Tuesday 30 August 2011



ပြည်သူ့နှလုံး မသိမ်းကြုံးလျှင် ပြည်သူ့ခွန်အား မကိုးစားလျှင်.....

Posted: 28 Aug 2011 11:54 PM PDT

 လောကမှာလူထု အကျိုးကို သယ်ပိုး၊ အများအကျိုးကို ထမ်းပိုး ဆောင်ရွက်နေသူ၊ အနစ်နာခံ ဆောင်ရွက်နေသူတွေကို ပြည်သူလူထုက အားကိုး ယုံကြည် လေးစားကြပါတယ်...။ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်တဲ့ လူမျိုးအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်း ပီသတဲ့ စိတ်ဓာတ်တွေကြောင့် ရောက်လေရာမှာ အုတ်အော်သောင်းသဲ ပြည်သူမေတ္တာ၊ ပြည်သူ့ချစ်ခင်မှုကို အပြည့်အဝ ရရှိခံစားနေရတာပါ...။ ဒါဟာ ပြည်သူက ကျွန်တော်တို့ ခေါင်းဆောင်အပေါ်ထားတဲ့ မေတ္တာ၊  လေးစားယုံကြည်မှု၊ မိမိတို့ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးပေးမယ့်သူ အဖြစ် အားကိုးယုံကြည်မှုပါပဲ...။ ပြည်သူတွေရဲ့ ရင်ထဲကလာတဲ့ မေတ္တာပါ လုပ်ယူထားတဲ့ အရာတွေ မဟုတ်ပါဘူး၊

ကဲအောက်မှာ ဆက်ကြည့်ရအောင်ဗျာ...
ဒီပုံကတော့ ၂၀၀၆ခုနှစ်က ဗိုလ်သန်းရွှေတို့ တရုတ်ပြည်ခရီးစဉ်မှာ ဒေါ်ကြိုင်ကြိုင်နဲ့ မိသားစု ပန်ဒါ ဝက်ဝံလေးတွေရဲ့ ပန်းခြံမှာ တွေ့ရတဲ့ မြင်ကွင်းပါ...။ ပန်ဒါဝက်ဝံတွေဆိုတာ အင်မတန်မှ ချစ်ဖို့ကောင်းတဲ့ တရုတ်ပြည်မှာပဲ တွေ့ရတဲ့ ဝက်ဝံအမျိုးအစားပါ။ သို့ပေတည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကြားမှာ ပန်ဒါဝက်ဝံခင်ဗျာလည်း အရောင်မှိန်ခဲ့ရပါတယ်..။ (လျှက်တပြက် အယ်ဒ်ီတာချုပ်ကြီးများ ဒီပုံကိုရရှိရင် ပုံထဲက ပန်ဒါဝက်ဝံကို ဖျောက်ထားပေးမလားပဲ)။ ဟန်ဆောင်အပြုံးတွေ၊ မာန်မာနတွေ မျက်နှာမှာ ထင်ဟပ်နေတဲ့ ပုံရိပ်တွေပါ...။ တကယ်ချစ်ခင်မှုနဲ့ ရွံကြောက် အနေအထားတွေ ကွာပါတယ်..။ မိမိကိုယ်ကိုယ် အနိုင်ရရှိပြီလို့ ထင်ထားတဲ့ သူတွေရဲ့ လူတောတိုးမတိုးဝံ့၊ လူထုကြားထဲ ရဲရဲဝံ့ဝံ့ မသွားဝံ့တဲ့ လူမသေခင်ကတည်းက နာမည်သေနေကြပြီ ဖြစ်တဲ့ တဘဝစံတွေပါ...။ နောက်ဆုံးအချိန်မှာ ဘယ်လိုများ ဇာတ်သိမ်းကြမယ်ဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုကြတာပေါ့ဗျာ....

ဓာတ်ပုံတွေက ပြောတဲ့ ကွာခြားချက်လေးတွေကို အားလုံးအတွက် တင်ပြလိုက်ပါတယ်...။

ဒီမိုဝေယံ

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း

စွဲကိုင်လက်နက် ဘယ်လိုထက်လည်း။

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်

ပြည်သူ့ခွန်အား မကိုးစားလျှင်

ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့။

လက်ဝဲသုန္ဒရ

အမေ့အိမ်မှ တိုင်းပြည်ချစ်သော လူငယ်များ....

Posted: 28 Aug 2011 11:23 PM PDT

အမေ့အိမ်မှ တိုင်းပြည်ချစ်သော လူငယ်များ

သူငယ်ချင်းများအားလုံး မင်္ဂလာပါ...

(28.8.11) Beautiful Sunday မှာ အမေ့အိမ်ပညာဒါနကျောင်းလေးက ကြည်နူးဝမ်းသာစရာ သတင်းမြင်ကွင်းလေးကို မျှဝေပေးလိုက်ပါတယ်။ Myanmar Youth Internet Donation Group(MYD)က လူငယ်များ သူတို့ ရဲ့ လစာဝင်ငွေလေးတွေကို စုပေါင်းပြီး အမေ့အိမ် စာကြည့်တိုက် အတွက် လိုအပ်နေတဲ့ စာပွဲခုန် နှစ်စုံ၊ စာအုပ်မျိုးစုံနဲ့ ဂျာနယ်မျိုးစုံတို့ကို လာရောက် လှူဒါန်းသွားခဲ့ကြပါတယ်။ ကျောင်းကို ရောက်ပြီးမှာ ကလေးတွေကိုတွေ့ပြီး စေတနာ ထပ်မံဖြစ်ပေါ်လာလို့ အအေးဒါနအလှူကိုပါ ထပ်ပြီးလှူဒါန်းသွားကြပါတယ်။ ကလေးငယ်တွေကို မိမိတို့ရဲ့ ညီငယ်ညီမငယ်များလို သဘောထာပြီး ဖြူစင်တဲ့ မေတ္တာတွေနဲ့ နွေးထွေးကြင်နာစွာ ကိုယ်တိုင်ကိုယ်ကျ အအေးတိုက်ကျွေးခဲ့ကြပါတယ်။

ဒီလိုလူငယ်တွေရဲ့ အားလပ်ရက်မှာ မိမိတို့ရဲ့ အချိန်ကို တစ်ကိုယ်ရေ ပျော်ရွှင်မူ အတွက်မသုံးပဲ အများအကြိုးရှိစေမယ့် ပရဟိတ လုပ်ငန်းတွေမှာ မိမိတို့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက် လာကြတဲ့ အတွေးအခေါ် နဲ့ စိတ်ဓါတ်ဟာ ကျနော်တို့ တိုင်းပြည်ကို လူငယ်တွေ ဘယ်လောက်ချစ်ကြောင်း တိုင်းပြည် ပြန်လည် တည်ဆောက်ရေးမှာ ကျရာ အခန်းကဏ္ဍက ပါဝင်ကူညီနိုင်ကြောင်း လူငယ်တို့ရဲ့ အခြေခံ စိတ်ဓါတ် ကိုပြသတာပါပဲ။
ဒီလိုလူငယ်တွေရဲ့ အားလပ်ရက်မှာ မိမိတို့ရဲ့ အချိန်ကို တစ်ကိုယ်ရေ ပျော်ရွှင်မူ အတွက်မသုံးပဲ အများအကြိုးရှိစေမယ့် ပရဟိတ လုပ်ငန်းတွေမှာ မိမိတို့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက် လာကြတဲ့ အတွေးအခေါ် နဲ့ စိတ်ဓါတ်ဟာ ကျနော်တို့ တိုင်းပြည်ကို လူငယ်တွေ ဘယ်လောက်ချစ်ကြောင်း တိုင်းပြည် ပြန်လည် တည်ဆောက်ရေးမှာ ကျရာ အခန်းကဏ္ဍက ပါဝင်ကူညီနိုင်ကြောင်း လူငယ်တို့ရဲ့ အခြေခံ စိတ်ဓါတ် ကိုပြသတာပါပဲ။

ရိုသားဖြူစင်ပြီး ကိုယ်ကြိုးစွန့် အနစ်နာခံကာ တိုင်းပြည်ကိုချစ်သော လူငယ်များအား တိုင်းပြည်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုခဲ့ပါလျှင် အလွန်ဟန်ချက်ညီသော ဖြစ်ပေါ်တိုးတက်မူများ ရရှိလာလိမ့် မည်ဟု ယုံကြည်လျှက်။

(MYD) မှ စေတနာရှင် လူငယ်များအား လေးစား ဂုဏ်ပြုအပ်ပါသည်။
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေ့အိမ် ပညာရေးကော်မတီ


You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment