပ်နေခြင်းကြောင့် ခံပြီးရင်း ခံနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ
မီဒီယာများကလည်း ထဲထဲဝင်ဝင် ထိုဇာတ်လမ်းများကို မသိသဖြင့် နိုင်ငံတကာသို့
ပေါက်ရောက်သည့် သတင်းများ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ခြင်းကအားနည်းချက်တစ်ခုပင်။ ယခုကဲ့သို့ တစ်ဖက်နိုင်ငံက ဆောင်းပါးဖြင့် ရေးသား
နှိုးဆွလာခြင်းသည် သွေးတိုးစမ်းလာသည့် သဘောပင် ဖြစ်သည်။ အဘက်ဘက်က အကျပ်အတည်း
ပေါ်လာလျှင် အခွင့်အရေး တစ်ရပ်အဖြစ် အသုံးပြုနိုင်ရန် အားစမ်းလာခြင်းပင်
ဖြစ်သည်။
ယမန်နှစ်ဧပြီလက Dhaka Tribune မှာပင်
သတင်းတစ်ပုဒ် ပါလာရာ ထိုသတင်းတွင် ဘင်္ဂလားဒေ့ရှ် အစိုးရ ကိုယ်စားလှယ်
အဖွဲ့တစ်ဖွဲ့ အမေရိကန်သို့ သွားရောက်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ
အများအပြား ၀င်ရောက် လာခြင်းကြောင့် အခက်အခဲများ ကြုံနေရကြောင်း၊ ဒုက္ခသည်
စခန်းများနှင့် အကြမ်းဖက်အဖွဲ့များ ဆက်နွှယ်လာမှုကို စိုးရိမ်လာကြောင်း၊ မြန်မာအစိုးရကို ဖိအားပေးနိုင်ရေးအတွက် တောင်းဆိုခဲ့သည့် သတင်း တစ်ပုဒ်ကို
ဖတ်လိုက်ရသည်။ အများအပြား ၀င်လာသည်ဟူသည့် ဒုက္ခသည်များမှာ တစ်ချိန်က
မြန်မာနိုင်ငံ အတွင်းသို့ အများအပြား ၀င်လာကြသည့် ၎င်းတို့လူမျိုးများပင်
ဖြစ်သည်။ ယနေ့ထက်တိုင်လည်း ၀င်နေဆဲ ပင်ဖြစ်သည်။ ၀င်လာသည့်သူများကို မည်သည့်နည်းဖြင့်မျှစစ်ဆေးနိုင်သည့်အခွင့်အလမ်းမရှိချေ။ နဂို
ရောက်နှင့်ပြီးသားအပေါ် နောက်မှရောက်လာသည့် ဆွေမျိုးများ ဖြစ်နေခြင်းကြောင့်
စစ်ဆေးရန်မလွယ် ကူခဲ့ချေ။ စစ်ဆေးရန် မလွယ်ကူရခြင်းအနက် အစိုးရ
အဖွဲ့အစည်းများ၏ အဂတိ လိုက်စားမှုကလည်း ပါပေသည်။ ၀န်ထမ်းက အဂတိ
လိုက်စားသကဲ့သို့ ပါတီအဖွဲ့ အစည်းများကလည်း ၎င်းတို့ ပါတီများ အနိုင်ရရေးအတွက်
ဘင်္ဂါလီကိုပင် ဖက်တွယ်နေကြခြင်းက ရှက်ဖွယ် လုပ်ရပ်များ အတိတ်ကနေ ယနေ့
အထိရှိနေခြင်းပင် ဖြစ်သည်။ ၎င်းဒေသများတွင် နေထိုင်ကြသည့် ဘင်္ဂါလီများ အနေဖြင့်
ပါတီများအပေါ် မည်သို့ အသုံးချရမည် ဆိုသည်ကို စီမံချက် ရှိပြီးသား ဖြစ်သည်။
ဤတွင် ပြည်မမှ သွားရောက် တာဝန်
ထမ်းဆောင်ကြသည့် ၀န်ထမ်းများ၏ တာဝန်သိစိတ်၊ အမျိုးသား စိတ်ဓာတ်များ
လိုအပ်လာသကဲ့သို့ တိုင်းရင်းသားများ အချင်းချင်း ပူးပေါင်း
ဆောင်ရွက်လိုသည့် စိတ်ထားရှိရန်လည်း တိုင်းရင်းသား နယ်ခံများဘက်က
လိုအပ်မည်ဖြစ်သည်။ ထို့အတူ အစိုးရအနေဖြင့်လည်း ရှိပြီးသား
နိုင်ငံမဲ့များနှင့် မည်သည့်အချိန်က အခြေချ နေထိုင်ခဲ့သည်များအပေါ် တိကျသည့်
ဆောင်ရွက်မှုမျိုး လုပ်ဆောင်ကာ ထိုကိစ္စကို အဆုံးသတ်ရန်လည်း လိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင် ခိုင်မာသည့် စီမံချက် များဖြင့် ရေရှည် ဆောင်ရွက်ရမည့်
နည်းလမ်းများ လိုအပ်မည်ဖြစ်ပေသည်။ တစ်ဖက်က တိုင်းရင်းသားဖြစ်ရေး ဟူသော
ရည်ရွယ်ချက်သာမက ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်သည့် အသွင်များတွေ့နေရ
သော်လည်း ကျွန်တော်တို့ဘက်တွင် ထိုကဲ့သို့ ရေရှည် စီမံချက်မျိုး
ရှိပုံမပေါ်ချေ။ ပထမအချက်အနေဖြင့် တိကျသည့် စီမံချက် မရှိလျှင်
တစ်ဖက်နိုင်ငံမှ စာရင်းအင်းမရှိ ဆက်လက် ၀င်ရောက်လာမည့် သူများအတွက် ဆက်လက်
တာဝန်ယူ နေရဦးမည်ဖြစ်သည်။ ထိုလူဦးရေပိုမို အင်အားကောင်းလာသည့်အခါ
တိုင်းရင်းသား ဖြစ်ရေး တောင်းဆိုမှု ပိုမိုပြင်းထန်လာဦးမည် ဖြစ်သည်။
ထိုမှတစ်ဆင့် ၎င်းတို့၏ ဆောင်းပါးတွင် ပါရှိသည့် အတိုင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းရေး တောင်းဆိုလာမှုများ ကြုံလာရဦးမည်
ဖြစ်သည်။ နယ်မြေ ကျဉ်းကျဉ်း လေးတွင်သန်း ၁၆၀ ကျော်နေသည့် နိုင်ငံအတွက်
ကျွန်တော်တို့ဘက်က မည်သို့ ပြင်ဆင်ထားရမည် ဆိုသည်ကိုလည်း အနာဂတ်အတွက်
စဉ်းစားထားသင့်ပေသည်။ မည်သည့် နိုင်ငံမဆို မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ
ထိပါးခံရခြင်းကို လက်ခံနိုင်ဖွယ် မရှိချေ။
Dhaka Tribune ပါ ဆောင်းပါးဖြင့်
လမ်းကြောင်းပေး တောင်းဆိုမှုသည် တကယ်တော့ အဆန်းမဟုတ်ချေ။ ၁၉၄၇ ခုနှစ်
ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီကပင် ဘူးသီးတောင်၊ မောင်တောဒေသကို
ဘင်္ဂလားဒေ့ရှ် (တစ်ချိန်က ပါကစ္စတန်ဟုခေါ်ဆို)နှင့် ပေါင်းရန်
တောင်းဆိုခဲ့ဖူးလေသည်။ ထိုအချိန်က မွတ်ဆလင်အမျိုးသား လွတ်မြောက်ရေး
လှုပ်ရှားမှု ခေါင်းဆောင် ဂျင်းနားနှင့် ဗိုလ်ချုပ်အောင်ဆန်း
အိန္ဒိယသို့သွားစဉ် တွေ့ဆုံ ဆွေးနွေးခဲ့ရာ ဂျင်းနားက ထိုပူးပေါင်းမှုမျိုး
မည်သည့်အခါမျှ မဖြစ်ရပါဟု ကတိပေးခဲ့ခြင်းကြောင့်သာ ဇာတ်လမ်းက
ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ သို့သော် Dhaka Tribune သတင်းစာပါ ဆောင်းပါး
အရေးအသားက သမိုင်းတွင် ရှိပြီး အဖြစ်အပျက်ကို ပြန်လည် အသက်သွင်းသကဲ့သို့
ဖြစ်လာပေသည်။ ဆောင်းပါးဆိုသည်မှာ အစိုးရ အာဘော် မဟုတ်သော်လည်း
ကျွန်တော်တို့အားလုံး သတိပြုရမည်မှာ ၎င်းတို့ ရင်တွင်းကိန်းအောင်း
နေသည့်အတွင်း စိတ်ကိုမြင်အောင် ကြည့်နိုင်ရန်ဖြစ်သည်။
တစ်ဖက်က လမ်းကြောင်းပေးလာမှုနှင့်
သည်မှာဘက်က ရိုဟင်ဂျာတိုင်းရင်း သားဖြစ်ရေး လှုပ်ရှားမှုတို့ကို ဆက်စပ်
တွေးလိုက်လျှင် အနာဂတ်အတွက် စဉ်းစားစရာများ အတော်ပင် များပြားလာဖွယ်
ရှိပေသည်။ မကြာခင် သန်းခေါင်စာရင်း ကောက်ခါနီးလေးတွင် လူမျိုးစာရင်းကို
ဖြေကြားသူ၏ ပြောသည့်အတိုင်း ထည့်လိုက်မည် ဟူသည့် သတင်းတစ်ရပ်
ပေါ်ပေါက်လာမှုကြောင့် ရခိုင်တိုင်းရင်းသားတို့၏ မကျေနပ်မှုများ
ဖြစ်ပေါ်ခဲ့ပြီး ထိုအခြေအနေက နောက်ဆက်တွဲအဖြစ် နိုင်ငံတကာ NGO များနှင့်
ပဋိပက္ခ ဆက်စပ် ဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားတို့
တင်းမာလာမှုကြောင့် အစိုးရက ရိုဟင်ဂျာ အမည် ထည့်သွင်းခြင်းကို
ခွင့်မပြုခဲ့သော်လည်း အစောပိုင်း အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းသည် နားလည်ရန်
ခက်ခဲ လှသည်။ နိုင်ငံတော် သမ္မတကြီး၏ နှုတ်ထွက် စကားမှ မြန်မာနိုင်ငံတွင်
ရိုဟင်ဂျာလူမျိုးမရှိဟု ပြောထားပါလျက် ထိုကဲ့သို့ သတင်းမျိုး
သွေးတိုးစမ်းလာမှုသည် စဉ်းစားရန်ပင် ခက်ခဲလာပေသည်။ ပြည်ပ ဖိအားဆိုလျှင်တော့
မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်စိုးမှု အပေါ်တွင် မည်သူမျှ ဆရာလုပ်စရာ
မလိုချေ။ အခြားကိစ္စဆိုလျှင်တော့ မပြောတတ်ပေ။ အစိုးရဟူသည် အစရိုးရုံသာမက
အဆုံးအထိ ရိုးသားရန် လိုအပ်မည် ဖြစ်သည်။ သို့မှသာ တိုင်းရင်းသားတို့၏
ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားတို့ ယုံကြည်မှုထက် ဘင်္ဂါလီ
ယုံကြည်မှုက အရေးပါနေခြင်းမျိုး မဖြစ်ရန်သာ လိုသည်။ သို့မှမဟုတ်
အလွယ်လုပ်ရပ်တစ်ခု ဖန်တီး လိုခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျွန်တော်တို့လူမျိုးက ““နောင်ခါလာနောင်ခါဈေး”” ဟူသည့် စကားပုံကို
အလွန်ကြိုက်သည့် လူမျိုးဖြစ်သည်။ ဦးနုကိုယ်တိုင်ပင်
““နောင်ခါလာနောင်ခါဈေး”” အဖြစ် ဖဆပလမဲရရေး အတွက် ဘင်္ဂါလီတို့နှင့်
အပေးအယူလုပ်ခဲ့ပြီး ဖြစ် သည်။ ဖြစ်သမျှ ပြဿ နာနောက်မှ ရှင်းမည်ဟု အလွယ်
သဘောထားသည့် လုပ်ရပ်များက တိုင်းပြည်ကို မြောင်းထဲရောက်အောင်
ပို့နေသလိုပင်။
အခြားအရေးပါသည့် အချက်တစ်ခုမှာ နိုင်ငံတော်
အနေဖြင့် တင်းကျပ်သည့် လုံခြုံရေးစနစ်ကို နယ်ခြား ဒေသတွင် ထားရှိသင့်ပြီ
ဖြစ်ခြင်းနှင့် တိုင်းပြည်အတွက် စနစ်တကျ သတင်း အချက်အလက်များ စုဆောင်းထောက်လှမ်းပေးနိုင်သည့်အဖွဲ့အစည်းတစ်ခုရှိသင့်ပြီဖြစ်ခြင်းပင်။
မကြာသေးမီက မြန်မာနိုင်ငံတွင် ၀င်ရောက် လှုပ်ရှားရန် ထင်ရှားသည့်
Lashkar-e-Taibat ကြမ်းဖက် အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်
နိုင်ငံတွင် ဖမ်းဆီး မိလိုက်သည့် သတင်းဖြစ်သည်။ ထိုအဖွဲ့က အိန္ဒိယတွင်
ဖောက်ခွဲသည့် လုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းဖြင့် ထင်ရှားခဲ့သည့်
အဖွဲ့ဖြစ်ပြီး ပါကစ္စတန် အခြေစိုက်ဖြစ်သည်။ တကယ်တော့
ထိုအဖွဲ့အစည်းများထံတွင် သင်တန်း တက်ယူပြီးသည့် သင်တန်းဆင်းများမှာ
ဘူးသီးတောင်၊ မောင်တောနယ်တွင် အတော်များနေပြီ ဖြစ်သည်။ အာဖဂန်တွင်
သင်တန်းတက်ပြီးပြန်လာသည့်သင်တန်းဆင်းများပင်နယ်ခြားတစ်လျှောက်ခရီးအတော် ပေါက်နေပြီဖြစ်သော်လည်း အစိုးရက ထိုအနာကို ပြည်တည်သည် အထိ
မွေးထားနေဆဲဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးမိသူ၏ ကွန်ပျူတာပါ
အချက်အလက်များနှင့် ပေါင်းစပ်လိုက်လျှင် ပြည်တွင်းသို့ ၀င်ရောက်လာသည်နှင့်
ဘူးသီးတောင်၊မောင်တောနယ်အတွင်းရခိုင်တိုင်းရင်းသားအားလုံးအတွက်
ရင်မအေးစရာပင် ဖြစ်သည်။ ပြည်မ အတွက်လည်း အန္တရာယ် တစ်ခုပင် ဖြစ်သည်။
ဆင်းရဲမှု ထူပြောသည့် မြန်မာနယ်ခြားတွင် အမြစ် တွယ်သွားလျှင် ကြီးမားသည့်
အန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။ ယခုပင်လျှင် နိုင်ငံတော်မှ ထိရောက်စွာ
အကာအကွယ် မပေးနိုင်သဖြင့် ကိုယ့်ပြည် ကိုယ်မြေပိုင် တိုင်းရင်းသားများက
ရွာကိုပစ်၍ ပြေးကြရပြီ ဖြစ်သည်။ အိမ်ရှင်က ထွက်ပြေးနေရသည် ဆိုသည်မှာ
လူကြား၍ပင် မကောင်းလှချေ။ နယ်ခံတိုင်းရင်းသားများ မနေနိုင်တော့လျှင်
အစိုးရအတွက် အုပ်ချုပ်ရ ခက်တော့မည် ဖြစ်သည်။ သွားရမည့် ၀န်ထမ်းများပင်
မနေရဲ မထိုင်ရဲ ဖြစ်လာနိုင်ပေသည်။
နယ်ခံ တိုင်းရင်းသား အားလုံးအတွက်
လုံခြုံစိတ်ချစွာ နေနိုင်စေရန် ခိုင်မာသော စီမံချက်များ ချမှတ် လုပ်ဆောင်
သွားနိုင်မှသာလျှင် နောင်အနာဂတ်အတွက် အစိုးရအုပ်ချုပ်ရေး ယန္တရားက
ထိုနေရာကို လွှမ်းမိုး နိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင် ၁၀ နှစ်အတွင်း
အုပ်ချုပ်ရေး အခက်အခဲများ ရင်ဆိုင်ရနိုင်ပေသည်။နောက်တစ်ချက်မှာတစ်ဖက်နိုင်ငံ စစ်တကောင်း တောင်တန်းမှ ပြေးဝင်လာသူများကို စနစ်တကျဒုက္ခသည်စခန်းများဘူးသီးတောင်၊ မောင်တော တစ်လျှောက် ပြုလုပ်ပေးပြီး
နိုင်ငံတကာသို့လည်း စနစ်တကျ ချပြရန် လိုအပ်မည် ဖြစ်သည်။ ထိုကိစ္စကို
မကိုင်တွယ်နိုင်လျှင် ကမန်ထဲသို့ ဘင်္ဂါလီရော လာသည့် အခြေအနေမျိုး နောင်တွင်
အခက်အခဲ ထပ်ကြုံရဦးမည် ဖြစ်သည်။
ထို့အတူ ဖြစ်ပေါ်နေသည့် နယ်ခြားဒေသမှ
ဝင်ရောက်လာသူများ ပြဿ နာကိုဘာသာရေး ပြဿ နာ လူမျိုးရေး ပြဿ
နာအဖြစ် ဖန်တီးမှုများ မလုပ်မိရန်လည်း အရေးပါပေသည်။ ထိုလုပ်ရပ်သည် နိုင်ငံရေး
ကျားကွက်အတွက် ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ခြင်းမျိုးဖြစ်ပြီး
မိမိနိုင်ငံ၏ မှန်ကန် နေသော လမ်းကြောင်းကို အမှားဖြစ်အောင်
ဆောင်ရွက်ခြင်းမျိုးသို့ ရောက်ရှိ သွားပေတော့မည် ဖြစ်သည်။ ဘာသာရေး သည်
နိုင်ငံရေး၏ ခုတုံးများမဟုတ်ဘဲ ငြိမ်းချမ်းရေးကို ကိုယ်စားပြုရမည့်သူများ၊
အဖွဲ့အစည်းများသာ ဖြစ်သင့် ပေသည်။ လူအချင်းချင်း သတ်ဖြတ်ကြသည့် ဘ၀မျိုး
ရောက်အောင် ဖန်တီးလိုလျှင် ဘာသာရေး မဟုတ်တော့ သကဲ့သို့ ထိုသူတို့သည်လည်း
အကြမ်းဖက် ခေါင်းဆောင်များအဖြစ် အခြား ဘာသာဝင်များတွင် ဖြစ်ပေါ်
နေသည့်အတိုင်း အခေါ်ခံရမည်ဖြစ်ပေသည်။ အမျိုးသားစိတ်ဓာတ်ကို ပြသနိုင်သည့်
နည်းလမ်းများ အများအပြားရှိပြီး နိုင်ငံတော်က စနစ်တကျ ရိုးရိုးသားသား
ဆောင်ရွက်ရန်သာ လိုအပ်ပေသည်။ မည်သည့် ဘာသာမဆို ငြိမ်းချမ်းရေး၏ အနှစ်သာရကို
သိထားလျှင် အကြမ်းဖက်လမ်းကြောင်းကို ရွေးချယ်ကြမည် မဟုတ်ပေ။ ကိုယ်က
အမှားမလုပ်မိရန်သာ လိုပေသည်။ သို့မဟုတ်လျှင် နိုင်ငံတကာတွင်
ကိုယ်အရှုံးနှင့် ရင်ဆိုင် ရပေလိမ့်မည်။
ခြုံ၍ သုံးသပ်ရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
Dahaka Tribune ပါ ဆောင်းပါးက မြန်မာနိုင်ငံ အစိုးရအတွက် နိုးနိုး
ကြားကြား ရှိစေရန်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များကို သိနိုင်စေရန် ထင်ဟပ် ပြလိုက်ခြင်းပင်ဖြစ်သည်။ ထို့အတူ ရိုဟင်ဂျာဆိုသည်မှာ ဘင်္ဂါလီများသာ
ဖြစ်ခြင်းကိုလည်း ဆောင်းပါးက ၀န်ခံလိုက်သကဲ့သို့ ဖြစ်သည်ကို တွေ့ရသည်။
မည်သို့ဆိုစေ အရေးကြီးလာသည့် မြန်မာနိုင်ငံ အနောက်တံခါးအတွက်ရေရှည်စီမံချက်များရှိရန်လိုပြီဟူသည့်အချက်ကို အစိုးရသို့မီးမောင်းထိုး
ပြလိုက်ခြင်းပင် ဖြစ်သည်။
ဒေါက်တာမြင့်သိန်း(သုတေသန)
No comments:
Post a Comment