Monday 15 August 2011



    Posted: 13 Aug 2011 03:38 AM PDT



    Posted: 13 Aug 2011 02:35 AM PDT

    မနေ့က (၁၂.၈.၂၀၁၁) အစိုးရသစ်ဆိုတာရဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ပြုလုပ်ပါသတဲ့။ ထုံးစံအတိုင်း ပြည်ဖျက်အုပ်စုရဲ့ အလိမ်အပတ်ဝိဇ္ဇာ ပြိတ္တာကျော်ဆန်းက ထွက်ရှင်းတယ်ဆိုပဲ။ ဒီတခါတော့ ပုံစံတမျိုးနဲ့ရှင်းပါတယ်။ ဘယ်လိုရှင်းလဲဆိုတော့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို တည့်တည့်မဖြေဘဲ အားလုံးရဲ့ရှေ့မှာ ငိုချပြလိုက်သတဲ့။ အဲဒီမှာတင်ပဲ သတင်းစာရှင်းလင်းပွဲက ဘာမှဆက်မေးလို့မရတော့ဘဲ ရပ်ဆိုင်းလိုက်ရပါတော့တယ်။ ကဲ... ဘယ်လောက်တော်လိုက်သလဲ။
    ဒါအဖြေပါပဲ။ အစိုးရသစ်ပဲပြောပြော၊ ဘာပဲပြောပြော။ နောက်ကွယ်က တပ်ချုပ်ကြီးကို လုံးဝမလွန်ဆန်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ။ တချက်အဖြေမှားသွားတာနဲ့ ကားသွားမယ်ဆိုတာ ဗိုလ်ကျော်ဆန်းတို့ ကောင်းကောင်းသိပြီးသား။ အဲတော့ သူငိုချင်းချပြလိုက်တယ်။ တပ်ချုပ်ကြီးလည်း တော်တော်ကျေနပ်သွားပါလိမ့်မယ်။ ဒီကောင်မဆိုးဘူး။ ငါတို့အတွက် သောက်ရှက်မရှိ ငိုပြရဲတယ်ဆိုပြီး ရာထူးတောင် တက်ချင်တက်သွားနိုင်ပါတယ်။ သူပြောသွားတဲ့ စကားထဲမှာ သူတို့လောက်တိုင်းပြည်ကို ချစ်တဲ့လူ မရှိတော့တဲ့ အတိုင်းပါပဲ။
    သေသေချာချာ စဉ်းစားကြည့်တော့ ဟုတ်သလိုလိုတောင် ဖြစ်လာတယ်။ သူတို့က တိုင်းပြည်ကိုပဲချစ်တာလေ။ ပြည်သူလူထုကို လုံးဝ မချစ်ပါဘူး။ ဒါကြောင့် သူတို့အုပ်စုက နေပြည်တော်မြို့သစ်ကြီးကို မရမကဖန်တီး။ ပြည်သူလူထုနဲ့ခွဲပြီး သီးသန့်နေလိုက်ကြတာပေါ့။ ပြီးတော့ သူတို့ချစ်တဲ့တိုင်းပြည်ကြီးကို သူ့ထက်ငါ အလုအယက်ချစ်လိုက်ကြတာ။ တိုင်းပြည်ကြီးလည်း တစစီဖြစ်သွားတော့တာပါပဲ။ စစ်ဗိုလ်ချုပ်တွေ အချစ်ကြီးပုံများ တတိုင်းတပြည်လုံး ပိုးလိုးပက်လက်ကို လန်နေရောဗျို့....။
    အခုလည်း သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်းမေးတာပါ။ ဒီမြစ်ဆုံဆည်စီမံကိန်းကို အများကကန့်ကွက်နေကြပြီး ဘယ်လိုဆက်လုပ်မလဲပေါ့။ ဒါလေးမေးမိတာနဲ့ သူဖြေပုံက "တပ်မတော်အစိုးရက ၁၉၈၈-ခုနှစ်ကတည်းက ဒုက္ခခံခဲ့ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေက အနစ်နာခံပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့်ကိစ္စ ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျနော်တို့ကို ၀ိုင်းဖိနှိပ်ပြီး..." အဲဒီမှာတင် စကားရပ်သွားကာ ငိုတော့တာပါပဲ။
    သူတို့လုပ်သမျှ အပြစ်ကြီးပဲ ပြောနေကြတာပဲ။ ဘာမှန်းလည်း မသိဘူးဆိုတဲ့အကွက်နဲ့ ငိုချပစ်လိုက်တာ မို့မို့မြင့်အောင်တောင် လက်ဖျားခါလောက်ပါရဲ့။ စစ်ဗိုလ်ချုပ်တွေလည်း သူတို့ကတော်တွေက ရာထူးတည်မြဲရေးအတွက် နတ်ကနားတွေ ခဏခဏပေးနေရတာနဲ့ သူတို့ကိုယ်တိုင် အခြောက်တွေဖြစ်နေပြီဆိုတာ ခုမှပဲရုပ်လုံးပေါ်လာတော့တယ်။ ပြည်သူလူထုကတော့ အားလုံးသိနေပြီးသားပါ။
    အရပ်ထဲက စကားနဲ့ ပြောရရင် "တော်စမ်းပါ... ကျော်ဆန်းရာ... မင်းလယ်က ထွက်သမျှစပါး အားလုံး အဖျင်းတွေချည်းပါပဲ။ ဒီတော့ ပြိတ္တာမျက်ရည် နောက်ထပ်ကျမပြပါနဲ့တော့ကွာ။ ပြည်သူတွေ ဒီ့ထက်ပိုပြီး ဒုက္ခရောက်ကုန်ကြဦးမယ်...."
    N.M.T (ညီမင်းသစ်)


    Posted: 12 Aug 2011 09:51 AM PDT
    ဒီတခါလည်းစာရွတ်ကိုင်ထွက်ပြီးပြန်လာတဲ့ ဦးသိန်းစိန်ရဲ့မြန်မာဘာသာပြန်ဦးအောင်ကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲအခန်းဆက် ဇာတ်လမ်းတွဲ (နောက်နောက်ဆို မြန်မာပြည်မှာ ကိုရီးယားဇာတ်လမ်းတွဲတွေ မပြတော့ဘူးတဲ့)
    သတင်းထောက်များ၏ မေးခွန်း ဖြေကြားချက်များ
    ၁။ မေး ။ ။ ကျနော် ရန်ကုန်တိုင်း ဂျာနယ် က ဦးလှိုင်ထွန်း အယ်ဒီတာချုပ်ပါ ဒုတိယအကြိမ် တွေ့ဆုံမူ ကနေ ဘယ်လို ကဏ္ဍ တွေ မှာ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲတိုးတက် လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မျှော်လင့် ထားပါသလဲ ခင်ဗျာ…။
    ဖြေ ။ ။ ကျမ တို့ဒီအထဲမှာ ပါတဲ့ အတိုင်းပဲ ကဏ္ဍ အသီးသီးမှာ တိုးတက် လာမယ်လို့ ကျမတို့မျှော်လင့် ထားပါတယ် နောက် အားလုံးပေါ့လေ တိုင်းပြည်အတွက် ကောင်းတဲ့ ဟာတွေ အားလုံးအတွက် နေရာတကာမှာ တိုးတက် မူ့ရှိမယ်လို့မျှော်လင့် ပါတယ် ။
    မေးခွန်းတွေ က သိပ်မရှင်းလို့ ကျမ ကောင်းကောင်းနားမလည်ဘူးရှင်းရှင်း မေးပါနော်..။
    မေး ။ ။ အရင်တပတ် တုန်းက ဒီလိုပဲ ယေဘူယျ သဘောပဲ ပြောသွားတာ ဖြစ်လို့ပါခင်ဗျ ။ ဘယ်လိုကဏ္ဍတွေမှာ ..ဥပမာ တိုင်းရင်းသား ကိစ္စ စသည်ဖြင့် ဒီလိုကိစ္စ မျိုးတွေမှာ ဘယ်လို မျိုးတိုးတက် မှု့ တွေရလာမယ်လို့ ယူဆ ပါသလဲခင်ဗျာ။
    ဖြေ ။ ။ ကျမတို့ပူးပေါင်းဆောင်ရွက် မယ်ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စ တွေမှာလဲ တိုးတက်မူ့ ရှိရမှာပဲ ဘယ်ဖက် မှာမဆို တိုးတက်မှု့ ရှိရမှာပဲ တကယ်တော့ ကျမတို့နိုင်ငံရဲ့ အကျိုးကို ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် မီဒီယာအပါအ၀င်ပေါ့ တိုးတက် မူ့ဆိုတာ ရှိရမှာပေါ့။
    ၂။ မေး ။ ။ ပြီးခဲ့တဲ့ တခေါက် ပူးတွဲထုတ်ပြန်ချက် ကြေညာသွားပါတယ် အဲဒီမှာ သဘောထားကွဲလွဲနေမူ့ ၊ စိတ်ဝမ်းကွဲပြားနေမှု့တွေကို ဆွေးနွေး တယ်လို့ ပြောပါတယ် အဲဒါ က အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ကိုပြောတာပါလား ဒါမှမဟုတ် လက်နက် ကိုင်အဖွဲ့အစည်းတွေ နဲ့ အစိုးရနဲ့ အကြား ကိုပြောတာပါလား နောက် တစ်ခုက အဲဒီမှာ လဲ ပါပါတယ် …တရားဥပဒေ စိုးမိုးရေးကိစ္စ ဆွေးနွေးတယ်လို့သိရပါတယ် …အဲဒီလိုဆွေးနွေးတာ က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ တရားမ၀င်ဘူးလို့ပြောထားတာ ရှိပါတယ် အဲဒီတော့ အဲကိစ္စ တွေ ကို ဆွေးနွေးတာပါလား ရှင်…။
    (ဦးအောင်ကြည်)ဖြေ ။ ။ အဲဒီတော့ ကျနော်တို့ စိတ်ဝမ်းကွဲပြားမူ လျှော့ပါးရေး ဆိုတဲ့ကိစ္စ ဟာနေရာတိုင်းမှာ ရှိနိုင်ပါတယ် ။ သဘာဝ အားဖြင့် ကျနော်တို့က ( Diversity and Unity )ဆိုတဲ့ သဘောပေါ့ ဘယ်လုပ်ငန်းမှာ မဆို လူတိုင်းမှာ စိတ်ဝမ်းကွဲပြားမှု့ ဆိုတာ ရှိနိုင်ပါတယ် သို့ရာတွင် ကျနော် တို့ ဟုတ်လား … အခု ကျနော် ပြောသွားတဲ့ အတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှု့ ကိုတော့ ကျနော်တို့ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမယ် ဆိုတဲ့ အနေအထားဖြစ်ပါတယ်။
    ၃။ မေး ။ ။ ကျနော် ဦးအောင်ကြည် ကိုမေးချင်ပါတယ် ။ ပူးပေါင်းဆောင်ရွက်မှု့ ရှိတယ်ဆိုပြီးတော့ ပြီးခဲ့ တဲ့တ ခေါက် တွေ့ဆုံမှု့ ကလဲ ပြောခဲ့ ပါတယ် ။ ဆိုတော့ အဲဒီ ပူးပေါင်းဆောင်ရွက်မှု့ က ဘယ်လိုစလုပ်နေပြီ လဲ လုပ်နေပြီဆိုလဲ ဘယ်အခြေအနေ ရောက်နေပြီလဲ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့် ပေးစာနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက် လဲပြောထားပါတယ် အဲဒါကိုရော ရှေ့ဆက်ပြီးတော့ မှ ဘယ်လိုဆက်လုပ်သွားမယ် ဆိုတာ သိချင်ပါတယ်။
    ဦးအောင်ကြည် (ဖြေ) ။ ။ ဒါတွေ အားလုံးဟာ ပူးပေါင်းဆောင်ရွက်မှု့ ခေါင်းစဉ် အောက်မှာ ပါပါတယ် ကျနော် တို့ ပူးပေါင်းဆောင်ရွက် တယ်ဆိုတာဟာ တကယ့် ကျနော်တို့နိုင်ငံအတွက် လိုအပ်တဲ့ ( Main Problem ) ကြီး တခုပါ ဒါကြီးကို ကျနော်တို့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည် သွားပြီဆိုတဲ့ အချိန် ကျလို့ရှိရင် ကျန်တဲ့ ကိစ္စ အားလုံး ဒီ ( Main Problem) ကြီးရဲ့ အကျိုးဆက်တရားများ တနည်းအားဖြင့်တော့ (Corollary) ပေါ့လေ အဲဒါတွေ ဖြစ် လာမှာ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မဲ့ အနေအထားလဲဖြစ်ပါတယ် ဆိုတဲ့ အကြောင်းပြောရင်းနဲ့ နိဂုံးချုပ်ပါတယ် …အားလုံးကို ကျေးဇူးတင်ပါတယ် …။
    National League for Democracy




    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment