Friday, 25 October 2013
Thursday, 17 October 2013
Sunday, 6 October 2013
Friday, 4 October 2013
Posted: 21 Sep 2013 10:06 AM PDT
ခရီးသွားမှတ်တမ်း(၂) ဟိုပုံး ထမ်းဆမ်းဂူ..
ဒီတခေါက်မြန်မာပြန်ခရီး ထွက်စဉ် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နဲ့ ၂၅မိုင်ခန့်ဝေးတဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတဲ့ ထမ်းဆမ်းဂူကို ရောက်ရှိခဲ့တဲ့ အကြောင်းလေးပါ..။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အလှကို မနက်စောစော ရွှေဘုန်းပွင့် စေတီပေါ်က ကြည့်ရှုခဲ့ရပြီး သကာလ.. တောင်ကြီးက မိတ်ဆွေရဲ့ ကောင်းမှုနဲ့ ရင်သပ်ရှုမောဖွယ် ထမ်းဆမ်းထုံးကျောက် လှိုဏ်ဂူကို ရောက်ခဲ့ပါတယ်..။ တောင်ကြီးက ဟိုပုန်းထိ ၁၂မိုင်၊ ဟိုပုန်းကနေ ၁၄မိုင်လောက် ထပ်သွားရင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတဲ့ ထမ်းဆမ်းဂူကို ရောက်ပါတယ်...။ လမ်းတွေကလည်း ယခင်နဲ့မတူ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့် ပေးထားတဲ့ အတွက်ဖြောင့်ဖြူးသာယာနေလို့ ၁နာရီကျော်ကျော် လောက်အတွင်းမှာ ရောက်ရှိသွားပါတယ်...။
လမ်းခရီးမှာတော့ ၂၀၁၁ခုနှစ်က ကျွန်တော့်ဆီ တိုင်စာတွေ ရောက်လာဘူးတဲ့ ပင်းပက်သံမဏိစီမံကိန်းကို တွေ့ခဲ့ရလို့ ပြုံးမိပါသေးတယ်..။ တောင်ကြီး ဟိုပုန်းလမ်းဟာ အင်မတန်မှာ သာယာလှပတဲ့ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေလို့ ကင်မရာကို အလွတ်မပေးနိုင်ပဲ မှတ်တမ်းတွေ တပွေ့တပိုက်နဲ့ပေါ့။ တုခတော့ ပြောချင်သည် ကျွန်တော်တို့ နိုင်ငံမှာ ဆိုင်းဘုတ်တွေမှာ ဆောင်ပုဒ်တွေ လုပ်ဆောင်ချက်တွေကတော့ ပျံလန်ထွက်နေတာပါပဲ..။ ဥပမာ အနေနှင့် ဥတုရာသီ တောကိုမှီတို့ သစ်ပင်ခုတ်က ထောင်ဒဏ်(၃)နှစ်တို့ ဘာတို့ စသည့် ဆိုင်းဘုတ်များ တောင်ပေါ်မြို့များရဲ့ မြို့အဝင် မြို့အထွက်များမှာ အစီအရီမြင်နေရပါတယ်..။
ထို့ကြောင့်လားမသိ မြို့အဝင် မြို့အထွက် လူမြင်ကွင်းများတွင် သစ်ပင်များ စိမ်းစိမ်းစိုစို စိုစိုပြေပြေမြင် တွေ့နေရသော်လည်း မြို့နဲ့ ဝေးတဲ့ နေရာများမှာတော့ တောင်ကတုံးများ နေရာအနှံ့ပေါ့..။ နီးရာလူမြင်ရာ သစ်ပင်များ စိုက်နေကြသလားလို့ပါ..။ ဓာတ်ပုံရိုက်လိုက် ပြင်ပ ရှုခင်းတွေ ကြည့်လိုက်နဲ့ ရောက်လို့ ရောက်မှန်းမသိ ၁နာရီကျော်ကျော်လေးမှာ ရောက်ရှိခဲ့ပါတယ်..။
ရင်သပ်ရှုမောဘွယ်ရာ ထမ်းဆမ်းထုံးကျောက်ဂူဟာ ရှေးယခင်ကတည်းက ဟိုပုံး၊ လွိုင်လင်လမ်းဘေးမှာ ရှိပေမယ့် မည်သူမျှ မသိရှိခဲ့ပါဘူး။ လိုက်ပို့တဲ့ ဒေသခံရဲ့ ပြောပြချက်အရ ၂၀၀၉ခန့်က ဟိုပုံးကိုရင်လေး(ရှင်ပေါရိသ)ရဲ့ အိပ်မက်အရနဲ့ နွားကျောင်းသားလေးတဦးမှ တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ လူအများကြည့်ရှုနိုင်အောင် (ဟိုပုံးကိုရင်လေး)နဲ့ ဒေသံခံတွေရဲ့ ကြိုးစားမှုနဲ့ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်..။
ထမ်းဆမ်းဂူရဲ့ ထူးခြားချက်ကတော့ ကျွန်တော် ရောက်ရှိခဲ့တဲ့ မေမြို့ပိတ်ချင်းမြှောင်တို့၊ ပင်းတယဂူတို့နဲ့ မတူပဲ အထဲမှာ ရင်သပ်ရှူမောဖွယ်ရာ ကျောက်စက်ပန်းဆွဲများနဲ့ အင်မတန်မှ လှပကျယ်ဝန်းလှတဲ့ သက်တမ်းရင့် ဂူတခုဖြစ်တာပါပဲ..။ ကျောက်စက်ပန်းဆွဲတို့ရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေတဲ့ မြင်ကွင်းအလှကတော့ စာဖွဲ့မပြတတ်အောင်ပါပဲ။ ဂူထဲမှာတော့ မိုးတွင်းကာလဖြစ်တဲ့ အတွက် ရေထွက်ပေါက်မှ ရေးများတဝေါဝေါ ထွက်လာတဲ့ အသံကတော့ ဂူထဲမှာ ပဲ့တင်သံထွက်နေပြီး ဂူထဲမှ ကြီးမားတဲ့ ရေထွက်ပေါက်ကလည်း အံ့သြစရာပါ..။
ယခင်ကနိုင်ငံခြားသားများ လာရောက်ခွင့် မရခဲ့ပေမယ့် မကြာမှီကမှ နိုင်ငံခြားသားတွေ အတွက် ဖွင့်ပေးထားပုံရပါတယ်..။ နိုင်ငံခြားသားတွေ ဒီထက်ပိုမို သိရှိပြီး ထမ်းဆမ်းဂူကို လာရောက်လေ့လာခွင့် ရမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးအတွက် သာမက ကမ္ဘာကပါ သိရှိခွင့်ရကြမှာပါ..။ ကြီးမားပြီး သက်တမ်းရင် ထုံးကျောက်ဂူ ဖြစ်တဲ့ အတွက် နိုင်ငံခြားသားများနဲ့ ပြည်ပ ဘူမိဗေဒပညာရှင်များ အတွက် အင်မတန်မှ စိတ်ဝင်စားမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်..။ ထို့အတွက်ကြောင့်လည်း ထမ်းဆမ်းဂူကို ထိန်းသိမ်းရာမှာ ဘာသာသာသနာ အတွက် စေတီတော်တွေ တည်ထား ကိုးကွယ် ထိန်းသိမ်းမှုအပြင်.. (ပညာရှင်များရဲ့ အကူအညီနဲ့ သဘာဝကျောက်စက်တွေရဲ့ အလှ အပတွေပါ မကွယ်ပျောက်ရအောင် ထိန်းသိမ်းသင့်တယ်လို့ ယူဆမိပါတယ်..)။ ဘူမိဗေဒပညာရှင်တွေ အတွက် အင်မတန်မှ အဖိုးထိုက်တန်လှတဲ့ သက်တမ်းရင့် ဂူတခု ဖြစ်နေလို့ပါပဲ..။
ဒီလိုကြီးမားပြီး သက်တမ်းရင့် လှတဲ့သဘာဝဂူမျိုးသာ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိရင် နိုင်ငံခြားသားတွေနဲ့ သဘာဝပတ်ဝန်းကျင် မြတ်နိုးသူတွေ ခြေချင်းလိမ်နေကြမှာပါ..။ ကျွန်တော်တို့ နိုင်ငံဟာ ဒီလို အဖိုးတန် သဘာဝအလှတွေ အများအပြားပိုင်ဆိုင်ထားပြီး အရှေ့တောင်အာရှမှာ သဘာဝအလှတွေ အများအပြား မပျောက်ပျက် တည်ရှိနေသေးတဲ့ နိုင်ငံတခုအဖြစ် တည်ရှိနေသေးတာပါ..။ နိုင်ငံတော်အနေနဲ့ အဆိုပါဒေသကို နိုင်ငံခြားသားများ လွယ်ကူစွာ လာရောက်နိုင်ဖို့နဲ့ ထမ်းဆမ်းဂူ အကြောင်းကို ပြည်တွင်းပြည်ပသိအောင် လုပ်ဆောင်မှုနဲ့အတူ အဖိုးတန်သဘာဝကျောက်စက်တွေရဲ့ အလှကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်း စောင့်ရှောက်ဖို့ ရိုးသားစွာ အကြံပြုအပ် ပါတယ်..။
ဂူတွင်းမှာ ဓာတ်ပုံပေါင်းများစွာ မှတ်တမ်းတင် ရိုက်ကူးပြီး ပြန်ထွက်လာချိန်မှာတော့ တမူးရလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ယိုးလားလို့ ဆိုသလို ရှမ်း ပအိုဝ်းတွေရဲ့ အလှူဒါနပြုနေကြတဲ့ မြင်ကွင်း၊ ရိုးရာဝတ်စုံ ဆင်မြန်းထားတဲ့ ရိုးသားတဲ့ ပအိုဝ်းအမျိုးသမီးတွေနဲ့ သဘာဝကျောက်ဆောင်၊ ဂူပတ်ဝန်းကျင် ရေထွက်ပေါက်က အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ ချောင်းငယ်လေးအပြင် အေးမြကြည်လင်တဲ့ ရာသီဥတု အလှတို့ဟာ ပန်းချီကား တချပ်လိုပါပဲ...။ စာဖတ်သူများ အနေနဲ့လည်း ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက ကျောက်စက် အလှတွေ ပြည့်နေတဲ့ သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်တဲ့ သက်တမ်းရင့် ထမ်းဆမ်းလှိုဏ်ဂူကြီးကို တခါတခေါက် အရောက်သွားပြီး တို့ပြည်တို့မြေက မိမိနိုင်ငံရဲ့ သဘာဝအလှတွေကို ခံစားမှတ်တမ်းတင်ကြဖို့ အကြံပြုရင်း...
ဒီမိုဝေယံ
|
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
Posted: 27 Sep 2013 02:43 AM PDT
|
Posted: 26 Sep 2013 08:32 AM PDT
မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ်
ဖွေးဖွေးဖြူနေသော ရေပြင်လွှာထဲရှိ ကုန်းကမူလေးပေါ်တွင် စည်းလုံးညီညွတ် ပြွတ်သိပ်စွာဖြင့် နေထိုင်နေရသော လူသားတို့အတွက် အသက်စွန့်ပေးခဲ့သော ကျေးဇူးရှင် နွား၊ ကျွဲ၊ ဆိတ်၊ ခွေး သတ္တဝါများ၊ လူနေအိမ်ခေါင်မိုး မျက်နှာကြပ်ပေါ်တွင် လူများနှင့်အတူနေထိုင်နေကြသော ခွေး၊ ကြောင် အိမ်မွေးတိရစ္ဆာန်များ၊ လှေငယ်ပေါ်တွင် လူများနှင့်အတူ ရောထွေးလိုက်ပါစီးနင်းနေကြသော ကြက်၊ ခွေး၊ သတ္တဝါများ၊ ရေမြုပ်နေသော သစ်ပင်ကြီးများ၏ အထက်ကိုင်းခတ်များတွင် တက်ရောက်နေရာယူထားကြသော ကမ္ဘာ့ရန်သူများဟုသမုတ်ခံထားရသော မြွေ၊ ဖားသတ္တဝါများ၊ ကျောင်းများ လနှင့်ချီ၍ ပိတ်ထားသောကြောင့် ပညာသင်ကြားခွင့်မရသော ကလေးသူငယ်များ ဘဝရပ်တည်မှုအတွက်၎င်း၊ စားဝတ်နေရေးအတွက်၎င်း၊ အနာဂတ်ကာလများဆီသို့ မျှော်တွေးငေးမောရင်း ကူညီမည့်သူများအား မျှော်လင့်တကြီးစောင့်မျှော်နေကြသော မိဘပြည်သူအပေါင်းနှင့် အနာဂတ်သာသနာအတွက် ရင်လေးစွာဖြင့် စိုးရိမ်တကြီးမျှော်တွေးနေကြသော ရေမြုပ်နေသော ရွာဦးကျောင်းတော်ရှိ ဆရာတော်ကြီးများစသည့်ဘဝပေါင်းများစွာတို့သည် သဘာဝဘေးဒဏ်ကပ်ဘေးဆိုး အမျိုးမျိုးတို့ထဲတွင် ဒုက္ခပင်လယ်ဝေနေဆဲ ဖြစ်တော့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော ဖ.ဆ.ပ.လညီလာခံမိန့်ခွန်းတွင်လည်း ဗြဟ္မစိုရ်တရားခေါင်းပါးနေသရွေ့ ကာလပတ်လုံး ကပ်ဘေးအမျိုးမျိုးကြုံတွေ့ရမည်ဟူသော မှန်ကန်လှသည့် မိန့်မှာချက်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ရန်သူမျိုးငါးပါးဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေးစသည့် ဒုက္ခအမျိုးမျိုးသော ကပ်ဘေးအမျိုးမျိုးကြုံတွေ့ခံစားနေရပြီဖြစ်တော့သည်။ မြန်မာပြည်သူလူထုအပေါင်း ရေရှားပါးမှုဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်၊ လေဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် ဘဝပေါင်းမြောက်များစွာ သေကြေပျက်စီး အမိတကွဲ၊ အဖတကွဲ၊ အိုးပစ်/အိမ်ပစ်၊ စားရမဲ့/သောက်ရမဲ့ ဘဝများ တိုင်းပြည်ကိုစွန့်ခွာ၍ ပြည်ပနိုင်ငံများတွင် အလုပ်အကျွေးသွားပြု၍ ကျွန်ခံနေရသော အနာဂတ်လူငယ်များ၏ ဘဝပေါင်းများစွာတို့ဖြင့် ပြည့်လျှံနေရသော ဆိုးရွားလှသည့် အခြေအနေတရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်တော်မြင်တွေ့ခံစားမိတော့သည်။ သို့သော် ကျွန်တော်တို့လူမှုရေးသမားများ အရပ်ဘက် ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ဘုရားရှင်၏ ဗြဟ္မစိုရ်တရား(၄)ပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ကို လက်ကိုင်ပြု၍ လူသားချင်းစာနာစိတ်မွေးဖွားကာ အတတ်နိုင်ဆုံး ကူညီဖေးမပေးလျှက်ရှိသည်။ - မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။ - ကမ္ဘာ့နိုင်ငံအသီးသီးတို့သည်လည်း အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။ - ကမ္ဘာ့ရွာကြီး ငြိမ်းချမ်းရေးတရားများ အမြန်ဆုံးလွှမ်းခြုံ စေချင်တော့သည်။ ထိုအတွေး၊ ထိုအာရုံခံစားမှုတို့သည် ကျွန်တော် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဒီပဲယင်း၊ ရွှေဘို၊ ပြည်၊ ကြို့ပင်ကောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာပြည် အရပ်ဒေသအသီးသီးသို့ သွားရောက်၍ ဗြဟ္မစိုရ်ခြေလှမ်းလူမှုရေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည်။ ယခု ကြို့ပင်ကောက်၊ ရေဘေးကယ်ဆယ်ရေးသွားစဉ် ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ကယ်ဆယ်ကူညီရေး စက်လှေပေါ်မှ မြင်တွေ့ခဲ့ရသော သက်ရှိလူသားများ သက်ရှိကျေးဇူးရှင် ကုန်းနေတိရစ္ဆာန်များ၏ ဘဝများကာ ပျက်စီးယိုယွင်း ဘဝပျက်မှုများကို မြင်တွေ့ခံစားရင်း ကိုယ်ချင်းစာနာစိတ်တို့ဖြင့် မျက်ရည်လည်ခဲ့ရသည်။ "သြော် ….. မြို့ကြီးပြကြီးများတွင် သဘာဝကြုံတွေ့ရသော်လည်း စားရေးသောက်ရေး၊ နေရေး ထိုင်ရေး ဘဝတို့သည် ခံသာသေးသည်။ ယခုကဲ့သို့ ကျေးလက်ဒေသများရှိဘဝများသည်ကား …..။" ထိုအတွေး ထိုခံစားချက် ထိုသို့ ကိုယ်ချင်းစာနာစိတ် ကျွန်တော့်တွင် ဖြစ်ပေါ်နေဆဲ ကျွန်တော်တို့ ရေဘေး ကယ်ဆယ်ရေး စက်လှေပေါ်တွင် တက်ကြွစွာလိုက်ပါလာကြသော ပရဟိတလူမှုရေးသမားများအားတက်သော တက်ကြွသော စည်းလုံးသော၊ ညီညွတ်သောစကားသံများသည် ခုတ်မောင်းနေသော စက်လှေ၏ စက်ခုတ်သံအား လွှမ်းခြုံနေတော့သည်။ ရေပြင်ဖြူဖွေးဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီး စက်ခုတ်သံအား လွှမ်းခြုံနေသော ပရဟိတမောင်၊ မယ်တို့၏ အသံများအား "အေး … အေး မင်းတို့ကတော့ ပျော်မြူးနေကြ၊ ဒီမှာက ဘဝတွေအားလုံး ဆုတ်ပြတ်သတ်နေကြပြီ" ဟူသော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရေပြင်လွှာကြီးတစ်ခုလုံး စက်လှေပေါ်ရှိ ပရဟိတသမားများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အံ့သြတကြီးအသံထွက်ပေါ်လာသော နေရာသို့ မျက်လုံးများရွှေ့လျား ကြည့်ရှုခဲ့တော့သည်။ အားလုံးသော မျက်လုံးပေါင်းမြောက်များစွာတို့သည် ကျွန်တော့်ထံသို့ ဝိုင်းဝန်းကြည့်ရှုနေကြတော့သည်။ ကျွန်တော်သည် လှေဦးထက်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်နေသည်။ ကျွန်တော့်၏မျက်လုံးအစုံတို့သည် လှေဦးထက်ရေပြင်လွှာပေါ်သို့ရောက်ရှိကြည့်ရှုနေသည်။ ကျွန်တော်မြင်ရသော ကျွန်တော်ကြည့်ရှုနေသော ကျွန်တော့်အား ဒေါသတကြီး အသံနက်ကြီးဖြစ်ပေါ်ခဲ့ရသော မြင်ကွင်းသည်ကား ရေပြင်လွှာပေါ်တွင် ကျက်စားနေထိုင်ကြသော ပျော်မြူးနေကြကာ တောင်ပံခတ်၍ ကူးခတ်နေကြသော ရေဘဲသတ္တဝါ (၃) ကောင်ပင်ဖြစ်တော့သည်။ သက်ရှိလူသားများ ကုန်းနေသတ္တဝါများ ယခုကဲ့သို့ ရေဘေးဒုက္ခများ အကြီးအကျယ်ခံစားနေရချိန်တွင် ယခုကဲ့သို့ ပျော်ရွှင်မြူးတူးစွာ ရေပြင်လွှာပေါ်တွင်သွားလာ ကျက်စားနေသော ရေဘဲလေးများအား ကျွန်တော်ယခုကဲ့သို့ အသံနက်ကြီးဖြင့် သတိလစ် အော်ဟစ်ကြုံးဝါးလိုက်မှုသည် ဗြဟ္မစိုရ်တရားလေးပါးအား ဖောက်ဖျက်ကျူးလွန်မိတော့သည်ကား ကျွန်တော်ကိုယ်တိုင် မသိတော့ချေ။ အော် … သူတို့သည်ကား ရေနေသတ္တဝါများဖြစ်၍ ရေကြီးလေ သူတို့ကြိုက်လေ .. ပျော်လေပေါ့။ ကျွန်တော်တို့သည်ကား ……. ။ (ကမ္ဘာမြေပြင်ငြိမ်းချမ်းဖို့၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့၊ လူသားတိုင်းတွင် ဗြဟ္မစိုရ်တရား လက်ကိုင်ပြု ကျင့်သုံးကြစေချင်တော့သည်။)
ကျော်သူ
|
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
Subscribe to:
Posts (Atom)