Wednesday 29 June 2011



Burmese pro-democracy leader Aung San Suu Kyi( ဘီဘီစီThe Reith Lectures 2011 )

Posted: 28 Jun 2011 01:13 AM PDT


အသံလွှင့်ချက်အကျယ်နားထောင်ကြည့်ရန်ပုံကိုနှိပ်ပါ။


အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးဘမြင့်၏ (၆၅)နှစ်မြောက်မွေးနေ့ပွဲနှင့် ဂုဏ်ပြုပွဲ

Posted: 28 Jun 2011 12:58 AM PDT


ဒီကနေ၂၇ရက်နေ့မှာ ၉၀ ခုနှစ်မှ လေးကြိမ်မြောက် အဖြစ် ဖမ်းဆီးခံရပြီးနောက်ဆုံးအကြိမ် အနှစ်၂၀ ဗန်းမော်ထောင် တွင် နိုင်ငံရေးမှုဖြင့်အကျဉ်းကျနေသော အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးဘမြင့်၏ ၆၅နှစ်ပြည့်မွေးနေ့ပွဲနှင့် ဂုဏ်ပြုပွဲကို အလုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှိရာဦးဘမြင့်၏နေအိမ်မှာ ကျင်းပပါတယ်။
ဒီပွဲကိုအင်္ဂါဝတ်ပြူအဖွဲ့ကိုယ်စားဒေါ်နော်အုံးလှ၊အလုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၂၀၀၇
စက်တင်ဘာအကြမ်းမဖက်အမျိုးသားလှုပ်ရှားသူလူငယ်တွေကဦးဆောင်ကျင်းပတာပါ။ နံနက်၇နာ၇ီမှာ အဖွဲ့ဝင်တွေ မိတ်ဆွေတွေနဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဆွမ်းကပ်ပြီး ဦးဘမြင့်အပါအ၀င် အကျဉ်းကျနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆွမ်းကပ် လှူဒ်ါန်းခဲ့ပါတယ် ။နံနက် ၈နာရီမှာ ကျွေးမွေးဧည့်ခံပြီးဦးဘမြင့်အပါဝင်ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ဖယာင်းတိုင်မီးထွန်းကြပြီး ဆုတောင်း ကြပါတယ်။

ဂုဏ်ပြူကဗျာများနှင့်ဂုဏ်ပြုစကားများဖတ်ကြားပြောကြားပြီး အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်၏သားဖြစ်သူ အလုံ လူငယ်ခေါင်းဆောင်ကိုလူမော်လတ်မှ တက်ရောက်လာသူအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီးအကျဉ်းကျနိုင်ငံရေးသမားတွေပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီမွေးနေ့ပွဲကိုအင်္ဂါမိသားစုဝင်များ နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ။ကျောင်းသားများ
၊ဖမ်းဆီးခံနိုင်ငံရေးမိသားစုဝင်များ စုစုပေါင်း၁၅၀ နီးပါးတက်ရောက်ကြခဲ့ကြပါတယ်။

အားလုံးမေတ္တာဖြင့်
ကိုလူမော်လတ်


အရေးပေါ်လှုပ်ရှားမှု

Posted: 28 Jun 2011 12:44 AM PDT

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာရောက် ကုသမည့် လူနာများအား တစ်ရက်ကြိုတင်၍ တိုကင်ယူဆောင်ရပါမည်။ နေ့စဉ်နေ့တိုင်း နေ့လည် (၂း၀၀) နာရီ အချိန်မှစ၍ တိုကင်ပေးခြင်း၊ လူနာအမည်စာရင်းတို့ကို သက်ဆိုင်ရာရောဂါဝေဒနာအလျှောက် ကုသပေးမည့် ဆရာဝန်များ၏ ကုသမှုစာရင်းရေးသွင်းသွားမည်ဖြစ်သည်။ လာရောက်၍ တိုကင်ယူရာ ၌လည်း လူနာကိုယ်တိုင်ရန်မလို။ လူနာနှင့်ပတ်သက်သော ဆွေမျိုးသားချင်း (သို့) မိတ်ဆွေတို့မှ လာရောက်တိုကင်ယူရာတွင် လူနာ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း(မူရင်း/မိတ္တူ)တို့အား ယူဆောင် လာရန် လိုအပ်ပေသည်။

၂၇.၆.၂၀၁၁ (တနင်္လာနေ့) နေ့လည် (၁း၀၀) နာရီအချိန်ခန့်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း၌ (အရိုးအကြော) ဆေးကုသခံယူရန်အတွက် တိုကင်စီတန်းနေသော မြောက်ဒဂုံမြို့နယ်နေ ဒေါ်ရင်မေသည် ရုတ်တရက် မူးလဲမေ့မြောသွားခဲ့ရာ သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူမှုရေး လုပ်အား ပေးအသင်းသားများက သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ တာဝန်ကျ ကုသိုလ်ဖြစ်လာရောက် ကုသ ပေးနေသော ဒေါက်တာ ဦးရွှေထွဏ်းထံချက်ချင်း အကြောင်းကြား၍ ဒေါက်တာဦးရွှေထွဏ်းမှ အရေးပေါ် သွေးပေါင်ချိန်တိုင်းကြည့်ရာ၊ သွေးပေါင်ချိန် အလွန်ကျနေပါ၍ အချိုရည်အကြောအား ဆေး ချိတ်တွယ်ကာ မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဋ္ဌာနသို့ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် အလျင်မြန်ဆုံး ပို့ဆောင်ကူညီပံ့ပိုး ကယ်ဆယ်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် နောက်နောင် ဆေးဝါးကုသရန်အတွက် လာရောက်တိုကင်ယူသောအခါတွင် လူနာ ကိုယ်တိုင်လာရောက် ယူရန်မလိုကြောင်း သတိပြုရမည်ဖြစ်သည်။ ယခုဖြစ်စဉ်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် သီတဂူဆရာတော်ကြီးမှ ၆.၅.၂၀၁၁ ရက်နေ့တွင် လှူဒါန်းထားသော အရေးပေါ်လူနာတင်ယာဉ်ရှိနေခြင်းကြောင့် လူနာအနေဖြင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ခြင်း ဖြစ်သည်။ ထိုကြောင့် သီတဂူဆရာတော်ကြီး၏ အရေးပေါ်လူနာတင်ယာဉ် ပွဲဦးထွက် ကုသိုလ်ဖြစ်လှုပ် ရှားမှုတစ်ရပ်ပင် ဖြစ်တော့သည်။


ိကိုကျော်သူ


လွှတ်တော် ဥက္ကဋ္ဌ ပြောတဲ့ ဥပဒေပြင်ပနဲ့ နီးနီးဝေးဝေးက လူတွေ ဆိုတာ . . .

Posted: 27 Jun 2011 08:44 AM PDT

Photo..Irrawaddy
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဥပဒေ ပြင်ပနဲ့ နီးနီးနေတဲ့သူတွေ ရှိသလို ဥပဒေပြင်ပနဲ့ ဝေးဝေးနေတဲ့ သူတွေလည်းရှိတယ်။

ဥပဒေအထက်တွင် မည်သူ တဦးယောက်မျှ မရှိသကဲ့သို့ ဥပဒေ ပြင်ပတွင်လည်း မည်သူ တဦး တယောက်မျှ ရှိ၍ မရဘူး ဆိုပြီး သတိ ပေးသလို ပြောသွားတယ်။

အားလုံးကတော့ သိကြပါတယ်။ ဥပဒေပြင်ပမှာ နီးနီးနေတဲ့သူ ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာ၊ ဝေးဝေးက ဆိုတာက ပြည်ပ အတိုက်အခံတွေကို ပြောချင်တာပါ လို့ အဲဒီအစည်းအဝေးကို တက်ကြသူတချို့က သုံးသပ်ကြတယ်။

ကျွန်တော့်စိတ်ထဲ အွန်လိုင်းပေါ်မှာ ရေးနေသားနေတဲ့ ကျွန်တော်တို့လို လူမျိုးတွေကိုများ ရည်ညွှန်းသလားလဲ ခံစားမိတယ်။ နီးနီးဆိုတာ ကျွန်တော်တို့လို ပြည်တွင်းကရေးနေ၊ သားနေတဲ့သူတွေ၊ ဝေးဝေးဆိုတာ ပြည်ပ က ရေးနေသားနေတဲ့သူတွေပေါ့။

မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဖဆပလခေတ်တုန်းကလို ဗန္ဓုလပန်းခြံထဲ ပြည်သူ့ဟစ်တိုင်ထားပေးတာမျိုးတောင် မလုပ်နိုင်ပဲ၊ ခုလို လူနည်းစု၊ ပညာတတ်လူတန်းစား နည်းနည်း ကလေး ကွက်ပြီးသုံးတဲ့ အွန်လိုင်းပေါ်မှာတောင် လွတ်လပ်စွာ ဝေဖန်ပြောဆိုရေးသားကြတာတွေ၊ အပြန်အလှန်လေးလေးစားစားနဲ့ ဆွေးနွေး ပြောဆိုရေးသားကြတာတွေကို ထိပါး လာမယ်ဆိုရင်တော့ သူတို့ပြောတဲ့ ဒီမိုကရေစီ ဟာ ဘာ ဆိုတာ ပိုထင်ရှားလာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ဝေဖန်ပြောဆိုခွင့်နဲ့ အပြန်အလှန်( စစ်ဗိုလ်တွေ၊ အစိုးရကိုထောက်ခံတဲ့ လိုလားတဲ့အင်အားစုတွေနဲ့) အပြန်အလှန်လေးလေးစားစား ဆွေးနွေးမှုတွေကို ပြုရင်း ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာဖို့၊ ဒီမိုကရေစီထွန်းကားလာဖို့ ရည်ရွယ်ချက်နဲ့ ဆက်ရေးနေသားနေပါဦးမယ်။

ကျွန်တော် မြန်မာပြည်ထဲမှာနေနေတာပါ။ အချိန်မရွေး သူတို့ကြိုက်သလို စီမံနိုင်ပါတယ်။

ချစ်ခင်စွာ

ချိုတူးဇော်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment