Thursday 31 March 2011

Fwd: ဒေါင်းမာန်ဟုန်




ဒေါင်းမာန်ဟုန်


Posted: 29 Mar 2011 09:14 AM PDT

အနည်းငယ်သောအဆိပ်ပြင်း ပလူတိုနီယမ်များဖုကုရှီးမားအနုမြူဓါတ်အားပေးစက်ရုံဝင်းအတွင်းနေရာများ
စွာစိမ့်ဝင်ပြန့်နှံနေကြောင်းတွေ့ရအနုမြူလုံခြုံရေးအရာရှိများကပြောဆိုရာတွင်လူသားများအတွက်အန္တ
ရာယ်မဖြစ်နိုင်သော်လည်း လောင်စာချောင်းများပျော်ဆင်းရာမှရေဒီယိုဓါတ်သင့်ပစ္စည်းယိုစိမ့်မှုမှစက်ရုံကို
ထိန်းချုပ်နိုင်မည်လားဆိုသောစိုးရိမ်မှုကိုဖြစ်ပေါ်စေသည်။

အခြေအနေမှာအလွန်စိုးရိမ်စရာကောင်းကြောင်း ကက်ဗိနက်အတွင်းဝန် Edano မှပြော၊ ပျက်စီးမှုများကို
အတတ်နိုင်ဆုံးကြိုးစားပြင်ဆင်နေကြောင်းပြော၊ဓါတ်ပေါင်းဖို ၆ လုံးအနက်၃လုံးမှာ တစိတ်တပိုင်း ပျော်ဆင်းသည်ဟုယုံကြည်ကြောင်း၊ စက်ရုံမှရေဒီယိုဓါတ်ကြွပစ္စည်းများစိမ့်ထွက်မှုများကနို့၊ ဟင်းသီးဟင်းရွက်များနှင့်နောက်ဆုံး သောက်သုံးရေများအထိဝင်ရောက်လာကြောင်း၊ အစိုးရမှ စက်ရုံနှင့် ၁၂မိုင်ပတ်လည်မှလူများ ကို နေအီမ်များမှ စွန့်ခွါရန်နှင့် မစွန့်ခွါနိုင်ပါကလည်း တံခါးပိတ်ပြီးနေကြရန် တိုက်တွန်းထား၊

ဆက်တိုက်မတော်တဆဖြစ်မှုများနှင့် မသေချာမှုများက အစိုးရနှင့် တိုကျိုလျှပ်စစ်အကြားမေးစရာမေးခွန်း
များဖြစ်လာပြီး စိတ်အနှောက်အယှက်များကိုဖြစ်စေသည်။စက်ရုံကိုအမြန်ဆုံးတည်ငြိမ်ထိန်းသိမ်း
ရေးသည်စိုးရိမ်မှုများနှင့် နောက်ပြန်ဆွဲလျှက်ရှိသည်။

ပြီးခဲ့သည်အပတ်ကအလုပ်သမားများသည်လျှပ်စစ်ဓါတ်အားဆက်သွယ်ပြီး အစိတ်အပိုင်းတချို့ကိုပြန် လည်တပ်ဆင်နိုင်ခဲ့သော်လည်း ဓါတ်ပေါင်းဖိုကိုအအေးပေးရန် ရေ စုပ်စက်များကိုစတင်သောအခါအ ဆောက်အဦအောက်ခြေနှင့် ဓါတ်အားလိုင်းနှင့်ပိုက်များသွားရာမြောင်းများတွင်နေရာတော်တော်များ၌
ရေဒီယမ်ဓါတ်သင့်နေသော ရေများဝပ်နေသည်ကိုတွေ့ရသည်။
ရေဒီယမ်ဓါတ်သင့်နေသောရေများသည် လေထုအတွင်းရေဒီယိုဓါတ်ကြွမှုများကိုဖြစ်စေပြီး၊ အလုပ်သမား
များအလုပ်ခွင်အတွက်သတ်မှတ်ထားသောအတိုင်းအတာထက် ၄ဆမျှမြင့်မားသည်နေသည်ကိုတွေ့ရ
ပြီး ရေများကိုစုပ်ထုတ်နိုင်မှသာ ရေအေးလည်ပတ်မှုစနစ်ကိုစတင်နိုင်မည်ဖြစ်သည်။

ယင်းအချက်များကတာဝန်ရှိသူများကိုအချက်၂ချက်အပေါ်အသည်းအသန်စဉ်းစားစေရန်ဖြစ် လာပါသည်။ ရေများကို ဓါတ်ပေါင်းဖိုအတွင်းထပ်ထည့်သွင်းပြီးလောင်စာချောင်းများအပူလွန်ကဲမှုကိုထိန်းမည်လား နှင့် ရှိပြီးသားမသန့်သောရေများကိုစုပ်ထုပ်ပြီး ရေသန့်များဖြင့်အစားထိုးမည်လားဆိုသော မဝေခွဲနိုင်သောအချက်များကိုဖြစ်စေသည်။

ဓါတ်အားသင့်နေသောရေများကိုဖယ်ရှားရန်မှာယခုအရေးပေါ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် ရေအေးစီဆင်းမှုကိုလည်းချိန်ဆနိုင်ရမည်ဖြစ်ကြောင်းနူကလီးယားလုံခြုံရေးအရာရှိ Hidehiko Nishiyama ပြောဆိုသည်။

လောင်စာချောင်းများမှအလွန်မြင့်မားသောအပူချိန်လွင့်ထုတ်နိုင်သောပလူတိုနီယမ်ကိုရှာဖွေ တွေ့ရှိခြင်းက ဆိုးဝါးသောပျက်စီးဆုံးရှုံးမှုများကိုဖြစ်စေသည်ဟု Nishiyama ကဆက်လက် ပြောဆိုသည်။

ပလူတိုနီယမ်သည်အဆိပ်အပြင်းဆုံးသောဓါတ်ပစ္စည်းတမျိုးဖြစ်ပြီး လွင့်ပြယ်မှုနှေးကွေးကာအန္တရယ်ရှိသောရေဒီယိုဓါတ်ကြွမှုကိုနှစ်ပေါင်းများစွာတိုင်တည်စေနိုင်သည်။

ယင်းဓါတ်ငွေ့ကိုရှူရှိုက်မိပါက ရာသက်ပန်မိမိကိုယ်ထဲတွင်ရှိနေမည်ဟု Alan Lockwood, a professor of Neurology and Nuclear Medicine at the University at Buffalo and a member of the board of directors of Physicians for Social Responsibility, an advocacy group ကပြောဆိုသည်။

နူကလီးယားအကျပ်အတည်းကိုထိန်းချုပ်မှုအပေါ်အမြင့်ဆုံးတပ်လှန့်မှုနှင့်ဂျပန်ကြုံတွေ့ခဲ့ရသည်အပေါ် ဂျပန်ဝန်ကြီးချုပ်က ယနေ့ ပါလီမန်တွင်ကာကွယ်ပြောကြားခဲ့သော်လည်း ရေဒီယို ဓါတ်ပြန့်နှံမှုက ကျွမ်းကျင်သူများ၏ထိန်းချုပ်နိုင်မှုစွမ်းရည်ကိုမေးစရာဖြစ်နေသည်။

ဂျပန်ဝန်ကြီးချုပ်က ပါလီမန်တွင်ပြောကြားရာတွင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းအဆိုး
ဆုံးသောအကျပ်အတည်းနှင့်နပန်းလုံးနေရကြောင်းပြောဆိုလိုက်သည်။

ဇော်မင်းခိုင်
၂၉-၃-၂၀၁၁(၂၁း၃၀နာရီ)

Posted: 29 Mar 2011 08:45 AM PDT


နတ်မောက်ကို ကျေးဇူးဆပ်ခြင်း
      ၂၀၁၀ ခုနှစ် ဧပြီလတွင်း ပူပြင်းလှသော ရာသီဥတုဒဏ်ကြောင့် သောက်သုံးရေ ရှားပါး မှုများ မြန်မာပြည်အနှံ အများပြည်သူတို့ ခံစားခဲ့ကြရ၍ ပြည်တွင်း/ပမှ ပြည်သူလူထုတို့သည် လူသားချင်း စာနာစိတ်မွေးဖွား ပေါ်ပေါက်လာကာ ဒုက္ခသည်များ နေထိုင်ရာအရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တဆင့်ရေတွင်း၊ ရေကန်၊ အ၀ီစိတွင်းများ တူးဖော်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ထိုသို့ ရေဒုက္ခသည် အရပ်ဒေသများသို့ ရေတူးဖော်မှု၊ အုတ်ကန် တည်ဆောက်ပေးမှု၊ ရေစုပ်စက်များ လှူဒါန်းမှုတို့ကို ယခု ၂၀၁၁ ခုနှစ် ဧပြီလအထိ လုပ်ဆောင် လှူဒါန်းပေးနေရဆဲ ဖြစ်သည်။
      ၁၄.၁၂.၂၀၁၀ ရက်နေ့တွင် မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာ ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ရေတူးဖော်မှု၊ အုတ်ရေကန် တည်ဆောက်ပေးမှုများကို စတင်အကောင်အထည်ဖော် လုပ်ဆောင်ပေးခဲ့သည်။ နတ်မောက် ဒေသတွင် အများပြည်သူတို့သည် ယခင်က ရေသုံးစွဲမှုအတွက် လက်ယက်တွင်းများနှင့် ပူပြင်း လှသော သဲချောင်းအတွင်းမှ ခတ်ယူသုံးစွဲ ခဲ့ကြရသည်။ နတ်မောက်မြို့နယ် ဇာတိဖြစ်သော ဦးနိုင်ဝင်း၊ ဦးစိုးလှိုင်တို့၏ ကမ်းလှမ်းချက်ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့မှ ကိုညီညီအောင်ဦးစီး၍ သွားရောက်လေ့လာကာ တူးဖော်မှု လုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့သည် ပြည်မြို့၊ ရွှေတောင် မြို့နယ်၊ ပေါက်ခေါင်းမြို့တို့တွင် ရေတူးဖော်မှုလုပ်ငန်းများအား နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ကူညီမှုများပေးဆပ်ခဲ့သော လူငယ်လူမှုရေးသမားနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ နတ်မောက်မြို့နယ်တွင် လင်းကတိုးရွာ အိမ်ခြေ (၃၈၀)၊ ဂွေးချိုရွာ အိမ်ခြေ (၃၀၀) ကျော်၊ ထနောင်းလှရွာ အိမ်ခြေ (၂၀၀) ကျော်၊ ကျောက်ပုံရွာ အိမ်ခြေ (၂၆၀) ကျော်တို့ သောက်သုံးရေ ရရှိရန်အတွက် အ၀ီစိတွင်းများ၊ အုတ်ရေကန်များ၊ ရေစုပ်စက်များအား လှူဒါန်း အကောင်အထည် ဖော်ပေးပြီးဖြစ်ပါသည်။ ယင်းလှူဒါန်းပွဲအား ၂၀.၃.၂၀၁၁ တွင် မြို့နယ်သံဃာတော်/ ဆရာတော်များနှင့် ဒေသခံရွာသူ/သားများရှေ့တွင် ရေစက်သွန်းချ လှူဒါန်းအပ်နှံပွဲ ကျင်းပ ခဲ့ပါသည်။ ကုန်ကျငွေစုစုပေါင်း (၁၁၃) သိန်းကျပ်အား "အများပြည်သူအတွက် အများပြည်သူ ကောင်းမှု့ နာရေးကူညီမှုအသင်း(ရန်ကုန်)" ဟူ၍ ကဗ္ဗည်းတင်ထားရှိခဲ့သည်။ ထို့ပြင် နတ်မောက် မြို့နယ် ဂွေးချိုကျေးရွာ(ပင်း)ရှိ အများပြည်သူ မျိုးဆက်သစ် လူငယ်တို့အတွက် ဖွင့်လှစ်ထားသော "တက်နေ၀န်း" စာကြည့်တိုက်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ "သုခအလင်း" စာကြည့်တိုက်မှ စာအုပ်စာပေ၊ စာစောင်များကိုလည်း လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ နတ်မောက်မြို့နယ်အတွင်းရှိ တောင်ဦးကျေးရွာ အိမ်ခြေ (၄၀၀) ကျော်၊ ကျောင်းကုန်းကျေးရွာ အိမ်ခြေ (၁၂၀) ကျော်တို့တွင် ရေတူးဖော်မှုအလှူဒါနအား ဆောင်ရွက် လျှက်ရှိသည်။
      ထိုကဲ့သို့ ရေလှူဒါန်းမှုများ ပြုလုပ်ခြင်းသည် မြန်မာပြည်သူလူထုတို့အတွက် လွတ်လပ်ရေး ကို စွမ်းဆောင်ပေးခဲ့သော မြန်မာပြည်သူလူထုတို့၏ ကျေးဇူးရှင် ဗိုလ်ချုပ် အောင်ဆန်း၏ ကျေးဇူးတရားများအား မိမိတို့ တတ်နိုင်သည့်ဘက်မှ မိမိတို့ စွမ်းဆောင်နိုင် သလောက် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် ဗိုလ်ချုပ်၏ကျေးဇူးအား အများပြည်သူ (ပြည်တွင်း/ ပ)မှ ကောင်းမှု(သို့)ကျေးဇူးဆပ်ခြင်း၊ ပေးဆပ်ခြင်းပင် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)




No comments:

Post a Comment