Saturday, 19 March 2011



ဒေါင်းမာန်ဟုန်


Posted: 19 Mar 2011 06:28 AM PDT



မိမိတို့ လူငယ်များသည် ပါတီနိုင်ငံရေး လူမှု နိုင်ငံရေး တို့ဖြင့် တိုင်းကျိုးပြည်ပြု လုပ်ငန်းများကို မိမိတို့ ဆက်ဆိုင်သမျှ ပတ်သက်သမျှ မြင်ကြားရသမျှထဲမှ လူထု အကျိုး တခုသာ ရည်မျှော်ကိုးလင့်ပြီး စွမ်းသမျှ ဆောင်သွားမည်ဖြစ်ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းဆောင်အဖြစ် မဏ္ဍိုင်ပြုကာ လူထုကောင်းကျိုးဖြစ်စေမည့် မည်သည့် ကိစ္စမျိုးကိုမဆို ရဲရဲတည်တည်၊ သမာသမတ်ကျစွာ Network အသွင်များဖြင့် ပဲ့ပြင်ထမ်းရွက်သွားမည်ဖြစ်သည်။

၁၅ ရက် မနက်ပိုင်းတွင် လေဘေးသင့်ပြည်သူများအတွက် မိုးကာတာလပတ်များ သိမ်ကြီးဈေးမှ ၀ယ်သည်။ နေ့ခင်းတွင် BG လူငယ်တချို့က ဆေးရုံ နှစ်ရုံတွင် သွေးလှူတန်းနေချိန် အချို့က လေဘေးထိ ပြည်သူများအား အမိုးအကာများ၊ အ၀တ်အထည်များ၊ ဖိနပ်များ ဝေငှလှူဒါန်းနေသည်။ ညပိုင်းတွင် အရေးပေါ် အိုသွေး တောင်းခံလာသောကြောင့် မိုးသည်းသည်းကြားတွင် သွေးလှူရှင် ရှာချိန် မရ၍ BG လူငယ် ကိုညီညီ ကိုယ်တိုင် အင်းစိန် ခရစ်ယာန် ဆေးရုံတွင် သွားရောက်သွေးလှူခဲ့သည်။
မတ်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား သွေးလှူဘဏ်၌ A သွေး ပြတ်လပ်သွားသော ကြောင့် အရိုးအထူးကုဆေးရုံကြီးတွင် အရေးပေါ် အေသွေးသွင်း ကုသရန် လိုအပ်သော လူနာအတွက် မိမိတို့ BG လူငယ်များက အေသွေး အရေးပေါ် လိုက်လံရှာဖွေ ကူညီလှူဒါန်းပေးနိုင်ခဲ့သည်။
လူအိမ်ဆိုတာ ဟုတ်ပါရဲ့လား

တဖက်ကလည်း သွေးလှူဒါန်းနေစဉ် ကျန်သည့် လူငယ်များက တောင်ဒဂုံ ၆၉ ရပ်ကွက် အတွင်းရှိ လက်ကျန် လေဘေးထိ ပြည်သူများ၊ နေအိမ် ပျက်စီးပြိုယွင်းနေခြင်းကို မပြင်ဆင်နိုင်သော မုဆိုးမ၊ နာမကျန်း ၊ နွမ်းပါးလွန်းသူ တို့ အိမ်များထံ အိမ်တိုင်ရာရောက် ၀ါးများ၊ ဓနိများ၊ မျောတိုင်များ၊ အ၀တ်အထည်များ လက်ဝယ်ထိ ဝေငှလှူဒါန်းခဲ့ပါသည်။ မနက်မိုးလင်းမှ စပြီး အိမ်များဆောက်လုပ်ခြင်း ကို ကူညီလုပ်ကိုင်ပေးခဲ့ရာ ည ၇ နာရီတိုင်ပင်။





ယနေ့ မတ်လ ၁၈ ရက်နေ့တွင် မျိုးချစ်လူငယ်များ ပါဝင်သော အဖြူရောင်မေတ္တာ နက်ဝါ့မှ တောင်ဒဂုံ လေဘေးသင့် ပြည်သူများအတွက် ဓနိမိုး ၅၀၀ပျစ်၊ ၀ါးပိုးဝါး ၂၀လုံး၊ မျင်ဝါး၁၀လုံး။ ၀ါးကပ် ၂၀ ကပ်၊ နှီး ၁၀ စီး စုစုပေါင်း တန်ဖိုး တသိန်းဖိုးခန့် လာရောက်လှူဒါန်းပြီး ပူးပေါင်းကူညီဆောင်ရွက်သည့်အတွက် NLD ပါတီဝင်များ။ BG လူငယ်များက လေဘေးသင့် ပြည်သူလူထု ကိုယ်စား အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း...

ကန်တော်ကလေး ရပ်ကွက် ၈၈ လမ်းနေ အလှူရှင် မိသား တစ်စုမှ ငွေကျပ်တသိန်းနှင့် တကွ လေဘေးသင့်ပြည်သူ လူထုအား အချမ်းအေးဒါဏ်ခံ နိုင်ရန် အတွက် အနွေးထည်များကို မတ်လ ၁၆ ရက်နေ့ တကြိမ်၊ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် တကြိမ် အနွေးထည်များ ထပ်မံ ပေးပို့ လှူဒါန်းခြင်းအားလည်း အထူး ဂုဏ်ပြု ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အမည်မဖေါ်လိုသူ နေပြည်တော် အရေးပါသော ဌာနတခုမှ အရာရှိကြီး တဦးကလည်း BG လူငယ် တဦး သွေးအလှူခံရှာဖွေရေးတွင် အရေးပါသည့် လက်ကိုင်ဖုန်းအား ငွေတသောင်းကျပ် ဖြည့်တင်းနိုင်ရေး TopUp ကဒ်နံပတ်များ ပေးပို့လှူဒါန်းပါသည်။ မိမိတို့မှာ မိမိတို့ အိတ်စိုက်ထုတ်ပြီး ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်ဖြစ်၍ ယခုကဲ့သို့ အလှူရှင် စေတနာရှင်များ ပူးပေါင်းပါဝင်မှုသည် ရှေ့ဆက်လုပ်ငန်းများ အတွက် ကြီးစွာသော ခွန်အား အထောက်အပံ့ဖြစ်စေပါသည်။

ရန်ကုန်မြို့မှ စာပေတိုက်ကြီးတခုဧ။် မန်နေဂျာ တဦးမှလည်း ကလေး အ၀တ်အထည်များစွာကို အိမ်တိုင်ရာရောက် လာရောက်ပေးပို့လှူဒါန်းပြီး လေဘေးသင့် ကလေးသူငယ်များစွာဧ။် အသက်ကို ကယ်တင်ပေးသွားသည်ဖြစ်၍ တုနှိုင်းမရသော ဂုဏ်ပြုခြင်းမျိုးဖြင့် ကျေးဇူးတင် ၀မ်းမြောက်မိပါကြောင်း.....

BG လူငယ်များ အသုံးပြုသည့် မာဇဒါဂျစ်ကားတွင် အသုံးပြုရန်အတွက် စက်သုံးဒီဇယ်ဆီ လေးဂါလံ ထည့်သွင်းလှူဒါန်းပေးသော တပ်မတော်(ရေ) မှ တပ်မှူးငယ် တစ်ဦး အားလည်း မြင့်မြတ်တည်ကြည်ပြီး စစ်သားကောင်းပီသသော စိတ်ဓါတ်ပိုင်ရှင် အဖြစ် လူထုမော်ကွန်းတွင် တင်လိုက်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအား မြတ်နိုးလေးစားပြီး ပြည်သူကို ကာကွယ်မြင့်တင်စောင့်ရှောက်လိုစိတ် ရှိသူ စစ်သားများအား အထူးဂုဏ်ပြုလေ့ရှိသူ မိမိတို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါသည်

အနုပညာရှင် ရုပ်ရှင်မင်းသမီး ပွင့်နဒီမောင် နှင့် မိဘများက လေဘေးထိ ပြည်သူများအတွက် အလှူငွေ တစ်သိန်းနှင့် အ၀တ်အစားစုံပါသော အိတ်ကြီး နှစ်အိတ်ကို လှူဒါန်းပြီး BG လူငယ်များနှင့်အတူ ပြည်သူ့ အကျိုးကို ပြုဆောင်ပါသဖြင့် အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြည်သူ့ မော်ကွန်းတွင် ကမ္ပည်းတင် ဖေါ်ပြအပ်ပါသည်။ ပြည်သူချစ်သော အနုပညာရှင် ပီပီ ပြည်သူ့ အကျိုး ဆထက်တိုးပြုနိုင်ပါစေ။

အလှူရှင် ဒေါ်သဇင် မှလည်း လေဘေးထိ ပြည်သူများအတွက် ယာယီရွက်ဖျက်တဲကြီး (၃) လုံး၊ ကလေး အ၀တ်အစားများ အိတ်ကြီး (၁) အိတ်၊ လူကြီး အ၀တ်အစားများ အိတ်ကြီး (၁) အိတ် ကို ဆက်သွယ်ပေးပို့လှူဒါန်းလာသောကြောင့် ပြည်သူလူထု နှင့် ပတ်သက်သော အမှန်တရားများသာ တင်ပြမည့် ယခု ပြည်သူ့ မော်ကွန်းတွင် ကမ္ပည်းတင် ဂုဏ်ပြုဖေါ်ပြအပ်ပါသည်။

BG သွေးအကူအညီပေးရေးFacebookမှ

Posted: 19 Mar 2011 04:57 AM PDT
Posted: 19 Mar 2011 01:43 AM PDT



တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့၆ မိနစ်စာဒီဗီဒီယိုလေးဟာ အနှစ်၆၀ရှာလို့
မတွေ့နိုင်တဲ့ ကြီးမားတဲ့မေတ္တာတရားကိုဖော်ညွှန်းပေးနိုင်ခဲ့တယ်..

Posted: 19 Mar 2011 01:03 AM PDT
Iwateမြို့မှ ဆူနာမိရေဘေးကြောင့်လွှင့်ပါမျောပါသွားသော သေဆုံးသွားခဲ့သည့် ၎င်း၏မိသားစုဓာတ်ပုံကို ကောက်ယူရရှိပြီးဝမ်းနည်းစွာကြည့်ရူနေသောဂျပန်တဦး






(Paula Bronstein/Getty Images)

Posted: 18 Mar 2011 09:51 AM PDT
ညီ ဒီစာလေး ကျွန်တာ့်နာမည်နဲ့ တင်ရန် မလွယ်လို့ ညီဘဲ တင်ပေး စေလိုပါတယ် ။ ကျွန်တော့်ဆိုင်ကို  Tech မှ စာ နှစ်ဆောင်ရရှိပါတယ်။ Myanmar Info Tech ကတော့ MPT စာကို ရည်ညွှန်း ပေးပို့ထားတာဖြစ်ပြီး၊ MPT မှ စာကတော့ အတော့ကို ဖတ်လို့အစဉ်မပြေ စာထုပ်ရ သူက မရေးချင်ရေးချင် ရေးရတာလား ၊ စာမရေးတက်လို့လား ၊ တမင် ကွန့် ရေးလိုက်သည်လား ဆိုတာကတော့ ကံယ ကံရှင်ဘဲ သိမယ်။

MPT စာမှာက အများပြည်သူများကို ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲ၇န် ဆွဲဆောင်ခြင်း ပိုမို များပြားလာခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် နိုင်ငံခြား ခေါ်ဆိုမှု့များ ကျဆင်းလာပြီး နိုင်ငံတော်၏ ၀င်ငွေထိခိုက်မှုများ ဖြစ်ပေါ်လာပါသည် လို့ရည်ညွှန်း ဖေါ်ပြထားတာကိုတွေ့ရတယ်။

ဒီနေရာမှာ ကျွန်တော် မေတ္တာရပ်ခံလိုတာက MPT ဟာ စီးပွားဖြစ်ဝင်ငွေရှာတဲ့ စိတ်မထားဘဲ ပြည်သူ၊ ပြည်သားများ ဆက်သွယ်မှု့အစဉ်ပြေ စေရေးကို အရှုံးခံသင့် အရှုံးခံ ပြီး ပြည်သူတွေအတွက် လုပ်ပေးသင့်ပါတယ်။ ပြည်သူတွေ ဈေးနှုံးသက်သာစွာ အသုံးပြုနေနိုင်အောင် MPT မှ မလုပ်ဆောင်နိုင်ရင်တောင် ပြည်သူတွေ ဈေးနှုံးသက်သာ စွာ အသုံးပြု နိုင်ခွင့်ကို မျက်နှာလွဲသင့် လွဲထားသင့်တယ်လို့ ယူစမိတယ်။

 Information Technology ခေတ်ကြီးမှာ IT ရဲ့ အသီးအပွင့်တွေကို မစားရလို့ သက်မှတ်သည်မှာ သဘာဝကျလှသည်မဟုတ်။ MPT ကိုယ်တိုင်ကလည်း ဒီလို အခွင့်အလမ်းမျိုးလုပ်ပြီး အစားထိုးသည်ဆိုလည်း သိပ်ပြောရန်အကြောင်းပေါ်မည်မထင်။

အဲ့ဒီ MPT က စာကို ဖတ်တော့ Gtalk , VZO , Pfingo , Skype , Callback တို့ကို တာလိုက် တယ်လို့ ဖေါ်ပြထားသော်လည်း VOIP Gateway များကြောင့် MPT စီးပွားပျက်ရပါတယ် ဆိုသည်ကို မတွေ့ရ၊ ပြည်ပ နိုင်ငံများကို သွားရောက်သူတိုင်း မြန်မာနိုင်ငံကို ဈေးနှုံးချိုသာစွာ အသုံးပြုနိုင်တဲ့ Calling Card တွေဟာ VIOP စနစ်နဲ့ အင်တာနက်မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာတာ ဖြစ်ပြီး ပြည်တွင်းမှာ VOIP Gateway တပ်ဆင်ပြီး local Phone line မှ တဆင့် ၀င်ရောက်လာတာပါဘဲ။ VOIP Gateway ဆိုလို့ အကြီးကြီး မထင်လိုက်ပါနဲ့ ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Switch လောက်သာသာ ရှိတဲ့ Gateway လေးနဲ့ RJ 11 8 Port, 16 port 24 port စသည်မှ E1 Line တို့ နဲ့ ချိတ်ဆက် အသုံး ပြုနိုင်တဲ့ စနစ်လေးပါ၊ အဲ့ဒါတွေ ဘယ်တာ ကထွက်ပါသလဲ အဲ့ဒါတွေ အခုလည်း ရှိနေတော့ MPT မမြတ်ရင်တော့ တာဝန်ရှိသူများ အမြတ်ရလို့ အသံမထွက်တာလား ဒါမှ မဟုတ် ထည့်သွင်းဖေါ်ပြရန် မေ့သွားတာလား ဆိုတာကို တွေးတော ရမလိုပါဘဲ။

ပိုလို့ စိတ်မကောင်းရသည်မှာ မြန်မာနိုင်ငံ အင်တာနက် လိုင်းများကျ နေသည့်နေ့များ တွင်ပင် VOIP gateway တွေမှ ၀င်လာသည့် ပြည်ပမှာ ခေါ်ဆို တဲ့ ဖုန်းတွေက လိုင်းကောင်းနေလေတော့၊ ဒီလို လိုင်းကောင်းအောင် လုပ်ပေးနိုင်သည့် မြန်မာပြည်မှ VOIP Gateway ကော်မရှင်ရ ပညာရှင်းများကို ပြောလိုတာကငါတို့က PAC ကို တစ်လ ၅၀၀၀၀ ပေးရတယ်၊ Bagan လိုင်းက ၅၁၂ ထက်ပိုမပေး၊ လိုင်းက စိတ်မချရ တော့ MPT နောက်တလိုင်း ကို ၁၄၀၀၀၀ သိန်းလောက် ပေးပြီး ထက်ဝယ်ရတယ် အဲ့ဒါတောင် ၅၁၂ ဘဲရတယ် ဒီထက် ပိုလိုချင်ရင် လိုင်းကြေးရှိတယ် အဲ့ဒီမှတောင် ပုံမှန် အိုင်ပီ နဲ့ အလိုအလျာက်အိုင်ပီ နှစ်ပိုင်းခွဲထားပြီး လိုင်းကြေးမရှိသူတွေကို အလိုအလျောက်အိုင်ပီ ပေးထားပြီး လိုင်းနဲနဲ ကျတာနဲ့ လိုင်းမရဖြစ်၊ လိုင်းကြေးနဲ့ ဆို ပုံမှန် အမြဲရ အိုင်ပီတွေပေးတယ်။

ဒီလို ဒီလိုတွေကြောင့် ပုံမှန် အခန်းဌားခ၊ Bagan လစဉ်ကြေး၊ MPT လစဉ်ကြေး၊ PAC လစဉ်ကြေး ၊ ၀န်ထမ်းကြေး၊ မီတာခ ဒါတွေနဲ့တင်မက အင်တာနက်က မရတာက များများ နေလို့ လည်ပင်အစ်နေတုန်း ဟိုတလောက CCTV တွေ မတက်လို့ မရဘူးလို့ မြို့နယ်ရုံးက လက်မှတ်ထိုးခိုင်းလို့ မရှိရှိတာလေးနဲ့ ၀ယ်တက်လိုက်ရသေးတယ်၊ ဒီလို အနိုင့်အထက်နဲ့ စားဘို့ လုပ်နေသူတွေကို ဥပဒေ ကို အကြောင်းပြ၊ အသံကောင်းဟစ် သည်ကို စိတ်မကောင်းရန်မှ အပ အခြားမရှိသည့် ဘ၀။


 Rozoner King facebookမှ

Posted: 18 Mar 2011 09:29 AM PDT
Fukushima
နူကလီးယား ဓါတ်ပေါင်းဖိုနှင့်ပတ်သတ်၍ဂျပန်နိုင်ငံအတွင်းUpdateသတင်း
ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှုပမာဏကိုတိုင်းတာကြည့်တဲ့အခါ သိသိသာသာကျဆင်းသွားတာမျိုးမရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖိုအနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့အခြေအနေကနေ အင်အား ကောင်းတဲ့မီးသတ်ပိုက်တွေလက်လှမ်းမီတဲ့နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ်ဆိုတာက ဓာတ်သတ္တိ ကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည် အသင့်ခံရနိုင်တာတောင် စွန့်စားပြီးသွားရောက် တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။

ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်ရလောက်တဲ့အခြေအနေမျိုးမဟုတ်ဘူး လို့ ပြောပါတယ်။ ဂျပန်ဆရာဝန်တဦးကတော့ အနုမြူဓာတ်ရောင်ခြည်သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်းဖြစ်စေတာမဟုတ် နှစ်နဲ့ချီကြာမှကင်ဆာလိုရောဂါမျိုးတွေနဲ့ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။

ဒီအတောအတွင်း ဂျပန်အစိုးရ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုလုပ်ကြရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုမျိုးအမိန့်ထုတ် တယ်ဆိုတာဟာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ဒီလိုပဲ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းလောက်ကို ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။

ဒီကနေ့မှာ ဓာတ်ပေါင်းဖိုတွေကို မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာရတဲ့ပုံရှိပါတယ်။ ဒါပေမဲ့လည်း တချို့သော ကွန်ဗီးနီးယင့်စ်စတိုးတွေမှာ စားစရာတွေထားတဲ့ စင်တွေ ပြောင်သလင်းခါဖြစ်နေတာတွေက တချို့လူတွေ ရဲ့စိတ်ထဲမှာ လာမယ့်ရက်တွေမှာ ဘာတွေဖြစ်မလဲဆိုတာ မှန်းဆလို့မရနိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေ တယ်ဆိုတာကိုလည်း တွက်ဆလို့ရပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေဟာလည်း တခြားသတင်းတွေနဲ့ အစီအစဉ်တွေကို အနည်းငယ် ပိုပြီး ထုတ်လွှင့်လာတာကိုတွေ့ရသလို၊ လမ်းသွားလမ်းလာတွေလည်း အရင်နေ့တွေကထက်စာရင်ပိုများပြား လာတာကို သတိထားမိပါတယ်။

ဂျပန်လူမျိုးတွေရဲ့အသည်းစွဲ ဘေ့စ်ဘော ကစားပွဲတွေ မတ်လ ၂၅ ရက်မှာ ပြန်စဖို့အစီအစဉ်ကို လွန်ခဲ့တဲ့ ရက်တွေက ရွှေ့ဆိုင်းမယ်ဆိုပြီးပြောဆိုဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့ညနေမှာ မူလအစီအစဉ်အတိုင်းပြန်စမယ် လို့ ပြောပါတယ်။ ကစားသမားတချို့ကတော့ ကန့်ကွက်မှုတွေရှိနေပါတယ်။

လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် တိုကျိုဆင်ခြေဖုံးနဲ့ ကန်တို ဧရိယာလူနေရပ်ကွက်တွေမှာ လျှပ်စစ်မီးအလှည့်ကျဖြတ်တောက်တာတွေရှိပေမဲ့ တချို့နေရာတွေ မပြတ်ပဲရှိတာ၊ ရထားပြေးဆွဲမှုတွေ တိုးတက်ကောင်းမွန်လာတာတွေက အခြေအနေတွေ နည်းနည်းချင်းအကောင်းဘက်ကို ပြလာတဲ့သဘော ဖြစ်ပါတယ်။

မတ်လ ၁၉ ရက် စနေနေ့ မနက် ၀ နာရီ ၃၀ မိနစ် (၁၈ရက်ညသန်းခေါင်ကျော်)အဲန်အိပ်ခ်ျကေ သတင်းမှာ တိုကျိုမီးသတ်တပ်ဖွဲ့ဟာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၀ နာရီ ၃၀ မိနစ်မှာ ရေပက်ဖျန်းတာတွေကိုလုပ်မယ်လို့ ကြေညာသွားပါတယ်။

ကျော်ကျော်စိုး

ဝး၄၆ နာရီ
မေးလ်ဖြင့်ပေးပို့သောzzhlaingj အားကျေးဇူးတင်ရှိပါသည်..

You are subscribed to email updates from ဒေါင်းမာန်ဟုန်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment