Saturday 30 May 2015





ရိုဟင်ဂျာပြဿနာနှင့် ထောင်ချောက်မိ မြန်မာပြည် (အပိုင်း-၁)

May 23, 2015


မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ နော်ဝေနိုင်ငံ အော်စလိုမြို့ ရှိ The Nobel Institute & Voksenaasen တွင် ဘင်္ဂါလီ (ရိုဟင်ဂျာ)များအပေါ် မြန်မာ၏ နှိပ်ကွပ်မှု အဆုံးသတ်ရေး ခေါင်းစဉ်ဖြင့် Conference တစ်ခု ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲသို့ Open Society Foundations မှ George Soros နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mrs Yanghee Lee တို့အပြင် အပြည်ပြည် ဆိုင်ရာ ဒုက္ခသည်များအဖွဲ့၊ နော်ဝေ-မြန်မာကော်မတီနှင့် အခြားအဖွဲ့များမှ ခေါင်းဆောင်များတက်ရောက် ကြမည်ဖြစ်သည်။ အလားတူ မေလ ၂၉ ရက်နေ့တွင်လည်း လှေစီးဒုက္ခသည်အရေး ဆွေးနွေးပွဲတစ်ခုအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်သည်။
-
ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့များနှင့် အစ္စလာမ်နိုင်ငံများက ဘင်္ဂါလီ (ရိုဟင်ဂျာ)အရေးနှင့် ပတ်သက်၍ မြန်မာကို လက်ညိုးထိုးအပြစ်တင်ထားကြပြီး အင်ဒိုနီးရှားနိုင်ငံကို ခိုလှုံရောက်ရှိနေသည့် လှေစီး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံကလာသူ ၄၃ ယောက်ပါကြောင်း အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး အရာရှိက ပြောဆိုထားသည်။
-
"အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်လာကြသူ ၁၃ဝဝ လောက်ရှိတဲ့ထဲမှာ ၆ဝဝ လောက်က ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ သူတို့ထဲက တချို့ဟာ မြန်မာနိုင်ငံက လာတယ်လို့ ပြောကြပြီး တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လာတယ်လို့ ပြောကြပါတယ်။" ဟု အင်ဒိုနီးရှား အရာရှိ Mr.Baloch က ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံကဟု ဆိုသည့် ဘင်္ဂါလီ (ရိုဟင်ဂျာ) ၄၃ ဦးလုံးမှာ မြန်မာနိုင်ငံတွင်း
တွင်နေထိုင်သည့် နေရပ်လိပ်စာ မပြောဆိုနိုင်သလို မြန်မာစကားလည်း မပြောတတ်ကြောင်းသိရသည်။
-
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံသား မှန်ကန် ကြောင်း အထောက်အထားပြနိုင်ပါက လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးသွားမည်ဟု တနင်္လာနေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိဘင်္ဂါလီ(ရိုဟင်ဂျာ) ပြဿနာမှာ လူမှောင်ခိုကူးမှုသာဖြစ်၍ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်
မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဆက်လက်တုံ့ပြန်ခဲ့သည်။ ''ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်လို့ ကျွန်တော်တို့မမြင်ဘူး။ ဒါတွေက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျွန်တော်တို့ရှိနေတဲ့ တချို့လူတွေကို မလေးရှား၊ အင်ဒို တို့ကို ပို့ဆောင်ဖို့လုပ်တဲ့ လူမှောင် ခိုကူးတဲ့ကိစ္စ၊ လူကုန်ကူးတဲ့ကိစ္စရဲ့ အကျိုးဆက်တွေလို့မြင်ပါတယ်။ နိုင်ငံတကာ မိသားစုအဖွဲ့ ၀င်ဖြစ်တဲ့အတွက် ဒီလူကုန်ကူးမှု ကို ဖြေရှင်းဖို့ ဒေသတွင်းနိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၀န်ကြီးဦးရဲထွဋ်က အစည်းအဝေးပြီးတွင် သတင်းထောက်များအား ဖြေကြား ထားသည်။


-
ဒေါက်တာမျိုးချစ်

ရိုဟင်ဂျာပြဿနာနှင့် ထောင်ချောက်မိ မြန်မာပြည် (အပိုင်း-၂)

May 24, 2015
SOCIALIZE IT →


ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသည် လူကုန်ကူးမှုပြဿနာ၊ လူမှောင်ခိုပြဿနာ နှင့် ခိုးဝင်ပြဿနာ အများဆုံးဖြစ်ပွားနေသော နိုင်ငံများဖြစ်ပြီး လူပွဲစားအများအပြားရှိကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည့် မလဲ့လဲ့ထွန်းမှ ယခုလိုပြောသည်။
"ထိုင်းနိုင်ငံမှာ လူပွဲစားတွေအများကြီးရှိတယ်။ သူတို့က စီးပွားရေးပဲကြည့်တယ်။ နိုင်ငံနဲ့ လူမျိုးမရွေးဘူး။ ဘယ်နိုင်ငံသားကိုမဆို နည်းမျိုးစုံနဲ့ ခေါ်သွင်းကြတယ်။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေကိုလည်းခိုးသွင်းတယ်။ ရဲက ဖမ်းရင်တော့ ဘင်္ဂါလီတွေက မြန်မာနိုင်ငံသားလို့ ဖြေကြတယ်။" ဟု မလဲ့လဲ့ထွန်းမှ ဆိုသည်။ လွန်ခဲ့သည့်လက ထိုင်းနှင့် မလေးရှား နယ်စပ်တောထဲတွင် မြှုပ်နှံထားသည့် ဒါဇင်နှင့်ချီသည့် ဘင်္ဂါလီ (ရိုဟင်ဂျာ) အလောင်းများကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်ကာ သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။ လူကုန်ကူးသူများ၊ သို့မဟုတ် လူမှောင်ခိုကူးသူများကြောင့် ၎င်းတို့တွေ လှေစီးကာ နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော် ထွက်ပြေးကြသည်ဟု ပညာရှင်အများစုက သုံးသပ်ကြသည်။
-
မဇ္ဈိမ သတင်းဌာနတွင် မေလ ၂၀ ရက်နေ့က ဖော်ပြထားသည့် "ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက ဖြစ်ရမှာလား"
ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင်တွင် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ အများအပြားကို ရောက်ခဲ့ဖူးသူ အငြိမ်းစားဝန်ထမ်း ဦးသာထွန်းမှ လူကုန်ကူးမှုကြောင့် လှေစီးပြေးပြဿနာများ ပေါ်ပေါက်လာခြင်းမှာ မှန်ကန်ကြောင်း၊ သူတို့နိုင်ငံမှာ စားဝတ်နေရေး အဆင်မပြေလို့ ပင်လယ်ပြင်ကို လှေနဲ့ ဖြတ်သန်းပြီး ရွှေ့ပြောင်းနေကြတာကို ဘာမှမဆိုင်ဘဲ
နဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ
ဆိုပြီး နိုင်ငံတကာက မြန်မာနိုင်ငံကို တရားဝင်လက်ခံ အောင်ပြောဆိုနေခြင်းကို လက်မခံကြောင်း
ရေးသားထားသည်။
-
မောင်တောမြို့သည် လွန်ခဲ့သည့် အနှစ်လေးဆယ်ကျော်က လူဦးရေယခုလောက် မများသေးဘဲ နောက်ပိုင်း ဒီနိုင်ငံမှာ ဘင်္ဂလီတို့အတွက် စားဝတ်နေရေး အဆင်ပြေနိုင်တာကို သိလာကြပြီး တဖြည်းဖြည်းနဲ့ တရားမ၀င် ပြောင်းရွှေ့နေထိုင်လာကာ ဘင်္ဂါလီဦးရေက ကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း ဦးသာထွန်း က ဆိုသည်။ ယခုအခါ ဘူးသီးတောင်နှင့် မောင်တော ဒေသများတွင် ဗုဒ္ဓဘာသာဦးရေမှာ ၁၀% သာရှိပြီး ဘင်္ဂါလီ ဦးရေက ၉၀% ရှိကြောင်း သိရသည်။

-
ဒေါက်တာမျိုးချစ်


နိုင်ငံသားစစ်မှန်လျှင် နိုင်ငံ့သစ္စာကိုစောင့်သိပါ။

May 29, 2015

ယနေ့မြန်မာနိုင်ငံအပေါ်တွင် နိုင်ငံတကာမှ လူ့ အခွင့်အရေးအကြောင်းပြလျက် boat people များကို လက်ခံရန် ဖိအားပေးနေသည်ကိုတွေ့ ရသည်။


ကျွန်ုပ်တို့ အနေနှင့်ရှင်းလင်းပြတ်သားစွာပြောလိုသည်မှာ ရိုဟင်ဂျာဆိုသော လူမျိုးမရှိ။ ၄င်းတို့မှာ မြန်
မာနိုင်ငံသို့ ကျုးကျော်ခိုးဝင်နေထိုင်သောစစ်တကောင်းဘင်္ဂလီများသာဖြစ်သည်။

၁။ ဗြိတိသျှကိုလိုနီခေတ်တွင် ဗြိတိသျှအုပ်ချုပ်ရေးအာဏာပိုင်တို့ သည် လယ် နှင့် အလုပ်ကြမ်းများလုပ်ရန် အတွက် အိန္ဒိယတိုင်းရင်းသား စစ်တကောင်းနယ်သား များကို ခေါ်သွင်းခဲ့ကြသည်။ ဗြိတိသျှကိုလိုနီခေတ် စာရင်းမှတ်
တမ်းများ၊ အစီရင်ခံစာများတွင် စစ်တကောင်းဘင်္ဂလီများဟုသာ တွေ့ ရသည်။ ဆိုရလျှင် လွတ်လပ်ရေးရပြီးချိန်
အထိ ရိုဟင်ဂျာဆိုသော လူမျိုး မရှိ၊ နိုင်ငံခြားသား စစ်တကောင်းဘင်္ဂလီများသာ ရှိကြောင်းသိနိုင်သည်။

၂။ ယခင်က မရှိသောလူမျိုးတစ်ခု ၏ အမည်အသစ်တစ်ခု ဘာကြောင့် နေ့ ချင်းညချင်းမိုးပေါ်ကကျလာ သလို ပေါ်လာရပါသနည်း?

ရှင်းပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံပါတီစုံဒီမိုကရေစီစနစ် အောက်တွင်တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ တောင်းဆိုလို၍ မရှိခဲ့သော လူမျိုးအမည်ကို အကွက်ကျကျဖန်တီးပြီး၊ ထိုအချိန်မှစ၍ ရေရှည်စီမံကိန်း ဆွဲကာ နိုင်ငံတကာသို့ ပေါက်အောင်လုပ်ခဲ့ကြခြင်းဖြစ်သည်။

၃။ စစ်တကောင်းဘင်္ဂလီ၏ မျိုးနွယ်စု ဆင်းသက်ပုံမှာ -
Indo-European_Indo-Iranian_Indo-Aryan_Eastern zone_Bengali Assamese_Chittagonian ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် မတိုင်ခင်က စစ်တကောင်းဘင်္ဂလီရဲ့ ISO Code မှာ (ISO 639-3 : cit) ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ဘင်္ဂလီ-အာသံ မျိုးနွယ်စုမှ ရှိရင်းစွဲ ဘင်္ဂလီစစ်တကောင်း လူမျိုးစုကနေ စစ်တကောင်းနဲ့ ရိုဟင်ဂျာဆိုပြီး လူမျိုးစုနှစ်စုကို မွေးထုတ်လိုက်ပါသည်။ ISO 639-3 : cit ကိုပယ်ဖျက်ပြီး အဲဒီနေရာမှာ ISO 639-3 : ctg နဲ့ ISO 639-3 : rhg ဆိုပြီး ဖန်တီးလိုက်ပါသည်။ ယခင် စစ်တကောင်းဘင်္ဂလီ၏ မူရင်းဒေသ သည် ဘင်္ဂလားဒေရှ့်ဖြစ်သော်လည်း ယခုတော့ ဘင်္ဂလားဒေ့ရှ်နဲ့  မြန်မာ ဆိုပြီး နယ်ပယ်ချဲ့ထွင်လိုက်ခြင်းဖြစ်သည်။ (BBC မှ ရခိုင်ပြည်နယ် ကို Arakan- ရိုဟင်ဂျာပြည်နယ်လို့ လော်ဘီလုပ်တာနှင့် တချိန်တည်းဖြစ်ပါသည်။)

ယခုဆိုလျှင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ မီဒီယာများရှေ့မှောက် တွင် boat people များ သည် မြန်မာနိုင်ငံမှမဟုတ်၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား များသာဖြစ်ကြောင်း မြန်မာ့ရေပိုင်နက်တွင်ဖမ်းဆီး ဖော်ထုတ် သက်သေပြလိုက်ပြီဖြစ်သည်။

ယနေ့ တွေ့ ကြုံနေရသော boat people များ ဖြစ်ပေါ်လာစေသော အဓိကတရားခံ သည် ဒေသတွင်းနိုင်ငံတစ်နိုင်ငံ၏အဆမတန်ပါက်ကွဲနေသော လူဦးရေသာလျှင် ဖြစ်သည်။ နိုင်ငံအရွယ်အစားနှင့် ပေါက်ကွဲနေသာ လူဦးရေ အချိုးအစား မမျှတသဖြင့် (စားစရာ၊ နေစရာ ကျပ်တည်း ဒုက္ခရောက်နေသူများသည် ပိုကောင်းမွန် သောနေရာဒေသများသို့  တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ရန်၊ အခွင့်သာလျှင် အခြေချရန် (အင်ဒို နီးရှား၊ မလေးရှား၊ ထိုမှတဆင့် UN ကဒ်လျောက်ပြီး ဒုက္ခသည်အမည်ခံကာအနောက်နိုင်ငံများသို့ သွား ရောက်ရန် မျှောင်လင့်ချက်ဖြင့်) လူကုန်ကူးခံကာပင်လယ်ပြင်ကျော်ဖြတ်ထွက်လာကြခြင်းသာ ဖြစ်သည်။

နိုင်ငံ၏ လူဦးရေပေါက်ကွဲမှု ပြသနာကို ထိန်းချုပ်ရန်မကြိုးစားပဲ မိမိနိုင်ငံအတွင်းတွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်၍ UN အကူအညီဖြင့် ကျွေးမွေးထားကာ၊ နိုင်ငံမှ ပင်လယ်ကျော်ဖြတ်ကာ တရားမ၀င်ခိုးထွက်သည့် မိမိနိုင်ငံသားများအား မျက်နှာလွဲ ခဲပစ်လုပ်တတ်သော၊ အခြားနိုင်ငံများတွင် ခိုးဝင်များအားဖမ်းမိ၍ မြန်မာနိုင်ငံအား ၀ိုင်းလက်ညှိုးထိုးနေချိန်တွင် မိမိနှင့်မဆိုင်သလို နှုတ်ဆိတ်နေတတ်ပြီး၊ ယခုကဲ့သို့ ငြင်းမရ နိုင်တော့ မှဝန်ခံတတ်သော၊ မိမိနိုင်ငံမှ မထွက်ခွာခင်က မတားဆီးခဲ့ပဲ၊ ပင်လယ်ထဲမှာ မုန်တိုင်းမိ အစာရေ စာပြတ်၊ လူကုန်ကူးသူများနှိပ်စက်ခံထားရသူတွေကို ပြန်ရောက်လာလျှင် အပြစ်ပေးမည် ဆိုသော ဘင်္ဂလားဒေ့ရှ်အစိုးရအား မေးခွန်းထုတ်စရာ ရှိပါသည်။

အမေရိကန်နိုင်ငံသည် မိမိနိုင်ငံအကျိုးစီးပွားအတွက် နယ်စပ်ဖြတ်ကျော် မက်ဆီကန် များကို လက်မခံပါ။ အိန္ဒိယနိုင်ငံသည် လည်း မိမိနိုင်ငံအကျိုးစီးပွားအတွက် နယ်စပ်မှ ခိုးဝင်လာသူများကို လုံးဝလက်မခံပေ။ ကျွန်ုပ်တို့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်လာသော boat people နှင့် နယ်စပ်မှဖြတ်ကျော် ခိုးဝင်လာသူ များကို လူသားချင်းစာနာပါသည်။ သို့သော် အခြားနိုင်ငံများနည်းတူ မိမိတို့ နိုင်ငံ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကိုသာ ဦးစားပေးနိုင်ပါမည်။

သမိုင်းကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံထဲသို့ အင်္ဂလိပ်ကိုလိုနီခေတ်မှ ရောက်ရှိနေထိုင်လာသူဘင်္ဂလီ စစ်တကောင်းသားများက မိမိတို့ နေထိုင်ရာ မြန်မာနိုင်ငံအပေါ် သစ္စာ မစောင့်သိပဲ မြန်မာ့မြေကို ဖဲ့ထုတ် အပိုင်စီးရန်ကြံစည်ခဲ့သည်ကိုတွေ့ ရသဖြင့် ၄င်းတို့နှင့်၎င်းတို့ ၏မျိုးဆက်များ၊ နောက်ထပ်ကျုးကျော် ခိုးဝင်ရောက်လာသော မြန်မာနိုင်ငံကိုသစ္စာမခံသော ဘင်္ဂလီ စစ်တကောင်းသားများကို မြန်မာနိုင်ငံက လက်သင့်မခံလိုကြောင်းပြောကြားလိုသည်။

မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင်နိုင်ငံဖြစ်သည့်အားလျော်စွာ မိမိတို့ နိုင်ငံတွင်မည်သူနိုင်ငံသား ဖြစ်သင့်သည်။ မဖြစ်သင့်ဆိုသည်ကို မိမိတို့ နိုင်ငံရှိပြဌာန်းထားသော ဥပဒေများအတိုင်းသာ ဆုံးဖြတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်ရောက်ရှိနေထိုင်ပြီးဖြစ်သော ဘင်္ဂလီစစ်တကောင်းသားများနှင့် ၄င်းတို့ ၏မျိုးဆက်များသည် မိမိတို့ နေထိုင်ရာမြန်မာနိုင်ငံ၏ ဥပဒေများကို လေးစား လိုက်နာ သစ္စာစောင့်သိသင့်သည်။ ပြည်တွင်းမှ ဘင်္ဂလီလော်ဘီများသည်လည်း မိမိတို့ နေထိုင်ရာမြန်မာနိုင်ငံအပေါ်တွင် သစ္စာစောင့်သိပြီး ကျုးကျော် ခိုးဝင်ဘင်္ဂလီ များကို အားပေးအားမြှောက်ပြုခြင်း၊ လူ့ အခွင့်အရေးအကြောင်းပြ ထိုသူတို့အတွက် အခွင့်အရေးတောင်းခြင်း၊ မြန်မာနိုင်ငံအစိုးရကမရှိပါဟုပြောသောအမည်ကိုသုံးစွဲခြင်းလုံးဝမပြုလုပ်သင့်ပေ။

နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမီဒီယာများ အနေဖြင့် ဘင်္ဂလားဒေ့ရှ် မှ boat people များ သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ဖြစ်သည်ဟုစွတ်စွဲပြောဆိုခြင်း၊ မြန်မာနိုင်ငံမှ မရှိပါဟုပြောဆိုသော လူမျိုးစုအမည်ကိုသုံးစွဲခြင်း၊ မြန်မာနိုင်ငံအပေါ်တွင် လူ့ အခွင့်အရေးအကြောင်းပြ ဖိအားပေး လက်ခံခိုင်း ခြင်းများ မပြုလုပ်ပဲ အမှန်တကယ် root cause ဖြစ်သော (ဒေသတွင်းတစ်ခုလုံးသာမက ကမ္ဘာကြီးကိုပါ ခြိမ်းခြောက် လျှက်ရှိသော) ဒေသတွင်းနိုင်ငံတစ်နိုင်၏ လူဦးရေပေါက်ကွဲမှုအား ထိန်းချုပ်ရန် ၄င်းအစိုးရကို ဖိအားပေးခြင်း၊ သားဆက်ခြားကျန်းမာရေး၊ family planning တို့ အတွက် ကူညီထောက်ပံ့ပေး ခြင်းများ
ကိုပြုလုပ်သင့်ကြောင်းတိုက်တွန်းလိုပါသည်။

ထို့ အတူ ဒေသတွင်းနိုင်ငံများအားခြိမ်းခြောက်နေသော ဒေသတွင်းနိုင်ငံတစ်နိုင်ငံ၏လူဦးရေ ပေါက်ကွဲမှု့ နောက်
ဆက်တွဲဆိုးကျိုးဖြစ်သော ပင်လယ်ဖြတ်ကျော်လူကုန်ကူးမှု ပပျောက်ရန် ဒေသတွင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ သြစတေးလျနိုင်ငံများ အားလုံးပူးပေါင်း တိုက်ဖျက်ပါရန် ကျွန်ုပ်တို့ မဏ္ဍိုင်5 မှ တိုက်တွန်းလိုက်ပါသည်။

အမှုဆောင်အဖွဲ့
Myanmar 5th Pillar (မဏ္ဍိုင်5)
နေ့ စွဲ။ ။ ၂၀၁၅ မေလ ၂၇ ရက်


အိန္ဒိယရဲ့ နယ်နိမိတ်စည်းအတွင်း အသေပစ်သတ်ရေး(Shoot-to-kill-policy) မူဝါဒနှင့် ဘင်္ဂလီကုလားများ

May 29, 20



===========
နှစ်အနည်းငယ်အတွင်းခြံစည်းရိုးဖြတ်ကျော်ဘင်္ဂလီမွတ်ဆလင်ကုလား တစ်ထောင်နီးပါးကို အိန္ဒိယနယ်ခြား
စောင့်တပ်ကပစ်သတ်ခဲ့တဲ့အတွက်ကမ္ဘာ့ လူ့ အခွင့်အရေးသမားတွေပွက်ပွက်ညံစောဒကတက်ခဲ့ကြတယ်။ အိန္ဒိယအစိုးရကတစ်လုံးပဲပြန်ပြောခဲ့တယ် - "သူတို့ ပစ်သတ်ခဲ့တဲ့ ခိုးဝင်ဘင်္ဂလီအရေအတွက်ဟာ အမေ
ရိကန်နဲ့  မဆီကန်နယ်စပ်မှာ အမေရိကန်ကပစ်သတ်ခဲ့တာလောက်မများဘူး" ဆိုတာပဲ။လူ့ အခွင့်အရေး
သမားတွေအားလုံးပါးစပ်ပိတ်သွားခဲ့တယ်။


အခုအချိန်အထိ အိန္ဒိယက ခိုးဝင်ဘင်္ဂလီ ခလေးခွေး မိန်းမမကျန် အားလုံးကိုပစ်သတ်နေတာဘယ်လူ့ အခွင့်အရေးသမားမှ အသံကောင်းမလွှင့်နိုင်တော့။အိန္ဒိယရဲ့ BSF (Border Security Force)ကို ၁၉၆၅ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့ပြီး အခုအချိန်မှာ တပ်ရင်းပေါင်း (၁၈၆) ရင်းနဲ့  အင်အား
နှစ်သိန်းလေးသောင်း ကျော်ရှိပြီး အမျိုးသ္မီးတွေပါ BSF မှာ ပါဝင်အမူထမ်းနေကြပြီဖြစ်ပါတယ်။ပါကစ္စ
တန်နဲ့ နျူကရီယာအဆင့်အထိထပ်တိုက်ရင်ဆိုင်မူတွေဖြစ်နေခဲ့ပြီးသည့်နောက် အိန္ဒိယ
ရဲ့အမြဲတမ်းတပ်တွေကို ပါကစ္စတန်နဲ့ ထိပ်တိုက်ဆိုင်ထားခဲ့ပြီး - ကီလိုမီတာ (၄၀၉၅) ရှိတဲ့ အိန္ဒိယ
ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကိုတော့သံဆူးကြိုးနှစ်ထပ်ကာပြီး သတ်ကွင်းရှင်းပြီးဝင်လာတဲ့
ဘင်္ဂလီအားလုံးကို အသေပစ်သတ်ရေးမူနဲ့  စာရင်းရှင်းခဲ့ပါတယ်။

ဘင်္ဂလီကုလားနဲ့  (၁၉၃) ကီလိုမီတာပဲ နယ်နိမိတ်ဆက်စပ်မူရှိတဲ့ မြန်မာအနေနဲ့  မိမိနယ်စပ်ကိုBSF လို ကျင့်ဖို့ လိုနေပါပြီ။ (လ.၀.က နဲ့  န.စ.ကအောက်ခြေအဆင့်ပင် ငွေကို ဂုံနီအိတ်နဲ့ သယ်ပြီး ကုလားကိုသွင်းခဲ့တဲ့အဖြစ်မျိုး ထပ်မကြုံသင့်တော့ပါ)။ ခတ်ခဲ့တဲ့ခြံစည်းရုံးတွေလည်း ဘင်္ဂလီကုလားတွေက
ဖြုတ်ပြီး ကော်ဆ်ဘဇားဈေးမှာရောင်းလို့ ကုန်လုပြီ။

ကျွန်တော်တို့ ခြံစည်းရိုးကို BSFလိုကာပြီးBSF လို သတ်ကွင်းထားကင်းလှဲ့ ဖို့ အတွက်အင်အား နှစ်သောင်းနဲ့  ငါးသောင်းကြားလိုပါလိမ့်မယ်။ နောက်ထပ်ဆယ်နှစ်အတွင်းမှာ ဘင်္ဂလီကုလားတွေနဲ့ မလွှဲမရှောင်သာ
စစ်ဖြစ်လာဖို့  ရှိနေတဲ့အတွက် ကျွန်တော်တို့ ရဲ့ရေတပ်နဲ့  လေတပ်ကို အခုထက်ပိုပြီးတည်ဆောက်ဖို့ လိုပြီး သန်း (၁၆၀) နဲ့ (၅၅) သန်းစစ်ခင်းဖို့ အတွက် (၄၈) နာရီအတွင်းအသင့်ဖြစ်နိုင်မဲ့ အရံအင်အားအတွက်အသင့်ပြင်
ထားရပါတော့မယ်။ အခုကတည်းကကျွန်တော်တို့ ကြိုပြင်သင့်ပါပြီ။

Hlaing Bwa လှိုင်ဘွား

ဓတ်ပုံ - ၀ါးလုံးနှင့်စက်ဘီးပုံ
(ဘင်္ဂလီကုလားများရဲ့ ခြံစည်းရိုးကျော်လူသယ်နည်းကို
အိန္ဒိယ BSF တပ်ဖွဲ့ ဝင်များမှ လက်တွေ့ ပြသနေပုံ)


ဒေါက်တာစိုးဝင်းရေးသားသည့် ဘင်္ဂလီကုလားများအကြောင်း

May 29, 2015


ကိုယ်တို့မြန်မာတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အလုပ်လုပ်ရင်းသော်လည်းကောင်း၊ ပညာရှာမှီးရင်း
သော်လည်းကောင်း မွေးရပ်မြေကို စွန့်ခွာပြီး တစိမ်းတွေရဲ့ ရပ်ရွာမှာ ခိုလှုံနေကြရတယ်။ အကြောင်းတိုက်ဆိုင်လို့ အဲသည်အကြောင်းတွေကို တိုင်းတပါးသားက စပ်စုလာခဲ့သည်ရှိသော်

ရိုဟင်ဂျာ လို့ သူတို့ကိုယ်သူတို့ နံမည်သစ်ပေးထားတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလား-ရခိုင်နယ်စပ်မှာ ပဝေသဏီကတည်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရပဲ ဆွေစဉ်မျိုးဆက်နေလာကြတာ ငြင်းစရာ မရှိပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံသား မိဘများက မွေးဖွားလာတာမဟုတ်ပဲ မြန်မာ့မြေပေါ်မှာ

မွေးဖွားရုံသက်သက်နဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံပေးလို့ရတဲ့ဥပဒေ မြန်မာပြည်မှာ မရှိပါဘူး။ သူတို့နည်း သူတို့ဟန်နဲ့သူတို့ အဲသည်အရပ် အဲသည်ဒေသမှာ ကာလရှည်ကြာ နေထိုင်လုပ်ကိုင် စားသောက်နေကြတာ ဘာပြဿနာ ရှိလို့လဲ။ သူတို့လည်း လူသားတွေပဲဟာ။ ဘယ်ဂြိုလ်ကမှ ကျလာတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို လူမျိုးတုန်း သတ်ဖြတ်နေပါတယ်တို့၊ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းပါတယ်တို့ ဆိုတဲ့ ကလိမ်စေ့ငြမ်းဆင် ပုံပြင်တွေကို ယုံချင်ရင်တော့ တခြား မကြည့်ပါနဲ့။ လွှတ်တော်ထဲက ဘင်္ဂါလီအမတ် ဦးရွှေမောင် ဆီမှာ သူ့မှတ်ပုံတင်၊ သူ့မိဘမှတ်ပုံတင် တောင်းကြည့်လိုက်ပါ။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်ခင်ကြည်က တိုင်းသိပြည်သိ မွေးထားတဲ့သမီးတစ်ယောက်လုံး ၅၉ (စ) နဲ့ ငြိနေတဲ့တိုင်းပြည်မှာ သူလိုလူတွေ လွှတ်တော်ထဲရောက်နေတာကိုကြည့်ရင် အဲသည်လူတွေအပေါ်ထားတဲ့ အစိုးရသဘောထားကို သိသာပါလိမ့်မယ်။ မရောက်ဖူးသေးရင် ဘူးသီးတောင်မောင်းတောကို အလည်သွားကြည့်ပါ။ လူနည်းစုကဋ္ဌ
ဘယ်သူ လူများစုကဘယ်သူ၊ ဘယ်သူက ဘယ်သူ့ကို တရွာလုံးဝိုင်းရိုက်၊ တစ်အိမ်လုံးသတ်ပစ်ပြီး
မောင်းထုတ်လိုက်တယ် ဆိုတာ သိပါလိမ့်မယ်။ ဘင်္ဂါလီရွာမှာ ရခိုင်ဆိုတာ မူးလို့တောင် ရှူစရာ ရှာမရပါဘူး။ အနံ့ရတာနဲ့ သတ်ပစ်တာ။ သည်လူတွေက သူတို့ကို ရခိုင်တွေသတ်ပါတယ်ဆိုပြီး လှေကြီးစီးလို့ အခေါက်ခေါက်အခါခါ ပင်လယ်ထဲကို ထွက်ပြေးတယ်ဆိုတာ ယုံတဲ့သူတွေကအ တာလား။ လိမ်တဲ့သူတွေက ပိရိတာလား။

အခုမှ အသံကောင်းဟစ်ပြီး မြန်မာ လက်ညှိုးထိုးနေတဲ့ ထိုင်းတွေဆီမှာ တရားဝင်အလုပ်လုပ်နေတဲ့ အန်ဂျီအိုတွေ ရှိပါတယ်။ သူငယ်ချင်းတစ်ယောက် အဲသည်မှာ အလုပ်လုပ်တာပါ။ သူ့အလုပ်က ဘင်္ဂါလီရေမျောကမ်း
တင်တွေ ရောက်လာရင် ကမ်းပေါ်ခေါ် ထမင်းကျွေး၊ အစားအသောက် နဲ့ရေဖြည့်ပေးပြီး လှေကို နိုင်ငံတကာ
ရေပိုင်နက် ရေစီးကြောင်းထဲရောက်အောင် ဆွဲခေါ်သွား၊ အဲသည်ရောက်ရင် စက်ဖြုတ်ပြီး မျှောထည့်လိုက်ဖို့ပါ။ စက်မဖြုတ်ရင် ကမ်းပြန်ပြန် ကပ်လာတတ်တာရော၊ နောက်တစ်ခေါက် လူသစ်တွေ သွားတင်တာကြောင့်ရောမို့ စက်ဖြုတ်ပါသတဲ့။ ထိုင်းဝန်ကြီးချုပ်ကို သူ့ဆီက သတင်းထောက်က အဲသည်လူတွေကို လက်ခံထားဖို့ အစီအစဉ်ရှိမရှိ မေးတဲ့အခါ "မင့်အိမ်မှာနေရာအပိုရှိသလား။" လို့ မေးပါသတဲ့။ ဘင်္ဂါလီတွေ ရေကြောင်းသွားလာ ရွက်နာဝါ လုပ်ရတဲ့အကြောင်းရင်းဟာ သူတို့ပါးစပ်က အလွယ်တကူ စကားပြန်ကို ပြောတဲ့အတိုင်း မြန်မာတွေ ရခိုင်တွေက သတ်လို့ဆိုရင် သူတို့ကို မြန်မာစကား ရခိုင်စကား တစ်ခွန်းလောက် ပြောကြည့်ပါ။ လုံးဝနားမလည်ပါဘူး။ ဘာလို့ဆိုတော့ မြန်မာစကား နားလည်တဲ့ ဘင်္ဂါလီဟာ တတိယနိုင်ငံကို ဒုက္ခသည်ဗီဇာနဲ့ရောက်ဖို့ ရေကြောင်းက သက်စွန့်ဆံဖျား သွားစရာ မလိုပါဘူး။ ကုန်းကြောင်းကနေ
မြန်မာပြည်တွင်းဝင်ရင် ပိုက်ဆံအကုန်အကျလည်း သက်သာပါတယ်။ ချင်းတောင်ဘက်က ပတ်သွားမလား။ အမ်းဘက်ကနေ တည့်ဆင်းမလား။ ပွဲစားတွေ ပြည့်နေတဲ့နေရာမှာတော့ ပြောရရင် အသည်းနာဖို့တောင်
ကောင်းသေး။ ရဟန်းမှတ်ပုံတင်ကိုင်ထားတဲ့ မြန်မာဘုန်းကြီးတစ်ပါးက အဲသည် ထိပ်ဖြတ်သူငယ် အယောက် ၂၀ ကျော်ကို ကိုရင်ဝတ်ပေးပြီး တစ်ယောက် နှစ်သိန်း နဲ့ ရန်ကုန်အရောက်ပို့တာ ဖမ်းမိဖူးပါတယ်။ လူကိုလူချင်း ရောင်းဝယ်ဖောက်ကား ကုန်ကူးတဲ့အလုပ်ကို လုပ်သူအဖို့ တိုင်းပြည်ပဲဖြစ်ဖြစ် လူမျိုးပဲဖြစ်ဖြစ် ဘာသာတရားပဲဖြစ်ဖြစ် ပိုက်ဆံရမယ်ဆိုရင် နှစ်ခါ မစဉ်းစားပဲ ရောင်းစားပါလိမ့်မယ်။

အမ်းမှာ နှစ်နှစ်လောက် နေရတဲ့အခိုက် ရဲစခန်းကိုပို့ပေးရတဲ့ ရဲဆေးစာ ထက်ဝက်လောက်ဟာ ရိုးမပေါ်မှာဖမ်းမိတဲ့ ဘင်္ဂါလီကလေးတွေကို အသက်စစ်ဆေးပေးရတဲ့ ဆေးမှတ်ချက်တွေ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းရမှာတောင် ကြောက်နေရတဲ့ဘဝ။ တစ်သုတ်တစ်သုတ် ဖမ်းမိလိုက်ရင် ရဲရော၊ လဝကရော၊ ဆရာဝန်ရော၊ အလုပ်တွေကို ရှုတ်နေတာပဲ။ သူတို့က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လာတာ။ ဝန်ဆောင်ခက အိမ်ကထွက်လာတုန်းက ပွဲစားကို ပေးလိုက်ပြီးသား။ နောက်တစ်ရစ်က လူ ရန်ကုန်ကိုရောက်မှ ဖုန်းဆက်လိုက်ရင် အိမ်ကလူက ပွဲစားကို ငွေချေမှာ။ မင်းဘူးအရောက် ဘယ်လောက်၊ ရန်ကုန်အရောက်က ဘယ်လောက်၊ (ရန်ကုန်မှာ နေစရာရော အလုပ်ပါ ပေးထားမယ့်သူရှိတယ်။ မသိရင် စုံစမ်းကြည့်။) စာအုပ်ထွက်အပြီး ဘယ်လောက်၊ မလေးအရောက် ဘယ်လောက်၊ အကုန် သူ့ဈေးနဲ့သူ အရစ်ကျပေး၊ ဟိုက ဒုက္ခသည်စခန်းရောက်ရင် အကျွေးကျေအောင်ဆပ်ပြီး နောက်တစ်ယောက်စာ စားရိတ်ပို့တာပါ။ သူ့ဟာနဲ့သူ အဆင်ပြေနေတဲ့ လမ်းကြောင်းကြီးကို ကိုယ်တွေသွားဖမ်းလိုက်မိမှ ကုလားအယောက် ၂၀ စာလောက်ကို အချုပ်ထဲမှာ ထမင်းချက်ကျွေးရသေး။ နေမကောင်း ဆေးအလကား ကုပေးရသေး၊ အသက်စစ်ဖို့ ဓါတ်မှန်တွေရိုက်(အဲ့ဒါ ဝန်ကြီးဌာနက စိုက်ရတာ)၊ အသက်မပြည့်ရင် လဝကကြီးတွေကိုယ်တိုင် ကိုယ့်စားရိတ်ကိုယ်စား၊ သူ့စားရိတ်ပါကိုယ်ကျွေးလို့ အိမ်တိုင်ယာရောက် ပြန်ပို့ရပါတယ်။ ပြန်ပို့တဲ့လဝကကြီး အမ်းပြန်မရောက်သေးခင် အဲသည်ကလေးက နောက်တစ်သုတ်နဲ့ ပါသွားပြန်ပါရော။ သူတို့က မြန်မာစကား ပြောနိုင်တာမို့ ဆေးရုံမှာကျကျနနကြီး အင်တာဗျူးဖူးပါတယ်။ သူတို့ကို မြန်မာပြည်ထဲမှာ နေမလား မေးကြည့်။ အသေသာခံလိမ့်မယ်။ မနေဘူး။ ဟိုကိုရောက်မှ အိမ်ကမိသားစု ငွေပြန်ပို့နိုင်မှာ။ သူလည်း ဟိုကလူ ငွေလှမ်းပို့လို့ ထွက်နိုင်တာ။ ဟိုရောက်သွားရင် သူတို့ဘဝက ကိုယ်တို့မြန်မာတွေထက် အဆပေါင်းများစွာ သာတယ်။ သနားအောင် ငိုပြတတ်ရုံနဲ့ အလုပ်မလုပ်ပဲ ထိုင်စားလို့ရပြီ။

အဲသည်လူတွေကို နဂိုတုန်းက မလေးက ကြည်ကြည်ဖြူဖြူ လက်ခံတာပါ။
ဒုက္ခသည်စခန်းတွေလည်း ဖွင့်ထားပေးတယ်။ တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရအောင်လည်း အင်တာဗျူးတွေ လုပ်ပေးတယ်။ ကိုယ့်ကို အင်မတန်မေတ္တာထားတဲ့ ဆရာဝန်ကြီးတစ်ယောက်ဆိုရင် အဲသည် ဘင်္ဂါလီဒုက္ခသည်စခန်းမှာ အလုပ်လုပ်တာပါ။ သာဓုပါဗျာ။ သူတို့က လက်ခံလေ။ နောက်ထပ် လူလားမြောက်လာသမျှ ဒုက္ခသည် အလောင်းအလျာကလေးတွေ ဝင်လာမစဲ တသဲသဲ ရှိလေပေါ့။ မီးပွိုင့်မှာ တောင်းစားတဲ့ သားသည်အမေကို ပေးရကမ်းရသလိုပ။ သူငွေဝင်လမ်းဖြောင့်လေလေ၊ ရင်ခွင်ပိုက်ကလေးတွေ လိုက်ရှာပြီး နေ့စားနဲ့ ငှားစားလေလေပေါ့။ လူသားချင်း စာနာထောက်ထားတဲ့သူတွေကပဲ လူသားချင်း ကျွန်ပြုပြီး ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို အားပေးအားမြှောက် ပြုရာရောက်တာ။ တစ်ရာကယ်လိုက်၊ တစ်သောင်းလိုက်လာမယ်။ တစ်သိန်းလောက်က တန်းစီထားပြီ။ ကယ်မယ့်ကယ်လည်း ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး ချောင်ဆင်းသွားတဲ့အထိ လိုက်ကယ်ကြပေါ့။

ဒါပေမယ့်လည်း အခုတလောမှာ သူတို့ဆီမလည်း ပေါ်လစီပြောင်းသွားလို့လား။ ကြာကြာဝါးလို့ ခါးမှန်းသိသွားသလား မပြောတတ်ဘူး။ လက်ခံရမှာ အင်တင်တင် ဖြစ်လာပုံရတယ်။ ဘင်္ဂါလီဆိုတဲ့အမျိုးကလည်း ကိုယ်တို့အခေါ်ဆို ခေါ်တောကုလား ခေါ်တယ်ဗျ။ လက်ဖျားနဲ့ တို့စရာမလိုဘူး။ ကြည့်ရုံလေး ထိုင်အကြည့်ခံလိုက်၊ ကြက်သီးတွေ ထလာလိမ့်မယ်။ ခေါ်တောကြည့်ကြည့်တယ်ဆိုတာ မကြားဖူးဘူးလား။ အခုတော့ "မင်းမျက်ဝန်းလေးက ထူးဆန်းတယ်။ မမြင်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်။" တို့ဘာတို့ သာသာယာယာ တေးသွားကလေးတွေ မဆိုနိုင်တော့ဘူး။ ဖောင်ပေါ်မျောလာတဲ့ သမ္ဗဝညီနောင်တွေကို ကမ်းကပ်မှာစိုးလို့ ဝါးလုံးရှည်နဲ့ လှမ်းတွန်းထုတ်သလို ထုတ်ကုန်ကြပြီ။ ဒါ ဘယ်သူ့အပြစ်ရှိရဦးမလဲ။ ခါတိုင်း ပြစ်တင်ဖေဖန်နေကျ မြန်မာအစိုးရပဲ ဆက်ပြောကြတာပေါ့။ ရိုးရာမပျက်လေ။ ကိုယ်တွေက လွန်စွာမှပင် စိုးရိမ်ပူပန်မိပါကြောင်းလို့ ဟစ်လိုက်ရင် ဘာတာဝန်မှ မရှိတော့ဘူး။

တကယ်တော့ အဲ့သလောက်တောင် ထမင်းရည်ပူလာ လျှာလွှဲစရာ မလိုပါဘူး။ လှေတော်သားမောင်ရို့ မြန်မာလိုတတ်သလား မေးလိုက်၊ တတ်ရင် ဘာမှမလုပ်နဲ့ အစီးလိုက် သည်ပြန်ပို့။ သူတို့ရပ်ရွာ မှည့်တစ်ပေါက်မစွန်းပဲ ရောက်စေရမယ်။ ဘယ့်နှယ်လဲ။ ပြန်လာမလား မေးကြည့်လိုက်။ သည်ပြန်ရမှာစိုးလို့ မြန်မာတွေက သူတို့ကို သတ်ပါလိမ့်မယ်လို့ မူလကျီသွန်နီလုပ်နေတာကို ယုံရင်လည်း ကုလသမဂ္ဂမဟာဝန်ရှင်တော်မင်းကြီးကိုယ်တိုင် ဦးစီးလို့ မောင်းတောအရောက် ပို့တော်မူ။ နောက်တစ်ခေါက်ပြန်ထွက်ရင် နောက်တစ်ခေါက် ပြန်ပို့ကြေး။ ကိုယ်က အဲသည်အလုပ် လုပ်နေတယ် မဟုတ်လား။ စိုးရိမ်မကင်းဘူးဆို။ ပို့မယ့်ပို့ ကူးတို့ရောက်အောင်သာ ပို့ခဲ့ပါလေ။ ခမျာများ သနားစရာ။ နိုင်ငံတကာက မူဆလင်ညီနောင်အချင်းချင်းတွေ ညှာတာထောက်ထားလို့ အကူအညီများ မစချင်ပါတယ်ဆိုလည်း သာဓုပါမောင်။ နောင်လာနောက်သားများအတွက်ပါ ပိုပိုသာသာလေး လှူခဲ့တန်းခဲ့ပါ။ တစ်ယောက်ကယ်လိုက်ရင် ဆယ်ယောက်ထပ်ထွက်လာမှာဆိုတော့

ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် ကုသိုလ်ရပါလိမ့်မယ်။ သည်လိုမှ မဟုတ်ပဲ ဘယ်သူတွေ ဘာလုပ်လုပ် မြန်မာအစိုးရကိုမှ အားရပါးရ ကလော်တုပ်ချင်တာဆိုရင်တော့ ဘရားဗိုး ဝမ်းစမိုး တခဲနက်ကို ထောက်ခံအားပေးပါတယ်။ ဘယ်သူမှ မဆဲလည်း ကိုယ့်ဘာသာကိုယ် ဆဲနေရတာ အာတောင်ညောင်းလာပြီ။ ခများတို့ တလှည့်ဆဲတော့ ကျုပ်တို့ အနားရတာပေါ့။ ကိုယ့်ရဲ့ ကြိုးစားမှုကြောင့် တစ်ခုခု အရာထင်လောက်အောင် ပြောင်းလဲသွားလိမ့်မယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလိုက်ပါနဲ့လေ။ ကုလသမဂ္ဂဆိုတာတောင် ဘယ်သူကမှ ဖင်ကြားမညှပ်တော့တာ ကြာပေါ့။ မနက်ဖြန်ကျ လှေတစ်စီး ထပ်ဆိုက်လာဦးမှာ။ သည်တစ်ခါ ဘယ်တွန်းထုတ်ကြမလဲ စဉ်းစားထား။
written by Dr Soe Min





--

No comments:

Post a Comment