ညနေပိုင်းမှာတော့ သမ္မတ အိမ်တော်ဝင်းအတွင်းရှိ မြက်ခင်းပြင်မှာ သမ္မတမန်းဝင်းမောင်မှ တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်...။ သတင်းထဲမှာတော့ သမိုင်းတရားခံ ဦးနေဝင်းနဲ့လည်း တွေဆုံခဲ့ တယ်လို့ဆိုပါတယ်...။ မြန်မာပြည် ပါလီမာန် ဒီမိုကရေစီခေတ် မချုပ်ငြိမ်းခင် ၂နှစ်အလိုမှာ မြင်တွေ့ရတဲ့ မြင်ကွင်းရုပ်သံပါ..။ တခေတ်တခါက ကမ္ဘာ့အလယ်မှာ မျက်နှာမော့နေနိုင်ခဲ့တဲ့ မြန်မာပြည်ရဲ့ မြင်ကွင်း အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်...။
Tuesday, 14 June 2011
ရိုက်တာ သတင်းဋ္ဌာနရဲ့ ၁၉၆၀ခုနှစ်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင် နိကီတာ ခရူးရှက် ရန်ကုန်မြို့သို့ တရက်ခွဲကြာ အလည်အပတ် ခရီးစဉ်
၁၉၅၈ခုနှစ် ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရမှ အာဏာလွှဲပြောင်းရယူပြီး (ဝိဓူရသခင်ချစ်မောင်ရဲ့ နာမည်ကျော် မိန့်ခွန်းထဲက ဝိဓူရအမတ်ကြီး ဘီလူးတရွတ်တိုက် ဆွဲခံရသလို ပြည်သူတွေ ခံခဲ့ရတဲ့ခေတ်)(အခုအချိန်မှာတော့ ပြည်သူတွေ ဘီလူးစီးတာ၊ ဖွတ်တက်တာ ခံနေရတာ အနှစ် ၅၀ပြည့်ပါတော့မယ်)... ၁နှစ်နဲ့ ၃လအကြာ ဦးနုရဲ့သန့်ရှင်းဖဆပလမှ စစ်တပ်ဘက်လိုက်တဲ့ကြားက အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီး အပြီး (၁၀)ရက်အကြာမှာ အလည်အပတ် ရောက်ရှိလာတာပါ။
ညနေပိုင်းမှာတော့ သမ္မတ အိမ်တော်ဝင်းအတွင်းရှိ မြက်ခင်းပြင်မှာ သမ္မတမန်းဝင်းမောင်မှ တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်...။ သတင်းထဲမှာတော့ သမိုင်းတရားခံ ဦးနေဝင်းနဲ့လည်း တွေဆုံခဲ့ တယ်လို့ဆိုပါတယ်...။ မြန်မာပြည် ပါလီမာန် ဒီမိုကရေစီခေတ် မချုပ်ငြိမ်းခင် ၂နှစ်အလိုမှာ မြင်တွေ့ရတဲ့ မြင်ကွင်းရုပ်သံပါ..။ တခေတ်တခါက ကမ္ဘာ့အလယ်မှာ မျက်နှာမော့နေနိုင်ခဲ့တဲ့ မြန်မာပြည်ရဲ့ မြင်ကွင်း အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment