Saturday, 27 August 2011



နာမည်ကျော် Forbes မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း တွင် ဒေါ်စု ပါဝင်

Posted: 25 Aug 2011 12:12 AM PDT

ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ နံပါတ် ၁ က ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel)၊ နံပါတ် ၂ က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ နံပါတ် ၃ မှာ ဘရာဇီးလ် သမ္မတ ဒီလ်မာ ရူးဆက်ဖ် (Dilma Roussef) တို့ကို အသီးသီး ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ Forbes မဂ္ဂဇင်းက နံပါတ် ၂၆ မှာ ဖော်ပြ


မောင်စိန်ဝင်း(ပုတီးကုန်း) စာပေနယ်မှပဲ့တင်သံများ

Posted: 24 Aug 2011 09:27 AM PDT



မြန်မာပြည်မှာ ဖိနပ်မစီးနိုင်တဲ့ ကျောင်းသားလေးတွေ ဘယ်လောက် များနေမလဲ .. အဲ့လောက် နိမ့်ကျတဲ့ လူတန်းစား ဘယ်လောက်များနေပြီလဲ.. ဖိနပ်မပါလို့  သံစူးရင် မေးခိုင်ရောဂါပိုး ၀င်တတ်တယ်လို့  မသိတဲ့အမေတွေ ဘယ်လောက်များနေပြီလဲ.. သိရင်တောင်မှ ကာကွယ်ဆေး မထိုးနိုင်တဲ့သူတွေ ဘယ်လောက် များနေပြီလဲ.. ဒီအခြေအနေမှန်တွေကို တွေးမိပါတယ်..
DVB entertainment


မြန်မာ့နိုင်ငံရေးပြောင်းလဲရေးသည် တစ်ဦး တစ်ယောက်ကြောင့် မဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Posted: 24 Aug 2011 08:55 AM PDT



ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ကန်တားနား တွေ့ ဆုံ [ Tinhlaing Facebook)]

(YPI) - ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနှင့် တွေ့ဆုံအပြီးတွင် မြန်မာနိုင်ငံရေးပြောင်းလဲရေးသည် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ထဲကြောင့် မဖြစ်နိုင်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

" ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့် ပြောင်းလဲမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကြောင့် ပြောင်းလဲမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနားနှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ပြောခဲ့သည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စနှင့်ပတ်သတ်၍လည်း " နိုင်ငံရေး အကျဉ်းသားကိစ္စဆိုတာ မစ္စတာ ကင်တားနားက ပြောမှာပါ။ ဒါကပွင့်ပွင့်လင်းလင်း ပြောရမဲ့ကိစ္စပါ"လို့ ၄င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ၅ ရက်ကြာလာရောက်သော မစ္စတာကင်တားနားသည် ယခင်ရက်များက အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ လွှတ်တော်ဥက္ကဌများနှင့် တွေ့ဆုံအပြီး ယနေ့သြဂုတ် ၂၄ ရက် နေ့လည် ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က " အင်မတန်ကျေနပ်မှုရှိပါတယ်၊ တကယ်လဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို လုပ်ပေးဖို့ စေတနာရှိတဲ့လူဆိုတော့ သူနဲ့တွေ့ရတာ အားလည်းရပါတယ်" ဟု တွေ့ဆုံမှုအပြီးတွင် မှတ်ချက်ပေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရိကျော်ကြာတွေ့ဆုံ ပြီးနောက် မစ္စတာကင်တားနားသည် ညနေ၅နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

မစ္စတာကင်တားနားသည် သြဂုတ်လ ၂၅ရက်နေ့ တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါမည်ဖြစ်ပြီး မထွက်ခွာမှီ လေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု သိရှိရသည်။

ကင်တားနား၏ ယခုခရီးစဉ်သည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ်ကျော် ကာလအတွင်း ၄င်းသည် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် အကြိမ်ကြိမ်ငြင်းဆိုခြင်းခံခဲ့ရသည်။
Yangon PressInternational


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment