Wednesday, 5 October 2011




ဟောင်ကောင် သတင်းဌာန၇ဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ- မြန်မာဘာသာပြန်

Posted: 03 Oct 2011 11:54 PM PDT



မှတ်ချက်...ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာနကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..

သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြား ပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့ အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာ စဉ်းစားသင့်တဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊

အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေ က ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ ထောက်ခံမှု ကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။

ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...

မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့... မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..

သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်.
ဟောင်ကောင် Phoenix Tv(凤凰卫视) Phoenix Satellite Television Holdings Limited (ifeng) သတင်းဌာန website

http://www.phoenixtv.com/

ဘာသာပြန်-နိုင်းနိုင်းစနေ


နလံထဧရာဝတီကို ဒေါသပွားနေသူများ - ရေးသူ-(ဆောင်းပါးရှင် မောင်မောင်ဝမ်း) (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

Posted: 03 Oct 2011 11:47 PM PDT


မြန်မာလူထုရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ဧရာဝတီကို အဖတ်ဆယ်ဘို့ လူထုရဲ့ဆန္ဒတွေ ပွင့်အန်ထွက်လာကြတာ အားလုံးအသိပါပဲ။ ပြည်တင်းလျှင် မင်းမခံနိုင်ဆိုသလို…. လူထုဆန္ဒကို အထိုက်အား လျှော်စွာမျက်ခြေမပြတ်ဘူးလို့ ဆိုနိုင်တဲ့လက်ရှိ အစိုးရသစ် သမ္မတဦးသိန်းစိန်ကတော့… ဒီကိစ္စအပေါ် ရပ်ဆိုင်းလိုက်ဆိုင်းလိုက်ခြင်းကို.. အားလုံးနီးပါးသော ပြည်သူလူထုကြီးကလည်း ကြိုဆိုခဲ့ကြတယ်။ တတိုင်းပြည်လုံးနီးပါး ဝမ်းမြောက်ခဲ့ကြရတယ်။

သို့သော် ၀မ်းမြောက်မှု့တွေက သိပ်မကြာလိုက်ဘူး…။ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ တွေက နောက်ဆက်တွဲ ပါလာတော့တယ်….။ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ တိုက်ပွဲတွေက.. စိတ်အစဉ်ကို ခါးသီးစေခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးတာက.. မချင့်မရဲဖြစ်စေခဲ့တယ်…။ တရုတ်အစိုးရရဲ့ ဒေါသနဲ့တုန့်ပြန်သံတွေဟာ… တမျိုးသားလုံးကို သတိရှိဘို့ လှုံ့ဆော်နေတယ်။ ဒါတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့ ကိုင်တွယ်တတ်ဘို့လိုပါတယ်…။ မိမိနိုင်ငံတွင်း ပြသနာတွေက အရေးကြီးသလို.. ပြည်ပရန်ကလည်း အထူးကို သတိကြီးကြီး ထားရမှာပါ။

ဦးစွာပထမ.. ပြည်တွင်းမှာ အဓိကကျတဲ့ ပြသနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဘို့ လိုပါလိမ့်မယ်။

- နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးလိုက်ရင်...

- ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်မယ်ဆိုရင်….

- အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန် ဆောင်ရွက်မယ်ဆိုရင်

- လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမြန်ဆုံးရပ်တန့်လိုက်မယ်ဆိုရင်…..

တမျိုးသားလုံးရဲ့သွေးစည်းညီညွတ်မှု အားဟာ…တော်တော် ခိုင်မာလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါတွေဟာ လုံးဝကိုအချိန်ဆွဲလို့ မရတဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လတ်တလောမှာ… ပြည်ပရန်က အရေးကြီးနေပြီ မဟုတ်ပါလား…။ ယခုဆိုလျှင်… တရုတ်အစိုးရရဲ့ တုန့်ပြန်ချက်မှာ မြန်မာကို မှတ်လောက်အောင် သင်ခန်းစာပေးရမယ်ဆိုတာ.. ဘာကိုဆိုလိုပါသလည်း… ဘယ်လိုတွေနဲ့ သင်ခန်းစာ ပေးချင်တာပါလည်း…. သင်တို့သင်ခန်းစာပေးတိုင်း မြန်မာတွေက ခေါင်းငုံ့ခံမယ်လူမျိုးတွေလို့ ယုံကြည်နေပါသလား….။ မြန်မာတွေဟာ အမျိုးသားရေးနဲ့ ပတ်သက်လာရင်… ဆတ်ဆတ်ထိ မခံတတ်တဲ့ လူမျိုးတွေဆိုတာ သင်တို့သိပါလေစွ….။

သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် ယင်းကိစ္စအပေါ်… တရုတ်အား အလျှော့ပေး ဆက်ဆံနေမည်ဆိုပါ လျှင် ရရှိပြီးသား လူထုထံမှ အမှတ်များ လျှောကျသွားမည် ဖြစ်ယုံမက… မယုံမကြည်မှု့များသည်။ ယခင်ကထက် ပိုမိုဆိုးဝါးသွားနိုင်ပါသည်။ လက်ရှိအခြေနေတွင် အစိုးရအနေဖြင့် လမ်းကြောင်းနှစ်ကြောင်း အနက်တခုခုကို ရွေးချယ်ရပေတော့မည်။ မြန်မာလူထုအကျိုးစီးပွားနဲ့ ထောက်ခံမှု့ကိုယူမလား……။ တရုတ်အစိုးရ၏ အပြုံးစတချက်ကို ရင်ဝယ်ပိုက်မည်လား။ နှစ်ခုစလုံးပြိုင်ရွေးလို့ မရစကောင်းပါ။ ကမ္ဘာပေါ်တွင် တရုတ်အစိုးရ၏ အထောက်အပံ့ကြောင့် တိုင်းပြည်ထူထောင်လာသော နိုင်ငံမတွေ့ဘူးသေးပါ။

တခြားတဘက်တွင် သတိထားသင့်သည်မှာ… ယခုကိစ္စသည်.. တရုတ်အစိုးရ၏ မနှစ်မြို့စရာသော နိုင်ငံတကာ ဆက်ဆံရေး ပေါ်လစီကို ကန့်ကွက်ခြင်းဖြစ်သည်…။ လူမျိုးရေးဆန့်ကျင်မှု့မဟုတ်ပါ… ဒါကိုသဲသဲကွဲကွဲ ခွဲမြင်စေလိုပါတယ်…။ တရုတ်အစိုးရနဲ့ တရုတ်လူထုကို ခွဲမြင်တတ်ဘို့ လိုပါလိမ့်မယ်။ တကယ်တန်းက တရုတ်နိုင်ငံကြီးသည် တိုးတက်ပါသည်လို့ဆိုပေမဲ့… သန်းပေါင်းများစွာသော လူထုကြီးက… ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရဆဲပါ…။ ခါးသီးလှတဲ့ ကွန်မြူနစ်အစိုးရရဲ့ရက်စက်မှုတွေကို နေ့တဓူဝ ကြုံနေဆဲပါ။ ယခုကိစ္စသည် တရုတ်လူမျိုး ဆန့်ကျင့်ရေးမဟုတ်…။ တရုတ်ကွန်မြူနစ်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားကို ထိခိုက်စေသော လုပ်ရပ်အား မနှစ်မြို့ခြင်းသာဖြစ်သည်။ ထို့အပြင်တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရင်းနှီးမြှုတ်နှံမှုများကို ဆန့်ကျင်ခြင်းလည်းမဟုတ်။ နိုင်ငံတနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကို အကောင်ထည် ဖော်ရာတွင် ပြည်ပရင်းနှီးမြုပ်နှံမှု့များသည် လွန်စွာမှအရေးပါ…ပါသည်။ ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်နေသောကြောင့် ပြည်ပရင်းနှီးမှု့များကို လက်ခံရမည် ဆိုသော်ငြားလည်း….. မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမွေအနှစ်များကို ထိပါးလာမည်ဆိုလျှင် မည်မျှပင်အကျိုးမြတ်ရှိနေပါစေ……လက်မခံသင့်ပါ။

တရုတ်မို့ ဆန့်ကျင်ခြင်းလည်းမဟုတ်၊ အကယ်၍ .အမေရိကန်နိုင်ငံမှ…. ပုဂံရှေးဟောင်း အမွေအနှစ်နေရာများကို ဟော်တည်တွေ ကစားကွင်းတွေ တည်ဆောက်မည်ဟု ကြံရွယ်ခဲ့လျှင်လည်း လက်ခံလိမ့်မည်မဟုတ်ပါ။ (ပြင်သစ် ရေနံကုမ္ပဏီကြီးကို ဆန့်ကျင်ခဲ့ခြင်းက သက်သေရှိပါသည်)။ မိမိတို့လူထုသာလျှင်မက အစိုးရကိုယ်တိုင်က မူအရဆန့်ကျင်ခြင်းအပေါ်….. တရုတ်အစိုးရမှ မြန်မာအားကောင်းကောင်း သင်ခန်းစာပေးရ မည်ဟု မျက်မာန်ရှခြင်းသည်…. လက်ခံနိုင်စရာ အကြောင်းမရှိပါ……။ အမျိုးသားရေး ဂုဏ်သိက္ခာအရ တွန်းလှန် သွားမည်ဖြစ်သည်။

အားလုံးကိုလေးစားစွာဖြင့်

(မောင်မောင်ဝမ်း )



မြစ်ဆုံစီမံကိန်းဆိုင်းငံ့မယ့်အစီအစဉ်အတွက် တရုတ်နိုင်ငံအစိုးရဖက်မှတုန့်ပြန်သတင်းထုတ်ပြန်ချက်(အင်္ဂလိပ်စာတန်းထိုး)ရုပ်/သံ

Posted: 03 Oct 2011 09:17 AM PDT


မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်က အခုလိုဆုံးဖြတ်လိုက်တာဟာ သူ မဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စလို ကိစ္စမျိုး အများကြီးရှိနေတာမို့ အခုလို သူ့အပေါ် အကျိုးသက်ရောက်မှုနည်းမယ့် မြစ်ဆုံကိစ္စမျိုးကို လိုက်လျော ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ် (တရုတ်နိုင်ငံ ပေါ်လစီ သုံးသပ်သူ -ဒေါက်တာလှကျော်ဇော)

President U THEIN SEIN Myanmar has announced in Parliament to respect the wishes of the people of Myanmar, a joint venture with the Chinese side suspended the secret Pine Dam hydroelectric power station construction program. Chinese Foreign Ministry on Oct. 1 to respond the first time, hope and Myanmar through consultations.

Wu Dengsheng statement read out in Parliament, said Myitsone hydropower project in violation of the wishes of the people of Myanmar, in his term of office will suspend the project.

He said: "The Myanmar government is democratically elected government, so we must pay attention to the people's will, we have an obligation to focus on solving people's fears and concerns."

Chinese Foreign Ministry initially said to verify the message, and the lapse of 24 hours for the first time responses, dense pine plant is a joint venture between China and Myanmar, the project implementation process in the matter should be handled through consultations.

Myitsone is Myanmar's largest hydropower dam project cost $ 3.6 billion. Tengchong County, Yunnan Power distance of about 200 kilometers, is located in the mountains in northern Myanmar's Kachin, Irrawaddy River is the river level on the first power plant to be developed, with a total installed capacity of 600 million kilowatts.

Myitsone dam is also the largest overseas Chinese business and transfer of hydropower construction projects, equivalent to China's Three Gorges Power Station. China and Myanmar signed a contract in 2006, the Central China Power Investment Group-owned enterprises unilaterally fund the construction of electricity after the completion of 90% will be exported to mainland China.

Myitsone the end of 2009 the dam began. Construction of more than a year ago, Myanmar's environmentalists, academics, Kachin and other ethnic leaders and politicians, are trying to protest against this project, including the famous Burmese pro-democracy leader Aung San Suu Kyi. They protest, the project has led to living along the Yangtze River in the Irrawaddy, Kachin ethnic minority residents forced thousands to migrate, will seriously damage the ecological environment of the Irrawaddy.

Yi Nuowa Myanmar Irrawaddy's mother, gave birth to Myanmar culture and history. Myanmar, a commentator said: "Every Burmese people and have emotional ties to this river, which is why so many people oppose the dam project."

Harvey BBC correspondent in Southeast Asia Affairs, said that although China Electric Power Group Corporation invite experts to Myanmar to assess the project, but the assessment is not made public.

In addition, BBC also said there is news that Chinese partners in the dam started only after the impact assessment of research. Critics say this is "cart before the horse."

"China and India intersection: the intersection of Burma and the new Asia," Wu Tan Min author of the book said that if the opaque Chinese investment projects, the impact will not be considered local, it would be counterproductive.

Some observers believe that Wu Dengsheng's decision shows the change in the attitude of the new government of Myanmar. They are increasingly willing to listen to the voice of the people, to try to get international recognition.

However, according to "Voice of America" ​​report, Myanmar's river network organization reminded by the China Power Investment Group, responsible for power plant projects Myitsone not yet stopped. Environmental groups called on the Chinese engineers and equipment to withdraw from power plant construction area, and so were forced to move the Kachin people to return home, cease to protect the power station.

Currently living in Germany, King of Verona to water experts, "Deutsche Welle" said Myanmar should stop Myitsone dam will have some impact on China. China's hydropower development are some of the crazy momentum, Wang Vero think this is the Chinese authorities to "develop more than anything else" as the basis for making the wrong decision.

Verona King said: "China's understanding of ecological and environmental protection are a lot different when talking about the construction of the Three Gorges Dam on the ecological hazards, the Government stressed the dam project is to improve the quality of human life, meet people needs, Beijing is always regarded as the master of nature. "

NTDTV reporter Liming Fei


အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ- စာရေးသူ-ဗိုလ်မှူးအောင်လင်းထွဋ်

Posted: 03 Oct 2011 08:43 AM PDT


ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန် ခေါင်းဆောင် သော လက်ရှိအစိုးရအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော် အတွင်း၊ အပြင်ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ ကိုလိုနီ ဖြစ်လာ လိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရ ရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့ လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါသည်။ ဧရာဝတီမြစ်ဆုံရေ ကာတာကိစ္စအတွက် ဆွေးနွေးရန်သွားကြောင်း အတည်ပြုဆဲ သတင်းများ အရ သိရပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သို့ရောက်ရှိနေပြီး သမ္မတအိမ်တော်မှတာဝန်ရှိသူများနှင့်သမ္မတ၏အထူးကိုယ်စားလှယ် DerickMitchell တို့နှင့်တွေ့ဆုံဆွေးနွေး နေပြီဖြစ်ပါသည်။

တရုပ်နိုင်ငံ သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့်ပြဿနာဖြစ်နေသော South China Sea အတွင်း Spratly ကျွန်းစုအရေးကိစ္စ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အား တရုပ်နိုင်ငံ ဘက်မှထောက်ခံရန် ရပ်တည်ပေးရန်သမ္မတဦးသိန်းစိန်ကိုဖိအားပေးလျက် ရှိကြောင်း သိရပါသည်။ သမ္မတဦးသိန်းစိန် အနေဖြင့် တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိကြောင်း အာဆီယံနိုင်ငံများ နှင့် သာလက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုပ်ခေါင်းဆောင်များမကြေမနပ် ဖြစ်နေကြပါသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသောနိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုပ်တို့ကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံ ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုပ် နိုင်ငံအစိုးရကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲသလို လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန်အစိုးရ ကိုချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေရသည့် အခြေအနေမျိုးဖြစ်နေပါသည်။

ထို့အပြင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ တစ်ဦးတည်းမှားယွင်းစွာဆုံးဖြတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ သည် တရုပ်အစိုးရ ၏ လက်ဝေခံဘဝရောက်ခဲ့ရပါသည်။ စာချုပ်ပေါင်းများစွာကို တရုပ်တို့ အလိုကျ လက်မှတ်ထိုးရေးထိုးပေးခဲ့ရသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ချီတုတ်ခံထားရသည့် သဘောဖြစ်နေပါသည်။ တရုပ်တို့၏ တောင်းဆိုချက်အတိုင်း သမ္မတဦးသိန်းစိန် အစိုးရသည် နယ်စပ်ဒေသရှိ "ဝ" နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ ကိုယခင်အခြေအနေများအတိုင်းနေထိုင်ခွင့်ပြုရန် သဘော တူညီခဲ့ရပါ သည်။ ယနေ့ မြန်မာတစ်မျိုးလုံး၏ အမျိုးသားရေးကိစ္စဖြစ်သော ဧရာဝတီမြစ်ကယ်တင်ရေး သည် အစိုးရအာဏာပိုင်အများစုအပါဝင် တစ်မျိုးသားလုံး၏ တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန် အနေဖြင့် ရေကာတာ တည်ဆောက်ရေးကို ရပ်တံ့ရန်ဆန္ဒရှိကြောင်းသိရပါသည်။သို့သော်တရုပ်အစိုးရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပေ ဦးမည်။ ယခင်အစိုးရလက်ထက် တရုပ်တို့နှင့် သဘောတူလက်မှတ်ထိုးခဲ့သည့် ကိစ္စဖြစ်နေ၍ တရုပ်တို့၏ သဘောထားကိုပြန်လည်မေးမြန်းဘို့လိုသလိုကုန်ကျသုံးစွဲပြီးငွေကြေးများ မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုလည်းညှိနှိုင်းရပေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် သီဟသူရဦးတင်အောင်မြင်ဦး တရုပ်နိုင်ငံသို့ သွားနေရပါသည်။

ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ကိစ္စ အတွက် မြန်မာပညာရှင်များ တရုပ်နိုင်ငံသို့ သွားရောက်စဉ် တရုပ်တာဝန်ရှိသူများမှ ရေကာတာတည်ဆောက်မှုကြောင့် ဆိုးကျိုးများဖြစ်လာမည်ကို သိရှိပြီး ဖြစ်သောလည်း ဘာကြောင့်လုပ်ရသလဲဆိုတော့" မင်းတို့အစိုးရ ကိုယ်တိုင်သဘောတူလို့ ငါတို့ လုပ်တာ၊မင်းတို့အစိုးရကိုမင်းတို့ အပြစ်တင်၊မင်းတို့အချင်းချင်းပြဿနာဖြစ်တာ ငါတို့နှင့်မဆိုင်ဘူး၊ ငါတို့ကတော့အကျိုးအမြတ်ရှိရင် ဘာမဆို လုပ် မှာဘဲ" လို့ပြောလွှတ်လိုက်ကြောင်းသိရပါသည်။ အကယ်၍ တရုပ်အစိုးရက ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ရပ်စဲရေးကို သဘောမတူခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကိုလဲ စဉ်းစားထားဘို့လိုမည်ဖြစ်ပါသည်။

သို့ပါ၍ ဧရာဝတီမြစ်ကယ်တင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး အချိန်ဆွဲ မည်ဆိုပါက မြန်မာနိုင်ငံသည်မကြာမှီ တရုပ်တို့၏ရန်အန္တရယ် နှင့်ရင်ဆိုင်ရလာနိုင်ကြောင်းသုံးသပ် တင်ပြအပ် ပါသည်။

-ဗိုလ်မှူးအောင်လင်းထွဋ်

၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂၉ ရက်

ဝါရှင်တန်မြို့


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



ဒါဖတ်ပြီးမှ သိန်းစိန်ကို ကြိုဆိုပါ

သိန်းစိန်ပြောတာက --- မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်ဘဲ ရပ်ဆိုင်းထားမယ်တဲ့ .... ။

ကျနော်တို့မြင်ဖို့က ---  နောက်ထပ် ဆည်တွေ အများကြီး ကျန်နေသေးတယ် .... ။

 

  • မြစ်ဆုံဆည် ဆိုတာ တရုတ်ပြည်နဲ့ စာချုပ်ချုပ်ထားတဲ့ စီမံကိန်း (၈) ခုထဲက စီမံကိန်း (၁)ခု သာဖြစ်တယ်။
  • စာချူပ်ကို .... ဧရာဝတီ မြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ ဆိုင်ရာ နားလည်မှု စာချွန်လွှာ ...   လို့ခေါ်တယ်။ (၂၀၀၆) ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ အမှတ် (၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနဲ့ တရုတ်နိုင်ငံ China Power Investment Coporation (CPI) တို့ စာချုပ်ချုပ်ဆိုကြတယ်။
  • နောက်ထပ် ချီဗွေ၊ ချီဗွေငယ်၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ တွေမှာလည်း ဆည်တွေဆောက်ဖို့ရှိတယ်။
  • မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း က ၁၀ ရာခိုင်နှုန်းပြီးစီးနေပြီ၊  
  • ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ၉၇ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီ၊
  • ကျန်တဲ့စီမံကိန်း ၆ ခုက လေ့လာစူးစမ်းမှုတွေ၊ ဆောက်လုပ်ရေးစီမံကိန်းတွေချနေပြီ။   
  • စီမံကိန်းအားလုံးကို ၁၅ နှစ်အတွင်းအပြီးလုပ်ဖို့ လျာထားတယ်။
  • ထွက်လာမယ့် လျှပ်စစ်ဓာတ်အားကို စာချုပ်ပါသဘောတူညီချက်အရ တရုတ်ပြည်ကို ဈေးပေါပေါနဲ့ ရောင်းရမှာဖြစ်တယ်။      
  • မြန်မာနိုင်ငံမှာ ရေအား လျှပ်စစ်စီမံကိန်းတွေ တည်ဆောက်လို့ဖြစ်နိုင်တဲ့ ရေအရင်း အမြစ် (၉၂) ခု ရှိတယ်၊  ကချင်ပြည်နယ် တခုထဲမှာတင် ရေအရင်းအမြစ် (၁၉) ခုရှိတယ်။
  • ကချင်ပြည်နယ်ထဲမှာ နောက်ထပ် ဆောက်မည့် ဆည်တွေ ရှိသေးတယ်။ တာပိန်(၁)၊ တာပိန်(၂)၊  နော် ချမ်းခ၊ ထာခ၊ အူမွန်ခ၊  မလိချောင်း၊ တဘက်ရန်၊ တရွန်ခ၊ တနိုင်းခ၊ တ၀မ်ခ၊ နမ့်မလိခနှင့် ဗန်းမော်ဆည်။
  • ထာခ ဆည်ကို တေဇ  ကန်ထရိုက်ရထားတယ်။

 

 

မှတ်ချက် (၁)      မြစ်ဆုံရေကာတာအရေးက ပွဲမပြီးသေးဘူး၊ ဆက်လုပ်ကြရလိမ့်ဦးမယ်။ စီမံကိန်း ၈ ခု စလုံး ရပ်တန့်သွားတဲ့အထိ အလုပ်လုပ်ကြဖို့လိုမယ်။

 

မှတ်ချက် (၂)      KIA အပ်ါအ၀င် ကချင်လွတ်မြောက်ရေးအင်အားစုတွေကို တရုတ်အစိုးရ ငြိုး လိမ့်မယ်။ ကချင်တွေကို ကာကွယ်ဖို့လိုမယ်။  

 

မှတ်ချက် (၃)      ဧရာဝတီကိုချစ်တဲ့လူတွေ ဧရာဝတီမြစ်ဖျားခံရာဒေသမှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသားတွေကိုလည်း ချစ်ဖို့လိုမယ်။ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူဖို့လိုမယ်။  ကချင်တွေအပေါ်ကျရောက်နေတဲ့ စစ်ကို ၀ိုင်းပြီး တားဆီးကြဖို့လိုပါတယ်။

 




Fwd: ဒီမိုဝေယံ



---------- Forwarded message ----------
From: ဒီမိုဝေယံ <demowaiyen@gmail.com>
Date: 2011/9/30
Subject: ဒီမိုဝေယံ
To: burma.germany11@gmail.com


ဒီမိုဝေယံ


အော်သံပေးနေပြီ ဧရာဝတီ (ကဗျာရှင် ရွှေဝါရောင်အရှင်နန္ဒာစရိယ)

Posted: 29 Sep 2011 09:32 PM PDT

အော်သံပေးနေပြီ ဧရာဝတီ 
(ကဗျာရှင် ရွှေဝါရောင်အရှင်နန္ဒာစရိယ)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Tuesday, 4 October 2011

ပြည်သူလူထုမှာ ပြောရေးဆိုခွင့် မရှိရဘူးလား

U Win Tin – ပြည်သူလူထုမှာ ပြောရေးဆိုခွင့် မရှိရဘူးလား

 ပြည်သူလူထုမှာ ပြောရေးဆိုခွင့် မရှိရဘူးလား
 ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၁
စနေနေ့ကတွေ့ဆုံခဲ့တဲ့ ဆရာဦးဝင်းတင်နဲ့ မေးမြန်းခန်းမှာ ဆက်လက်မေးမြန်းခဲ့တဲ့ အကြောင်းအရာကတော့ ကောင်းမွန် အကျိုးရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတယ်၊ ပေါ်ထွန်းနေတယ် ဆိုတဲ့ အချိန်အခါမှာ မြန်မာပြည်သူတွေက ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ၊ ဘယ်လိုမျိုး ပြင်ဆင်ကြမလဲ။ ဘာမှ ဆန္ဒထုတ်ဖော်ပြောဆို ထောက်ပြခြင်း မပြုကြဘဲ ငြိမ်ဝပ်ပိပြားစွာနဲ့ စောင့်ဆိုင်း မျှော်လင့်နေကြရုံပဲလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီလားဆိုတာမှာ လက်တွေ့အကျိုးသက်ရောက်မှုတွေ ရှိသလားဆိုတာနဲ့ တိုင်းတာလို့ ရတယ်ဆိုတဲ့ မေးခွန်းကို ဆက်မေးပါရစေ ဆရာရေ။
-       အခုဘာတွေတွေ့ရသလဲဆိုတော့ မြန်မာဒီမိုကရေစီရေးအတွက် လက်တွေ့အကျိုးသက်ရောက်မှုတွေ စတွေ့နေရတယ်လို့ ပြောရင် ရတယ်ပေါ့။ မြစ်ဆုံဆည်ကိစ္စလိုမျိုးကိုမှာ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ဆိုပြီး ၂ ပိုင်း ကြည့်မယ်ဆိုရ င်ပြည်သူလူထုတွေဖက်က တိုင်းရင်းသားတွေ၊ ပညာရှင်တွေ၊ စာပေ ဂီတ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေရဲ့ တောင်းဆိုချက်တွေသာမက နိုင်ငံတကာကတောင်းဆိုချက်တွေ ၊ လှုပ်ရှားမှုတွေကို မြင်တွေ့ရတယ်။ ဦးသိန်းစိန်ဖက်က ဆုံးဖြတ်ချက်ကို ကြည့်လိုက်တဲ့အခါမှာ ဒီမြစ်ဆုံဆည်ကို ရပ်ဆိုင်းမယ်လို့ ပြောလိုက်တယ်။ ဒါဟာ အများပြည်သူလူထုရဲ့ တောင်းဆိုချက်ကို လိုက်လျောတာ၊ နာခံတာ ဆိုတဲ့ သဘောကို သက်ရောက်တယ်။ ဒါဟာ ပြည်သူတွေတောင်းဆိုနိုင်ခြင်းဟာ ဒီမိုကရေစီလက္ခဏာများ ရှိသင့်သလောက်ရှိလာလို့သာ အနိမ့်ဆုံး အခြေအနေများ ပေါ်ပေါက်လာလို့သာ တောင်းဆိုလာနိုင်တယ်လို့ ပြောနိုင်တယ်။ နို့မို့ဆိုရင် ဦးသန်းရွှေအစိုးရသာ ငုတ်တုတ်ကြီး ရှိနေမယ်ဆိုရင် ပြည်သူတွေဖက်ကလည်း အခုလို စာပေ အနုပညာ လှုပ်ရှားမှုတွေ၊ သစ်ပင်စိုက်တာတွေ၊ အခုလိုလှုပ်ရှားမှုတွေ လုပ်နိုင်ကြလိမ့်မယ် မထင်ဘူး။ နောက်ပြီး အခုဦးသိန်းစိန်လုပ်သလို လွှတ်တော်ဆီကို တင်ပြတာတွေ လုပ်မယ့်အစား ဦးသန်းရွှေဖက်က အကြမ်းဖက်ဖြေရှင်းပစ်လိုက်မယ်လို့ တွေးကြည့်နိုင်တယ်။ ဒီအခြေအနေ တွေကို ကြည့်ရင် အခုလို အကျိုးသက်ရောက်မှုတွေ ရှိတယ်။ မြစ်ဆုံဆည် ရပ်ဆိုင်းခြင်းဟာ လက္ခဏာတခုလို့ ပြောရင် ရတယ်။
 နောက်ကိုလည်း အဲသည်လိုအကျိုးသက်ရောက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာမယ့် အလားအလာတွေ ရှိသလားဆိုတာကို အခြားနယ်မြေတွေကို ကြည့်ပြီး ဆရာဘယ်လို ပြောချင်သလဲ။
-       ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်ကို မပြောခင်  ဥပမာ စာပေနဲ့ စာနယ်ဇင်းလောကမှာလည်း လုံလောက်တဲ့ လွတ်လပ်မှုတွေ လုပ်ကိုင်ခွင့်တွေ မရှိသေးသော်လည်း ဂျာနယ်တွေ စာစောင်တွေ အတော်များများ ပေါ်လာတယ်၊ လွှတ်တော်တို့၊ ပြည်သူ့ဆန္ဒထုတ်ဖော်တာ၊ အင်တာဗျူးတွေ အတော်အသင့် ရေးသားဖော်ပြလာနိုင်တယ်။ နယ်တွေမှာ ဆိုရင်လည်း နောက်ပြီးတော့ လယ်သမားတွေရဲ့ လယ်မြေအရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာ၊ ချီတက်ဆန္ဒပြတာတွေ လုပ်ကိုင်လာနိုင်တယ်။ အလုပ်သမားကိစ္စတွေ ကျောင်းသားကိစ္စတွေမှာလည်း သိသိသာသာကြီး အခြေအနေတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နိုင်တယ်။ တိုင်းပြည်မှာ ဒီမိုကရေစီရေးကိုဦးတည်တဲ့ အခြေအနေတော့ ရှိနေတယ်လို့ ပြောနိုင်တယ်။ အခြေအနေဆိုတာကလည်း တကယ်ကိုစေတနာကောင်းနဲ့ အပြောင်းအလဲတွေ၊ အပြုအပြင်တွေဆီကို အကျိုးသက်ရောက်မှု ဖြစ်စေမှာလား၊ အယောင်ပြပဲ ဖြစ်သလားဆိုတာကတော့ ကျနော်တို့ ဆက်လက်ပြီး လုပ်ကိုင်ရင်း တွေ့ကြရမှာပေါ့။
ကဲ ဒါဆိုရင် တချို့ကပြောဆိုနေကြတာမျိုးတွေ ရှိတယ်၊ အစိုးရတွေ အာဏာပိုင်တွေက ပြည်သူတွေအတွက် အကျိုးရှိတာတွေ လုပ်နေပြီ၊ ပြည်သူလူထုက ငြိမ်ငြိမ်သက်သက်နဲ့ ဘာမှသိပ်ပြီး တောင်းဆို တင်ပြတာတွေ သိပ်ပြီး လုပ်နေစရာမလိုဘူး၊ အချိန်စောင့်ကြပါ ဘာညာနဲ့ ပြောလာကြတယ်။ ပြည်သူလူထုဟာ အခုလို အခြေအနေမျိုးမှာ သူတို့ရဲ့ နေ့စဉ် ကြုံတွေ့ ခံစားနေရတဲ့ ဒုက္ခတွေ၊ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခြင်း မလုပ်ဘဲ တချိန်ချိန်မှာ ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်နေရုံနဲ့ ပြီးတော့မှာလား။
-       အခုလက်ရှိအခြေအနေမှာ အရေးပါတဲ့ အရေးတွေကို ကြည့်လိုက်ရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ပြည်သူလူထုက မျှော်လင့်နေကြတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့တွေက အမြဲ ထုတ်ဖော်ပြောဆို တင်ပြနေရမယ်။ အလားတူပဲ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကလည်း ခုထိ ရေရေရာရာ မရှိသေးဘူး။ ဆွေးနွေးပုံဆွေးနွေးနည်း၊ သတ်မှတ်ပုံ သတ်မှတ်နည်းတွေ ကွာဟတွေရှိတယ်။ တဖက်က ဖယ်ဒရယ်အဆင့်နဲ့ ဆွေးနွေးချင်တယ်။ အစိုးရကတော့ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဆွေးနွေးမယ် ဆိုတာမျိုးတွေ ရှိနေတယ်။ ဒီလိုကိစ္စတွေကို အများပြည်သူအပါအ၀င် သက်ဆိုင်ရာအစုအဖွဲ့တွေရဲ့ သဘောထားတွေ၊ အာဘော်တွေ ထုတ်ဖော် တင်ပြနိုင်မှ ဒါကို ဖြေရှင်းဖို့ အဖြေရှာနိုင်မယ်။ ကန့်သတ် ပိတ်ဆို့ထားလို့ မရဘူး။ နောက်တပိုင်းကလည်း လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ တောင်းဆိုချက်တွေ၊ မတရားအလုပ်ခံရတာတွေကို ကာယကံရှင်တွေမှာ ဖော်ထုတ်တင်ပြခွင့်တွေ ရှိမှ တောင်းဆိုမှုတွေ ခွင့်ပြုမှ အများက အမှန်တရားကို သိခွင့်ရမယ်။ အစိုးရကလည်း သိရှိမယ်။ အဆင့်ဆင့်သော အာဏာပိုင်တွေမှာလည်းပဲ ဖြေရှင်းဖို့ အခွင့်အရေးရကြမယ်။ ဒါတွေကို ဖုံးဖိထားမယ်၊ ကန့်သတ်ထားမယ်၊ မပြောမဆိုရဘူး၊ လှုပ်ရှား တောင်းဆိုခွင့် မရှိဘူးလို့ လုပ်ထားမယ်ဆိုရင် ဒီလို အရေးအခင်းတွေကို စောစောစီးစီး အချိန်မီ ဖြေရှင်းနိုင်ခြင်း မရှိတဲ့အတွက် အများကြီး နောက်ကျုပြီးမှ အကြပ်အတည်းတွေ အကြီးအကျယ်ဖြစ်တော့မှ မထိန်းမသိမ်းနိုင်ဖြစ်တာတွေ၊ ပေါက်ကွဲမှုတွေ ဖြစ်တာမျိုးတွေ ဘယ်သူမှ မလိုလားဘူး။ ကျနော်တို့ကလည်း မဖြစ်ချင်ဘူး၊ လက်ရှိအစိုးရတွေကလည်း ဖြစ်ချင်မယ် မထင်ဘူး။
အခုချိန်မှာ ဒီမိုကရေစီရေးကို ဦးတည်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ အခြေအနေတွေရှိဖို့၊ အပြင်အဆင်တွေရှိဖို့အတွက် အခုလိုမျိုး ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ အားလုံးဆီမှာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ တောင်းဆိုခွင့်တွေ ဆွေးနွေးတာတွေ အလွှာတိုင်း၊ နေရာတိုင်းမှာ ရှိရမယ်၊ လိုအပ်နေတယ်လို့ ပြောရမှာပေါ့ ဆရာ။
-       ဟုတ်ပါတယ်။ အနီးဆုံး ပြယုဒ်ကတော့ ရွေှ့ဝါရောင်နှစ်ပတ်လည်ကိစ္စပေါ့လေ။ ဒီကိစ္စက အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ။ ဒီနှစ်ပတ်လည်ကို ဖုံးကွယ်ထားလို့လဲ မရဘူး၊ ရှောင်ရှားနေလို့လဲ မရဖူး။ ဒါကို ရင်ဆိုင်ဖြတ်သန်းရမှာပဲ။ ဒီလိုအဖြစ်အပျက်တွေ၊ အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းတဲ့နေရာမှာ ကျနော်တို့က ဒေါ်စုနဲ့ ဦးသိန်းစိန်ဆွေးနွေးနေလို့၊ ဦးအောင်ကြည်နဲ့ ပြောဆိုနေလို့ ရွှေဝါရောင်ကို မပြောရဘူး၊ မလုပ်ရဘူးလို့ တားလို့ မရဘူး။ ဒါကို အရှိအတိုင်း လက်ခံရမှာပဲ။ ရွေှ့ဝါရောင်ကာလတုန်းက သံဃာတော်တွေ ဖမ်းဆီးခံထားရတယ်။ လွတ်မြောက်ဖို့ ပြောကြရမယ်။ ရွှေဝါရောင်တုန်းက တောင်းဆိုချက်တွေ ရှိတယ်။ ဒါတွေကို အသိအမှတ်ပြုရမှာပဲ။
သို့သော်လည်း အစိုးရဖက်မှာကော ပြည်သူလူထုတွေဖက်ကပါ အကြမ်းဖက်တာတွေ၊ ဖမ်းဆီးတာတွေ တင်းမာမှုတွေ ပြန်လည်ပေါ်ထွန်းလာမှာကို စိုးရိမ်နေကြတယ် အဲသလိုလည်း ပြောဆိုနေကြတာတွေ ရှိတယ်လေဆရာ။
-       ကျနော်တို့ဖက်က သိပ်ပြီး ကြောက်ရွံ့နေစရာ၊ စိုးရိမ်နေစရာမလိုဘူးလို့ ပြောချင်တယ်။ လက်ရှိအစိုးရဖက်ကလည်း အခုလိုအခြေအနေမျိုးမှာ ဖမ်းဆီးမယ်၊ ပစ်ခတ်မယ် လုပ်မယ်လို့  မမျှော်လင့်ဘူး။ အောက်ခြေက စစ်သားတွေ၊ ရဲတွေဖက်ကလည်  သူတို့သဘောနဲ့ အကြမ်းဖက်တာတွေ ဘာတွေ လုပ်လာကြမယ် မထင်ဘူး။ ကျနော်တို့က စိုးရိမ်ပူပန်မှုတွေ တဖက်သတ်ဖြစ်ပြီး ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မတောင်းဆိုရဲ ဖြစ်နေလို့တော့ မဖြစ်ဘူး ထင်ပါတယ်။ ဒါကို ကျနော်တို့ပြည်သူတွေက ထုတ်ဖော် ပြောဆို ဖြေရှင်းမှသာ အစိုးရလုပ်သူတွေဖက်က စောစောစီးစီး သိရှိနားလည်ပြီး အဖြေရှာနိုင်မယ်။ စောစောစီးစီး အဖြေရှာနိုင်မှသာ အနာမရင်းခင် ရှင်းနိုင်မှာပေါ့။ ဒါမှ တိုင်းပြည်တခုလုံး ပေါက်ကွဲကုန်တဲ့ အခြေအနေမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
အကြမ်းဖက်ပြီး ဖြေရှင်းတဲ့နည်းကို ကျနော်တို့ပြည်သူတွေကလည်း မလိုလားဘူး၊ အာဏာပိုင်တွေကလည်း မရွေးချယ်ချင်ဘူးဆိုရင် ကျနော်တို့တတွေမှာ အကျိုးတူတဲ့ ရပ်တည်မှုရှိပြီလို့ ပြောနိုင်ပြီပေါ့ဆရာ။
-       ဟုတ်ပါတယ်။ ကျနော်တို့တွေ အားလုံးက စိတ်မတိုဘူး၊ စိတ်ရှည်ရှည်ထားကြမယ်။ ပြေပြေလည်လည် ပြောဆို ဆွေးနွေးဖြေရှင်းတာတွေကို ကျနော်တို့တွေအားလုံးက ခုချိန်မှာ အလေ့အကျင့်လုပ်ကြရမယ်လို့ ကျနော်က မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ။ ။

Monday, 3 October 2011

ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ

  ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း )

လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)
အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့ ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။

ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပမီဒီယာတွေက ပိုမေးကြတယ်။

မူကိုင်စွဲသူဖြစ်လို့
ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။

ခေါင်းမာသူ

သတိပေးသူတွေကို ကျေးဇူးတင်ပေမယ့် မူနဲ့ပတ်သက်ရင်တော့ နည်းနည်းမှအထိမခံဘူး။ ဒါကြောင့် လူအတော်များများက 'ခေါင်းမာသူ' လို့ သတ်မှတ်ကြတယ်။ တကယ်တော့ ခေါင်းမာတာမဟုတ်ဘူး။ ရောယိမ်းလိုက် ဘသားယိမ်းလိုက် မလုပ်တာပါ။ အစိုးရက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်ချိန်ကစပြီး ဖြည်းဖြည်းချင်း လျော့ချသွားတာပေါ့တို့ ၊ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့တို့ ဆိုတဲ့အသံတွေ ကျယ်လောင်လာခဲ့တယ်။ နောက်တော့ အားလုံး ယိမ်းဝင်ကကြတယ်။ အဲဒီအချိန်မှာ'ယိမ်းကတဲ့ထဲ ၀င်မပါဘူး'ဆိုတဲ့ ခေါင်းစဉ်နဲ့ အတိအလင်း ရေးခဲ့တယ်။တကယ်လည်း ဘာမှမရေးခဲ့ဘူး။ ကိုယ့်မူအတိုင်းရပ်ခဲ့တယ်။

သတင်းသမားမူနဲ့ နိုင်ငံရေးသမားမူ

သတင်းသမားရဲ့မူက နိုင်ငံရေး သမားရဲ့ မူနဲ့ မတူဘူး။ နိုင်ငံရေးသမားရဲ့ မူဆိုတာက သူ့ပါတီက ချမှတ်ပေးတာဖြစ်တယ်။ ပါတီကို အမြဲနာခံရတယ်။ ပါတီကဖြူရင် လိုက်ဖြူရပြီး ပါတီကမည်းရင် လိုက်မည်းရတယ်။ မလိုက်နာနိုင်ရင် ပါတီက ထွက်ပြီး အပြင်မှာ ကိုယ့်သဘောနဲ့ကိုယ်လုပ် နိုင်တယ်။ ပါတီထဲမှာရှိနေသမျှ ပါတီကို နာခံရတယ်။ ဒါနိုင်ငံရေးပါတီတိုင်း ချမှတ်ထားရမြဲ စည်းကမ်းဖြစ်တယ်။ ဒီလိုစည်းကမ်း မျိုးမရှိရင် ပါတီပျက်မှာပဲ။ တစ်ယောက်တစ်မျိုး ထင်ရာတွေလုပ် ကုန်ကြမှာပေါ့။


အတွင်းစိတ်က သတ်မှတ်တာ

သတင်းသမားမူဆိုတာက ပါတီအဖွဲ့အစည်းတစ်ခုက ချမှတ်တာမဟုတ်ဘူး။ ဘယ်ပြင်ပပုဂ္ဂိုလ်ကမှ ညွှန်ကြားတာလည်းမဟုတ်ဘူး။ သတင်းသမားကိုယ်တိုင်ရဲ့အတွင်း အဇ္ဈတ္တစိတ်ကလေးက သတ်မှတ်တာဖြစ်တယ်။ အဲဒီ အဇ္ဈတ္တစိတ်ကလေး (Conscience) ကပဲ သူ့ကို တည်ဆောက်ပေးတယ်။ သူ့အတွက် အမှားအမှန် အကောင်းအဆိုးကို ညွှန်ပြပေးတယ်။ လောကလူသားမှန်သမျှ သူတို့ရဲ့ အဇ္ဈတ္တစိတ်ကလေးက ဖန်တီးပေးလိုက်တဲ့အတိုင်း လိုက်ပါလုပ် ဆောင်နေကြရတာ ဖြစ်တယ်။


ပြည်သူက ပြဋ္ဌာန်းပေးလိမ့်မယ်


သတင်းသမားဟာ သူ့အဇ္ဈတ္တ ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှမနာခံဘူး။ ဘယ်သူ့ ညွှန်ကြားချက်ကိုမှလည်း စောင့်ဆိုင်းနေစရာ မလိုဘူး။ သူ့အတွင်းစိတ်ကလေးက ဖန်တီးပေးတဲ့မူကို ကိုင်စွဲပြီး လုပ်စရာရှိတာ လုပ်ရတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတဲ့အချက်ကို သူ့ပြည်သူလူထုက ပြဋ္ဌာန်းသတ်မှတ်လိမ့်မယ်။ သတင်းသမားဟာ သူ့အဇ္ဈတ္တနဲ့ သူ့ပြည်သူလူထုကလွဲပြီး ဘယ်သူ့ကိုမှ နာခံစရာမလိုဘူး။ ဘယ်သူ့မျက်နှာမှလည်း ထောက်စရာမလိုဘူး။ ရေးစ ရာရှိရင် ရဲရဲရေးပြီးပြောဖို့ လိုအပ်ရင် ပြတ်ပြတ်သားသားပြောရမယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ . . .

ဘယ်အာဏာရှင်မှမကြိုက်

သိချင်လို့ မေးလာကြသူအားလုံးကို ရှင်းရှင်းပြတ်ပြတ်ပဲ ဖြေပါမယ်။ အာဏာရှင်စနစ် မှန်သမျှ တစ်ပါတီ အာဏာရှင်စနစ်ကိုလည်း မထောက်ခံ ဘူး။ စစ်အာဏာရှင်စနစ်ကိုလည်း မထောက်ခံဘူး။ ကလိတိတိ၊ ရိတိ တိမေးချင်သူတွေကိုလည်း ဒီကနေ အတိအလင်းဖြေလိုက်ပါမယ်။ ကွန်မြူနစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ အောက်ခြေက ဆင်းရဲသားလူတန်းစားတွေသွေး စုပ်မခံရအောင် အကာအကွယ်ပေးတဲ့ ကားလမတ်စ်ရဲ့ အတွေးအခေါ် အယူအဆတွေကိုတော့ ဒီနေ့အထိ နှစ်နှစ်ကာကာ ယုံကြည်နေဆဲဖြစ်တယ်။

စောင့်ကြည့်ဆဲ

ကိုယ့်အဇ္ဈတ္တက ပြဋ္ဌာန်းပေးလိုက်တဲ့ မူအတိုင်း မြန်မာ့ဆိုရှယ်လစ် အစိုးရကို မထောက်ခံခဲ့သလို သူ့ကိုဆက်ခံတဲ့ အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံဘူး ဆိုတာလည်း သတင်း မီဒီယာတွေကတစ်ဆင့် အတိအလင်းပြောခဲ့တယ်။ ဦးသိန်းစိန်အစိုးရကိုလည်း မထောက်ခံသေးဘူး။ စောင့်ကြည့်ဆဲ အဆင့်ပဲရှိသေးတယ်။

ပထမဆုံးမိန့်ခွန်း

သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်က ပထမဆုံးကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီလိုလား သူအားလုံးနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်စတဲ့ စကားများကို ပြောသွားခဲ့တယ်။ ဒီစကားတွေဟာ အပေါင်းလက္ခဏာဆောင်တယ်လို့ ချက်ချင်းစိတ်ထဲမှာ မှတ်သားထား လိုက်တယ်။

ကြိုဆိုကြောင်းရေးခဲ့ပြောခဲ့

အဲဒီနောက် ဆက်တိုက်ဆိုသလို ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်။ မတူတာတွေအသာထားပြီး တူတာတွေပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်း ချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်တယ်။ ပြည်ပရောက်သွားသူတွေ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ အတိအလင်း ကြေညာတယ်။ ဒါတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ပါ လက်တွဲဆောင်ရွက်နိုင်အောင် ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ သမ္မတကိုယ်တိုင်က ပြောကြားခဲ့တယ်။ ကိုယ်တိုင်က အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေထဲက တစ်ယောက်ဖြစ်လေတော့ ဒီစကားကို ကြိုဆိုတယ်။ကြိုဆိုကြောင်း အတိအလင်း ရေးခဲ့ပြောခဲ့တယ်။

တိုးတက်မှုလို့ ပြောနိုင်

အပေါင်းလက္ခဏာ ဆောင်ရုံမက တိုးတက်မှုလို့ပါပြောနိုင်တဲ့ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံမှုဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးရှေ့မှာ ခေါင်းဆောင်နှစ်ဦး ယှဉ်တွဲရပ်နေတဲ့ပုံကို ရုပ်မြင်သံ ကြားမှာ ဖျတ်ကနဲမြင်တွေ့လိုက်ရတော့ ပြည်သူတွေအားလုံး အံ့အားသင့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ နောက်နေ့မနက်ထွက်တဲ့ သတင်းစာတွေရော၊ ဂျာနယ်တွေပါ ၀ယ်မရတဲ့အထိဖြစ်သွားတယ်။ ပြည် သူအားလုံး ၀မ်းသာကြိုဆိုကြတယ်။

အရှိကိုအရှိအတိုင်း

အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ဓာတ်ပုံတွေကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာတယ်။ ဦးဝင်းတင်ရဲ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရလာလို့ လူတွေက အလုအယက် ၀ယ်ဖတ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေ ထည့်ခွင့်သာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆောင်းပါးကို ဖော်ပြခွင့်ရလာတယ်။ ဒါတွေ အားလုံးဟာ လွန်ခဲ့တဲ့ခြောက်လကျော် ကအိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေ ဖြစ်တယ်။ အပေါင်းလက္ခဏာ ဆောင်တာတွေချည်းဖြစ်တယ်။ သတင်းသမားဆိုတာ အရှိကိုအရှိ အတိုင်းတင်ပြရတယ်။ ဒါတွေဟာ လက်တွေ့မြင်တွေ့နေရတဲ့ အရှိတရားတွေဖြစ်ပြီး အကောင်းဘက်ကိုဦး တည်နေကြတယ်။

အနှုတ်လက္ခဏာဆောင်တာတွေ

အကောင်းဘက်ကို ဦးတည်နေတာဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့ ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။

အကဲခတ်ဆဲ

ဒီကိစ္စတွေကို အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီအရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ယူဆတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲခတ်နေကြပုံရတယ်။ အကဲ ခတ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အနှစ် နှစ်ဆယ်လုံးလုံး ဆန့်ကျင်ဘက်မှာ ရှိနေတဲ့သူတွေက ရုတ်တရက်ချက်ချင်းကြီး ပြောင်းလဲလာတယ်ဆိုတာ သံသယဖြစ်မှာပဲ။ ဒါ သဘာဝကျတယ်ဆို တာကို တစ်ဖက်က နားလည်ပေးသင့်တယ်။ အလားတူပဲ သမ္မတဦးသိန်းစိန်အစိုးရဟာ အရပ်သားအစိုးရအဖြစ် အသွင်သဏ္ဌာန်ပြောင်းလာပေမယ့် သူတို့ရဲ့ မူလဇစ်မြစ်က နှစ်ပေါင်း ငါးဆယ်လုံးလုံး အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရဆိုတာ သဘောပေါက်ထားကြရမယ်။

သံသယစိတ်နဲ့
ဦးသိန်းစိန်ကိုယ်တိုင်က အရင် အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်တယ်။ စစ်တပ်များရဲ့ သဘောသဘာဝကိုလည်း နားလည်ထားကြဖို့ လိုတယ်။ စစ်တပ်ရဲ့ သဘာဝက လုံခြုံရေးကိုအဓိက ဦးစားပေးတယ်။ ဘယ်ကိစ္စမျိုးမဆို လုံခြုံရေး မျက်စိနဲ့ကြည့်တယ်။ ချဉ်းကပ်လာသူ မှန်သမျှကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်တယ်။ ရန်သူ ဖြစ်နေမလားဆိုတဲ့ သံသယစိတ်နဲ့ စစ်ဆေးစမ်းသပ်တယ်။ ရာနှုန်းပြည့်စိတ်ချရမှ သူတို့နား အကပ်ခံတယ်။ ဒါ သူတို့ရဲ့ သဘာဝပဲ။ စစ်မြေပြင်မှာ ဒီလိုမလုပ်ရင် ချေမှုန်းခံရမှာဖြစ်တယ်။ စစ်တပ်က ပြည်သူတွေကြားထဲ ၀င်ရောက်နေထိုင်ပြီး ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်ရာမှာ စစ်မြေပြင်မှာ ကျင့်သုံးသလို ကျင့်သုံးလို့မရဘူးဆိုတာ အခုမှ နားလည်စပြုလာချိန်ဖြစ်တယ်။

ထိလွယ် ရှလွယ်
ဒီလိုနားလည်စပြုလာတာကို ကြိုဆိုပြီး ပိုနားလည်လာအောင် ပြည်သူလူထုက ကူညီရမှာဖြစ်တယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွးမှုကို အချိန်နည်းနည်းယူပြီး စောင့်ကြည့်ရမယ်။ ခုအချိန်ဟာ အင်မတန်မှ နူးညံ့သိမ် မွေ့တဲ့ ထိလွယ်ရှလွယ် အခြေအနေဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားနိုင်သလို ရုတ်တရက်ချက်ချင်း အဆိုးဘက်ရောက်ပြီး ဒုံရင်းပြန်ဖြစ်သွားနိုင်တယ်။ နှစ်ဖက်စလုံးက ခြေလှမ်း မမှားအောင် သတိကြီးစွာထား ပြီးဆောင်ရွက်ကြဖို့လိုတယ်။ ဒုံရင်းပြန်ရောက်သွားရင် ထိခိုက်နစ်နာမှာက ပြည်သူတွေဖြစ်တယ်။

ခဏစောင့်ကြည့်
ဒုံရင်းပြန်မရောက်အောင် တားနိုင်တာလည်း ပြည်သူတွေဖြစ်တယ်။ ဒီမိုကရေစီစနစ်ကြီး အောင်မြင်အောင် တည်ဆောက်နိုင်တာကလည်း ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေရဲ့ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့က ကြိုးစားနေကြတာဖြစ်တယ်။ သူတို့နှစ်ယောက် အခုမှတစ်ကြိမ်ပဲ တွေ့ရသေးတယ်။ တစ်ကြိမ်တွေ့ရုံနဲ့ 'ဟပ်ချလောင်း'ဆိုပြီး ချက်ချင်းပြောင်းမသွားနိုင်ဘူးဆိုတာ နားလည် ပေးသင့်တယ်။ သူတို့ကို အချိန် နည်းနည်း ပေးသင့်တယ်။ ခဏလေး စောင့်ကြည့်သင့်တယ်။

ခဏကြီး၊ ခဏလေး

ခဏလေးဆိုတာက နှစ်ငါးဆယ်ကြာတဲ့ ခဏကြီးကိုပြောတာမဟုတ်ပါဘူး။ ခဏကြီးကတော့ ရှည်ကြာလွန်းပြီး ခါးသီးလှပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလား၊ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာကို 'စံနှစ်ခု' နဲ့ ချိန်ထိုးကြည့်နိုင်တယ်။ (၁) ထောင်ထဲကလူတွေ လွှတ်၊ မလွှတ်ဆိုတဲ့ စံ။ (၂)တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတဲ့ စံ။

နှစ်ချက်စလုံးဆောင်ရွက်ဆဲ

ဒီစံနှစ်ခုအနက် ပထမအချက် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်က ထောက်ခံထားပြီးဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်များကပါ ထောက်ခံတယ်။ တပ်မတော်သားဆိုတာ အထက်အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာရတာဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်က ထောက်ခံတယ်ဆိုတာ ဟာ တပ်မတော်တစ်ခုလုံးက ထောက်ခံတယ်လို့ပဲ မှတ်ယူနိုင်တယ်။ ဒုတိယအချက် ငြိမ်းချမ်းရေးစံ လည်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။

နည်းနည်းအချိန်ပေးပါ

ဒီအချက် နှစ်ချက်လုပ်၊ မလုပ် မကြာမီမှာပဲ အဖြေသိရမယ်လို့ ယူဆတယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဒီအချက်နှစ်ချက်စလုံးကို ငြင်းပယ်မယ်ဆိုရင်တော့ ပြည်သူတွေက ကောင်းကောင်းကြီး ဒဏ်ခတ်မှာ သေချာပါတယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ။

http://www.weeklyeleven.com

Sunday, 2 October 2011

ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်ကတိများ ပေးခဲ့သနည်း

ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်ကတိများ ပေးခဲ့သနည်း


(30 Sept 2011 ရက်စွဲပါ Asia Times Online မှ Larry Jagan ၏ What Thein Sein promised Suu Kyi ကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ကောင်းမွန်လာသော ဆက်ဆံရေးသည် တိုင်းပြည်၏ သမိုင်းတစ်လျှောက် စစ်တပ်လွှမ်းမိုးသော နိုင်ငံရေးရှုခင်းတွင် အခြေအနေသစ် တစ်ရပ်ကို ဖြစ်စေသည်။ ၎င်းတို့နှစ်ဦးသည် သြဂုတ်လ (၁၉) ရက်နေ့က တံခါးပိတ် တွေ့ဆုံခဲ့ရာ ထွက်ပေါ်လာသော ဆွေးနွေးသည့် အကြောင်းအရာများအရ အဓိက ညှိနှိုင်းမှုများသည် လာမည့် ရက်သတ္တပတ်များတွင် ဖြစ်ပေါ်လာတော့မည်ဟု ပြသနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့တွင် သူမအား ထောက်ခံသူ အုပ်စုလေး တစ်ခုအား ပြောင်းလဲမှုအတွက် အခွင့်အလမ်းရှိသည်ဟု သူမယုံကြည်ကြောင်း ပြောခဲ့သည်။ သူမသည် အစိုးရထိပ်တန်းပုဂ္ဂိုလ်များနှင့် လည်းကောင်း၊ အတွင်းလူများနှင့်လည်းကောင်း လူသိရှင်ကြား တွေ့ဆုံခဲ့ပြီး၊ ရှေ့လာမည့် အပတ်ထက်စော၍ တွေ့ဆုံမှုများ ထပ်မံရှိလာနိုင်သည်ဟု ဆိုသည်။

အဆင့်မြင့်ပုဂ္ဂိုလ်များတွေ့ဆုံမှု၊ ပါလီမန်၏ ရွေ့လျားမှုနှင့် မကြာသေးမီက တရားဝင်ကြေညာချက်များအရ ဦးသိန်းစိန်၏ အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးလိမ့်မည်ဟူသော တွက်ဆချက်များ မြင့်တက်လာသည်။ ထိုအချက်သည် စစ်တပ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရနိုင်သော အဓိကလုပ်ဆောင်ချက် ဖြစ်မည်။ အကျဉ်းချခံရသူအများစုမှာ NLD မှ ဖြစ်ပြီး အခြားစစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော နိုင်ငံရေးအုပ်စုများမှ လူများပါ ပါဝင်သည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယခုအပတ်အစောပိုင်းက ပြောကြားခဲ့ရာတွင် မြန်မာအစိုးရသည် မဝေးတော့သည့် အနာဂတ်တွင် အကျဉ်းသားများ ပိုမိုလွှတ်ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း ရှိ မရှိ ၎င်းက ဖော်ပြသွားခြင်း မရှိပေ။ အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် အသုတ် သုံးသုတ်ခွဲ၍ လွှတ်ပေးဖွယ်ရှိပြီး၊ ရှေ့လာမည့်အပတ်အတွင်း နာမည်ကျော် လူရွှင်တော်နှင့် ဘလော့ဂ်ဂါ ဇာဂနာ အပါအဝင် နှစ်ရာကျော်ကို လွှတ်ပေးမည်ဟု ဆိုသည်။

ထိုသို့သာ မှန်ကန်ခဲ့ပါက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် ပြည်တွင်းရော နိုင်ငံတကာ မျက်နှာစာတွင်ပါ ဦးသိန်းစိန်၏ အစိုးရသည် ၎င်း၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်အတိုင်း ဆောင်ရွက်ဖွယ်ရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းဖြစ်မည်။

မကြာသေးမီက ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့သော မြန်မာနိုင်ငံအတွက် အမေရိကန်အထူး ကိုယ်စားလှယ် Derek Mitchell သည် ၎င်း၏ခရီးစဉ်နှင့် ပတ်သက်သော အသေးစိတ်များ ကို ရေငုံနှုတ်ပိတ် နေခဲ့သော်လည်း ၎င်းသည်လည်း ပြောင်းလဲမှုများအတွက် ဖြစ်နိုင်ချေများအပေါ် စိတ်ဝင်စားစွာ စောင့်စားကြည့်ရှုနေမည်ဖြစ်သည်။ Mitchell သည် ၎င်း၏ ခရီးစဉ်အပြီးတွင် ပြောကြားခဲ့ရာ၌ ဝါရှင်တန်ဖက်မှ ရပ်တည်ချက်ပြောင်းရေး မစဉ်းစားမီ မြန်မာဖက်မှ စစ်မှန်ပြီးခိုင်မာသော ပြုပြင်ပြောင်းလဲရေးများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဦးသိန်းစိန်သည် အမေရိကန်နှင့် ဥရောပတို့၏ စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရန် နားချလျက်ရှိသည်။

“ကျွန်တော်ထင်တယ် မြန်မာနိုင်ငံမှာ ပြောင်းလဲမှု လေပြေတွေ တိုက်နေပြီဆိုတာ အသေအချာလို့ပြောရင် တရားမျှတမယ် ထင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှု အတိုင်းအတာကတော့ သဲသဲကွဲကွဲ မပြောနိုင်သေးပါဘူး။ မြန်မာနိုင်ငံကို သွားခဲ့တဲ့သူတိုင်းကတော့ ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာ အသိအမှတ် ပြုကြပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ယခုလအစောပိုင်းက ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အစိုးရ၏ ဖြေလျော့ပေးမှုအများစုမှာ ကြေညာချက်ထုတ်ခြင်း၊ တရားဝင်ကတိပေးခြင်းများ မရှိပဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် အစိုးရသည် ပိတ်ထားသော BBC ၊ DVB ၊ RFA နှင့် VOA စသည့် သတင်းဝက်ဆိုဒ်များကို ဖွင့်ပေးခဲ့သည်။ ထိုသို့မဖွင့်မီကလည်း Skype ၊ Yahoo နှင့် You Tube တို့ကို ဖွင့်ပေးခဲ့ပြီး ဖြစ်သည်။

တဖြည်းဖြည်းချင်း ပြောင်းလဲလာသောအရာများ ရှိသော်လည်း အနည်းငယ်ကိုသာ ဥပဒေဖြင့် အတည်ပြုမှု ရှိခဲ့သည်။ အရေးပါဆုံးသော ပြောင်းလဲမှုတစ်ခုမှာ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း အရပ်သားတစ်ဝက် အစိုးရခေါင်းဆောင် ဦးသိန်းစိန်သည် တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ရန် လိုလားပုံရသည်ဟူသော အချက်ပင်ဖြစ်သည်။ ထိုပြောင်းလဲမှုမှာ ယခင်စစ်အစိုးရ၏ ရပ်တည်ချက်နှင့် လုံးဝပြောင်းပြန် ဖြစ်နေသော ကိစ္စပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ (၁၉) ရက်နေ့ ဦးသိန်းစိန်နှင့် တွေ့ဆုံ မှုရလဒ်အား ပျော်ရွှင်ကျေနပ်ကြောင်း ပြောခဲ့ရာ၊ ၎င်းတို့နှစ်ဦး ပြောဆိုခဲ့သော အသေးစိတ်အကြောင်းအရာ တစ်ချို့ ထွက်ပေါ်ခဲ့သည်။ ၎င်းတို့နှစ်ဦး သီးသန့်တွေ့ဆုံမှုမှာ တစ်နာရီကျော်ကြာခဲ့သည်။ နှစ်ဦးစလုံး သွင်ပြင်မှာ မြန်မာ့ယဉ်ကျေးမှုနှင့်အညီဖြစ်ပြီး တွေ့ဆုံမှုအပြီးတွင် သက်တောင့်သက်သာနှင့် ပြုံးရွှင်ပြီးထွက်လာကြသည်ကို တွေ့ရသည်။

ပို၍အဓိပ္ပါယ်ရှိသော ကိစ္စတစ်ခုမှာ ၎င်းတို့တွေ့ဆုံရာ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်လည်းဖြစ်၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းလည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ချိတ်ဆွဲထားခြင်းပင် ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ယခင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ရော ပုံရိပ်ကိုပါ ပြည်သူများ၏ အမှတ်ရနေမှုများမှ ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်။ ဝေဖန်သုံးသပ်သူအများစုက ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ပြန်လည်ထွက်ပေါ်လာခြင်းကို ပြောင်းလဲမှု၏ အရေးကြီးသော လက္ခဏာအဖြစ် လက်ခံခဲ့ကြသည်။

“ကျွန်တော်တို့ဟာ သူမနဲ့ အလုပ်လုပ်ဖို့ စိတ်အားထက်သန်တယ်ဆိုတာ လေဒီကို ပြသနိုင်ဖို့ အရေးကြီးပါတယ်” ဟု သမ္မတနှင့် နီးစပ်သူ အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့က သူ့ကို အတိုက်အခံတစ်ယောက်အနေနဲ့ သဘောမထားပါဘူး။ အားကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လို မြင်ပါတယ်” ဟု ဆိုသည်။

နောက်ထပ် သိစေခဲ့သော သတင်းစကားတစ်ခုမှာ အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံရေးသမားတစ်ဦး၊ တရားဝင် ဖျက်သိမ်း ခံထားရသော NLD ၏ ခေါင်းဆောင်တစ်ဦးထက်စာလျှင် အရေးကြီးသော ပြည်သူချစ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်သည်ဆိုသည့်အချက် ဖြစ်သည်။ သမ္မတနှင့် သူမတို့၏ တံခါးပိတ်တွေ့ဆုံမှုတွင် အနာဂတ်၌ သူမပါဝင်နိုင်သည့် အခန်းကဏ္ဍကို ပြောခဲ့ကြသည်ဟု နေပြည်တော်မှ အမည်မဖော်လိုသော သတင်းများက ဆိုသည်။

၎င်းတို့က တွေ့ဆုံဆွေးနွေးမှုသည် ညှိနှိုင်းခြင်းထက်စာလျှင် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင် မည် ဖြစ်ကြောင်း၊ ခေါင်းဆောင်နှစ်ဦးသည် ဒီမိုကရေစီဖြစ်ထွန်းအမြစ်တွယ်ရေးအတွက် စစ်မှန်သော ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်ဟုဆိုပါသည်။ ဦးသိန်းစိန်အနေဖြင့် NLD ပါတီသည် လက်ရှိအားဖြင့် တရားမဝင်သော်လည်း ထိုကိစ္စကသပ်သပ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာနိုင်ကြောင်း သေချာစေခဲ့ သည်ဟု သတင်းများကပြောပါသည်။ ဦးသိန်းစိန်၏ ဇနီးကလည်း အခြားဝန်ကြီးများ၏ ဇနီးများနှင့် အတူ ဒေါ်အောင်ဆန်း စုကြည်အား အလုပ်သဘောမဟုတ်သော ညစာတည်ခင်းခဲ့သည်ဟု ၎င်းသတင်းများက ပြောပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကိစ္စ

နိုင်ငံရေးအကျဉ်းသားများ ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်တွင် ထိပ်ဆုံးကရှိနေပြီး ၎င်းတို့အား ချွင်းချက်မရှိ လွှတ်ပေးခြင်း မပြုသမျှ ရှေ့ဆက်မသွားနိုင်ကြောင်း သမ္မတကြီးအား သူမကပြောခဲ့မည်မှာ အသေအချာ ဖြစ်ပါသည်။ ဦးသိန်းစိန်၏ အကြံပေးပုဂ္ဂိုလ်များကလည်း အာဆီယံရှိ အိမ်နီးချင်းများ အပါအဝင်ပြင်ပကမ္ဘာနှင့် ဆက်ဆံရေး တိုးတက်ရေးသည်လည်း အဓိကသော့ချက် ဖြစ်သည်ကို သိကြပါသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှသာ ၂၀၁၄ တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနေရာ ရယူနိုင်ရေးလမ်းကြောင်း ချောမွေ့နိုင်မည် ဖြစ်ပါသည်။ ယခုနှစ် နောက် ပိုင်းတွင် ဥက္ကဋ္ဌနေရာအတွက် ဆုံးဖြတ်မည်ဖြစ်ပါသည်။

ယခင်စစ်အစိုးရ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြီးခဲ့သည့် နိုဝင်ဘာလရွေးကောက်ပွဲ ပြီးစတွင် တစ်ကြိမ်၊ ယခုနှစ် အစောပိုင်း ဦးသိန်းစိန် အာဏာမရမီက တစ်ကြိမ် နိုင်ငံရေးအကျဉ်းသားများနှင့် ထောက်လှမ်းရေး အရာရှိဟောင်းများ လွှတ်ပေးရေးကိစ္စမှာ ညှိနှိုင်းမပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်ပါသည်။ ထိုကြောင့် ဦးသိန်းစိန်သည် ထိုလမ်းကို ဆက်လျှောက်မည်လော ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်နေဆဲ ဖြစ်ပါသည်။ သို့သော် မကြာသေးမီက ပါလီမန်မှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုချက်ကြောင့် အနည်းဆုံး ၎င်းတို့အထဲမှ အချို့မှာ ပြန်လွှတ်ပေးဖွယ် ရှိလာပါသည်။ ထိုကိစ္စကို လွှတ်တော်မှ တဆင့်တောင်းဆိုနိုင်ရန် ပဲ့ကိုင်ခဲ့သူမှာ စစ်အစိုးရ၏ တတိယအဆင့်ရှိ ဗိုလ်ချုပ်ကြီးဟောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဖြစ်နေသည့် ဆိုသည့် အချက်မှာ အလွန်တရာ အရေးပါကြောင်း ဝေဖန်သုံးသပ်သူများက ပြောပါသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်သူများ ပေါ်ထွက်လာမှုကြောင့် သူရဦးရွှေမန်းသည် လွှတ်တော်ကို ၁၅မိနစ် ခေတ္တရပ်နားချိန်တွင် ၂၅ရာခိုင်နှုန်းသော စစ်တပ်မှ အမတ်များအား ထောက်ခံရန် တိုက်တွန်းခဲ့ပြီး အများစုအနေဖြင့် နောက်ဆုံးတွင် အတည်ပြု နိုင်ရန် လုပ်ဆောင်ခဲ့ပါသည်။

သူရရွှေမန်းအား ယခင်က ဦးသန်းရွှေ၏ နေရာဆက်ခံမည့်သူဟု ယူဆခဲ့ကြပါသည်။ ၎င်းသည် ယခု သမ္မတသစ်အား လုံးဝထောက်ခံသူ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သော သတင်းများအရ သိရှိရပါသည်။ သတင်းများက သူရ ဦးရွှေမန်းသည် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စမှာ ပြည်တွင်း တွင်ရော နိုင်ငံတကာတွင်ပါ မတူခြားနားသော လုပ်ရပ်တစ်ခုဖြစ်လာမည်ဖြစ်၍ ၎င်းလုပ်ဆောင်နိုင် သမျှ ထောက်ခံပံ့ပိုးပေးခြင်း ဖြစ်ကြောင်း ဆိုပါသည်။ အဆိုပါကိစ္စအပေါ် နိုင်ငံတကာ ဖိအားများရှိနေခြင်းကြောင့် ၎င်း၏ ပံ့ပိုးမှုသည် အရေးပါလှပါသည်။

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုတွင် ပုဂ္ဂလိက ကိစ္စရပ်များလည်း ပါဝင်ကြောင်း အစိုးရအတွင်း သတင်းများအရ သိရှိရပါသည်။ ဦးသိန်းစိန်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်မိသားစု စစ်အတွင်းက ပျဉ်းမနားတွင် နေထိုင်ခဲ့သောအိမ်မှာ ဟောင်းနေ၍ ဖျက်အံ့ဆဲဆဲတွင် မဖျက်အောင် ဆောင် ရွက်ပေးခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်က သူမ ငယ်စဉ်က ထိုအိမ်ရှေ့တွင် ရပ်နေသည့်ပုံကို သမ္မတကြီး အားပေးအပ်ခဲ့သည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရန်ကုန်ရှိ သံတမန်အားလုံးက သူမသည် အနာဂတ်အတွက် ယုံကြည်မှု အပြည့် ရှိနေပြီး စစ်မှန်သော ပြောင်းလဲမှု ဖြစ်နိုင်ချေများအပေါ်တွင်လည်း အကောင်းမြင် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဦးသိန်းစိန်ကို ယုံကြည်ရကြောင်း ၎င်းသည်တိုင်းပြည်ကို အမှန်တကယ် ပြုပြင်ပြောင်းလဲရန် ကြိုးစားနေကြောင်း နိုင်ငံတကာ၏ ထောက်ခံမှုလိုအပ်ကြောင်း သူမက နိုင်ငံခြားကိုယ်စားလှယ် အချို့အား ပြောပြခဲ့ပါ သည်။

ယခင်ကလည်း ထိုသို့သော နွေးထွေးသည့် ဆက်ဆံရေးမျိုးကို သူမနှင့် ယခင်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ လျှို့ဝှက်တွေ့ဆုံမှုများတွင် တွေ့ခဲ့ကြရပါဖူးပါသည်။ ထို့ကြောင့်ပင် သူမသည် ၂၀၀၂ခုနှစ် မေလတွင် လွတ်မြောက်ခဲ့ပြီး တစ်နှစ်အကြာတွင် သူမ၏ ကားတန်းအား အစိုးရထောက်ခံသော လူသတ် သမားများက တိုက်ခိုက်ခဲ့ပြီး သူမအား ထောက်ခံသူ လူအမြားအပြား သေဆုံးခဲ့ရပြီး သူမမှာလည်း ပြန်လည်ဖမ်းဆီးခံခဲ့ ရပါသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် မှာလည်း ၂၀၀၄တွင် ရာထူးမှ ဖယ်ရှားခံရပြီး ယနေ့တိုင် နေအိမ်အကျယ်ချုပ်ဖြင့် ရှိနေဆဲ ဖြစ်ပါသည်။

ယခုတစ်ကြိမ်တွင်လည်း ယခင်ကလို အမှားမျိုးမကျူးလွန်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက လိုလားလျက် ရှိနေကြောင်း သံတမန်များက ပြောဆိုနေကြ ပါသည်။

ထိုစဉ်ကကဲ့သို့ပင် ယခုလည်း စစ်တပ်မှ သဘောထားတင်းမာသော အုပ်စုများက အခွင့်အရေးရလျှင် တွယ်ရန် အသင့်စောင့်နေကြပါသည်။ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ဦးဆောင်သော အဆိုပါ သဘောထားတင်းမာသော အုပ်စုသည် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကောင်းမွန်သော ဆက်ဆံရေးထူထောင်လာမှုကို မနှစ်မြို့နိုင်မည်မှာ အသေချာပင် ဖြစ်ပါသည်။ အချို့သဘောထား တင်းမာသော ဝန်ကြီးများမှာ ၎င်းတို့နှစ်ဦး တွေ့ဆုံမှုကို မသိရှိကြဘဲ ညနေပိုင်း ရုပ်မြင်သံကြားတွင်မှ သိရှိခဲ့ရကြောင်း အစိုးရအတွင်း သတင်းများအရ သိရှိရပါသည်။

ဦးသိန်းစိန်၏ ပြန်လည်ပေါင်းစည်းရေးလက္ခဏာများမှာ စစ်မှန်ပြီး နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းသည် အမျိုးသား ရင်ကြားစေ့ရေးဆီသို့ ဦးတည်သော စကားပြောဆိုမှုများဖြစ်စေရေးအတွက် အစဖြစ်မည်ဖြစ်ကြောင်း သံတမန်အများစုနှင့် သုံးသပ်သူများက ယုံကြည်ကြ ပါသည်။ ၎င်းတို့နှစ်ဦး နောက်တစ်ကြိမ်တွေ့ဆုံမှုမှာ လာမည့်အပတ် ပထမအဆင့် အကျဉ်းသားများ လွှတ်ပေးအပြီးတွင်ဖြစ်ရန် ယာယီ သတ်မှတ် ထားကြောင်း အစိုးရအတွင်းလူများက ဆိုပါသည်။

သို့သော် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု အပါအဝင် ပြောင်းလဲမှုများသည် တည်ငြိမ်ရေးအတွက် အန္တရာယ်များကြောင်း စစ်တပ်က ဆုံးဖြတ်လျှင် နောက်တစ်ကြိမ် စစ်တပ်အာဏာသိမ်းမှု ဖြစ်နိုင်ကြောင်း အချို့ကယုံကြည်နေပါသည်။ ယခုအချိန်ထိမူ စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းအား ထောက်ခံကြောင်း အချက်ပြခဲ့ပါသည်။ သို့သော် စစ်တပ်က ရေရှည်ထောက်ခံမှု ရရန်မှာ သေချာလှသည်တော့ မဟုတ်ပေ။

အထူးသဖြင့် အကယ်၍သာ ယခင်စစ်အာဏာရှင် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် ထိတွေ့ ဆက်ဆံလာမှု အပါအဝင် ပြောင်းလဲမှုများသည် ၎င်းအတွက် ခြိမ်းခြောက်လာပြီဟု ခံစားရလျှင် ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်မည်မှာ အသေအချာပင်ဖြစ်သည်။ ၂၀၀၈ခုနှစ် အခြေခံဥပဒေအရ စစ်တပ်သည် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းသည်ဟုဆိုကာ တရားဝင်အာဏာသိမ်းနိုင်ပါသည်။ “ကျွန်တော်တို့ မအောင်မြင် ခဲ့ရင်တော့ ထောင်ထဲသွား ရ တော့မှာပါ” ဟု အမည်မဖော်လိုသူ အစိုးရအရာရှိ ကြီးတစ်ဦးကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လုပ်ကိုင်ရန် မြန်မာအစိုးရ အဆင်သင့်ရှိ


ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လုပ်ကိုင်ရန် မြန်မာအစိုးရ အဆင်သင့်ရှိ


(The Nation သတင်းမှ 1st October 2011 ရက်စွဲပါ "Myanmar regime ready to work with Suu Kyi" သတင်းကို Y C မှဘာသာပြန်ဆိုသည်။)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအနေဖြင့် တရားဝင် နိုင်ငံရေးနယ်ပယ်ရပ်ဝန်းသို့ ပြန်လည်ဝင်ရောက် လာမည်ဆိုပါက မြန်မာအစိုးရက အတူတကွလုပ်ကိုင်သွားရန် အဆင်သင့် ရှိနေကြောင်း အစိုးရဝန်ကြီးက သောကြာနေ့တွင် အတိုက်အခံအုပ်စု ခေါင်းဆောင်နှင့် ဆွေးနွေးပွဲအပြီး၌ ထုတ်ဖော်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ဆက်ဆံရေးတာဝန်ယူထားသူ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က "တကယ်လို့ NLD ပါတီက ဥပဒေအရ တရားဝင် မှတ်ပုံတင်မယ်ဆိုရင် NLD ပါတီနဲ့ အတူတကွ လုပ်ကိုင်သွားဖို့ကို ကျွန်တော်တို့ အမြဲတမ်းကြိုဆိုနေပါတယ်" ဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲကို နိုင်ခဲ့သော်လည်း အာဏာမရခဲ့ပါ။ မနှစ်က ရှားရှားပါးပါး ပြန်လည်ကျင်းပသော ရွေးကောက်ပွဲတွင်မူ အကျဉ်းကျပါတီဝင်များ မပါဝင်နိုင်အောင် ဥပဒေထုတ်ပြန်ကာ ပိတ်ပင်သဖြင့် NLD ပါတီက သပိတ်မှောက်ကန့်ကွက်ခဲ့သောကြောင့် ရလဒ်အဖြစ် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

သောကြာနေ့ ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတိုးတက် ပြောင်းလဲမှုကို အခြေခံကာ ပါတီ ပြန်လည်မှတ်ပုံတင်ရေး ကိစ္စကို ထိပ်ပိုင်းပါတီဝင်များနှင့် သူမဆွေးနွေးမည်ဟု ပြောကြားသည်။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို ကျွန်မတို့လက်ခံပါတယ်ဟု သူမက ဆက်လက်ပြောဆိုသည်။ သမ္မတ၏ အကြံပေး ဦးကိုကိုလှိုင်က စက်တင်ဘာလ အစောပိုင်းတွင် AFP သတင်းဌာနသို့ ပြောကြားရာ၌ အကျဉ်းကျနိုင်ငံရေးပါတီဝင်များကို တားမြစ်ပိတ်ပင် ထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန်ရှိသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အစိုးရသည် အရပ်သားအစိုးရ နာမည်ခံထားသော်လည်း ယခင်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်းများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ရာစုဝက်မျှ စစ်ဖက်က အုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံရေးအပြောင်းအလဲလုပ်မည့် လက္ခဏာများ ပေါ်ထွက်လာခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့သော်လည်း သမ္မတဦးသိန်းစိန်က သူပေးထားသော ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကို ဆောင်ရွက်နိုင်မှာလားဆိုသည့်အချက် မသဲကွဲသေးပါဟု ပြောကြားထားသည်။

October 1, 2011

အမျိုးသားရေးလှုပ်ရှားမှုကြီး စနေပြီ


အမိနိုင်ငံမှာ အပြောင်းအလဲများဖြစ်နိုင်တဲ့ အခြေအနေရှိနေပြီလို့ လက်ခံထားသူတဦးအနေနဲ့ နယ်ပယ်စုံက ဖြစ်ထွန်းမှု များ (Developments) ရဲ့လားရာ (Direction) အမြန်နှုန်း (Speed) နဲ့ သဏ္ဌာန်မျိုးစုံနဲ့ ပေါ်ပေါက်နေတဲ့ ပွတ်တိုက်အား (Frictions) များအပေါ် မျက်ခြေမပြတ်ရအောင် တတ်နိုင်သ၍ မျက်လုံးဒေါက်ထောက် ကြည့်နေမိပါတယ်။

စက်တင်ဘာ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ NLD ရဲ့ (၂၃) နှစ်မြောက် အခမ်းအနားမှာ ထုတ်ပြန်တဲ့ကြေညာချက် ၁၆/ ၁၉/ ၁၁ မှာရော သဘာပတိမိန့်ခွန်းမှာပါ NLD အဖွဲ့ဝင်အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူဖို့ အဓိက ထား ဖော်ပြထားတာတွေ့ရ ပါတယ်။ ဒါ့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ မိန့်ခွန်းမှာတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူဖို့ ၅ ကြိမ်တိတိ တိုက်တွန်းပြောကြားသွားတာ တွေ့ရတော့ အဖွဲ့ချုပ် ခေါင်းဆောင်များ ရဲ့ အမျှော်အမြင်ကြီးမှု၊ အနစ်နာခံမှု၊ လိုအပ်လာရင် ပါတီအကျိုးထက် တိုင်းပြည်အကျိုးကို ပိုအလေးထားမှုတွေကို ရင်နဲ့ အမျှ တနင့်တပိုး နားလည်ခံစားမိတာမို့ နိုင်ငံရေးသာဓု အကြိမ်ကြိမ်ခေါ်မိကြောင်းပါ။

ယနေ့အချိန်ဟာ အင်မတန် သိမ်မွေ့ညင်သာတဲ့၊ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ NLD ပါတီဝင်များ ကတဆင့် ပြည်သူလူထုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ မူလလုပ်ငန်းစဉ်များဖြစ်တဲ့ အာဃာတ ကင်း စင်ရေး၊ သင်ပုန်းချေရေး၊ အထွေထွေသဟဇာတဖြစ်ရေး၊ ရန်သူကိုမိတ်ဆွေဖြစ်ရေး အတွေးအခေါ်များကို စိမ့်ဝင်ပျံ့နှံ့စေ ပြီး တမျိုးသားလုံးပါဝင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ဆီကိုအ ရောက် ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ဒေါ်စုနဲ့ NLD အဖွဲ့ဝင်များသက်သက်သာ သည်လှုပ်ရှားမှုမှာ ပါဝင်မယ်ဆိုရင် ဘယ် နည်းနဲ့မှ လိုရာပန်းတိုင် ကို ရောက်မှာ မဟုတ် တာတော့ ဗေဒင်မေးစရာမလိုပါ။

ဒါကြောင့် ပြည်သူလူထုကို သည်လှုပ်ရှားမှုထဲမှာ ပါဝင်လာအောင် အခြေအနေများ ဖန်တီးရမှာ ဖြစ်ပါတယ်။ တကယ် တော့ ပြည်သူလူထုက ဘယ်သူ့ကိုမှစောင့်မနေပါ။ သူတို့ပါဝင်နိုင်တဲ့ လှုပ်ရှားမှုများမှတဆင့် သူတို့ပါဝင်လှုပ်ရှားနေကြ တာ အထင်အရှား တွေ့နေရပါပြီ။ တချို့က လူထုလှုပ်ရှားမှုမပါဘဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှု မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ လူထုလှုပ်ရှားမှုဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမှာလည်းဆိုတာက ဒီနေရာမှာ မေးခွန်းဖြစ်ပါတယ်။ သူတို့ပြောတဲ့ လူထု လှုပ်ရှားမှုမျိုးမဟုတ်ပေမယ့် လူထုကြီးကတော့ လှုပ်ရှားနိုးကြားနေတာ နေရာအနှံ့မှာ တွေ့နေရပါတယ်။

သာဓကအနေနဲ့ တချို့အချက်အလက်တွေကို ပြောဖို့လိုမယ်ထင်လို့ ပြောရရင် ထွန်းဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev နဲ့ မုံရွေး စာအုပ်တိုက်တို့က ဦးဆောင်ကျင်းပတဲ့ “သဘာဝပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ” ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ရန်ကုန် Park Royal ဟော်တယ်မှာ ကျင်းပတာ မှတ်မိကြမယ်ထင်ပါတယ်။ သည်ဟောပြောပွဲကို တက်ရောက်လာသူ တွေကို သိရသလောက် စာရင်းတို့ကြည့်ရင် ချစ်သုဝေ (အဆိုတော်၊ သရုပ်ဆောင်၊ ဆရာဝန်) ဦးပေါဟိန် (နာယကစက် မှုကုန်ထုတ်လုပ်မှုများအသင်း)၊ ဦးအေးလွင် (အတွင်းရေးမှူး – မြန်မာနိုင်ငံ ဘူမိသိပ္ပံ အ သင်း)၊ ဒေါ်နေရီဗဆွေ (နိုင်ငံရေး ပါတီ)၊ ဒေါက်တာဖုန်းဝင်း၊ ဆရာမောင်ဝံသ (ဝါရင့်သတင်းစာဆရာ)၊ ဦးသာဘန်း (ဝါရင့်နိုင်ငံရေးသမား)၊ ဦးအေးလွင်(ဗ ဟိုတရားရုံးရှေ့နေ)၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့ပါတယ်လို့ ဆိုပါတယ်။ သတင်းအရင်းအမြစ်ကို လက် လှမ်းမမီတာမို့ ကျနော်သိသလောက်ပဲ ရေးနိုင်တာဖြစ်ပါတယ်။

နောက် စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်နာရေးကူညီမှုအသင်းမှာ ကျင်းပတဲ့ လူငယ်များနဲ့ ဧရာဝတီလှုံ့ဆော်ပွဲမှာ ဇေယျာသော်၊ လူမော်သက်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ရဲတိုက်၊ နေဆက်ပိုင်၊ ဆောင်းဦးလှိုင်၊ ကိုကီးကျန်၊ သားထွေး စတဲ့ ရုပ် ရှင်သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင်များသာမက ကျော်သူ၊ ရွှေဇီးကွက်၊ ဦးအုန်း၊ ဦးသောဘိတ၊ ဒေါ်ဒေဝီသန့် စင်၊ ကိုရဲလွင်စတဲ့ စာရေးဆရာတွေ၊ ပညာရှင်တွေ၊ ရဟန်းသံဃာတွေ ပါလာတာ တွေ့ရပါလိမ့်မယ်။

သည်လှုပ်ရှားမှုတွေဟာ လမ်းပေါ်သပိတ်မှောက်ဆန္ဒပြမှုတွေထက်မနဲတဲ့ အဓိပ္ပာယ်သက်ရောက် မှုတွေရှိတယ်ဆိုရင် ဘယ်သူမှ အငြင်းပွားမယ် မဟုတ်ပါ။ (ဒီလိုပြောလို့ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို အကြမ်းမဖက် လက်နက် မဲ့တိုက်ပွဲဝင်လာသူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုတွေကို မလေးမစား ပြောတာမဟုတ်ပါ။) ပါဝင်ကြသူတွေကို ကြည့်လိုက်ရင် လူထု၊ လူတန်းစားအားလုံးကို ကိုယ်စားပြုနေသူတွေ ပါဝင်နေကြတာ သတိမူမိမှာပါ။

အနယ်နယ် အနှံ့နှံ့ မှာ စရိတ်စက အကုန်ခံပြီး ကျင်းပနေတဲ့ စာပေဟောပြောပွဲတွေမှာ ပြောကြ၊ ဟောကြတဲ့ စာရေးဆရာတွေရဲ့ ဟောပြော ချက်တွေကလည်း ပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို ရာနှုန်းပြည့်ကိုယ်စားပြုနိုင်တာမို့ တိတ်ခွေတွေလည်း ရောင်း မလောက်ပါ။ သတင်းလွတ်လပ်ခွင့်မရှိသေးပေမယ့် ဒီနေ့ထုတ်ဂျာနယ်တိုင်းလိုလိုမှာ ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံနဲ့ သတင်းကို အလုအယက်ဖော်ပြနေတာ သတိပြုမိကြပါလိမ့်မယ်။ ရှစ်လေးလုံးအပြီး ဒီမိုကရေစီ လှုပ်ရှားမှုစိတ်ဓာတ် ပြည် သူတွင်းမှာ အထွဋ်အထိပ်ရောက်နေတဲ့ကာလမှာတောင် ဒါမျိုးမတွေ့ရဘူးပါ။

လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ရေရွတ်နေတဲ့အထိ လူထုကြားမှာ ကြောက်စိတ်တွေ တစထက် တစ လျော့လာ တာ၊ မြစ်ဆုံရေကာတာ စီမံ ကိန်းကို ပညာရှင်တွေ၊ စာပေနဲ့ အနုပညာရှင်တွေပါ ပါဝင်ကန့် ကွက်နေကြတာ၊ နောက်ဆုံးမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း (အမှတ် (၁) နှင့် အမှတ် (၂) စက်မှုဝန် ကြီးဌာနဝန်ကြီး) ကိုယ်၌ကို က “မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူ့ဆန္ဒအတိုင်း အလေးပေးဆောင်ရွက်သွားမှာဖြစ် ကြောင်း” အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားလာရတာတွေဟာ လူထုလှုပ် ရှားမှုကြီး ဖြစ်ပေါ် လာပြီဆိုတဲ့လက္ခဏာ (Symptom) တွေဖြစ်တယ်ဆိုရင် လွန်ရာကျမှာလား။

လူထုလှုပ်ရှားမှုကြီးဖြစ်နေပြီဆိုတာကို ထောက်ပြနိုင်တဲ့ အချက်အလက်များစွာရှိနေပေမဲ့ စာလေးမှာစိုးလို့ ဒါလောက်ပဲ သာဓကပြပါရစေတော့။ သည်မှာ အလေးအနက်ဆွေးနွေးချင်တာက သည်လူထုလှုပ်ရှားမှုကြီးဟာ အရင်နားလည်ထား တဲ့ လူထုလှုပ်ရှားမှုဆိုတဲ့ နယ်နိမိတ်ထက် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ကြီးမားကျယ်ပြန့်တယ်။ အမျိုးသားလက္ခ ဏာ ဆောင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဥပမာ နိုင်ငံတော်သမတကြီးဟာလည်း သည်လှုပ်ရှားမှုထဲမှာ ဘဝအရပါနေတယ်လို့သုံးသပ်ရင် မင်းရူးနေသလားလို့ အ ပြစ်တင်ခံရဖွယ်ရှိပါတယ်။ နိုင်ငံတော်သမတကြီးဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေအရ “ကာလုံ” က ထိန်းချုပ် ထား တဲ့ အချုပ်ချယ်ခံ သမတ ဖြစ်နေပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၉၉ (က) အရ “နိုင်ငံတော် အုပ်ချုပ်ရေး အကြီး အကဲသည် နိုင်ငံတော်သမတ ဖြစ်သည်” လို့ ညွှန်းဆိုထားပေမယ့် ကာလုံရဲ့ သဘောတူညီမှုနဲ့ ထောက်ခံချက်ယူ နေရ တာကို ပုဒ်မ ၂၀၄ (ခ) မှာ အထင်အရှားတွေ့ရပါတယ်။ သမတအခွင့်အရေး အပြည့်အဝမရတာ ဒီအချက်က သက်သေပြ နေပါတယ်။ သူတင်မက လွှတ်တော်အသီးသီးမှာ ရှိနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကကော… သူတို့အခွင့်အ ရေးတွေ ဆုံးရှုံးနေကြသူတွေပါ။ ဒါ့အပြင် ဝန်ကြီးမင်းများကရော… သူတို့က ငဝက်ကျွန်ခံဇတ်ခင်းနေ ကြသူတွေပါ။

ခရိုနီလို့ခေါ်တဲ့ မောင်တေဇတို့၊ မောင်ဇော်ဇော်တို့ခင်ဗျာလဲ မြန်မာပြည်ဟာ စီးပွားရေး စနစ်ကို ပြုပြင် ပြောင်းလဲမှုမလုပ် ရင် Fail State ဖြစ်သွားနိုင်တာကြောင့် သူတို့ အခုရရှိနေတဲ့ အကျိုးစီးပွားများဟာ ရေပွက်ပမာ ဖြစ်သွားနိုင်တာကို ကောင်းကောင်းသိတာမို့ အိပ်ကောင်းခြင်း မအိပ်ရသူတွေ ဖြစ်ပါတယ်။ သနားစရာအကောင်းဆုံး အခွင့်အရေးဆုံးရှုံးတဲ့ အဖွဲ့ အစည်း ကတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပါ။ အာဏာရပါတီ၊ ပါလီမန်မှာ အမတ်ဦး ရေအများဆုံးပါတီဆို ပေမဲ့ အစိုးရသတင်းစာတွေကလွဲလို့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဘယ်သူကမှ သူတို့အကြောင်း စာတစောင်ပေတဖွဲ့မဖော်ပြ တာ (ကျနော့်လေ့လာမှု နည်းလို့လားတော့မသိ) မတွေ့ဖူးပါ။ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးဌေးဦးဆိုရင် NLD ပါတီကို တရားဝင်ပါတီအဖြစ်ရပ်တည်နိုင်အောင် အခြေအနေတွေကို ဖန်တီးနေပါတယ်ဆိုတာမျိုး အင်တာဗျူးတခုမှာ ပြောလာတာကို သတိမူမိပါတယ်။ ဘာကြောင့်ပဲ ဒီလိုပြောပြော အပြုသဘောဆောင် တာမို့ ကြိုဆိုရမှာပါ။ ဆိုလိုချင်တဲ့ သဘောကတော့ မြန်မာနိုင်ငံသူနိုင်ငံသားများဟာ သမတကြီးကအစ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားများအထိ ရ သင့်တဲ့အခွင့်အရေးများ ဆုံးရှုံးနေတယ်ဆိုတာကို ထောက်ပြချင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် Right Based Campaign များကိုအခြေအနေနဲ့အညီ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်စေဖို့ဆိုတဲ့ အခြေ အနေအောက်မှာ အကောင်အထည်ဖော်ကြဖို့ရာ သမတကြီးအပါအဝင် နစ်နာနေသူအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။သည် အခြေအနေအောက်မှာ မနစ်နာသူဆိုလို့ တဦးမှ မရှိပါ။ ကာကွယ်ရေးဦးစီးချုပ်ကအစ သာမန်တပ်သားလေးအဆုံး အား လုံးနစ်နာနေကြတာဖြစ်ပါတယ်။ သည်အခြေအနေက ဘယ်သူ့အတွက်မှ အကျိုးမရှိတာကို သိတဲ့လူတွေ တစတစနဲ့ များ စပြုလာပါပြီ။ ပိုပိုပြီး များသထက်များအောင် ကြိုးပမ်းရမှာက ပိုပြီးသိတဲ့သူတွေရဲ့ တာဝန်ပါ။

အစပျိုးနေတဲ့လူထုလှုပ်ရှား မှုကြီး (သည်နေရာကစပြီး လူထုလှုပ်ရှားမှုဆိုတာထက် အမျိုးသားလှုပ်ရှားမှု လို့သုံးပါမယ်) မှာ Activist တွေသာမက နယ်ပယ်အသီးသီးက၊ အလွှာအသီးသီးက အင်အားစုများအားလုံး ပါဝင်နိုင်တဲ့အခြေအနေကို ဖန်တီးရပါလိမ့်မယ်။ ဒေါ်စု လုပ်နေတာ ဒါဖြစ်တယ်လို့ ကျတော် ယုံကြည်တယ်။ သည် အမျိုးသားလှုပ်ရှားမှုကြီးမှာ NLD အဖွဲ့တွေ၊ နိုင်ငံရေးပါတီ တွေ၊ တိုင်းရင်းသားအဖွဲ့တွေဆိုတဲ့ ဒီမိုကရေစီဘက်တော်သားတွေအပြင် သာမန်ပြည်သူ လူထုတွေဖြစ်တဲ့ ပညာရှင်တွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ (ပါလည်းပါနေပါပြီ) သာမက အစိုးရအရာရှိကြီးတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ဝန်ကြီး၊ ဝန်လေးတွေက ပါနိုင်ဖို့ အခြေအနေကို တစထက်တစတိုးလို့ ဖန်တီးရပါမယ်။ သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ဦးစီးပဲ့ကိုင်ဟာ ဘယ်သူလဲဆိုတာတော့ မေးခွန်းထုတ်စရာမလိုပါ။ ဒေါ် အောင်ဆန်းစုကြည်ကလွဲလို့ တခြားမရှိပါ။ သမတကြီး ဦးသိန်းစိန်တို့လို ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလား သူများကိုလည်း တက်တက်ကြွကြွှနဲ့ ရှေ့တန်းက ပါဝင်နိုင်တဲ့အခြေအနေများကိုလည်း ဖန်တီးရမှာ ဖြစ်ပါတယ်။

ဒါဖြင့် သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ရည်ရွယ်ချက်ကဘာလဲလို့မေးစရာရှိပါတယ်။ ရှင်းပါ တယ်။ ဒေါ်စုပြောတာ ပြန် ပြောရရင် Regime Change မဟုတ်ပါ။ Value Change ဖြစ်ပါတယ်။ ပြည်သူလူထု အတွက် ပြည်သူလူထုကိုယ်တိုင် ကိုယ့်ရဲ့တန်ဖိုးတွေကိုနားလည်ရုံသာမက ကာကွယ်စောင့်ရှောက်နိုင်မယ့် စွမ်းပကားများအပြင် ကိုယ့်ရဲ့ တန်ဖိုးများကို နိုင်ငံတကာက ခေတ်ပြိုင်ပြည်သူတွေရဲ့ တန်ဖိုးများနဲ့ တန်းတူရည်တူ အခြေအနေကို ရောက်ရှိအောင် မြှင့်တင်ဖို့ပဲဖြစ် ပါတယ်။

ဘာကြောင့် ဒီလိုပြောပါသလဲ။ ပြည်သူက ဒီကနေ့အဓိကလိုအပ်နေတာဟာ အမျိုးသားဂုဏ်သိက္ခာ National Dignity ဖြစ်နေပါတယ်လို့ ကျတော် နားလည်နေမိလို့ပါ။ Regime Change တာ မချိန်းတာက သူတို့အတွက် ဒီလောက် အရေး မကြီးပါ။ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိတဲ့လူမျိုးအဖြစ် ရပ်တည်လိုတဲ့ အရှိန်ညီးညီးတောက်လောင်နေတဲ့ ပြင်းပြ တဲ့ဆန္ဒဟာ သည်ကနေ့ ဖြစ်ပေါ်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးကို မောင်းနှင်နေတဲ့ အဓိကမောင်းနှင်အား ဖြစ်ပါ တယ်။ ကျတော်တို့ လူမျိုးများဟာ နိုင်ငံတကာအလယ် ဘယ်လောက်ဂုဏ်သိက္ခာညှိုးနွမ်းနေရသလဲဆိုတာ အထူးပြော စရာမလိုပါ။ မြစ်ဆုံကိစ္စကို ဘာကြောင့် အင်တိုက်အားတိုက် ဆန့်ကျင်နေကြတာလဲ။ တိုင်းချစ်ပြည်ချစ်စိတ်က လှုံ့ဆော် လိုက်တာ ဖြစ်ပါတယ်။ သည်ကနေ့ ဗမာပြည်သူလူထု တောင်းဆိုနေတာက တိုင်းချစ်ပြည်ချစ်စိတ်က စေ့ဆော်လိုက်တဲ့ အမျိုးသားဂုဏ်သိက္ခာ (National Diginity) ပဲ ဖြစ်ပါတယ်။ ၁၉၀၅-၀၆ ကနေ ၁၉၂၀ လောက်မှာ ကြုံခဲ့ဖူးတဲ့ အမျိုးသား ရေးနိုးကြားမှုမျိုးပေါ်နေပြီလို့ ကျနော် ရဲရဲကြီးဆိုဝံ့ပါတယ်။ မြန်မာတွေ ဘယ်တုန်းကမှ မညံ့ခဲ့ကြပါ။ အရေးကြုံရင် သက် လုံကောင်းတဲ့လူမျိုးဖြစ်တယ်ဆိုတာ သမိုင်းအဆက်ဆက် သက်သေတည်ခဲ့ကြတာပါ။

သည်အမျိုးသားလှုပ်ရှားမှုကြီးဟာ အခုမှ အစပဲရှိသေးတယ်ဆိုတာ သတိမူမိစေချင်ပါတယ်။ သည်လှုပ်ရှားမှုဟာ နိုင်ငံ တကာဖြစ်စဉ် (Global Order) နဲ့ ဟန်ချက်ညီညီ ဖြစ်ပေါ်တိုးတက်ဖို့လည်း လိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ဖြစ်စဉ်တလျှောက်မှာ အခြေအနေ အချိန်အခါနဲ့အညီ လတ်တလော ရည်မှန်းချက်များ (Immediate Objective) ကို သတ်မှတ်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ရဲ့ ပကတိလိုအပ်မှုကို ရှေ့ရှုတဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စံချိန်၊ စံညွှန်းများကို လုံးဝမထိခိုက်စေဖို့ သတိထားရမှာပါ။ ဒါ့အပြင် အ မျိုးသားအကျိုးစီးပွားဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ပဲ့ကိုင်ကောင်းလိုပါတယ်။ သည်အမျိုးသား လှုပ်ရှားမှုကြီးရဲ့ ဦးစီးပဲ့ကိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနိုင်ငံကရယူပိုင်ဆိုင်ထားတာဟာ တိုင်းပြည်အတွက် အင်မတန် ကု သိုလ်ထူးတဲ့ ဒုလ္လဘတပါး ဖြစ်ပါတယ်။ သူမရဲ့ သီလ၊ သမာဓိ၊ ပညာခွန်အားများကို နိုင်ငံနဲ့ ပြည်သူအတွက် သာမက လူ သားထုတရပ်လုံးအတွက်ပါ အကျိုးပြုနိုင်မယ်ဆိုတာ သံသယမရှိပါ။

ကျနော့် တင်ပြချက်များဟာ အကောင်းမြင်ဆန်လွန်းတယ်။ စိတ်ကူးယဉ် ဒဏ္ဍာရီတပုဒ်၊ ဆောင်းတွင်းအိမ်မက်တခုလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ပျက်ရယ်ပြု ရယ်သွမ်းသွေးကောင်းသွေးနိုင်ပါတယ်။ မှန်ပါတယ်။ အခက်အခဲတွေ၊ ပြဿနာ တွေ တပုံတပင်ကြီးကို ရှေ့မှာ မနားတမ်း ဖြေရှင်းကြရဦးမှာပါ။ ရှေ့တလှမ်းတိုးပေမဲ့ နောက်နှစ်လမ်းဆုတ်တာမျိုးလဲ ကြုံ တွေ့ရမှာကို မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သည်လိုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေလို့ သည်လို ပြောရတာဖြစ်ပါတယ်။ သည်လိုဖြစ်လာဖို့ဆိုတာက ဒေါ်စုနဲ့ NLD များလုပ်ရုံသက်သက်နဲ့ ဖြစ်လာနိုင်မှာ မဟုတ်ပါ။ သ ဘောတူသူကော၊ မတူသူကော စိတ်ခံစားမှုတွေ၊ နာကြည်းမှုတွေ၊ အတိတ်ရဲ့ ခါးသီးတဲ့ပုံရိပ်တွေ ကို ဘေးချိတ်ထားပြီး “ပြည်သူလူထုကို အလုပ်အကျွေးပြုရေး” ဆိုတဲ့စိတ်ဓာတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတုမဲ့တဲ့ ခေါင်းဆောင်မှုအောက် မှာ (အရင် ရန်သူတွေကော၊ မိတ်ဆွေဟောင်းတွေပါ) ပါဝင်ဆင်နွှဲကြမယ်ဆိုရင် ပြည်သူလူထုလိုချင်တဲ့ အမျိုးသားရေး ဂုဏ်သိက္ခာဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ မဝေးတော့မဲ့ကာလမှာ ဖွံ့ဖြိုးပေါ်ထွန်းလာရုံတင်မက ကျနော်တို့ နိုင်ငံ ကို စိန်ခေါ်နေတဲ့ လတ်တလောပြဿနာတွေကို အမျိုးသားသွေးစည်း ညီညွတ်ရေးခွန်အားနဲ့ ဖြေရှင်းနိုင် မှာဖြစ်တဲ့အပြင် နှစ်ဆယ့် တစ်ရာစုနှစ်ရဲ့ လူသားအားလုံးအပေါ် စိန်ခေါ်မှုတွေကိုပါ ကျွန်တော်တို့လူမျိုးများက ဂုဏ်သိက္ခာမြင့်မားစွာ ရှေ့ ဆုံးက ပါဝင်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်လို့ သည်စာကို ရေးရပါတယ်။

ရေးသားသူ....မြင်းရည်တက်ဦးသာ

မှတ်ပုံတင်မရှိတဲ့ ပါတီ – အင်န်အယ်ဒီ ဦးဝင်းတင်နဲ့ မေးခွန်းများ

U Win Tin – မှတ်ပုံတင်မရှိတဲ့ ပါတီ – အင်န်အယ်ဒီ

မှတ်ပုံတင်မရှိတဲ့ ပါတီ – အင်န်အယ်ဒီ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၂၊ ၂၀၁၁
ပြီးခဲ့တဲ့ စနေနေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ လက်ရှိမြန်မာပြည်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အကြောင်းအရာတွေကို အဓိကထားမေးဖြစ်ပါတယ်။ တတိယအကြိမ်မြောက်တွေ့ဆုံခဲ့ကြတဲ့ ဒေါ်စုနဲ့ ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲမှာ အင်န်အယ်ဒီပါတီနဲ့ လက်ရှိအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးတာတွေ၊ သမ္မတကြီး ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အကြောင်းနဲ့ ပြည်သူ့ဆန္ဒထုတ်ဖော်နေတဲ့ လှုပ်ရှားမှုတွေရဲ့ ရှေ့အလားအလာတွေအကြောင်းကို သဘောထားမေးမြန်းခဲ့ပါတယ်။

လက်ရှိမှာ အင်န်အယ်ဒီက အစိုးရယခင်ကပြောနေတဲ့ ဖျက်သိမ်းခြင်းခံထားရသော အင်န်အယ်ဒီဆိုတဲ့ အသုံးအနှုံးကနေ မှတ်ပုံမတင်ထားသော ပါတီအဖြစ် ပြောင်းလဲပြီး သုံးစွဲလာတယ်။ လက်ရှိအာဏာပိုင်တွေ ဆိုလိုတာက ၁၉၉၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားခဲ့ပြီးတာထက် ၂၀၁၀ ရွေးကောက်ပွဲဥပဒေ မှာ မှတ်ပုံမတင်တဲ့သဘောဆိုပြီး ရည်ရွယ်ပြီး ပြောလာတယ်။ အဲသည်လိုမျိုး အသုံးအနှုံးကို ဆရာဘယ်လို သဘောထားသလဲ။
ကျနော့်သဘောထားကို မပြောခင် လက်ရှိ ကျနော်တို့ပတ်ဝန်းကျင်မှာ အမျိုးမျိုးအဖုံဖုံပြောနေတဲ့ သဘောထားတွေကို ပြောပြချင်တယ်။ အင်န်အယ်ဒီက ၂၀၁၀
ရွေးကောက်ပွဲဥပဒေမှာ မှတ်ပုံမတင်ခဲ့ဘူး။ အခု ၂၀၁၁ မှာ ရွေးကောက်ပွဲဥပဒေ တမျိုးတဖုံဖြစ်လာမှာမို့လို့ အင်န်အယ်ဒီပါတီက မှတ်ပုံတင်ချင် တင်လာနိုင်တယ်လို့ ပြောလာတာတွေ ရှိနေတယ်။ ကျနော်ကိုယ်ပိုင်သဘောထားကို ပြောရမှာကတော့ အဲသည်တုံးက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူးဆိုပြီး ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီကို မှတ်ပုံမတင်ခဲ့ဘူး။ အဲသည့်အတွက် သူတို့က အင်န်အယ်ဒီပါတီက ဖျက်သိမ်းပြီးဖြစ်သော ပါတီဆိုပြီး ပြောဆို သုံးစွဲလာခဲ့ကြတယ်။ အခုကျတော့ မှတ်ပုံမတင်သေးတဲ့ ပါတီဆိုပြီး သုံးစွဲလာတော့ အများအမြင်မှာ မှတ်ပုံတင်တော့မလိုလို ဖြစ်လာတယ်။ ဒါက လိုရာကို ဆွဲပြောနေသလိုဖြစ်လာတယ်။ ဒီတော့ အင်န်အယ်ဒီက မှတ်ပုံတင်မယ့် အလားအလာရှိတယ်လို့ ပြောလာကြတယ်။ 

အင်န်အယ်ဒီပါတီဆိုတာက နိုင်ငံရေးပါတီတခုဖြစ်တော့ ပါတီကိုမှတ်ပုံတင်တာတို့၊ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ စတဲ့ နိုင်ငံရေးလုပ်ငန်းသွင်ပြင် လက္ခဏာတွေကို သွေဖီပြီး အမြဲတန်း နေလို့ ရပါ့မလား ဆရာ။ ဒါတွေကို သူနဲ့ မသက်ဆိုင်ဘူးဆိုပြီး နေနေလို့ ရပါ့မလား။
ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးပါတီတခုဟာ ရွေးကောက်ပွဲဝင်ရမှာပေါ့။ ဒီမိုကရေစီပါတီတရပ်ဟာ မှတ်ပုံတင်ရမှာပေါ့။ ဒီမိုကရေစီနည်းကျ နိုင်ငံရေးလုပ်မယ်ဆိုမှတော့ မြေအောက်သွားမယ့်အဖွဲ့လည်းမဟုတ်ဘူး၊ လက်နက်ကိုင်ပြီး အာဏာသိမ်းတဲ့ ပါတီလည်း မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ဟာ အရင်ကတည်းက ဘယ်လိုပြောခဲ့သလဲဆိုတော့ ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခဲ့တဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တရားဝင်ပါတီတရပ်အဖြစ် ဆက်လက်ရပ်တည်နေတာဖြစ်တယ်။ ဒီသဘောထားကို ကျနော်တို့က ကိုင်စွဲထားခဲ့တာ ဖြစ်တယ်။ အခုအချိန်မှာ ပါတီက ရှိနေတယ်။ မှတ်ပုံတင်ထားသည်ဖြစ်စေ မဖြစ်စေ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီနဲ့ အတူရပ်တည်ပြီး ရှိနေတယ်။ သူကိုယ်တိုင်ကလည်း မှတ်ပုံတင်ရေးကိစ္စကို စီအီးစီနဲ့ တိုင်ပင်ပြီးမှပဲ ပြောလို့ရမယ်လို့ ပြောခဲ့တယ်။ သူတဦးတည်း သူ့သဘောတခုတည်း ဆောင်ရွက်တာမျိုး မရှိဘူးဆိုတာ မြင်နိုင်ပါတယ်။

ဆရာတို့ဘက်က မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်တာ မ၀င်တာ စတာတွေကို အချိန်အတိုင်းအတာ ဘယ်လောက်အထိ ပေးထားသလဲ။
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားသလိုပေါ့။ ကျနော်တို့က ရွေးကောက်ပွဲ ဆိုတာကို ငြင်းနေတာ မဟုတ်ဘူး။ ဒီမိုကရေစီပါတီရဲ့ ဖြစ်စဉ်ထဲမှာ ရွေးကောက်ပွဲဝင်တယ်ဆိုတာက ပါဝင်နေတာပဲ။ သို့သော် ရွေးကောက်ပွဲဆိုတာမှာ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားသလဲ၊ ဘယ်လို သတ်မှတ်ထားတွေကို ရှိနေသလဲ။ ဒါတွေနဲ့ သက်ဆိုင်တယ်။ ဘာာပဲပြောပြော ကျနော်တို့ကတော့ သည် ၂၀၁၁ ခုနှစ်အတွင်းမှာပဲ ဒါတွေကို အဖြေပေါ်အောင် လုပ်ရလိမ့်မယ်လို့ပြောချင်တယ်။ ပါတီ မှတ်ပုံတင်မလား၊ မတင်ဘူးလား။ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်သေးဘူးလား ဆိုတာတွေကို ကျနော်တို့က ဒီ ၂၀၁၁ ခုနှစ်အတွင်းမှာပဲ အဖြေထုတ်ရမယ်၊ အဖြေပေးရမယ်လို့ ကျနော်ကတော့ ပြောချင်တယ်။ 

အဲသည်တော့ ဆရာ့ပတ်ဝန်းကျင်မှာ အဲသည်အပေါ်မှာ ဘယ်လို သဘောထားတွေ ဖြစ်နေကြသလဲ ဆရာ။
တချို့ကတော့ ၂၀၁၁ ခုနှစ်ထဲမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်ဒီပါတီက မှတ်ပုံတင်ပြီး ၀င်မယ်ဆိုရင် အမတ်ဦးရေကလည်း ၄၉  ယောက်လောက်ပဲ ရှိတယ်။
သူတို့သတ်မှတ်ထားချက်တွေအရ နယ်စွန် နယ်ဖြားက ကို်ယ်စားလှယ်တွေကို ထုတ်ပြီး ကြည့်လိုက်ရင် အမတ်ဦးရေကလည်း နည်းနည်းပဲ ရှိတယ်။ အဲသည်လို ရွေးကောက်ပွဲဝင်မယ့်အစား အင်န်အယ်ဒီပါတီက သင့်တင့်လျောက်ပတ်တဲ့ အနေအထားရှိလို့ မှတ်ပုံတင်မယ်ဆိုရင်လည်း မှတ်ပုံတင်ပြီးတော့ တရားဝင်ပါတီအဖြစ် လှုပ်ရှားနေမယ်။ အခု လွှတ်တော်သက်တမ်းကုန်ဆုံးသွားတဲ့အထိ ပါတီက မှတ်ပုံတင်ထားတဲ့ ပါတီအဖြစ် ရပ်တည်သွားပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ စည်းရုံးလှုံဆော်မှုတွေ
လုပ်သွားမယ်။ ခိုင်ခိုင်မာမာ ဖြစ်လာမယ်။ ဒီလိုမျိုး တွက်ချက်တဲ့သူတွေက တွက်တယ်။ 

ဒါဆိုရင်  ၂၀၀၈ အခြေခံဥပဒေကို ကျောထောက်နောက်ခံပြုထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကြီးကို ဆရာတို့က ဘယ်လိုမျိုး ရင်ဆိုင်မှာလဲ။ အဲဒါကိုကော တချို့တွေက ဘယ်လို
သုံးသပ်ပြောဆိုတာမျိုး ရှိသလဲ။
အဲဒါကြောင့် တချို့ကလည်း ဘာပြောသလဲဆိုတော့ … ဘာပဲဖြစ်ဖြစ် မှတ်ပုံတင်ပြီးတော့ ရှိနေတဲ့ ရွေးကောက်ပွဲကို ၀င်၊ လွှတ်တော်ထဲအထိ သွား၊ ပါတီရဲ့ စိတ်ကောင်း စေတနာကောင်းတွေကို ပြသရာရောက်တယ်။ လက်ရှိ စစ်တပိုင်းအစိုးရနဲ့ တိုင်းပြည်အမှန်တကယ်အကျိုးရှိတဲ့ ကိစ္စတွေကို ပူးပေါင်း ဆောင်ရွက်လို့ ရတယ်။ အချိန်စောင့်နေစရာ မလိုဘူးလို့ ပြောတာမျိုးတွေလည်း ရှိတယ်။ ဒီမိုကရေစီဖက်ကို အားသန်တဲ့ ဦးသိန်းစိန်အစိုးရအင်အားတွေနဲ့ ပိုပြီး လက်တွဲဆောင်ရွက်မှုတွေ ဖော်ဆောင်လာနိုင်မယ်လို့ တချို့က ပြောလာတယ်။ ဥပမာ အခုပဲ မြစ်ဆုံဆည်လိုဟာမျိုးကို ရပ်စဲပစ်လိုက်နိုင်တယ်။ အဲသည်ကနေတဆင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းရေး၊ ပြည်တွင်းမှာရှိတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ တိုးမြှင့်ရေး၊ ရရှိရေးတွေကို မြင့်တက် ဆောင်ရွက်လာနိုင်တယ်လို့ ယူဆတဲ့သူတွေကလည်း ရှိလာတယ်။
       ဒါပေမယ့် ကျနော်တို့ဖက်က ပြောစရာရှိတာက ၂၀၀၈ အခြေခံဥပဒေကြီးက ကန့်လန့်ကြီးခံနေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေဆိုတာကလည်း ကျနော်တို့အပေါ်မှာ တင်းတင်းမာမာ လုပ်ထားတာတွေ ရှိတယ်။ အဲသည် ဥပဒေတွေက အဲသည်လိုမျိုး မဟုတ်ခဲ့ရင် ကျနော်တို့ပါတီအနေနဲ့က မှတ်ပုံတင်တဲ့ကိစ္စက ဖြစ်နိုင်တယ်။  အရင်ဆုံး မှတ်ပုံတင်တဲ့နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက အချက်အလက်တွေ ပျော့ပျော့ပြောင်းပြောင်းလုပ်လိုက်ရင် ဥပမာ – ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံရမယ်တို့၊ အဲသည်တုန်းက အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ပစ်ပယ်ရမယ်တို့၊ ၉၀ ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ရမယ်တို့ ဆိုတာတွေကြောင့် ကျနော်တို့က
မှတ်ပုံမတင်ခဲ့တာ ဖြစ်တယ်။
 
ဒါဆိုရင် ပါတီမှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်တာနဲ့ လွှတ်တော်ထဲဝင်ရောက်တာတွေအတွက် အဆင့်ဆင့်တိုင်းမှာ အခြေအနေတွေ အပြင်အဆင်တွေ လိုအပ်တယ်၊ လုပ်ရမယ်လို့ ဆရာက ပြောချင်တာပေါ့။
ဟုတ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို သိပ်ပြီးတော့ တင်းတင်းမာမာကိုင်တွယ်တာ မရှိဘူးဆိုရင် မှတ်ပုံတင်တယ်ဆိုတာက လွယ်လွယ်ကူကူ ဖြစ်လာနိုင်တယ်။ သို့သော် ရွေးကောက်ပွဲဝင်ခြင်းဆိုတာမှာကျတော့ အချက်တခုအနေနဲ့ လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်နိုင်တာ မရှိဘူး၊ ဖယ်ရှားနိုင်တာလည်း မရှိဘူး၊ စစ်လက္ခဏာဆောင်တဲ့ လွှတ်တော်ကြီးဖြစ်နေတယ် ဆိုရင်တော့ လွှတ်တော်ထဲဝင်ဖို့ ရွေးကောက်ပွဲဝင်ရေးဟာ အများကြီး အဟန့်အတားဖြစ်နိုင်ပါသေးတယ်။

ဟိုတုန်းက မဖြစ်သေးတဲ့ လွှတ်တော်နဲ့ အခုပေါ်လာတဲ့ လွှတ်တော်က အခင်းအကျင်းမှာကော ဘယ်လိုမျိုး မြင်တွေ့ရပြီလဲဆရာ။ ခုနင်က သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့ လက်ရှိ အနေအထားကို ပြန်စဉ်းစားမယ်ဆိုရင်ကော။
အစိုးရဖက်က ဘယ်လောက် အခုလက်ရှိမှာ ဘယ်လောက်လိုလားသလဲဆိုတာနဲ့ ကြည့်ရမှာ ဖြစ်တယ်။ အခု သမ္မတကြီးဦးသိန်းစိန်ပြောသွားတာ တခုရှိတယ်။ အခြေခံဥပဒေတွေလည်း
ပြင်သင့်ပြင်ရမှာပဲလို့ ပြောသွားတာရှိတယ်။ အဲသလိုဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာလည်း မူတည်တာပေါ့။ အဲသည်အတွက် နောက် ၅ နှစ်လုံးလုံး ၁၅ နှစ်လုံးလုံး စောင့်ဆိုင်းနေစရာမလိုဘဲ အခုကတည်းက လွှတ်တော်တွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာနိုင်မယ်ဆိုရင် ဒီမိုကရေစီလက္ခဏာတွေက စစ်လက္ခဏာတွေကို ကျော်လွှားပြီး ဘယ်လောက် ဖော်ဆောင်လာနိုင်လဲဆိုတာကို ကြည့်ကြရမှာဖြစ်တယ်။ 

အခုအချိန်မှာ အင်န်အယ်ဒီကို မှတ်ပုံတင်ဖို့ တော်တော်လိုလိုလားလားရှိနေတယ်ဆိုတာကို မြင်တွေ့နေရတယ် မဟုတ်လားဆရာ။ ဒေါ်စုနဲ့ ၀န်ကြီးဦးအောင်ကြည်တွေ့ဆုံပွဲမှာ ဒါကို အစိုးရဖက်က ရင်းရင်းနှီးနှီး လိုလိုလားလား ပြောတဲ့ပုံကို တွေ့နေရတယ် မဟုတ်လားဆရာ။
အဲလို ပြောလို့ရမယ်ဆိုရင် အဲသလို ချောချောမွေ့မွေ့ ဖြစ်လာနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ယူဆလို့ရတယ်။ ဘာပဲပြောပြော အင်န်အယ်ဒီပါတီဟာ လက်ရှိမှာ အင်အားအကြီးဆုံးပါတီ၊ ပြည်သူရဲ့ ယုံကြည်ကိုးစားခြင်း ခံထားရဆဲဖြစ်တယ်ဆိုတာကလည်း ၉၀ ရွေးကောက်ပွဲရလဒ်တွေကို ပိုင်စိုးထားတဲ့ပါတီ
ဖြစ်တယ်။ အဲသည်လိုပါတီကို ဥပဒေပြင်ပမှာ မှတ်ပုံမတင်ဘဲ ရပ်တည်နေရတယ်ဆိုတာကလည်း မကောင်းတဲ့ အလားအလာပဲ။ နောက်တချက်ကလည်း ဒီပါတီဟာ ဥပဒေအတွင်းကို
ရောက်သွားမယ်ဆိုရင် တိုင်းပြည်အကျိုး၊ ဒီမိုကရေစီအကျိုး၊ တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေကို အများကြီး ဆောင်ရွက်သွားနိုင်မယ်လို့ ပြောနိုင်တယ်။
ထို့အတူ သမ္မတကြီးဦးသိန်းစိန်ပြောသလို အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်းမှာလည်း ဆောင်ရွက်လာမယ်၊ ဒီမိုကရေစီလက္ခဏာတွေ ဖော်ဆောင်လာမယ်ဆိုရင် ချောမွေ့လာမယ် ဆိုရင် အင်န်အယ်ဒီပါတီကိုယ်တိုင် လွှတ်တော်ထဲကို ၀င်သာအောင် ၀င်လွယ်အောင် ဆောင်ရွက်ပေးမယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး အပြောင်းအလဲ မျှော်လင့်ချက်တွေလည်း မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ဖြစ်စေလိမ့်မယ်။
အဲဒါဆိုရင်ဖြင့် အင်န်အယ်ဒီပါတီရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဒီမိုကရေစီလူ့ဘောင်ဖော်ဆောင်ရေး၊ ဒီမိုကရေစီနည်းကျ အစိုးရစနစ်များ ပေါ်ထွန်းရေးတို့ကို ဆောင်ရွက်လာနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ နောက်ဆက်ပြီး မေးချင်တာကတော့ အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလားဆိုတာကို  လက်တွေ့အကျိုးသက်ရောက်မှုတွေနဲ့ တိုင်းတာကြည့်ပြီး ပြောနိုင်သလား
ဆိုတာဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)။