Sunday 11 September 2011


ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...

Posted: 10 Sep 2011 07:01 AM PDT

၂၀၀၇ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့က သစ်တောဝန်ကြီး ဗိုလ်ချုပ်သိန်းအောင်မှ တရုတ်စွယ်တော်ကျောင်းမှ မဟာယနဘုန်းကြီးများအား "ဤသို့ ထီးတော်မိုး သစ်တော်ဆက်နေပုံ"
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...
 ရွှေဝါရောင်တော်လှန်ရေး ၄နှစ်ပြည့်အမှတ်တရ
မြန်မာ့သမိုင်းမှာ သွေးစွန်းသော နေ့ရက်များဖြစ်တဲ့ စက်တင်ဘာလ သို့ရောက်ရှိလာပြန်ပါပြီ..။ ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၈ရက် စစ်တပ်ကအာဏာသိမ်းမှု နှစ်ပတ်လည်ဖြစ်သလို ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာတော်များရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအား စစ်အာဏာရှင်များရဲ့ အကြမ်းဖက် နှိမ်နင်းမှုအောက်မှာ သွေးမြေကျခဲ့ရတဲ့ ရဟန်း၊ ရှင်လူ ကျောင်းသား အပေါင်းတို့ရဲ့ သွေးစွန်းသော နေ့ရက်များလည်း ဖြစ်ပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်တဲ့ သွေးစွန်းတဲ့ နေ့ရက်တွေပါပဲ...။ ရွှေဝါရောင်တော်လှန်ရေးကြီး ၄နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း အရာရာတိုင်းဟာ မနေ့တနေ့ကလိုပါပဲ။

ရွှေရောင်နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ နှိုင်းယှဉ် တင်ပြလိုတာကတော့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ ထေရဝါရ ဗုဒ္ဓဘာသာအပေါ် အမှန်တကယ် ယုံကြည်ကိုးကွယ်မှုရှိမရှိနဲ့ သရဏဂုံပျက်ကြောင်း တရားတွေကို သိမသိဆိုတဲ့ အချက်ပါပဲ...။ မိရိုးဖလာ ဗုဒ္ဓဘာသာလား၊ အပေါ်ယံ ဗုဒ္ဓဘာသာလားဆိုတာ ခွဲခြားသိရအောင် အောက်ကဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ကြရအောင်...။

၂၀၀၇ခုနှစ် ရွှေတိဂုံ အနောက်ဖက်မုခ်မှာ စက်တင်ဘာ ၂၆ရက်နေ့က သံဃာတောတွေမှ အကြမ်းဖက် ဖြိုခွင်းချင်း မခံရမှီ အာဏာပိုင်များအား ထိုင်ကန်တော့နေတဲ့ ပုံပါ..
 ဒီပုံကတော့ ရွှေဝါရောင်တော်လှန်ရေးကြီး အပြီး၁လကျော်အကြာ ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့က တရုတ်စွယ်တော်ကျောင်းမှ မယာယနဘုန်းတော်ကြီး Chan Zang နဲ့ အဖွဲ့အား ဤသို့တိုတသေ တွေ့ရစဉ်ပုံပါ..။ ရတနာသုံးပါးမှ တပါးမှတပါး ကိုးကွယ်ရာမရှိဆိုတဲ့ ဗုဒ္ဓတရားတော်လာ သရဏဂုံပျက်မပျက် ဆိုတာတောင် မသိရော့လေသလားလို့ ဆိုတာကတော့ စဉ်းစားကြည့်နိုင်ပါတယ်...။
 လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဤသို့မြင်တွေ့ရတဲ့ သံဃာတော်များရဲ့ အခြေအနေပါ...
 ရွှေဝါရောင်တော်လှန်ရေးကြီးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့  ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ သွေးတွေ မခြောက်သေးတဲ့ နိုဝင်ဘာလမှာပဲ တရုတ်မဟာယန ဘုန်းတော်ကြီးတွေကို ဤသို့ တရိုတသေ ကြိုဆိုဂါရဝ ပြုခဲ့ကြပါတယ်...။ 
တရုတ်က စွယ်တော်ကျောင်းအတွက် ထီးတော်မိုး၊ သစ်တော်ဆက်ပြီး ပြည်သူပိုင် သစ်တန်ချိန် ၃၀၀ကျော်ကို မိမိပိုင်သဖွယ် လှူဒါန်းခဲ့ပါသေးတယ်..။
မိမိတိုင်းသူပြည်သား သာသနာဝန်ထမ်း ဘုရားသားတော်တွေ အပေါ်မှာတော့ တခြားဘာသာဝင်တွေ အကြည်ညိုပျက်အောင် မဟုတ်တမ်းတရားစွပ်စွဲ၊ ရိုက်နှက်ဖမ်းဆီး နှိပ်စက် ထောင်သွင်းအကျဉ်းချ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ နှိပ်ကွက်ခဲ့တဲ့ သာသနာကို ကြည်ညို လေးစား သယောင်ဆောင်နေတဲ့ အာဏာရှင်များမှ.. တရုတ်မဟာယာန ဘုန်းတော်ကြီးများ ရောက်ရှိလာတဲ့ အခါမှာတော့..
 ထိုစဉ်က သစ်တောဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်မှ ထီးတော်မိုး၊ ဒူးတုပ် ပဆစ်ကြုပ် ရိုသေမြတ်နိုးလက်စုံမိုးပြီး ပြည်သူပိုင် ပစ္စည်းကို မိမိပိုင်ပစ္စည်းကဲ့သို့ လှူဒါန်းရသော အကျိုးအားကြောင့်တဲ့ လေ...။ အာဏာအောက်မှာ ရောက်ရှိနေတဲ့ သာသနာ...နဲ့ အာဏာရှင်တွေရဲ့ ပြည်ပအားကိုး သာသနာလို့ ဆိုရလေမလား။ ဘာသာရေး အခြေခံပဲ အားနည်းနေလား... တိုင်းတပါးသာသနာကိုပဲ အထင်ကြီးလေသလား ဆိုတာကတော့ ပါးစပ်က သာသနာတော် ပြန့်ပွားရေးဆိုပြီး အသံကုန်အော်နေတဲ့ အာဏာရှင်တွေ မိမိတို့ကိုယ်ကိုယ် မိမိ ဆန်းစစ်မိပါလေစ...။
အထက်ပါမှတ်တမ်း ဓာတ်ပုံတွေဟာ ကိုယ့်တိုင်းသူပြည်သား ဘုရားသားတော် ထေရဝါဒ သံဃာတော်များအား ရက်စက်စွာသတ်ဖြတ် ညှင်းပန်း နှိပ်ကွက်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အပြီးတလ ကျော်ကျော်လေးအချိန်က မဟာယာန တရုတ်ဘုန်တော်ကြီးနှင့် အဖွဲ့အား နအဖအာဏာပိုင်တွေက ရိုသေဆည်းကပ်ပြပြီး စော်ကားပြလိုက်တာဖြစ်ပါတယ်..။ တဖက်မှာ ပြည်တွင်းသံဃာတော်တွေရဲ့ ကျောင်းတွေဖျက်ဆီး၊ ချိတ်ပိတ်နေတဲ့ အချိန်မှာ ပြည်ပက မဟာယာန ဘုန်းကြီးတွေအတွက် ကျွန်းသစ်တွေ လှူဒါန်းပါတယ်...။ ပြည်တွင်း သံဃာတော်တွေအား သတ်ဖြတ် ရိုက်နှက် မတရားဖမ်းဆီးနေတဲ့ အချိန်မှာ ပြည်ပက မဟာယာန ဘုန်းကြီးတွေအား ထီးတော်မိုး၊ အခမ်းအနားတွေနဲ့ ကြိုဆိုပြခဲ့တာပါ..။ အင်မတန်မှ ရင်နာစရာကောင်းတဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်ပါ..။

 ၂၀၀၉ခုနှစ် ၆လပိုင်းက တရုတ်ပြည်စွယ်တော် ကျောင်းသို့ နအဖဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေးနှင့် အဖွဲ့ရောက်ရှိစဉ်က ကတော်များမှ မဟာယာန တရုတ်ဘုန်းတော်ကြီးများအား ဤသို့ လက်အုပ်မိုး၍ ရှိခိုးဆည်းကပ်နေစဉ်..။. သရဏဂုံ ပျက်မပျက် ဆိုတာကို မိမိတို့ ကိုယ်တိုင် သတိထားမိပါလေစ...။

နိဂုံးချုပ်အနေနဲ့ လာမည့်ရက်တွေမှာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး ၄နှစ်ပြည့်မြောက်ပါတော့မယ်...။ အာဏာအောက်မှာ ရောက်ရှိနေတဲ့ သာသနာအား သာသနာအောက်သို့ အာဏာပြန်လည်ရောက်ရှိပြီး ပြန်လည်မြှင့်တင်ဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့ တာဝန်ဖြစ်ပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...။ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ ပြည်သူ့အတွက် အသက်ပေး စတေးခံသွားကြတဲ့ သာသနာ့အာဇာနည်များ၊ အကျဉ်းထောင်အတွင်း မှာမတရားအကျဉ်းကျခံနေရတဲ့ အရှင်ဂမ္ဘီရအပါအဝင် သံဃာတော် အရှင်မြတ်များနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းမှ သံဃာတော်အရှင်သူမြတ် အပေါင်းတို့အား ရွှေဝါရောင်တော်လှန်ရေးကြီး အမှတ်တရ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့အပ်ပါတယ်....။

ဒီမိုဝေယံ...

 ဆရာတော် ဦးဣသရိယ
 ဦးနေမိန္ဒ
 ဦးထာဝရ၊ ဦးဃောသိတ၊ ဦးနေမိန္ဒနဲ့ ရွှေဝါရောင် ဦးဆောင်ဆရာတော်များ..
 
ဦးနန္ဒာစရိယ

ပါတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းရောင်း/စက်ဌာန ရန်ကုန်ရုံးချုပ် အခြေခံဝန်ထမ်းများ၏ (တိုင်ကြားစာ)

Posted: 10 Sep 2011 04:33 AM PDT

 ၂၀၀၇ခုနှစ်က သစ်တောဝန်ကြီး ဗိုလ်မှုးချုပ်သိန်းအောင် ဘယ်သူ့ကို ကန်တော့နေတာလဲ ဆိုတာ...

ကျနော် ၊ ကျမတို့သည် သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်း ရန်ကုန်(ရုံးချုပ်) ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတွင် တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများဖြစ်ပါသည်။

၂၀၁၀ခုနှစ် ၅ လ ပိုင်းမှစတင်၍ နေပြည်တော်ရှိ သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်း ရုံးသို့ ၀န်ထမ်း အားလုံးသည် တဦးလျှင် ၂ လ ကြာ၊ အလှည့်ကျစနစ်ဖြစ် သွားရောက် တာဝန် ထမ်းဆောင် ကြရန် စတင်စေလွှတ်ပါသည်။

ထိုသို့စေလွှတ်ရာတွင် ရန်ကုန်ရုံးချုပ်ရှိ တာဝန်ရှိသူအချို့ မှမျှတစွာတာဝန်ခွဲဝေခြင်း မရှိပဲ အထွေထွေ မန်နေဂျာ(GM)၊ ဒုတိယအထွေထွေမန်နေဂျာ (DGM)တို့၏ ဆွေမျိုးနီးစပ်တော်စပ်သော ၀န်ထမ်းများနှင့်၎င်းတို့နှင့် အပေးအယူပြုလုပ်ကာ တပည့်မွေး ဆရာမွေး ပြုလုပ်နေကြသော ၀န်ထမ်းများအား အခြားဝန်ထမ်းများနည်းတူ နေပြည်တော်သို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခဲ့ခြင်း မရှိပါ။ ထိုဝန်ထမ်းများအား လာဘ်ပေး၊ လာဘ်ယူ ကိစ္စများတွင်သာ အဓိကဆောင်ရွက်ရန် အနီးကပ်တပည့် မွေးမြူထားကြပါသည်။

နေပြည်တော်သို့ သွားရောက် တာဝန်ထမ်းဆောင်ြကသော ၀န်ထမ်းများအတွက် ယာယီနေထိုင်ရန် ပေးထားသော အဆောက်အဦးမှာလုံခြုံမှုမရှိပဲ မိမိတို့ဝန်ထမ်းများ၏ ပစ္စည်းများအားပြင်ပမှ မကြာခဏ ဖောက်ထွင်း ခိုးယူမှုများ ခံကြရပါသည်။ တာဝန်ရှိသူများကိုအကြောင်းကြားတင်ပြခဲ့သော်လည်း မည်သို့  မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ မိမိတို့ ရရှိသောလစာနှင့်ရန်ကုန်ရုံးမှပေးသောထောက်ပံ့ကြေး တစ်သောင်းခွဲသည် နေပြည်တော်တွင် တာဝန် ထမ်းဆောင်ရန်လုံလောက်ခဲ့ခြင်းမရှိသော်လည်း ဌာနမှ တာဝန်ပေးခဲ့သည့်အတွက် အခက်အခဲများကြားမှ မိမိတို့ အနေဖြင့်သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးဖြစ်ပါသည်။ မိမိတို့သည် ဌာနမှ ထပ်မံတာဝန်ပေးချက်အရ နှစ်ကြိမ်ထက်မနည်း နေပြည်တော်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် ၀န်ထမ်းများဖြစ်ကြပါသည်။

ယခုအခါတွင်လည်း ထပ်မံစေလွှတ်နေပြန်ပါသည်။ မိမိတို့အနေဖြင့် မိသားစုအခြေအနေ၊ ရရှိသောလစာနှင့်ကုန်ကျစရိတ်များအရ အကြိမ်ကြိမ် တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ပါ။ အထွေထွေ မန်နေဂျာ(GM) ၊ ဒုတိယ အထွေထွေမန်နေဂျာ (DGM) တို့၏ နီးစပ်သူများ သည် နေပြည်တော်သို့ သာမန်ဝန်ထမ်းများနည်းတူ စေလွှတ် တာဝန်ထမ်းဆောင် သင့်သော်လည်း ယခုချိန်ထိ တကြိမ်တခါမျှ စေလွှတ်ခြင်းမရှိပါ ။

ထိုကဲ့သို့ မျှတမှု့မရှိသည် ကိစ္စရပ်များ ပေါ်ပေါက်နေပါသဖြင့် ပြောင်းလဲလိုက်သော ပါတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အမည်သစ်နှင့်အတူ ယခင် သစ်တောရေးရာဝန်ကြီးဌာန အမည်ဟောင်းအောက်တွင် ဖြစ်ပေါ်ခဲ့သောဌာနတွင်း ၀န်ထမ်းများအပေါ် မမျှတမှုများပါ အသစ် ပြုပြင်ပြောင်းလဲ ပေးပါရန် အခြေခံဝန်ထမ်းများမှ အင်တာနက် စာမျက်နှာများမှ တဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြ တောင်းဆိုလိုက်ရပါသည်။

အခြေခံဝန်ထမ်းများ

ပါတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာ့သစ်လုပ်ငန်း
ပြည်တွင်းရောင်း/စက်ဌာန
ရန်ကုန်ရုံးချုပ်

SINOHYDRO POWER ရဲ့ ၂၀၁၀/၂၀၁၁ခုနှစ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း မြင်ကွင်းဓာတ်ပုံများ...

Posted: 09 Sep 2011 02:36 PM PDT

Myitsone Hydropower Project picture
 Myitsone Hydropower Station gas station construction scene 2010-5-19
 Myitsone Hydropower Station gas station construction scene 2010-5-19
Myitsone Sanjiangkou scenery 2010-5-19
 Myitsone  2010-5-19
 အောက်မှာ ဆက်လက်ကြည့်ရှုပါရန်..


Myitsone Hydropower Station gas station construction scene2010-5-11
Temporary camp owners Myitsone  2010-5-11 photo
Myitsone station owners 2 temporary camps 2010-5-11 photo

 Liu Xingchang Myitsone power plant project to the Department of inspection 2011-1-21
Liu Xingchang, has base at the first road construction site to view and listen to work report 2011-1-21
 Liu Xingchang and has barrier, Zhang Bao wide exchange of views, consultations construction measures 2011-1-21
 Guang-Hua Li, general manager of Yunnan Province to visit the international inspection guidance Myitsone 2010-9-3

Luo Lin Myitsone power projects come to inspect and guide the work of the Ministry 12010-9-8

Luo Lin Myitsone power projects come to inspect and guide the work of the Ministry 2010-9-8

The right bank of the temporary pier Myitsone picture (photo / to your level) 2010-9-12
Myitsone photo station owners camps 2010-5-19
 Myitsone 35 mixing station owners camps House 2010-5-19

မြစ်ဆုံဆည်သတင်း၊ ဓာတ်ပုံများ ပြန်လည်ကြည့်ရှုလိုပါက Labels မှ မြစ်ဆုံဆည်သတင်းများ အားနှိပ်ပြီး ကြည့်ရှုနိုင်ပါသည်...။

ကဲကျွန်တော်တို့ အားလုံး  အမြင်မတူတာတွေ ခေတ္တဘေးဖယ်ထားပြီး အမိဧရာဝတီအတွက် တဦးချင်းစီ ကိုယ်တတ်နိုင်တာတွေ ဝိုင်းဝန်းလုပ်ဆောင် ကြရအောင်ဗျာ...။

မကြာခင် ပြီးစီးပြီး ဖွင့်လှစ်တော့မယ့် ၂၀၀၈ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တဲ့ မေခမြစ်ပေါ်က ချီဖွေရေအားလျှပ်စစ် စီမံကိန်း..(ဓာတ်ပုံ၊သတင်း)

Posted: 09 Sep 2011 02:19 PM PDT

Ministry of Power station project gallery
Project department inspection teams in diversion tunnel inspection 2011-6-25
 Plant tail water system 2010-12

အောက်မှာ ဆက်လက်ကြည့်ရှုပါရန်...
Owners of the camp -2 # dormitory 2010-12
Camp owners 2010-12 basketball court
3 #-hole concrete pouring 2010-11-23
Beam has been poured to the top of the main plant (photo / Lee) 2010-8
View mirror finish pouring concrete (photo / Lee) 2010-8
Diversion tunnel pressure pipe installed (photo / Lee) 2010-8
The construction of the plant appearance  2010-8
Department of camp life and the project office  2010-8
 Myanmar government officials to the power station plant inspections 2009-12-22
Burmese officials to visit 2009-2-19 Myitsone power station
The photo shows Major General Aung Min (left), deputy commander of the Russian guy (second from left) and No. 6 adit at the inspection site(သမိုင်းတရားခံ)
Ministry of Work Safety to the power company's power plant projects in the Department of inspection 2009-2-8
Power powerhouse face 2010-5-31
Plant to install a traffic installation 2010-5-31
Mirror concrete 2010-3-29
 
Mirror concrete 2010-3-29
Mirror concrete 2010-3-29
Plant picture 2010-1-9
Zhao, director of the Ministry of Manpower's all to the power plant inspection 2009-12-22
Deputy to the power station branch Xu Yuanting inspections 2009-11-18
Branch Shi Yanfei secretary, Xu Yuanting deputy to the power plant inspections 2009-11-18
Company vice president Yang Yiping Yunnan Power Investment Corporation and the leadership of inspection diversion tunnel construction 2009-9-15
The following manual excavation 2009-9-15 inclined
Power plant flood control flood drill 2009-6-10
Security line with my speech contest 2009-5-26မှ မြန်မာများ...
Dali has base and branch manager of Yunnan Power Investment Corporation led at the first hole at the construction site 2008-10-17
 First Cup of hydropower construction Irrawaddy basketball friendly 2008-12-30
Company, branch leaders at all levels inspection power station photo 2008-12-11
Managers who base with Yunnan Power Investment Corporation gross national vice president the right to a cordial conversation 2008-10-17
6 # adit 2008-10-16
Company vice president and northern Burma Military Region Deputy Commander Liu 2008-9-24 (သမိုင်းတရားခံ မြောက်ပိုင်းတိုင်းမှူး)
Tunnel excavation forming 2008-9-23
Building a new owner
 2 new building owners

အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများမှ လတ်တလောဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေအပေါ် သဘောထားထုတ်ပြန် ကြေငြာချက်နှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် ပိတ်သိမ်းခံရသော ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် ပြင်ဆင် ကြိုးပမ်းမှုများ..

Posted: 09 Sep 2011 08:52 AM PDT

ဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့် ပိတ်သိမ်းခံရသော ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် ပြင်ဆင် ကြိုးပမ်းမှုများ..
အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများမှ လတ်တလောဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေအပေါ် သဘောထားထုတ်ပြန် ကြေငြာချက်..
ပေးပို့ပေးတဲ့ ကိုစိုင်းအား ကျေးဇူးတင်ပါသည်...။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment