သစ္စာမြည်ဟိန်းသံ
မေလကို ဖြတ်သန်းဖို့ ငါ့ မျက်ရည်တွေကို
တမံတုတ်ထားရတယ် ။
စိတ်ကို ကလစ်တချက်နှိပ်ယုံနဲ့ 
မေလထဲက အံကြိတ်သံ
တောက်ခေါက်သံတွေဟာ
ငါ့ ရင်ထဲမှာ ဆူညံနေဆဲဘဲ။
သစ္စာတရားရဲ့ ခါးသည်းတဲ့ 
အရသာတွေကိုစားသုံးဖို့ 
သူတို့ သွားကြတော့မယ်
၁၉၉၈ခုနှစ်ရဲ့ မေလ ၁၀ရက်ဟာ
ငါတို့ အားလုံးကို
အသင့်အနေအထားရှိဖို့ 
ပုတ်နှိုးလိုက်ကြတယ်။
သူတို့ ရဲ့ အလုပ်ဟာ
တရားဥပဒေအထက်က
လူများရဲ့ မတရားမှု ကို
ခုခံဘို့  မသမာမှု ကို
တွန်းလှန်မဲ့ ခံစစ်ဖြစ်သလို
သစ္စာတရားအတွက်
ရှေ့ ကိုတိုးမဲ့ ထိုးစစ်လည်း ဖြစ်တယ်။
တကယ်ကသူတို့ ဟာ
ယုံကြည်ချက်ကိုအသက်ထက်
ချစ်သူ
ဂုဏ်သိက္ခာကို ရှင်သန်ခြင်းထက်
မြတ်နိုးသူ
ဆရာတော်ဦးဝိစာရဟာ
ရက်ပေါင်း၁၀၀ကျော်တဲ့ အထိ
ကျွန်းတိုက်ပွဲကရဲဘော်များဟာ
ရက်ပေါင်း၅၀ ကျော်တဲ့ အထိ
ဒါပေမဲ့ သူ့ ကျတော့
အယ်လ်နီညိုနဲ့ မာန်တက်နေတဲ့ 
မိုး မင်း ကြီးတောင်
ကိုအောင်ကျော်မိုးကြောင့်
မေလ ၁၆ရက်နေ့ မှာ
မျက်ရည်ဖြိုင်ဖြိုင်
ကျခဲ့  ရတယ်။
ဆရာတော်ဦးဝိစာရကို
သူ့ ခေတ်ရဲ့ သူရဲကောင်းအဖြစ်
နှောင်းလူတွေ ဦးညွတ်ကြ
ဂုဏ်ပြုကြ တန်ဘိုးထားကြ
ဒို့ ခေတ်ရောက်မှ ရိုင်းကြရတော့မှာလား
စစ်ပြိတ္တာတွေက ငါတို့ သမိုင်းကို
ချောင်ထိုးထား ၊ ပါးစပ်မဟရဲအောင်
လုပ်ထားပေမဲ့  ၊ငါတို့ ခေတ်ရဲ့ 
အပြောင်မြောက်ဆုံးသော
သူရဲကောင်းအကြောင်းကိုပြောမယ်။
ကိုအောင်ကျော်မိုးရေ
အတိုဆုံးသော ဒီကဗျာလေးရဲ့ 
အကျယ်လောင်ဆုံးသော
မြည်ဟီးသံ ကို
လူသားအားလုံး ကြားသိစေ
ခေတ်တိုင်းရဲ့ လူသားတိုင်းကြားသိစေ
ကမ္ဘာတည်သရွေ့ ကြားသိစေ။ တင်မြိုင်စိုး ( ကောလိယ)
(၁၆.၅.၁၉၉၈နေ့ သာယာဝတီထောင်၌ အစာငတ်ခံဆန္ဒပြရင်း စစ်ပြိတ္တာပါးကွက်သားတို့ ၏ သတ်ဖြတ်ခြင်း
ခံခဲရသော အာဇာနည်သူရဲကောင်း ကိုအောင်ကျော်မိုးအား ဦးညွှတ် ဂုဏ်ပြုရေးဖွဲ့ ပါသည်)
No comments:
Post a Comment