စွယ်တော်မြတ်စေတီရှိ
လုံခြုံရေးတာဝန်ကျရဲဝန်ထမ်းအချို့နှင့် စေတီတော်လုံခြုံရေး ၀န်ထမ်းများ
ပူးပေါင်းကာ ဘုရားဖူးစုံတွဲများအား
ခြိမ်းခြောက်ငွေညှစ်ခြင်းများပြုလုပ်နေကြောင်း စုံတွဲအချို့၏
ပြောပြချက်များအရ ကြားသိရပါသည်။
၎င်းတို့သည် ၁၈နှစ်အောက် စုံတွဲများအား အတင်းအကျပ်
လက်ထပ်ပေးစားမည် ၊ မိဘများအား အကြောင်းကြားအသိပေးမည် စသဖြင့်ခြိမ်းခြောက်
ပြောဆိုခြင်း
အရွယ်ရောက်ပြီးသူများအား နေရာလိပ်စာနှင့်
အလုပ်အကိုင်အားမေးမြန်းကာ ရဲစခန်းသို့ခေါ်ဆောင်တရားစွဲမည် ၊
အလုပ်အားအကြောင်းကြားမည် စသဖြင့်ခြိမ်းခြောက် ပြောဆိုခြင်း၊
အမျိုးကောင်းသားသမီးတို့အား အရှက်ရစေရန်ပြောဆို
စွပ်စွဲခြင်းများပြုလုပ်လျှက်ရှိပါသည်။
တရားဥပဒေအရ ချမှတ်ထားသည်များအတိုင်း
အရေးယူဆောင်ရွက်ခြင်းမဟုတ်ပဲ ဥပဒေဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် 15000 မှ
50000 အထိတောင်းခံလျှက်ရှိပါသည်။ငွေတောင်းခံရာတွင်လဲ မိမိတို့
တစ်ဖွဲ့တည်းနှင့်မပြီးကြောင်း တာဝန်ကျ ထောက်လမ်းရေးများ၊ေ၈ါပကအဖွဲ့များ
ကိုပါ ဝေစုခွဲပေးရသဖြင့် အတည်းဆုံး ငွေ 15000 မှ စကာ ခြိမ်းခြောက်
တောင်းယူလျှက်ရှိသည်။
ငွေမပါသောအတွဲများအား MP4 , နာရီ နှင့် အခြားပစ္စည်းများ
ပေးခဲ့ရကြောင်း ကိုယ်တွေ့စုံတွဲများမှ ကြားသိရပါသည်။
Dependency is not Empowerment !
nyein chan ko ko
WORTH for PLHIV
Pact in Myanmar
No comments:
Post a Comment