လက်ရှိ တာဝန်ထမ်းဆောင် ဆဲ စစ်ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှု
ဖြင့် ဗိုလ်မှုးကြီး တစ်ဦး ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့ စည်းခဲ့သည့်
မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက်တွင် မှော်ဘီလေတပ် စခန်း၊
မိတ္ထီလာလေတပ် စခန်း ၊လေကြောင်း ရန် ကာကွယ် ရေး တပ်မှ
အရာရှိများ၊ ဟိုင်းကြီး ကျွန်းရေတပ် ၊ မြောက်
ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မှ အရာရှိများ၊ ပင်မ
စစ်လက် နက် ခဲယမ်း တပ် ၊ အင်းတကော်၊ ရဲမွန် နှင့် အင်းတိုင် မှတပ်များ အား လုံး ပါဝင် သည် ဟု မှော်ဘီ လေတပ် စခန်း မှ
အရာ ရှိတစ်ဦး က FNG သို့ ပြောသည်။
မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက် ဟာ လက်ရှိ တပ်တွင်း မှာ ပေါ်ပေါက် နေ တဲ့ ပြဿနာ တွေ ကို
အဓိက ဖြေရှင်း ဖို့  ဖြစ် ပြီး အနာဂတ် မှာ တော့ ပြည်သူ ကို အကာအကွယ်ပေး ရန် အတွက် ရည်ရွယ်
ဖွဲ့ စည်းခြင်း ဖြစ်သည်။
ယခုသတင်း နဲ့  တစ်ဆက် စပ်တည်း ကြားရသည့် အခြား သတင်း တွင် ဧပြီလ ၁ ရက် နေ့ က စတင်
တာဝန်ထမ်း ဆောင် ခဲ့ သည့် ကာကွယ် ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည်
လည်း ၎င်း အား အခြား ပြိုင် ဘက် များ က လုပ်ကြံမည် ဟု သတင်း ရရှိသောကြောင့် လုံခြုံရေး ထူ
ထပ် စွာဖြင့် သွား လာနေရ ကြောင်း နေပြည် တော်မှ အမည် မဖော်လို သည့် အရာ ရှိ တစ်ဦး က
ပြောသည်။
မကျေနပ် သည့် တပ်များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကို ၀ိုင်းမည်
April 17, 2011
ရန်ကုန် မြောက်ပိုင်းက တိုက်ကြီး၊ မှော်ဘီ ၊ ရဲမွန် နဲ့  အင်းတကော် က တပ် တွေ ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကို မကြာခင် ၀ိုင်းတော့ မယ်လို့  မှော်ဘီ လေတပ် စခန်း က အရာ ရှိ တစ်ဦးက FNG ကို ပြောပါတယ်။
ဒီတပ်တွေ ဟာ သူတို့ ရဲ့  မကျေနပ် ချက် တွေ နဲ့  အခွင့် အရေး တစ်ချို့ ဆုံး ရှုံး တာတွေ နဲ့ ပတ်သက်ပြီး အထက် ကို တင်ပြရာမှ ဘာမှ လုပ်ဆောင် ဖြေရှင်း ပေးမှု မရှိတာ ကြောင့် အခုလို လက်နက်ကိုင် ဖြေရှင်းရတော့ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး အသစ် ဖြစ် တဲ့ ဗိုလ်မှုးချုပ် ထွန်းသိန်း ရော ၊ ကာကွယ်ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရောက် ပါ ဒီပြဿနာ တွေ ကို ကျွမ်းကျင် လိမ္မာစွာ ကိုင် တွယ် ဖြေရှင်း နိုင်မယ် မထင် ဘူးလို့  ရန်ကုန် မြို့ က အငြိမ်းစား တပ်မတော်အရာရှိဟောင်း တစ်ဦးက FNG ကို ပြောပါတယ်။
ယမန်နေ့ က ပြန်လှန် ပစ်ခတ်မှု တွေ ကြောင့် အရာရှိ အဆင့် ရှိသူ တစ်ဦး ကျဆုံး ခဲ့ရတယ်လို့  ဘီဘီစီ မြန်မာ ပိုင်း အသံလွှင့် အစီအစဉ် က ကြေငြာ သွား ခဲ့ပါတယ်။
ယခင် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ရန်ကုန် တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ဒီပြဿနာ ကိုဝင်ရောက် ဖြေရှင်း ပေလို့ ပေမယ့် ၊ တိုင်းမှုး အသစ် ကတော့ အရပ်သား ဖြစ်သွား ပြီ ဖြစ်တဲ့ဦးမြင့်ဆွေ ရဲ့ ကြားဝင်စေ့စပ် မှု ကို လက်မခံ ဘူးလို့ သိရပါတယ်။
No comments:
Post a Comment