Sunday, 20 March 2011

Fwd: နတ်မင်းရယ်သံ








တစ်ခါက ရွာတစ်ရွာရဲ့ နံဘေးအနီးအနား တောစပ်မှာ ကြီးမားတဲ့ ညောင်ပင်ကြီးတစ်ပင်ရှိတယ်တဲ့။ အဲ့ဒီညောင်ပင်ကြီးအောက်မှာ
အနှစ်နှစ်အလလက တည်ထားပုံရတဲ့ နတ်ကွန်းကြီးလည်းရှိတယ်။ ရွာကတော့ စည်ကားတဲ့ ရွာကြီးပေါ့။ မြို့တွေနဲ့ဆက်သွယ်ဖို့
ဖောက်လုပ်လက်စလမ်းလည်းရှိတယ်။ ဒါပေမဲ့ လူမညီတော့ လမ်းကမပြီးဘူး။ အဲဒီလမ်းကိုလည်း မသုံးကြဘူး။ နတ်ကွန်းရှေ့က
ဖြတ်ပြီး တောလမ်းအတိုင်းပဲမြို့တွေဆီကို သွားကြလာကြတယ်။
တစ်နေ့မှာ ရွာသားကြီးတစ်ယောက်ဟာ သူ့သားကို မြို့ကျောင်းထားဖို့အတွက် သားလက်ကိုဆွဲပြီး တောလမ်းအတိုင်း တက်လာ
တယ်။ နတ်ကွန်းရှေ့က အဖြတ်မှာ နတ်ကြီးကထရပ်တယ်။ ဖခင်ဖြစ်တဲ့ ရွာသားကြီးဟာ အံ့သြတနဲ့အမျှ ပီတိလည်းပွားရတယ်။
"ငါ့သားဟာ အထွတ်အထိပ်ရောက်မယ့်သားပဲ။ နတ်ကြီးကတောင် မတ်တပ်ရပ်ပြီး အရိုအသေပေးရတယ်"
မြို့ကျောင်းမှာ သားကိုထားခဲ့ပြီး မျှော်လင့်ချက်တွေလည်းကြီးမားခဲ့တယ်။ အဲဒီလိုနဲ့ နှစ်တွေကြာသွားတယ်။ သားကရွာကို ပြန်လာ
တဲ့အခါမှာလည်း နတ်ကွန်းရှေ့ေ၇ာက် ရင်နတ်ကြီးက ထရပ်ပေးဆဲပါပဲ။ တစ်နေ့မှာတော့ မြို့တော်ကရောက်လာတဲ့ဧည်သည်တွေ
ဆီကနေ သားဖြစ်သူရဲ့ သတင်းကို ဖခင်၇ွာသားကြီးကြားရပါတော့တယ်။
"ခင်ဗျား၇ဲ့သားက မြို့တော်မှာ နာမည်ကျော်နေပြီ"၇ွာသားကြီး အရမ်းဝမ်းသာသွားတာပေါ့။"ဟုတ်လား၊ဘယ်လိုနာမည်ကျော်တာလဲ"   "စောရကြီးတစ်ယောက်အဖြစ် နာမည်ကျော်နေလေရဲ့"  "ဘာဗျ"  "အဟုတ်ပြောတာ…… အခုဖမ်းမိထားလို့အကျဉ်းထောင်ထဲ ရောက်နေပြီ"။ ရွာသားကြီးဟာ ဒေါသူပုန်ထဲပြီး မြို့တော်ကိုလိုက်သွားပါတယ်။ အမှန်ပါပဲ။ သူ့သားဟာ အထင်ကရ သူခိုးကြီးတစ်ယောက်အဖြစ် အကျဉ်းစံနေရပါပြီ။ ရွာပြန်လာတဲ့ ရွာသားကြီးဟာ နတ်ကွန်းရှေ့အရောက်မှာ ပေါက်ကွဲပါတော့တယ်။
နတ်ကြီးကိုလက်ညှိုးငေါက်ငေါက် ထိုးပြီး"သင်ဟာ လူလိမ်လူညာပဲ"။ နတ်ကြီးက အံ့အားသင့်သွားတယ်။
"ကျုပ်ကနတ်ပဲ၊ ဘာကိစ္စ လူလိမ်လူညာ ဖြစ်ရတာလဲ" "ဒါဖြင့် နတ်လိမ်နတ်ညာပဲ"  "အလိုဘာဖြစ်လို့ပါလိမ့်"
"ကျုပ်သားလာတိုင်း ခင်ဗျားက မတ်တပ်ရပ်ပြီး အရိုအသေပေးတယ်၊ ကျုပ်သားကပဲ ကြီးမြတ်သူဖြစ်လာတော့မယောင်ယောင်၊
အခုတော့ ကျုပ်သားဟာသူခိုးကြီးဖြစ်သွားပြီဗျ" နတ်ကြီးက တဟားဟား အော်ရယ်ပါတယ်။
"ဘယ့်နှယ့် ခင်ဗျားသားကို ကျုပ်က အရိုအသေထပေးရမှာလဲ။ ခင်ဗျားသားက သူခိုးဇာတာပါလို့ ကျုပ်နတ်ကွန်းက ရှိတာလေးတွေကို "မ" သွားမှာစိုးလို့ ထထရပ်ကြည့်နေရတာ"
(ပုံပြင်လေးကတော့ တာရာမင်းဝေ ရဲ့ ဘယ်ဘက်လက်ထဲမှာဝှက်ထားတဲ့ပုံပြင် စာအုပ်ထဲမှဖြစ်ပါတယ်)


No comments:

Post a Comment