Monday, 29 August 2011

 



သြဂုတ်လ(၂၆)ရက်နေ့က ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင်၏ နိုင်ငံရေးလုပ်ဆောင်ချက်များ..

Posted: 28 Aug 2011 05:36 AM PDT

သြဂုတ်လ (၂၆)ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင် အားဇွန်လ(၆)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်ဆေးရုံကြီး၌ သွားရောက် အားပေးစဉ်က မြင်တွေ့ရစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုဘမောင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း... ဝမ်းနည်း မှတ်တမ်း တင်အပ်ပါသည်...။

ဧရာဝတီကိုလည်း မမေ့ပါနဲ့...

Posted: 28 Aug 2011 03:34 AM PDT

ပြီးခဲ့တဲ့နှစ် ၂၀၁၀ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ထိုစဉ်နအဖ ဝန်ကြီးချုပ်ဦးသိန်းစိန်နဲ့ သက်ဆိုင်ရာဝာာဝန်ရှိ ပုဂ္ဂိုလ်များဟာ မြစ်ဆုံဆည် စီမံကိန်းသို့ ရောက်ရှိလာခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများအား ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်...။ 


ထိုစဉ်ကဝန်ကြီးချုပ်နဲ့ အတူလိုက်ပါခဲ့တဲ့ စစ်အာဏာပိုင်တွေကတော့ ပုံအရ ဝန်ကြီးချုပ်သိန်းစိန် ညာ(၇)၊ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ညာ(၆)၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်း ညာ(၁၀) တို့လိုက်ပါ ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်မှ စီမံကိန်းများ ရည်မှန်းချက်နဲ့အညီ အမြန်ပြီးစီးအောင် ဆောင်ရွက်ခဲ့ဖို့ မှာကြားခဲ့တယ်လို့  ဆိုပါတယ်..။
 ပုလင်းချင်းခိုက်၊ ခွက်ချင်ရိုက်ရင်း ... ဧရာဝတီကို သစ္စာဖောက်လေပြီ....
ညဘက်မှာတော့ ညစာစားပွဲနဲ့ဧည့်ခံခဲ့ပြီး ဝန်ကြီးချုပ်သိန်းစိန်နဲ့ အေရှဝေါလ်ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းမြင့်နိုင်(ခ) စတီဗင်လော (ဘိန်းဘုရင် လောစစ်ဟန်၏သား) နဲ့ တရုတ်CPI ကုမ္ပဏီမှ အကြီးအကဲများ ဤသို့ ပျော်ပျော်ပါးပါး တက်ရောက်ခဲ့ကြပါတယ်...။ တရုတ်နှစ်သစ်ကူးအတွက် ကောင်းချီးပေးခဲ့ကြတယ်လို့ ဆိုပါတယ်..။

နိုင်ငံတော် သမ္မတကြီးခင်ဗျား ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/ နိုင်ငံသားတွေအတွက် အသက်တမျှ အရေးကြီးပါတယ်။ သမ္မတကြီးလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်သား တစ်ဦးပါ...။ ယခင်အစိုးရနဲ့ ယခုအစိုးရ မဆိုင်လို့ သမ္မတကြီးတို့ ဆိုချင်ဆို ပြောချင်ပြောပါ...။ ယခင်အစိုးရလက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သမ္မတကြီးကိုယ်တိုင် ဒီစီိမံကိန်းတွေ အမြန်ပြီးစီးအောင် ညွှန်ကြားခဲ့တာ... သမိုင်းမှတ်တမ်းတွေ ရှိပါတယ်..။ ယခုအချိန်မှာ သမ္မတကြီးအနေနဲ့ မသိချင်ယောင်ဆောင် နေလို့မရပါ။ မပြေးသော်လည်း ကန်ရာရှိပါတယ်....။ ယခင်ဝန်ကြီးချုပ် ယခုသမ္မတကြီးမှာ တာဝန်ရှိပါတယ်... ။
ဒါပုံကတော့ ၂၀၁၁ခုနှစ် ၁လပိုင်းက ရွေးကောက်ပွဲအပြီး ထပ်မံရောက်ရှိလာစဉ်ကပုံပါ...

သမ္မတကြီးခင်ဗျား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်တွေ့ဆုံပြီး ရိုးသားစွာ ဆွေးနွေး အဖြေရှာပေးပါ...။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "

သမ္မတကြီးခင်ဗျား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရိုးသားစွာ အမြန် ဆွေးနွေးညှိနှိုင်း အကောင်အထည် ဖော်ပေးပါ။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "

သမ္မတကြီးခင်ဗျား အမျိုးသားရင်ကြားစေ့ရေး အတွက် ရိုးသားစွာ အမြန်ဆုံး ဆောင်ရွက်ပေးပါ...။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "

သမ္မတကြီးခင်ဗျား ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ ရပ်စဲပေးဖို့ ရိုးသားစွာ ဆောင်ရွက်ပေးပါ...။ 
" ဧရာဝတီကိုလည်းမမေ့ပါနဲ့"
သမ္မတကြီးခင်ဗျား သမ္မတကြီးနောက်ကွယ်မှာ ကြိုးကိုင် လှုပ်ရှားနေတဲ့သူတွေ ရှိနေရင်လည်း ရိုးသားစွာ ........... ???
"ဧရာဝတီကိုလည်း မမေ့ပါနဲ့"

ဒီမိုဝေယံ...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment