"ကိုယ့်သမိုင်းကိုယ်မသိသည့် ဗြိတိန်"
kokomyanmarpyithar | January 20, 2015 |
ဗြိတိသျှကိုလိုနီခေတ် မှတ်တမ်းမှတ်ရာများတွင် ရိုဟင်ဂျာဟူ၍ ဖော်ပြထားခြင်းမရှိ ဇန်န၀ါရီ၈ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ်ရုံးက ဗြိတိန်အစိုးရ၏ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ရှင်းတမ်းဟုဆိုသည့် စာတမ်းတစောင်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးမှာ ရပ်တန့်နေပြီး အချို့နေရာများတွင် ပြောင်းပြန်ဖြစ်နေသည်ဟု ဝေဖန်ထားသည်။ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများနှင့် ပတ်သက်၍လည်း ဗြိတိန်နိုင်ငံက စောင့်ကြည့်နေသည်ဟုဆိုထားသည်။
ထို့အပြင်ရိုဟင်ဂျာဟု အော်နေသူများနဲ့ပတ်သက်၍ လည်း ရိုဟင်ဂျာလူ့အခွင့်အရေးကိုပို၍လေးစားရန် တိုက်တွန်းလိုသည်ဟုလည်း ပါရှိသည်။ ပြည်တွင်းထုတ် နာမည်ကြီးသတင်းစာတစောင်က ""ဥပမာ-ကြေညာချက်ထဲမှာ ရိုဟင်ဂျာလို့သုံးတယ်။ ဒါကိုကျွန်တော်တို့ အနေနဲ့ လုံးဝလက်မခံနိုင်ဘူး။ နိုင်ငံတော်သမ်္မတကြီးကိုယ်တိုင်က ကမ်္ဘာသိအောင် ပြောကြားထားသလို မြန်မာပြည်သူတွေရဲ့ ထုတ်ဖော်နေတဲ့သဘောထား တွေကို ဗြိတိန်နိုင်ငံအနေနဲ့ လေးစားဖို့လိုတယ်။
ကိုလိုနီခေတ်ကထားခဲ့တဲ့ ဘင်္ဂါလီပြဿနာက ဒီကနေ့အထိ ကျွန်တော်တို့နိုင်ငံကို ဒုက်္ခပေးနေတုန်း ဆိုတာ တွေ့နိုင်တယ်။ နိုင်ငံသားစိစစ်မှုငြင်းဆန်နေတဲ့ ဘင်္ဂါလီတွေ၊ ဒီဘင်္ဂါလီတွေကို နောက်ကွယ်က သွေးထိုးပေးနေတဲ့သူတွေကိုလည်း အစိုးရရဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပေးဖို့ လိုပါတယ်""ဟု သမ်္မတရုံးအကြီးတန်းအရာရှိတဦးကပြောသည်ဟု ရေးသား ခဲ့သည်ကို တွေ့ရသည်။
မှန်ပေသည်။ ဗြိတိသျှနေမ၀င်အင်ပါယာထူထောင်ရေး ရည်ရွယ် ချက်ထဲ၌သာ မြန်မာနိုင်ငံမပါဝင်ခဲ့လျှင် ဘင်္ဂါလီပြဿနာဟူ၍ရှိခဲ့မည် မဟုတ်သလို ရိုဟင်ဂျာဟူ၍ ထအော်နေသူများလည်းရှိခဲ့မည် မဟုတ်ပေ။မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၆၇ နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ဗြိတိသျှတို့ချန်ထားခဲ့သည့် ဘင်္ဂါလီပြဿနာမှာ ယနေ့တိုင်ဖြေရှင်းမရနိုင် သေးဘဲရှိနေသည်။ လွတ်လပ်ရေးရပြီးမှ ထအော်လာသည့် ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေးတောင်းဆိုမှုမှာ တနေ့တခြားပိုမိုဆိုးဝါးလာနေသည်။
ယနေ့မြန်မာနိုင်ငံအစိုးရဖြေရှင်းဖို့ကြိုးစားရာတွင်လည်း ဗြိတိန်အစိုးရ အနေဖြင့် အပြုသဘောပြောဆိုမှုများဖြင့် ပါဝင်ကူညီအားဖြည့်သင့်ပါသော် လည်း ထိုသို့လုပ်ဆောင်သည်ကို မတွေ့ရပေ။ မြန်မာနိုင်ငံတွင် မည်သည့် အချိန် မည်သည့်ခေတ် မည်သည့်အခါကမျှ မရှိခဲ့သည့် ရိုဟင်ဂျာတိုင်းရင်း သားဖြစ်ရေးတောင်းဆိုမှုကို အသိအမှတ်ပြုပေးရန် ဖိအားပေးပြော ဆိုခြင်းက မြန်မာအစိုးရ၏ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်ရာရောက်နေသည်။
ဗြိတိသျှတို့စတင်အုပ်စိုးစဉ်ကာလ ၁၈၂၅ ခုနှစ်တွင် ရခိုင်တပြည်လုံး မွတ်ဆလင်ဦးရေမှာ သုံးသောင်း(၃၀၀၀၀)သာရှိခဲ့သည်ဟု ဗြိတိသျှအစိုးရ ပြုစုခဲ့သည့်မှတ်တမ်းများအရ သိရသည်။ ၁၉၃၀ ပြည့်နှစ်တွင် မွတ်ဆလင် ဦးရေ နှစ်သိန်းတသောင်းခုနစ်ထောင်ရှစ်ရာ(၂၁၇၈၀၀)အထိ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ တိုးလာခဲ့သည်။ အထူးသဖြင့် စစ်တကောင်းခရိုင်မှ ဘင်္ဂါလီများကို အထိန်းမရှိအကွပ်မရှိ ၀င်ထွက်ခွင့်ပြုထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဗြိတိသျှအစိုးရက ထိုသို့မွတ်ဆလင်ဦးရေတဟုန်ထိုး တိုးလာ မှုကို စိုးရိမ်လာရာ အခြေအနေကို စုံစမ်းရန် ၁၉၃၉ ခုနှစ်တွင် စုံစမ်းရေး ကော်မရှင်တခု ဖွဲ့ပေးခဲ့သည်။ ကော်မရှင်ကမွတ်ဆလင်ဦးရေအတားအဆီး မရှိတိုးလာမှုကိုမဟန့်တားနိုင်ပါက နောင်တချိန်တွင် လူမျိုးရေးပဋိပက်္ခ ဖြစ်လာနိုင်သည်ဟု အစီရင်ခံခဲ့သည်။ သို့သော်ဒုတိယကမ်္ဘာစစ်ကြီး ဖြစ်လာခြင်းကြောင့် မည်သို့မျှမလုပ်ဆောင်နိုင်ခဲ့ပေ။ အစီရင်ခံခဲ့သည့် အတိုင်းပင် ၁၉၄၂ ခုနှစ်တွင် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ခဲ့သည်။ထို့နောက် မူဂျာဟစ် သူပုန်ထခဲ့သည်။ မွတ်ဆလင် သီးခြားပြည်နယ် တောင်းခဲ့သည်။ ထို့နောက်တွင် ရိုဟင်ဂျာတိုင်းရင်းသားဟူ၍ တောင်းဆို လာခဲ့သည်။ ယနေ့တိုင်လည်း တောင်းဆိုနေဆဲဖြစ်သည်။
၁၈၇၂ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်တို့တွင်ကောက်ယူခဲ့ သည့် သန်းခေါင်စာရင်းများ၌လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မပါရှိခဲ့ပေ။စစ်တကောင်းသား၊ ဘင်္ဂါလီစသည်ဖြင့်သာ ရေးသားမှတ်တမ်းတင်ခဲ့ သည်ကို တွေ့ရသည်။ အိန်္ဒိယစစ်ရေးချုပ်ရုံး၏ အမိန့်ဖြင့် ၁၉၂၄ ခုနှစ် တွင် ပထမအကြိမ်၊ ၁၉၃၃ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံလူမျိုးစုများ (Races of Burma) စာအုပ်တွင်လည်း ရိုဟင်ဂျာဆိုသည်ကိုမတွေ့ရပေ။ ထိုစာအုပ်၌ ရခိုင်ပြည်အကြောင်း ရေးသားရာတွင် ""ရခိုင်ပြည်နယ်သို့ နှစ်စဉ်နှစ်တိုင်း စစ်တကောင်းမှ လယ်စိုက်ပျိုးသူများ အုပ်စုလိုက်ဝင်ရောက်လွှမ်းမိုးလေ့ရှိသည်။ တိုင်းရင်း သားလူမျိုးစုရှစ်မျိုးမှ ဆယ်မျိုးအထိနေထိုင်ကြရာ ယင်းတို့မှာ ခမီး၊ ဒိုင်းနက်၊ Chaw, Mro, Kon Kaungtsos နှင့် ချင်းလူမျိုးစုများဖြစ် သည့် Ku, Kyu, Welaung, Le'du နှင့် Yindu တို့ဖြစ်သည်""ဟု တွေ့ရသည်။
၂၄-၂-၁၉၄၇ ရက်စွဲဖြင့် ဂျမေတူအူလမားမွတ်ဆလင်အဖွဲ့က ရခိုင်မြောက်ပိုင်းဒေသများဖြစ်သည့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များကို သီးခြားမွတ်ဆလင်ပြည်နယ်ထူထောင်ခွင့်ပြု ရန်နှင့် ပင်လုံညီလာခံတွင်ရပိုင်ခွင့်များ တင်ပြဆွေးဆွေးခွင့်ပြုရန် ဗြိတိ သျှအစိုးရသို့ စာရေးသားတောင်းဆိုခဲ့မှုအပေါ် ဗြိတိသျှအစိုးရက ၁၈-၆-၁၉၄၇ ရက်စွဲဖြင့်အကြောင်းပြန်ကြားခဲ့သည်။ အကြောင်းပြန်စာတွင် မြန်မာနိုင်ငံတွင် သီးခြားမွတ်ဆလင်ပြည်နယ်တခု တည်ထောင်ပေးရန် မှာ လက်တွေ့မကျကြောင်း၊ ဘာသာရေးတခုတည်းဖြင့် တိုင်းရင်းသား ဖြစ်မလာနိုင်သကဲ့သို့ မြန်မာမှာရော ကမ်္ဘာမှာပါ အစဉ်အလာမရှိကြောင်း၊ မြန်မာနိုင်ငံတွင် အခြားပြည်နယ်များမှာ သမိုင်းကြောင်းအရ မြန်မာဘုရင် များခေတ်တွင် သီးခြားပြည်နယ်များဖြစ်ခဲ့ကြကြောင်း၊ ရခိုင်ရှိ မွတ်ဆလင် များသည် ရခိုင်သို့မဟုတ် မြန်မာလက်အောက်တွင် အမြဲနေထိုင်ခဲ့ကြပြီး သီးခြားပြည်နယ်ခွဲ၍နေထိုင်ခဲ့ဖူးသည့် သမိုင်းအစဉ်အလာမရှိခဲ့ကြောင်း စသည်ဖြင့်ပါရှိခဲ့သည်။ ဤအချိန်ထိ ရိုဟင်ဂျာဟူသော အမည်နာမကို မတွေ့ရသေးပေ။
ဤသမိုင်းဤမှတ်တမ်းများကိုကြည့်လျှင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဆိုသော လူမျိုးတမျိုးမရှိခဲ့သည်ကို ထင်ရှားစွာမြင်တွေ့နိုင်သည်။ ဤမရှိခဲ့ သည့်လူမျိုးကို အရှိတရားအဖြစ် မြန်မာနိုင်ငံအစိုးရက လက်ခံအသိ အမှတ်ပြုပေးရမည်ဆိုသည်မှာ သဘာဝကျနိုင်မည်လား။ မြန်မာနိုင်ငံ အစိုးရနေရာတွင်ဝင်၍ စဉ်းစားကြည့်လျှင် သဘာဝကျ မကျသိနိုင်လိမ့် မည်။ ဗြိတိန်အစိုးရအနေဖြင့် မိမိတို့ဘိုးဘွားများ ကိုလိုနီနယ်ချဲ့စဉ်က ရေးသားခဲ့၊ ထုတ်ပြန်ခဲ့သည့် မှတ်တမ်းမှတ်ရာများကို မျက်ကွယ်ပြု၍ သူတပါးအစိုးရကို ဖိအားပေးဝေဖန်နေဖို့မသင့်ပေ။ ပြန်လည်လေ့လာ ဖတ်ရှုခြင်းဖြင့် သမိုင်းမှန်ကိုလက်ခံသွားရန် လိုအပ်ပေလိမ့်မည်။ လွတ်လပ် ရေးရပြီး ၁၉၅၁ ခုနှစ်တွင်မှ ဘူးသီးတောင် ပါလီမန်အမတ် ဂါဖားရ်က ရိုဟင်ဂျာသမိုင်းကို လုပ်ကြံရေးသားခဲ့ခြင်းဖြစ်သည်။
ကိုငြိမ်း

ကျွန်တော် တို့ က လူမျိုးရေး အစွန်းရောက် တွေ မဟုတ်ပါဘူး။
Jan 24, 2015မြန်မာပြည်မှာ ဘယ်သူမှ လူမျိုးမတူ တာနဲ့ မမုန်းပါဘူ။ (သူ့ နိုင်ငံ မှာပဲ သူနေရင်ပေါ့။) ဘာသာ မတူတာလဲ မမုန်းပါဘူး။ (သူ့ဘာသာ သူ ကိုးကွယ်နေ ရင်ပေါ့။) ဒါပေမဲ့ ကိုယ်နိုင်ငံ ထဲ ကို တိုင်းတပါး သားတွေ ကျူးကျော် လာရင်၊ ကိုယ့် ဘာသာ ထဲ တခြားဘာသာ အယူ ၀ါဒတွေ သွပ်သွင်း ၀ါဒဖြန့်လာရင်။ ကိုယ်နိုင်ငံ ထဲ မှာ နေပြီး ကိုယ့် မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကို လက်မခံပဲ တသီးတခြား တိုင်းတပါး ယဉ်ကျေမှု တွေ ပေါ်ပေါ်ထင်ထင် တင်သွင်း လာရင် မုန်းမုန်း၊ မမုန်းမုန်း (လူများစုက) လက်မခံ နိုင်ကြပါဘူး။ ဒါ ကိုယ်က ရန်လိုတာ လဲ မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည်ကို၊ ကိုယ့် ဘာသာ တရားကို၊ ကိုယ့် ယဉ်ကျေးမှု ကို ရန်စ ခံရတာပါ။
ကျွန်တော် တို့ က လူမျိုးရေး အစွန်းရောက် တွေ မဟုတ်ပါဘူး။ အကြမ်းဘက် ခြင်း ကိုလဲ အားမပေးပါဘူး။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး ကိုလဲ လိုလားပါတယ်။ ဒါပေမဲ့ ဘင်္ဂလီ ကိုတော့ တိုင်းရင်းသားအဖြစ် လုံးဝ လက်မခံနိုင် ပါဘူး။
မြန်မာ အချင်းချင်း ငြင်းကောင်းတုန်း ဘင်္ဂလီ အတွက် အလုပ် လုပ်နေတဲ့ မြန်မာ နိုင်ငံသား အမည်ခံ (မြန်မာ နိုင်ငံသား ကဒ် ရပြီး အစ္စလာမ် ဘာသာဝင်) မွတ်စလင်တွေ က ကမ္ဘာပတ် ပြီး မြန်မာ တိုင်းရင်းသား နဲ့ မြန်မာလူမျိုး ပျောက်ပြီး ဘင်္ဂလီ (ရိုဟင်ဂျာ) နိုင်ငံ ထူထောင်ဘို့ ကြိုးစား နေကြပါပြီ။
ဒီတော့ ဗုဒ္မဘာသာ တွေကလဲ (ဗုဒ္မံ၊ ဓမ္မံ၊ သံဃံ အစား) ၉၆၉ ရေး တာ၊ ၉၆၉ ကို အားပေးဘို့ စည်းရုံးတာ တွေ ရှိလာတယ်။ အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင်ရွက် နိုင်ပါသည်။ ၉၆၉ ကို လက်မခံသူ များ လက်မခံ ပိုင်ခွင့် ရှိပါသည်။ လက်ခံသူများ လက်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် ၉၆၉ သည် (အခြား ဘာသာဝင် များအား) အကြမ်း ဖက်ရန် လှုံဆော်ခြင်း မဟုတ်ပါ။ (အကြမ်း ဘက် လို သူ များ သည် မည်သည့် ဘာသာကို ကိုးကွယ်သည် ဖြစ်စေ အကြမ်းဖက် လိုစိတ် များ ရင်တွင်း ကိန်းအောင်းနေ သူများ ဖြစ် ပါသည်။) ၉၆၉ ကို အကြမ်းဖက် မှုနဲ့ ပေါင်း မြင် တာ၊ ပေါင်း ပြောတာ ဟာ ဥာဏ်မမီ တဲ့သူတွေပါ။ ဘင်္ဂလီ လော်ဘီတွေနဲ့ သူတို့ သွေးထိုးမှုကို ယုံကြည်နေ တဲ့ ဥာဏ်မမှီ သူတွေပါ။
လူတိုင်း လွတ်လပ် စွာ ရွေးချယ် ပိုင်ခွင့် ရှိပါသည်။ ကျွန်တော့ သဘောထား က အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင် ရွက် ခြင်း ကို ထောက်ခံ ပါသည်။
မိုးဟိန်းကျော်
--
No comments:
Post a Comment