Friday 13 May 2011





Link to Human Rights Myanmar

အမေ့အိမ် Summer Course သင်တန်းဆင်းပွဲ အခမ်းအနား သို့ ဖိတ်ကြားခြင်း

Posted: 10 May 2011 07:02 AM PDT


အလျူရှင်များနှင့်သူငယ်ချင်းများအာလုံး မင်္ဂလာပါ ။ အမေ့အိမ်ပညာဒါနကျောင်းရဲ့  Summer Course သင်တန်းဆင်းပွဲ အခမ်းအနားကိုလာမဲ့ ( 29th May ) မနက် ( 09:00 ) မှာကျင်းပပြုလုပ်ပါမည်။

သူငယ်တန်း မှ ၅တန်း ထိ( English နှင့် ပန်းချီး )သင်တန်းသား ၃၀၀ ယောက်။ ၄တန်း မှ ၁၀တန်းထိ ( Grammer and Speaking ) သင်တန်းသား ၁၃၀ ယောက်။ ယဉ်ကျေးလိမ္မာသင်တန်သား ၆၀ ယောက် တို့ ကို သင်တန်းဆင်း Certificate များနှင့် ထူးချွန်းကျောင်းသားများကိုဂုဏ်ပြုဆု များပေးအပ်ပါမည်။

အခမ်းအနားတွင်…
(၁) စေတနာဖြင့်သင်ကြားပေးခဲ့သောဆရာ ဆရာမ များအားကန်တော့ခြင်း။
(၂) ခလေးများ၏ English စာစွမ်းရည်ပြသခြင်း။
(၃) ပန်းချီး စွမ်းရည်ပြသခြင်း
(၄) Certificate များနှင့်
ထူးချွန်းကျောင်းသားများကိုဂုဏ်ပြုဆုပေးအပ်ခြင်းတို့ ပြုလုပ်ပါမည်။

လာမည့် 2011-12 ပညာသင်နှစ်အတွက် မူလတန်းကိုပုံမှန် တနလာင်္ မှ သောကြာ ထိ ၅တန်း မှ ၁၀တန်း ထိ English စာနှင့် Computer သင်တန်းများကို စနေ နှင့် တနင်္ဂနွေ နေ့  တွေ မှာ သင်ကြားပေးပါမည်။

အမေ့အိမ် ကျောင်းအဆောက်အဦးမှာ လုံလောက်သော အကျယ်အ၀န်းရှိ ပြီး ဖြစ်သော်လည်း ခလေးများ အတွက်စာသင်ခုန်မှာ ၁၅ စုံသာရှိ ပါသေးသည်။ အတန်း ၃ တန်းကို တစ်ချိန်းတည်း သင်ကြာနိုင်ရန်အတွက် စာသင်ခုန် နောက်ထပ် ၁၅ စုံ လိုအပ်လျှက်ရှိနေပါသေးသည်။ စာသင်ခုန်တစ်စုံလျှင် သစ်သားဖိုး ၁၅၀၀၀ ကျပ်နှုန်းဖြင့် လျူဒါန်းနိုင်ပါသည်။ လက်သမားခ လုပ်အားဒါနလျူဒါန်မည့်သူများ ရှိပါသည်။

ကျောင်းဆင်းပွဲ အခမ်းအနားသို့လည်း အားလုံးကြွရောက်အားပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ။

လေးစားစွာဖြင့်
ကိုငယ်
09 5162060

အမေ့အိမ် (ပညာဒါန)
အမှတ် (၂၆)၊ မာဃလမ်း၊ (၂)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။


   



No comments:

Post a Comment