Wednesday 7 September 2011

Fwd: နိုင်ငံတော်ကို ဘာကြောင့်စွန့်ခွါ ....ကို တုံ့ပြန်ရေးသားထားသော ပို့စ် & နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား Articles




ိုင်ငံတော်ကို ဘာကြောင့်စွန့်ခွါ ....
ဦးခြိမ့်မှ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတစ်ပုဒ်ကို တုံ့ပြန်ရေးသားထားသော ပို့စ်ဖြစ်ပါသည်။ မြန်မာကျူးပစ်ဖိုရမ်မှ ကူးယူဖော်ပြပါသည်။
-------------------------------------------------------------------------------
 မြန်မာလူမျိုးများ မြန်မာနိုင်ငံတွင် ပညာသင်ကြားပြီး အရွယ်ရောက်လာသောအခါ နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် သက်ဆိုင်ရာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသည်။ ထိုသို့ကူးပြောင်းကြသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကာ တခြားနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသော်လည်း မြန်မာလူမျိုး (ဗမာ ရခိုင် ရှမ်း ကချင် ကရင် ချင်း စသည့် တိုင်းရင်းသားအားလုံး ) သည် မြန်မာနိုင်ငံကို ချစ်မြတ်နိုးတွယ်တာနေသောစိတ်မှာ မြန်မာနိုင်ငံတွင် နေထိုင်နေသောသူများကဲ့သို့ မလျှော့သောစိတ် အပြည့်ရှိနေသည်မှာ မေးခွန်ထုတ်စရာပင်မလိုအပ်ပါ။ သို့ပါသော်လည်း မြန်မာနိုင်ငံအတွင်း၌ရှိသော မြန်မာအစိုးရလူကြီးများ၊ ထိုအစိုးရအဖွဲ့ဝင်များကို အခွင့်အရေးရရှိရန် ဖားနေသူများ၊ မြန်မာအလင်းသတင်းစာတွင် မိမိအခွင့်အရေးရရန် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်သွားသူများကို လိုက်လံအပြစ်ဖို့ ပြောဆိုနေသည်များကို တွေ့ရှိရ၍ အလွန်အင်မတန် စိတ်မကောင်းဖြစ်မိပါသည်။ ထိုသို့ မြန်မာနိုင်ငံသားစွန့်လွှတ်သွားသူများကို လိုက်လံ အပြစ်ပြောနေမည့်အစား ဘာကြောင့် နိုင်ငံသားအဖြစ်သို့ စွန့်လွှတ်သွားကြတာလဲဆိုတဲ့ အရင်းအမြစ်ကို ရှာဖွေကာ နောက်ထပ် မြန်မာနိုင်ငံသားအဖြစ် တည်ရှိနေသေးသော မြန်မာနိုင်ငံသားများကို နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ရန် ဘယ်လိုကာကွယ်ကြမလဲဆိုသည့် အချက်အလက်ကို မစဉ်းစားကြသည့်အတွက်လည်း ပို၍ပင်စိတ်မကောင်းဖြစ်မိပါသည်။ မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ကိုင်ခြင်း၏ အကျိုးကျေးဇူးများ ပထမဦးစွာ ဆွေးနွေးလိုသည်မှာ မြန်မာနိုင်ငံအတွင်းရှိ ဆောင်းပါးရေးသူ အမြင်ကျဉ်းကို စွဲကိုင်ထားသူများမှာ မြန်မာနိုင်ငံမှ ထွက်ခွာပြီး နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူများကို အပြစ်ဖို့ပြောဆိုခြင်းမှ စတင်ပါသည်။ မြန်မာနိုင်ငံသည် လက်ရှိအားဖြင့် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဟုဆိုသော်လည်း ခေတ်မမှီသော၊ တိုးတက်မှုမရှိသော လယ်ယာစိုက်ပျိုးရေးကိုသာ အခြေခံနေသော နိုင်ငံတစ်ခုဟုသာ ဆိုရပေမည်။ တိုင်းပြည်အတွင်းတွင် စိုက်ပျိုးရေးစနစ်ကို တိုးတက်ရန်အတွက် အလေးထားလေ့လာသော ကောင်းမွန်သော Research centre မရှိ၊ ရှိသည့်သုတေသနတွင်လည်း နားလည်တတ်ကျွမ်းသော ပညာရှင်မရှိ၊ အချိန်တန်လခရသည်ပဲဟု တစ်နေ့တစ်နေ့ လဘက်ရည်ဆိုင်ထိုင်၊ ချဲထိုး၊ နှစ်လုံးထီထိုးနေသော သံချေးတက် ပညာတတ်များသာရှိသည်။ ထို့အပြင် နိုင်ငံအစိုးရ တာဝန်ရှိသူများကလည်း ထိုကဲ့သို့ နည်းပညာများထွန်းကားရန် မြေတောက်မြှောက်လိုစိတ် အလျှင်းမရှိ၊ ထိုထိုသော အကြောင်းအချက်များကြောင့် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်မှာ အဆင့်မတန်းမမှီ၊ နိုင်ငံရပ်ခြားပို့သော်လည်း တိရိစ္ဆာန်တောင်မှ ကျွေးမွေး၍မရသော ထွက်ကုန်သာ ရှိသည်။ ထိုအပြင် စက်မှု လက်မှုတွင်လည်း ကျွန်တော်တို့နိုငံတွင် တိုးတက်သော စက်မှု၊လက်မှု အခြေအနေမဟုတ်၊ အသစ်တီထွင်နိုင်သော အခြေအနေ မပြောနှင့် တခြားနိုင်ငံများမှ ထွက်သောကုန်ပစ္စည်းများကို ပုံတူကူးချပြီး ပြန်လည်ထုတ်ယူနိုင်သော အခြေအနေပင် ကောင်းကောင်းမရှိပေ။ ထိုသို့ ပုံတူကူးချထုတ်လုပ်နိုင်သော ပြည်တွင်းအသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် စိုးလျှပ်စစ်မှ ထုတ်လုပ်သော ဂျင်နရေတာ၊ ထရန်စဖော်မာ၊ မီးစက်တချို့ကိုသာတွေ့ဖူးသည်။ အထက်ပါကဲသို့ မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို ထောက်ပြနေသည်မှာ အပြစ်ပြောလို၍မဟုတ်ပါ။ မြန်မာနိုင်ငံသားအဖြစ်သို့ တည်ရှိနေသေးသော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်ရန် ပတ်ဝန်းကျင်အခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့ လိုအပ်ကြောင်းကို ထောက်ပြ ဆွေးနွေးခြင်းသာဖြစ်သည်။ တခြားသူများကို နမူနာ မပေး၊ မိမိကိုယ်ကိုသာ နမူနာအနေဖြင့် ပြောပြရမည်ဆိုလျင်၊ စက်မှုတက္ကသိုလ်မှဘွဲ့ရပြီး အစိုးရအလုပ် လုပ်ကိုင်ရန်ရည်ရွယ်ချက်ရှိသော်လည်း ဖခင်မှ အစိုးရအလုပ်လုပ်ကိုင်လည်း ပတ်ဝန်းကျင်မှ လာဘ်လာဘယူဆောင်ကြီးပွားမှုများကို ပါဝင်သွားကာ မတရားသော ကြီးပွားမှုမျိုး မလိုအပ်သောကြောင့် အစိုးရအလုပ်လုပ်ခြင်းကို တားမြစ်သည်။ ထိုကြောင့် ကျွန်တော်သည် ယာယီအသက်မွေးဝမ်းကျောင်းအဖြစ် ကျုရှင်ဆရာဘ၀ဖြင့် မိမိဝမ်းကို ကျောင်းခဲ့ရသည်။ သင်ကြားထားသော ပညာရပ်များကို မှန်ကန်စွာ အသုံးမချနိုင်ခဲ့။ ထိုမှတဆင့် မိမိ၏ကြိုးစားအားထုတ်မှုကြောင့် ဘွဲ့လွန်ကို နိုင်ငံခြား တက္ကသိုလ်တစ်ခုတွင် စကော်လားရှစ်ဖြင့် အခမဲ့ ပညာသင်ကြားနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်ပါက မည်သို့မျှ မသိနိုင်သည့် ပညာရပ်များကို နိုင်ငံခြားတိုင်းပြည်များတွင် လွယ်လင့်တကူလေ့လာနိုင်ခဲ့ပါသည်။ သို့သော် ထိုပညာရပ်များကို မိမိနိုင်ငံအတွက် ပြန်လည်အသုံးချနိုင်ရန် မြန်မာနိုင်ငံအတွင်း၌ ဖန်တီးထားသည့် အခြေအနေပတ်ဝန်းကျင်မရှိ၊ အကယ်၍ မိမိသည်မြန်မာနိုင်ငံကို ပြန်လည်ကျေးဇူးပြုလို၍ ပြန်လည်ရောက်ရှိပါက မိမိကျွမ်းကျင်သော လုပ်ငန်းရပ်များမရှိသဖြင့် ငယ်စဉ်က ပြုလုပ်ခဲ့သော ကျုရှင်ဆရာဘ၀ကို ပြန်လည်ရောက်ရှိကာ မိမိတတ်မြောက်ထားသော အတတ်ပညာရပ်များကို စတိုခန်းထဲ သိမ်းထားရသည့် ဘ၀သာ ပြန်လည်ရောက်ရှိနိုင်ပေသည်။ သို့ပေမဲ့လည်း နိုင်ငံခြားတွင် ထွက်၍လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအဖို့ မိမိကဲ့သို့ နိုင်ငံခြားတွင် ရေရှည်နေနိုင်သူများသာ မဟုတ်ပဲ ယာယီပါမစ်များဖြင့် နေထိုင်သူမှာ ၆၀-၈၀ ရာနှုန်းအထိရှိကာ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိပါက အောက်ပါ အကျိုးကျေးဇူးများလည်း မြန်မာနိုင်ငံသို့ ရရှိနိုင်ပါသည်။ (၁) အချိန်၏တန်ဖိုးကို နားလည်ခြင်းနှင့် အလုပ်ချိန်တွင် မိမိအား ပေးအပ်ထားသော အလုပ်ကို သေချာစွာလုပ်ကိုင်နိုင်ခြင်း။ (နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း အကျိုးကျေးဇူး ) မြန်မာနိုင်ငံတွင်းအရှိ အစိုးရအလုပ်အပါဝင် တချို့သော အလုပ်များမှာ အလုပ်ချိန် တစ်နေ့(နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ) ၆နာရီခန့်အတွင်း ထမင်းစားချိန် လဘက်ရည်သောက်ချိန် များကို နှုတ်လိုက်ပါက ၄နာရီခန့်သာရှိသည်၊ ထို ၄နာရီအတွင်း လူတစ်ယောက်၏ အချိန်ဆွဲလုပ်ကိုင်မှုကြောင့် ၃ နာရီခန့်သာဖြစ်ပေလိမ့်မည်။ အလုပ်မပြီးစီးပါကလည်း နောက်တစ်နေ့ လုပ်လို့ရတာပဲဟု အချိန်ဆွဲလုပ်ကိုင်လိုစိတ်များ တာဝန်ယူမှုမရှိခြင်းများကို နေရာတော်တော်များများတွင် ၇၀-၈၀ ရာခိုင်နှုန်းခန့်တွေ့နေရသည်။ (၂) လူတစ်ဦးချင်းစီ၏ တာဝန်ယူမှု စိတ်ဓါတ်၊ ကတိစကား၏ တန်ဖိုးကို နားလည်သွားခြင်း။ (၃) နိုင်ငံရပ်ခြားမှ ရရှိလာသော အလုပ်ထဲမှ ပညာရပ်များ နှင့် စီမံခန့်ခွဲမှုများ။ အနည်းဆုံး မြန်မာနိုင်ငံတွင်း တေလေဂျပိုး၊ လဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းနေသူတစ်ယောက် နိုင်ငံခြားတွင် အလုပ်လုပ်ပြီး ပြန်လာပါက အနိမ့်ဆုံး ဂဟေတော့ ဆော်တတ်၊ အချိန်နှင့် ငွေကြေးအ၀င်အထွက်ကိုတော့ စီစစ်သွားတတ်ပါသည်။ (၄) နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူများမှာ မိမိနိုင်ငံသို့ ပြန်ပို့သော ငွေများပြန်လည်ရရှိ ခြင်း။ အရှေ့တောင် အာရှတွင် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် သူတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပင်းလူမျိုးတို့က အများဆုံးဖြစ်ပါသည်။ သူတို့တစ်တွေ သူတို့နိုင်ငံကို ပြန်လည်ပို့ဆောင်တဲ့ ငွေသည် တစ်နှစ်ကို ၁.၅ ဘီလိယန်စီ ရှိကြပါသည်။ ထိုနိုင်ငံများက တရားဝင်ငွေကြေး ပို့ဆောင်ရေးလုပ်ငန်းများရှိသောကြောင့် နိုင်ငံခြားတွင် လုပ်ကိုင်၍ရရှိသော ငွေများကို မိမိတို့မိသားစုများအတွက် ပြန်လည်ပို့ဆောင်ပေးနေကြသည်။ နိုင်ငံခြားသို့ ထွက်၍အလုပ်လုပ်ကိုင်သော မြန်မာများသည် ဖီလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများကဲ့သို့ တစ်နှစ်လျင် ၁.၅ ဘီလီယန်ခန့် မရှိသော်လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးခန့်ရှိမည်ဟု ခန့်မှန်းမိသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ခေတ်မမှီသော၊ နည်းလမ်းမမှန်သော ဘဏ်စနစ်များကြောင့် ထိုငွေများသည် တရားမ၀င်သောလမ်းကြောင်းသို့ ရောက်ရှိသွားသည်။ ထိုကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုငွေများကို မှန်မှန်ကန်ကန် ဖြစ်အောင် ခိုင်မာသောလမ်းကြောင်းတစ်ခု တည်ဆောက်ရန် အမှန်အကန်လိုအပ်လျက်ရှိပါသည်။ ထိုအပြင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ မိမိမိသားစုဝင်များအား ထိုကဲ့သို့ ငွေကြေးများ ပြန်လည် ပို့ဆာင်မှုကြောင့် မြန်မာနိုင်ငံတွင်းရှိ မိသားစုဝင်များ၏ ၀င်ငွေတိုးပွားလာသည်။ ထိုသို့ ၀င်ငွေ တိုးပွားလာမှုကြောင့် ထိုမိသားစုဝင်များ၏ ငွေသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်ကာ တိုင်းပြည်၏ စီးပွားရေးကို တဖက်တလမ်းမှာ တိုးတက်စေနိုင်သော အချက်အလက်တစ်ခုလဲ ဖြစ်ပါသည်။ (၄) နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ သက်ဆိုင်ရာသံရုံးများတွင် အခွန်ငွေများကို ပေးဆောင်ခြင်းဖြင့် နိုင်ငံ၏၀င်ငွေကို တိုးပွားစေခြင်း။ တကယ်တမ်း မြန်မာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများရဲ့ အကြောင်းအရင်းထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ ထိုအချက်သည် အရေးကြီးပါသည်။ အခွန်နှစ်ထပ်ပေးဆောင်ခြင်း စာချုပ် ရေးထိုးထားသော နိုင်ငံဖြစ်သည်၊ မဖြစ်သည် ခဏထား စင်္ကာပူရောက်မြန်မာနိုင်ငံသားများ ပေးဆောင်သော အခွန်ငွေပမာဏမှာ တနှစ်လျင် အမေရိကန်ဒေါ်လာ သန်း၃၀မှ သန်း၅၀ အတွင်းရှိပါသည်။ ထိုငွေများသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုင်းအတာတခုအထိ လုပ်ဆောင်နိုင်သော ငွေကြေးပမာဏ တစ်ခုအနေနှင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုငွေ သန်း ၃၀-၅၀ ငွေကြေးပမာဏသည် မြန်မာနိုင်ငံအတွက် အမှန်တကယ်ရောက်ရှိသွားသော ငွေကြေးပမာဏဖြစ်သည်လား မည်သူမှမသိ၊ နှစ်စဉ် အခွန်ဌာနမှလည်း မှန်ကန်သော စာရင်းကိုလည်း တင်ပြခြင်းမရှိ၊ အခွန်ဌာနနှင့် သံရုံး (နိုင်ငံခြားရေး ၀န်ကြီးဌာန) နှစ်ခုကြားတွင် ထိုငွေကြေးပမာဏသည် စက္ကူပါးလေထဲလွင့်သကဲသို့ ပျောက်ကွယ်သွားသည်လား မပြောတတ်ပေ။ (၅) နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်း။ မြန်မာလူမျိုးတော်တော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်အလျောက် အလှူအတန်းလုပ်ရာတွင် တခြားနိုင်ငံများကဲ့သို့ တွန့်ဆုတ်ခြင်းအလျဉ်းမရှိပဲ လှူဒါန်းကြပါသည်။ ဥပမာအားဖြင့် မြန်မာကျူးပစ်မင်ဘာများကိုယ်တိုင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က ကျပ်သိန်း ၁၃၀ခန့်ကို မိမိတို့ချွေးနဲစာများမှ ခြစ်ခြုပ်လှူဒါန်းခြင်း၊ မြန်မာများအတွက် မြန်မာမှ ၂၀၁၀ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၁၅၀ခန့် ကျောင်းဆောင် ဆောက်လုပ်လှူဒန်းခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့သည်။ ကျူးပစ်မင်ဘာများ မြန်မာများအတွက် မြန်မာများကဲ့သို့ လူမှုရေးလှူဒါန်းမှုများသာမက တခြားသော လူမှုရေးအဖွဲ့အစည်းများ၊ အဖွဲ့များနှင့် မဟုတ်ပဲ သီးသန့်လှူဒါန်းမှုများမှာ တနှစ်လျင် အနည်းဆုံး ကျပ်ငွေ သိန်း ၁၀၀၀ မှ ၅၀၀၀ အတွင်း ခန့်ရှိပေသည်။ ထိုကဲ့သို့ နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ လှူဒါန်းမှုသည်လည်း တနည်းအားဖြင့် တိုင်းပြည်အတွင်း ငွေလည်ပတ်မှုများ၏ အထောက်အပံ့တခုအဖြစ် တည်ရှိလျက်ရှိနေပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းကို သေသေချာချာ စနစ်တကျ စီစစ်လေ့လာခြင်း အလျင်းမရှိ၊ ထိုကဲ့သို့ သိရန်လဲ ကြိုးစားအားထုတ်ရန်လည်း မစဉ်းစားသော တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ ၀န်ကြီးဌာနများတွင် မျက်နှာရရန် ဖား၍ သတင်းစာများတွင် ရေးသားလျက်ရှိသော အရည်အချင်းမရှိ ကော်လံစား ကလောင်ရှင်များကို ကျွန်တော်တို့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားစစ်စစ်များမှာ အလွန်အင်မတန် စက်ဆုပ်ရွံ့မုန်းမိပါသည်ဟုသာ ပြောကြားလိုပါသည်။
 မောင်ခြိမ့် ၈၈၈၈ နှစ်ပတ်လည်နေ့ အမှတ်တရ။
 ======================================
ဆက်ရန် မြန်မာနိုင်ငံသားများ နိုင်ငံသားစွန့်ပစ်ခြင်း အကြောင်းအရင်းနှင့် ခေတ်နောက်ပြန်ဆွဲ အတွေးပိုင်ရှင် ကော်လံစား သတင်းစာသမားများ (ယနေ့ ၈၈၈၈ နှစ်ပတ်လည် ညနေတွင် ဆက်လက် ရေးသားပါမည်။) ကျွန်တော်ဆက်လက်ရေးသားပြောဆိုမည့် အကြောင်းအရာများသည် လက်ရှိမြန်မာနိုင်ငံအစိုးရကို တိုက်ခိုက်လို၍ အကြောင်းမရှိ အပြစ်ရှာ ပြောဆိုနေခြင်းမဟုတ်ပါ။ တချို့သော ၀က်ဘ်ဆိုဒ်များတွင် လက်ရှိအစိုးရသာမက ပြီးခဲ့သော နအဖအဖွဲ့ကိုပါ ရိုင်းစိုင်းစွာ အ မနာပ ဆဲဆိုပုတ်ခတ်မှုများကိုလည်း တွေ့ရသည်။ ထိုအခါ ကျွန်တော်ကိုယ်တိုင် စိတ်ထဲမကောင်းခဲ့။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ဗုဒ္ဓ၏အဆုံးအမအရ ဖရုဿဝါဆာ ညစ်ညမ်းသောစကားကို ဆိုခြင်းသည် ကျွန်တော်အတွက် သံသရာလည်းမကောင်း၊ ကိုယ်က ဆဲဆိုပုတ်ခတ်သော်လည်း ထိုသို့အပြောခံရသူက မေတ္တာနှင့်သော်လည်းကောင်း ဥပေက္ခာဖြင့်သော်လည်းကောင်း နေပါက ထိုသို့ ဆဲဆိုမှုသည် ကိုယ်တွင်ပြန်လည်၍ အကျိုးယုတ်စေမည်ဟု ယုံကြည်မိသည်။ နိုင်ငံတစ်နိုင်ငံ အုပ်ချုပ်သည်ဆိုရာ၌ မိသားစုတစ်စုအား အုပ်ချုပ်ခြင်းနှင့်မတူ၊ မိသားစု သိန်းပေါင်းများစွာကို အုပ်ချုပ်ရသည်။ အဖွဲ့အစည်းငယ်တစ်ခု အုပ်ချုပ်သည်နှင့်မတူ ခေါင်းဆောင်လုပ်သူမှာ ထိုအဖွဲ့အစည်းငယ်ကိုတာဝန်ခံရသည်။ ထိုကြောင့် လက်ရှိအစိုးရကို ဝေဖန်ရာတွင် အပြစ်တွေသာ ပြောဆိုခြင်းထက် အပြုသဘောဖြင့် အမှားကိုလဲ ထောက်ပြ အမှန်လမ်းကိုလည်း တာဝန်ရှိပြည်သူတစ်ယောက်အဖြစ် အကြံပြုခြင်းမျိုးကိုသာ အဓိက ဦးတည်ရေးသားပါသည်။ သို့သော်လည်း အဖွဲ့အစည်းငယ်ပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲဖြစ်ဖြစ် အခွင့်အရေးလိုချင်၍ ဖားယားရေးခြင်း ပြုမူခြင်းမျိုးကိုတော့ ကျွန်တော် အလွန်အင်မတန်ရွံ့မုန်းမိသည်။ ထိုကဲသို့ ဖား၍နေထိုင်သူများ အလိုတော်ရိများသည် တကယ့်တကယ်တော့ အဖွဲ့အစည်းကို ဖျက်စီးသူ၊ နိုင်ငံကိုဖျက်စီးသူ၊ သစ္စာဖောက်များသာ အမှန်တကယ်ဖြစ်တော့သည်။ ယခင်ပို့စ်တွင် မြန်မာနိုင်ငံသား နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူများကြောင့် နိုင်ငံအတွက် အကျိုးကျေးဇူးများ ရှိနိုင်ကြောင်း အချက်အလက်တချို့ကို အကြမ်းဖျဉ်းအားဖြင့် ထောက်ပြခဲ့ပါသည်။ ကျွန်တော်ထောက်ပြဆွေးနွေးသော အချက်အလက်များထက် မလျော့တောင်မှ ပိုသော အကျိုးကျေးဇူးများ ရှိနိုင်ပါသေးသည်။ ယခုပို့စ်တွင် မြန်မာနိုင်ငံသားများ တခြားနိုင်ငံသားအဖြစ်သို့ မည်သည့်အတွက်ကြောင့် ပြောင်းလဲကြသည် ဆိုတာထက် မြန်မာနိုင်ငံသားအဖြစ်မှ တခြားနိုင်ငံသား အဖြစ်သို့ မပြောင်းလဲသေးသော ကျွန်တော်တို့အတွက် မြန်မာနိုင်ငံ အစိုးရနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသားအဖြစ် ဆက်လက်တည်ရှိနေရန် မည်သို့လုပ်ကိုင်မည်လဲ၊ တခြားနိုင်ငံသားအဖြစ်သို့ ပြောင်းလဲမသွားရန် မည်သို့ ဆွဲဆောင်ကြမလဲဆိုတာကို အဓိက မီးမောင်းထိုးပြလိုပါသည်။ မြန်မာနိုင်ငံသားအဖြစ်မှ တခြားနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများကို တွေ့ကြုံရသလောက် မြန်မာနိုင်ငံသားအဖြစ်သို့ စွန့်ခွာသွားသူများကို မေးမြန်ကြည့်မိသော်လည်း နိုင်ငံရေးအမှန်တကယ်လုပ်သူများက မြန်မာနိုင်ငံသို့ ပြန်ပါက အဖမ်းအဆီးခံရမည်ကို စိုးရိမ်သူများမှာ ၇၀ ရာခိုင်နှုန်းနှင့် အထက်ရှိပါသည်။ တခြားအကြောင်းကြောင့် နိုင်ငံသားအဖြစ်သို့ ပြောင်းသွားသူများသည် မြန်မာနိုင်ငံကို မချစ်လို့ မဟုတ်၊ မုန်း၍လည်းမဟုတ် မိမိကျင်လည်ရာတွင် အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့်သာ နိုင်ငံသားအဖြစ်ကို စွန်ခွာခဲ့ကြသည်။ ထိုသူများကို ကြုံကြိုက်လို့မေးပါက မြန်မာနိုင်ငံသို့ ပြန်ချင်သူများသာဖြစ်ပါသည်။ နိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများ၏ တနှစ်တကြိမ်၊ နှစ်နှစ်တကြိမ် သူတို့၏ အားလပ်ရက်ကို အသုံးချရာနေရာကလည်း မြန်မာနိုင်ငံမှ လွဲ၍တခြားသော နိုင်ငံကို ရွေးချယ်မှုကနည်းပါသည်။ ထိုကြောင့် နိုင်ငံရပ်ခြားသို့ ရောက်နေသော မြန်မာလူမျိုးများအားလုံး မြန်မာနိုင်ငံကို ချစ်သူများသာ ဖြစ်ပါ၏၊ မြန်မာနိုင်ငံထဲနေမှ မြန်မာနိုင်ငံကို ချစ်သူများမဟုတ်၊ လိုအပ်ပါက မြန်မာနိုင်ငံအတွက် အသက်စွန့်ဝံသူများသာဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ်ရန် တပ်မတော်ထဲဝင်၍ အမှုထမ်းမှ နိုင်ငံကိုချစ်သူမဟုတ်၊ မြန်မာလူမျိုး ကြီးကြီးငယ်ငယ် နိုင်ငံကိုချစ်သူများသာဖြစ်ပါသည်။ နိုင်ငံတစ်ခုဆိုသည်မှာ အစိုးရသည်လည်း ပြည်သူအတွက် ပြည်သူ့အကျိုးကို ကြည့်၍ တာဝန်ထမ်းသလို နိုင်ငံဝန်ထမ်းသည်လည်း နိုင်ငံအတွက် တာဝန်ထမ်းသည်။ နိုင်ငံခြားတွင် အလုပ်လုပ်နေသူလည်း သူတတ်နိုင်သလောက် နိုင်ငံတာဝန်ထမ်းရွက်နေသူများသာ ဖြစ်ပါသည်။ တပ်မတော်လည်း တပ်မတော်အလျောက်၊ ပညာရှင်လည်း ပညာရှင်အလျောက်၊ အနုပညာရှင်လည်း အနုပညာရှင်အလျောက် နိုင်ငံတာဝန်ထမ်းသူများသာ ဖြစ်ပါသည်။ ထိုကြောင့် နိုင်ငံတွင်း၌ နေထိုင်သူအားလုံး မည်သူမျှ ပို၍ နိုင်ငံကိုပိုချစ်သည် မရှိ နိုင်ငံသားအားလုံး နိုင်ငံကိုချစ်မြတ်နိုးကြသည်ဟု ပထမဦးစွာ ပြောဆိုလိုပါသည်။ တကယ်တမ်းဆိုလျင် နိုင်ငံသားအဖြစ်တည်ရှိနေသူ၊ ပြောင်းလဲသွားသူ မြန်မာလူမျိုးများအားလုံး မြန်မာနိုင်ငံမှာမွေး မြန်မာသွေး မြန်မာရေသောက်သုံးခဲ့ဖူးခဲ့ကြသည်ဖြစ်သည်အလျောက် မြန်မာပြည်ကို ချစ်ကြသော လူများသာဖြစ်ကြပါသည်။ နိုင်ငံခြားတွင် နေထိုင်ခဲ့သော ၁၆နှစ်ကာလအတွင်း မြန်မာနိုင်ငံကို မုန်းသည်ဟု ပြောသူ မတွေ့ဖူးသလောက်ပင်။ ခေတ်အဆက်ဆက် အုပ်ချုပ်မှု ယိုယွင်းမှုကြောင့်သာ မြန်မာနိုင်ငံအတွက် အားမလိုအားမရဖြစ်မှုများ၊ အုပ်ချုပ်သူလူတန်းစားကို မကျေနပ်မှုများကိုသာ ကျွန်တော်တွေ့ခဲ့ရသည်။ မြန်မာလူမျိုးစစ်စစ် (တိုင်းရင်သားများအပါအ၀င်) မပြောနှင့်၊ ဧည့်နိုင်ငံသားမှတ်ပုံတင်ကိုင် မြန်မာတရုပ်များကိုယ်တိုင်ကလည်း မြန်မာပြည်ကို အလွန်အင်မတန်ချစ်ခင်ကြောင်းကို ကျွန်တော်တွေ့ခဲ့ရပါသည်။ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်သူများကို ကျွန်တော်လေ့လာဆန်းစစ်မိသည်မှာ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာနိုင်ငံသံရုံးများသည် အဓိက တာဝန်ရှိသည်ဟု ပထမဦးဆုံးအနေဖြင့် မြင်ယောင်မိသည်။ အခွန်အခ ပေးဆောင်ရသည်ဆိုသည်ကို ခေတ္တခဏဘေးဖယ်ထားလိုက်ပါဦး။ ကျွန်တော်နားလည်ထားသည်မှာ မြန်မာသံရုံးဆိုသည်မှာ နိုင်ငံရပ်ခြားရောက်ပါက မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဟု မှတ်ယူထားမိပါသည်။ ယနေ့ မြန်မာသံရုံးများ၏ မြန်မာနိုင်ငံသားများအပေါ် ဆက်ဆံမှုနှင့် တခြားနိုင်ငံသံရုံးများ သူတို့နိုင်ငံသားများအပေါ် ဆက်ဆံမှုကို နှိုင်းယှဉ်မိသည့်အခါ မြန်မာသံရုံးများ မြန်မာလူမျိုးများအပေါ် ထားရှိသည် သဘောထားမှာ အလွန်အင်မတန် အောက်တန်းကျ အဆင်နိမ့်လှသည်ဟု ရိုးရှင်းစွာ မှတ်ယူမိလိုက်ပါသည်။ ကျွန်တော်တို့တတွေ တနှစ်တစ်ခါ သော်လည်းကောင်း၊ နှစ်ခါသော်လည်းကောင်း သံရုံးသို့ မဖြစ်မနေသွားရောက်ရသည့် အခြေအနေများဖြစ်ပေါ်လာတတ်ပါသည်။ အခွန်ငွေပေးသည့်အခါ၊ ပတ်စ်ပို့သက်တမ်းတိုးသည့်အခါ၊ ထောက်ခံစာသွားရောက်တောင်းဆိုသည့်အခါများတွင် သံရုံးကိုဆက်ဆံရပါသည်။ ကျွန်တော်တွေ့ဖူးသမျှ၊ ကျွန်တော်သွားဖူးသမျှ၊ ကြားဖူးသမျှ သံရုံးများသည် မြန်မာနိုင်ငံသားများကို လူကိုလူလို မဆက်ဆံကြ၊ သူတို့ကို အလုပ်ရှုပ်ရန် ဖန်တီးသူများ၊ ပြဿနာပေးသူများ၊ သူတို့ထက် အဆင့်နိမ့်ကျသူများကို ဆက်ဆံသလို ဆက်ဆံကြသည်။ စင်္ကာပူလို မြန်မာလူမျိုးများသောနိုင်ငံတွင် လူအများကို ကိုနေ့စဉ်နှင့်အမျှ အခွန်ငွေလက်ခံခြင်း၊ သက်တမ်းတိုးခြင်းစသည် လုပ်ငန်းများလုပ်ကိုင်သောကြောင့် လူသဘာဝအရ အလုပ်ရှုပ်၍ အလုပ်မှဖိအားကြောင့် စကားပြောအဆင်မပြေဖြစ်ခြင်းမဟုတ်၊ လူဦးရေ များစွာနှင့် မဆက်ဆံရသော သံရုံးများသည်လည်း မြန်မာနိုင်ငံသားများအပေါ် ဖိနှိပ်ကာဆက်ဆံတတ်ပါသည်။ မြန်မာသံရုံးများ ဆက်ဆံပုံက သူတို့သည် နိုင်ငံခြားရောက်မြန်မာများထက် မြင့်မြတ်သယောင်၊ အဆင့်ပိုရှိသယောင် ရာထူးဂုဏ်မောက် နှိမ့်ချပြောဆိုဆက်ဆံကြသည်။ ကျွန်တော်သိသလောက် အမှန်တကယ်ဆိုလျင် နိုင်ငံခြားရောက် မြန်မာများသည် မြန်မာသံရုံးဝန်ထမ်းများအတွက် ကျေးဇူးရှင်များသာ ဖြစ်ပါသည်။ ကောလဟလကြားဖူးသော စကားတစ်ခုရှိသည်၊ မြန်မာအစိုးရမှ သံရုံးဝန်ထမ်းများကို လခပေးရန် မြန်မာအစိုးရမှ ပေးအပ်ခြင်းမဟုတ်ပဲ နိုင်ငံခြားရောက်မြန်မာလူမျိုးများ ပေးအပ်သော အခွန်များကို ခွဲဝေ၍ လခပေးသည်ဟု သိရသည်။ ထိုကောလဟလ ဘယ်လောက်မှန်သည်ဟု မပြောတတ်ပါ။ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများတွင် အခွန်ပေးဆောင်သော မြန်မာများသည့်အတွက်ကြောင့် ထိုမှရရှိသောငွေများကို တစ်ကမ္ဘာလုံးမှ မြန်မာလူမျိုးမရှိသလောက် ၀င်ငွေနည်းသော သံရုံးများသို့ ခွဲဝေပေးကာ လခယူကြသည်ဟုလည်း ပြောဆိုကြသည်။ ထိုကောလာဟလ မမှန်ကန်သည်ဟုလည်း ထားလိုက်ပါ။ သံရုံးဝန်ထမ်းဆိုသည်မှာ ပြည်သူဝန်ထမ်းသာ ဖြစ်သင့်သည်။ ဖြစ်သည်။ ပြည်သူမှ ပေးသောလခစားတစ်ယောက်ဖြစ်သောကြောင့် ပြည်သူအပေါ် မတူသလို မတန်သလို ပြည်သူကို နိမ်ချ မဆက်ဆံသင့်ပေ။ ကျွန်တော် မြန်မာသံရုံးသို့သွားတိုင်း အခွန်းပေးခြင်းသဘောတရားကို နားမလည်သော work permit လုပ်ကိုင်သော လူငယ်လေးများ သံဝန်ထမ်းမှာ ငေါက်ငန်းပြောဆိုနေသည်မှာ တိရိစ္ဆာန်၊ခွေးကို ငေါက်သည်ထက် မလျော့သော လေသံဖြင့် ပြောဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည်မှာ အကြိမ်ပေါင်းများစွာပင်ဖြစ်ပါသည်။ ထိုကြောင့် နိုင်ငံသားအဖြစ်သို့ မကူးပြောင်းသေးသော မြန်မာနိုင်ငံသားများကို ဆွဲဆောင်မှု တစ်ခုအနေဖြင့် ပထမဦးစွာ ပြုလုပ်ရမည်မှာ နိုင်ငံတိုင်းတွင်ရှိ မြန်မာသံရုံးမှ ၀န်ထမ်းများကို မြန်မာလူမျိုးများအား လူကိုလူလို ဆက်ဆံရန် အလွန်အရေးကြီးသော အချက်တစ်ခုအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လုပ်ကိုင်ရမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အခွန်ပေးဆောင်ခြင်း။ ကျွန်တော်ပြောမည့်အချက်များသည် အခွန်မပေးဆောင်လို၍ ပြောဆိုခြင်းမဟုတ်၊ မှန်ကန်သော အခွန် (သို့မဟုတ်) သင်တင့်သောအခွန်ကို မြန်မာလူမျိုးအားလုံး ပေးဆောင်လိုပါသည်။ နိုင်ငံတစ်ခုရပ်တည်ရန် အခွန်သည် မည်မျှအရေးကြီးကြောင်း ကျွန်တော်တို့ သိပါသည်။ သို့သော် မြန်မာနိုင်ငံသားများအပေါ် ကောက်ခံနေသောအခွန်မှာ စနစ်မကျဟု ထင်မိပါသည်။ ဥပမာပြောရလျင် စင်္ကာပူတွင် အလုပ်လုပ်ကိုင်သောကြောင့် စင်္ကာပူနိုင်ငံသို့ အခွန်ပေးရသည်။ စင်္ကာပူအစိုးရသည် အခွန်ကို ပြီးစလွယ်မကောက်၊ တနှစ်တာအတွင်း မိမိရရှိသော ငွေများထဲမှ မိမိအတွက်၊ မိသားစုအတွက်၊ သားသမီးအတွက်၊ မိဘအတွက် စသည်ခံစားခွင့်များကို ဖယ်၍ ကျန်ရှိနေသော ပမာဏ ကို အခွန်ပေးဆောင်ရန်ဝင်ငွေ (Taxable income) ဟု သတ်မှတ်သည်။ ထိုဝင်ငွေမှာ ၀င်ငွေ ၂သောင်းအောက် လျော့နည်းသူကို အခွန်ကင်းလွတ်၊ ၂သောင်းမှ ၃သောင်းအတွင်း ၃.၇၅ ရာနှုန်း စသည်ဖြင့် စနစ်တကျ သတ်မှတ်ကာ အခွန်ငွေ ပေးရသည်။ တနှစ် စုစုပေါင်းဝင်ငွေ ၅သောင်းရသောသူမှာ အခွန်ပေးရန်ဝင်ငွေမှာ ၄သောင်းခန့်ကျန်၍ ထိုသူပေးရသောငွေမှာ တနှစ်လုံးအတွက် ဒေါ်လာ တစ်ထောင်ကျော်ရုံသာရှိသည်။ ၾသစေတ်းလ် ဆိုလျင်လည်း သူတွင် သတ်မှတ်ထားသော နည်းလမ်းအတိုင်းကောက်ခံသည်။ ထိုကြောင့် နိုင်ငံခြားရောက် မြန်မာများသာမက မြန်မာပြည်တွင်းရှိ ပြည်သူများကို အခွန်ကောက်ခံရာတွင်လည်း အများပြည်သူသိရန် အခွန်ဥပဒေကို ကြေငြာ၍ ပြည်သူများကို သေချာစွာရှင်းပြကာ ကောက်ခံသင့်သည်ဟု ရိုးရှင်းစွာ မြင်မိသည်။ ထိုသို့လုပ်ရာ၌လည်း အခွန်ဦးစီးမှုးများ၊ သံဝန်ထမ်းများ လာဘ်စားမှုကင်းရှင်းရန် အလွန်လိုအပ်လှပါသည်။ ထားလိုက်ပါတော့။ ဆက်ပြီးရေးရလျင် အချက်အလက်များ ဒီထက်ပိုများစွားရေးသားနိုင်ပါသေးသည်။ ဆက်လက်ဆွေးနွေးလိုသည်မှာ ရိုင်းရိုင်းပြောရလျင် ချေးခြောက်ရေနှူး၊ ကပ်ဖားများအတွက် ပြောလိုပါသေးသည်။ မြန်မာလူမျိုးများသည် တချိန်က သာမန်အောင်မြင်မှုမျိုးကို ပြန်လည်တမ်းတကာ အရင်တုန်းက ဘာဖြစ်တယ်ညာဖြစ်တယ်ဆို၍ တမ်းတခါ လက်ရှိကာလတွင် တွေးငေးမှိုင်းမိနေတတ်သည်။ ငါတို့ မြန်မာလူမျိုးဆိုတာ ရွှေထီးဆောင်းခဲ့တာ၊ ကိုယ်ထီးကိုယ့်နန်း ကိုယ်ကြငန်းနှင့် နေခဲ့ကြတာများကို ပြန်တွေးကာ လက်ရှိတွင် တိုးတက်ရန် မကြိုးစား အတိတ်ကို ပြန်တမ်းတနေသူများဟု ပြောလျင် မလွန်လှပါ။ တကယ်တမ်း ပြောရလျင် ထိုရွှေထီးဆောင်းခဲ့သူများကြောင့် မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ နင်းပြားဘ၀မှ မတက်နိုင်ခဲ့။ ထိုရွှေထီးဆောင်းသူများ နှိပ်စက်မှုကြောင့် ပြည်သူများ ဘ၀နိမ့်ပါးခဲ့ရသည်၊ နိုင်ငံတကာအလယ်တွင် မျက်နှာငယ်နှင့် ကျင်လှည်နေခဲ့ရသည်မှာ အမှန်ဟုသာ ဆိုချင်ပါသည်။ မြန်မာသမိုင်းကို ပြန်ကြည့်လိုက်ရင်လည်း အဖကို သားကသတ်၊ အကိုကို ညီကသတ်၊ ဦးရီးတော်ကို တူကသတ်ခါ နန်းလုခဲ့ကြသည်။ မြန်မာသမိုင်းကို လေ့လာလိုက်သောအခါ ၈၀ရာနှုန်းမှာ မှန်ကန်သော ထီးနန်းအပြောင်းအလဲတစ်ခုမှ မဖြစ်ခဲ့။ ဆိုးဝါးလှသော လူရေပေါ်ဆီ လူတန်းစား၏ မဟုတ်မှန်သော လုပ်ရပ်များနှင့် ပြည့်နေသည့် သမိုင်းသာဖြစ်နေသည်။ အလွန်အင်မတန် ရုပ်ဆိုးလှသည်။ ပြည်သူ့အတွက် ပြည်သူကို ငဲ့ညာသည်ထက် ငါ့ဆွေမျိုး ငါ ဆိုသည် အတ္တများပြည့်နေသော ရွှေထီးဆောင်း ရေပေါ်ဆီများသာဖြစ်သည်။ ထိုကြောင့် သမိုင်းတွေ အတိတ်တွေကို အတိတ်မှာထားခဲ့ကာ လက်ရှိ မြန်မာနိုင်ငံအတွက် တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်မှုကင်းပြီး တစ်ယောက်လိုအပ်ချက် တစ်ယောက်ဖြည့်ဆည်းခါ မြန်မာနိုင်ငံအတွက် လုပ်ဆောင်ရမည့် အချိန်အခါလည်း ဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိသည်။ မြန်မာအလင်းသတင်းစာတွင် မောင်တင်အေး (ရွှေဘို) က မြန်မာအစိုးရထံ အကြံပေးစာတစ်စောင် ရေးသားပေးပို့ဖူးပါသလော၊ ရိုးသားစွာ ဝေဖန်ထောက်ပြဖူးပါသလောဟု မေးခွန်းမေးလာခဲ့သည်။ ဟုတ်ကဲ့ ရေးသားခဲ့ဖူးပါသည်။ ထောက်ပြခဲ့ဖူးပါသည်။ ၂၀၀၈ ခုနှစ်တွင် စင်္ကာပူ မြန်မာ အခွန်နှစ်ထပ် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ ခေါင်းဆောင်သူတစ်ယောက်မှ ဦးဆောင်၍ နောက်လိုက်ကောင်းအဖြစ်ရပ်တည်ကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးဝန်ကြီး မြန်မာသံရုံးတို့ကို လိပ်မူ၍ စင်္ကာပူ မြန်မာ အခွန်နှစ်ထပ် စာချုပ်ပါ အချက်အလက်များကို ထောက်ပြကာ အခွန်ပေးဆောင်ခြင်းအား ပြန်လည် စီစစ်ရန်၊ နာမည်အမှန်ထိုးကာ လက်မှတ်ထိုး၍ ပေးအပ်ခဲ့ဖူးပါသည်။ ထိုစာမှာလည်း လိပ်မူတပ်ထားသော ပုဂ္ဂိုလ်များ ဖတ်သည် မဖတ်သည် မပြောတတ်ပါ။ ဗျုရိုကရက် ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်ဟောင်းသမားများလက်ထဲ ပျောက်ပျက်သွားသည်လား မပြောတတ်။ တစ်စောင်မဟုတ် နှစ်စောင် ရေးပြန်သော်လည်း အကြောင်းမကြား။ ရှိသည်ဟု မသတ်မှတ် အလေးမထားမှုများကိုသာ ခံစားလိုက်ရပါသည်။ နိုင်ငံအတွက် လိုအပ်သော အခွန်ကို လွန်ခဲ့သော ၁၈နှစ် ၀င်ငွေရှိသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ကျေပွန်စွာပေးအပ်နေသော၊ မြန်မာနိုင်ငံအတွင်း၌ လိုအပ်သော လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးခဲ့သော၊ မြန်မာနိုင်ငံ သဘာဝဘေးဒါဏ်များကြုံကြိုက်ပါက ယနေ့အထိ မိမိကိုယ်တိုင် လှူဒါန်းရုံသာမက၊ မိမိဝန်းကျင်ကိုပါ စည်းရုံး၍ သိန်းပေါင်းများစွာ ရရှိရန် လုပ်ကိုင်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသားအဖြစ်တည်ရှိလျက် မြန်မာနိုင်ငံသား ကျွန်တော့်ကို နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ရန် ကျွန်တော်ကဲ့သို့သော လက်ရှိမြန်မာနိုင်ငံသားများအားလုံး မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ရန် လက်ရှိအစိုးရနှင့် တာဝန်ရှိသူများ ကြိုးစားကြပါဟုတိုက်တွန်းရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါသည်။
 မောင်ခြိမ့်
 ================
မှတ်ချက်။ ဤဆောင်းပါး (ပို့စ် ၂ခု) သည် မည်သည် မြေအောက်အဖွဲ့အစည်း၊ အတိုက်အခံ ဆန်ကျင်ဖက် နိုင်ငံရေးလှုပ်ရှားသူများ၏ တိုက်တွန်းချက်ဖြင့် ရေးသားခြင်းမဟုတ်ပဲ ပြည်သူထဲမှ ပြည်သူတစ်ယောက်အနေဖြင့် ခံစားနားလည်မှုများကို စာလုံးများဖြင့် ဖန်တီးရေးသားခြင်းသာဖြစ်ပါသည်။



///////////////////////////////////////////////////////////////////////////////////////////////////////////////////////////


နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား
by Lu Bo on Wednesday, August 31, 2011 at 10:40pm
အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင် ပြောလိုက်တဲ့ ပညာတတ်များ
ပြန်လည်ခေါ်ယူရေးဆိုတာလေး ကြားပြီးကတည်းက ကျမ ရင်ထဲမှာ ပြောချင်တာလေးတွေ ပလုံစီနေပါတယ်။
ဒါပေမယ့် ကိုယ်ကလည်း စာချောအောင် မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်းဆိုတော့ စာရိုက်ရမှာ
ကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။
၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး (သရက်) ရဲ့ နိုင်ငံကိုစွန့်ခွာခြင်း ဆောင်းပါးကိုဖတ်ရတော့
ပြော ချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက်နဲ့ဒီ Post လေးတင်ပြီး ရင်ဖွင့်ချင်ပါတယ်။
အပြော မတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။
ပထမဆုံးပြောချင်တာကတော့ ကျမဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျမ မြန်မာပြည်ထဲမှာပဲ
စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။ ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ခြေလှမ်း နေခြင်းမရှိပါ။ ကျမရဲ့
သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုး သားချင်းတွေထဲမှာတော့ နိုင်ငံကို စွန့်ခွာသူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့်
ကျမ ဘယ်တော့မှ သူတို့ကိုအပြစ် မမြင်၊ အပြစ်မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကိုမချစ်လို့
စွန့်ခွါသွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ ကျမ တို့ ဒီတိုင်းပြည်ကို ချစ်သလောက် သူတို့လည်း
ချစ်ကြမှာပါ။ မေးကြည့်လိုက်ပါ။ အကယ်၍ သူတို့လက်ရှိနေတဲ့ တိုင်း ပြည်နဲ့ မြန်မာပြည် အားကစားပွဲတခုမှာ
ထိပ်တိုက်ဆိုရင် ဘယ်သူ့ကိုနိုင် စေချင်သလဲလို့။ သူတို့ မြန်မာလို့ဘဲဖြေကြမှာ ပါ။ ဒါဆိုသူတို့ဘာလို့နိုင်ငံကို
စွန့်ခွါသွားကြသလဲလို့မေးရင် ကျမ အမြင်မှာတော့ သူတို့ကို နိုင်ငံတော်ရဲ့တာဝန်ရှိသူများ က တန်ဖိုးမထားခဲ့လို့နဲ့
သူတို့ရဲ့မျိုးဆက်သစ်တွေရဲ့နောင်ရေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုပေးချင်လို့ ဆို တဲ့အဖြေနှစ်ခု ကျမ
တွေ့ပါတယ်။
သူတို့ကိုနိုင်ငံတော်ရဲ့တာဝန်ရှိသူများက တန်ဖိုးမထားလို့ဆိုတဲ့ အကြောင်း ကျမကိုယ်တွေ့တွေနဲ့ ရှင်းပြပါမယ်။
ကျမတို့ ဘွဲ့ရတဲ့ခေတ်က အစိုးရဝန်ထမ်း အလုပ်ရဘို့ အလွန်ခက်ပါတယ်။ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေး
စာမေးပွဲကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးပြီး အောင်မှ သတ်မှတ်ဦးရေဘဲ ခန့်ထားတဲ့စနစ်ပါ။ ဆရာဝန်တွေ
အတွက်တော့ ဝန်ထမ်းလုပ်သက် ၂ နှစ်ရှိမှ ဘွဲ့လွန်ဖြေခွင့်ပေးတဲ့ ခေတ်ပါ။
ကျမဟာ ငယ်ငယ်ကတည်းက ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ "သူ" ၊ဒေါက်တာထွန်းရွှေရဲ့ "သက်ဝေမေကျော့"၊
ဒေါက် တာမောင်သင် ရဲ့"ကိုယ်တွေ့ဝတ္ထုတိုများ" နဲ့ ကြီးခဲ့ရတော့ အဲဒီဝတ္ထုတွေထဲကလို စေတနာဆရာဝန်
ဖြစ်ချုင်ခဲ့သူပါ။ ငယ်ငယ်က ရွှေသွေးထဲမှာ ဖတ်ခဲ့ရတဲ့ ကယားပြည်နယ်က ဆရာဝန်မလေး သူလက်ထပ်တဲ့နေ့မှာ
ဧည့်ခံပွဲကျင်းပနေရင်း ထားခဲ့ပြီး မီးမဖွားနိုင်တဲ့ လူနာကို ဆေးသွားကုပေးလို့ ယောက္ခမလောင်းက
မင်္ဂလာပွဲဖျက်ပစ်တာတွေ၊ သူသေတော့ ဆေးခန်းက "အထက်သို့"ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကို
ကယားလူမျိုးတွေက အုတ်ဂူလေးမှာ တပ်ပေးတာတွေ ဖတ်ရင်း မျက်ရည်ကျမတတ် အားကျမိခဲ့ရသူပါ။
ပြောရရင်တော့ နိုင်ငံ့ဝန်ထမ်း ဆရာဝန်လုပ်ဖို့ စိတ်အားထက်သန်ခဲ့သူ လို့ ပြောချင်ပါတယ်။
ကျမတို့ ရှေ့အတန်းက အကိုအမတွေ အောင်ပြီးသော်လည်း ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက
စာမေးပွဲမကျင်းပပေးလို့ ဆမ လက်မှတ်ကိုင်ပြီးစောင့်နေကြတာ ၄-၅ နှစ်ထက် မနည်းတော့ပါဘူး။
တိုက်တိုက်ဆိုင်ဆိုင် ကျမတို့ အောင်တဲ့နှစ်မှာ (ကျမတို့ အတန်းက လူကြီးသားသမီးတွေများတယ်)
စာမေးပွဲခေါ်ပြီဆိုတော့ အရမ်းပျော်ရပါတယ်။ အင်္ဂလိပ်စာနဲ့ ဗဟု သုတ စာမေးပွဲ နှစ်ဘာသာအတွက်လည်း
လေ့လာရပါတယ်။ ကျူရှင်က နယ်မှာနေတာလည်းဖြစ်၊ တသက်လုံး ကျူရှင် မတက်ခဲ့ဘူးတော့ ဒါအတွက်နဲ့တော့
မတက်တော့ပါဘူး။ နေ့စဉ် ဖတ်နေကျ သတင်းစာတွေလည်း ညက်ညက်ကျေ အောင်ဖတ်မှတ်တာပေါ့။
ရေးဖြေကတော့ လွယ်လွယ်ကူကူပဲ အောင်ပါတယ်။ နှုတ်ဖြေအတွက် အများပြောသလို မြန် မာဆန်ဆန်လေးဝတ်၊
ရိုရိုကျိုးကျိုးလေးနဲ့ Interview ခန်းထဲဝင်၊ ဝန်ထမ်းရွေးချယ်ရေးက လူကြီးတွေ ၅ ယောက် ဝိုင်း ပြီးမေးကြသမျှ
ကျမ အထင် ၈၀ – ၉၀ % လောက် ကျမ ဖြေနိုင်မယ်လို့ ထင်ပါတယ်။ နာရီဝက်လောက်ကြာအောင် မေးပြီး တဲ့အခါ
တယောက်က သမီးအသက် ဘယ်လောက်ရှိပြီလဲတဲ့။ ကျမက ၂၄ နှစ်လို့ဖြေပါတယ်။ အဲဒီတော့ အော်
ငယ်ပါသေးတယ်တဲ့။ ကျမသိလိုက်ပါပြီ။ ကျမကို မရွေးတော့ဘူးလို့။ ပြောဘို့မေ့ ကျန်သွားတယ် ကျောင်းမှာလည်း
ကျမ က အမှတ်တွေသိပ်မဆိုးတဲ့အထဲမှာ ပါပါတယ်။
အရည်အချင်း ကိုမရွေးဘဲ ငယ်သေးလို့မခေါ်ချင်ရင်လည်း အစကတည်းက အသက်ကို မြှင့်ပြီးကန့်သတ်ပါလား။
ပြန် အထွက်မှာ အသိတယောက်နဲ့တိုးတော့ စောစောကမှကြိုမပြောဘဲ။ Plaster ရှာပေးလို့ရတယ်တဲ့လေ။ ကျမ
အရည်အ ချင်းမရှိဘဲ Plaster နဲ့မှ ရမယ့်အလုပ်ကို ကျမလည်း မလိုချင်တော့ပါဘူး။ နောက်နှစ်တွေမှာ
စာမေးပွဲခေါ်တော့ စာ တောင် မဖတ်တော့ဘဲ သွားဖြေပါတယ်။ ရေးဖြေကတော့ အောင်တာပါဘဲ။ နှုတ်ဖြေကတော့
စိတ်နာလို့ သွားကိုမဖြေ တော့ပါဘူး။ ပြောချင်တာကတော့ တကယ် တိုင်းပြည်အတွက်လုပ်ပေးမယ့်
ဝန်ထမ်းကောင်းတယောက်ကို သူတို့လွှင့် ပစ်ခဲ့ကြပါတယ်။
နောက် အဖြစ်အပျက်တခုကတော့ ကျမ သူငယ်ချင်းပါ။ သူကစာသိပ်တော်ပါတယ်။ လူရည်ချွန်
ခြောက်ထပ်ကွမ်းပါ။ ကျောင်းမှာ Roll No: (2) ပါ။ စာမေးပွဲတိုင်း ဂုဏ်ထူးနဲ့အောင်သူပါ။ ဘွဲ့ရပြီးတော့
ဆေးသုတေသနက အလုပ်ခေါ်တာ သူသွားလျှောက်ပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းမေးပြီး၊ အဲဒီအလုပ်ဘဲ
ပြန်လုပ်ပါလားလို့ ပြောခံခဲ့ရပါတယ်။ အဲဒီက တည်းက သူပြည်ပထွက်သွားတာ အခု အထူးကုကြီးအဖြစ် ပြည်ပမှာ
အခြေချနေပါပြီ။ တော်တဲ့သူက ဘယ်ရောက် ရောက် စင်တော်က ကောက်သွားမှာပါ။ တိုင်းပြည်ကတော့
နစ်နာခဲ့ပါပြီ။ 88 အရေးအခင်းအပြီးမှာ ပြည်ပထွက်ဖို့လည်း လွယ်သွားတော့ ကျမတို့ အတန်းက
ဝန်ထမ်းအလုပ်မရတဲ့ သူငယ်ချင်းတွေရော၊ ဆရာတွေ၊ နောင်တော်အမတော်တွေ ရော နိုင်ငံအသီးသီးကို
ထွက်ကြပါတယ်။
သူတို့ လွယ်လွယ်ကူကူနဲ့ တိုင်းတပါးမှာ အခြေချနိုင်ကြတာမဟုတ်ပါဘူး။ ဓါတ်ဆီဆိုင်ဝန်ထမ်း၊ အိုက်တိုး ပဂေးဆံ၊
Waiter ၊ ဓါတ်ခွဲခန်းအကူ စသည်ဖြင့် ကိုယ့်ပညာအရည်အချင်းထက်နိမ့်ကျတဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး
ဝင်ငွေ ရှာ၊ တဖက်ကလည်း ကျောင်းတက်ကြရပါတယ်။ သက်တောင့်သက်သာနဲ့
မူလအသက်မွေးဝမ်းကျောင်းအတိုင်း ရတဲ့သူ အနည်းအကျဉ်း ရှိနိုင်ပေမယ့် အများစုကတော့ ရုန်းကန်လှုပ်ရှားပြီးမှ
ဆရာဝန်အဖြစ်နဲ့ပဲ အသက်မွေးနိုင်တဲ့သူလည်းရှိ၊ တချို့ကတော့ လိုင်းပြောင်းပြီး Sushi ဆိုင်ဖွင့်တာမျိုး၊
အခြားအသက်မွေးဝမ်းကျောင်းလိုင်းကို ပြောင်းလိုက်ကြတဲ့သူ တွေလည်းရှိပါတယ်။
ဒီလိုဆို အစိုးရဝန်ထမ်းအလုပ်မရလည်း G.P လုပ်ပြီး အဆင်ပြေနေတဲ့ သူတွေအများကြီးပါ၊ ပြည်ပထွက်စရာ
မလိုပါဘူး လို့ မေးစရာရှိပါတယ်။ ကျမအတွေ့အကြုံပဲပြောပါမယ်။ ကျမ က နယ်မြို့ လေးမှာ G.P
ငါးနှစ်လုပ်ခဲ့ပါတယ်။ မိဘပိုင် အိမ်မှာ မိဘကရင်းပေးတဲ့ ငွေငါးသောင်းနဲ့ ဆေးခန်းပရိဘောဂတွေလုပ်၊
ဆေးတွေဝယ်ပြီးတော့ ဆေးခန်းဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်က တရုပ်ကလာတဲ့ ထိုးဆေး စားဆေး တွေက B.P.I
ထက် ဈေးသက်သာပြီး Effective လည်းဖြစ်ပါတယ်။ ထိုးဆေးတလုံးကို တကျပ် ပတ်ဝန်းကျင်၊ ပါရာစီတမော
တလုံးကို ၁၀ ပြား၊ Ampicillin တလုံးကို တမတ်လောက်ကျတဲ့ ခေတ်ပါ။ အဲဒီအချိန်က
အသားဆေးတလုံးထိုးပေးပြီး တရက်စာဆေးပေးရင် (ကျမက ဆေးကို စာအုပ်ထဲကအတိုင်း Dose
အပြည့်ပဲပေးပါတယ်) ဆေးဖိုး သုံးကျပ်လောက်ကျပါတယ်။ ကျမ လူနာဆီက ငါးကျပ်ယူတယ်။ တောကလူနာ
ဆိုရင် သူထပ်မလာနိုင်မှာစိုးလို့ Antibiotics ကို ငါးရက်စာ တခါတည်း ပေးလိုက်ရတယ်။ ဆင်းရဲတဲ့လူနာဆိုရင်
ဆေးဖိုး မယူတဲ့အပြင် ဝမ်းလျှောနေရင် ဓာတ်ဆား ရည်ပါဖျော်တိုက်လိုက်ရတယ်။ အာဟာရမပြည့်တဲ့
ကလေးတွေဆိုရင် မုန့်ပါ ဝယ်ပေးလိုက်ရတယ်။
တခါသုံးဆေးထိုးအပ်တွေမပေါ်သေးတော့ Syringe နဲ့ Needle တွေကို အနည်းဆုံး မိနစ် ၂၀ ကြာ အောင် ပြုတ်ပြီးမှ
ဆေးထိုးတယ်။
မီးမလာတဲ့နေ့တွေမှာ ကျမရဲ့လူနာတွေဟာ မီးသွေးမီးဖိုလေးကို ကူပြီး မီးမွှေးပေးကြရတယ်။ လူနာရှင်းသွားပြီးချိန်
Syringe နဲ့ Needle ပြုတ်တဲ့အိုးလေး မေ့ထားမိလို့ တူးခြစ်ပြီး လွှင့်ပစ်ရပေါင်းလည်း မနည်းဘူး။ အဲဒီလို မိဘလုပ်စာ
ထိုင်စား၊ မိဘဆင်တဲ့ အဝတ် ဝတ်ပြီး ၅ နှစ်လောက် ဆေးခန်းဖွင့်လိုက်တာ ကျမလက်ထဲ ဆေးခန်းထဲက
ဆေးတွေနဲ့ ငွေ ငါးသောင်းဘဲ စုမိတယ်။ ကျမ မိဘကလည်း ကြည်ကြည်ဖြူဖြူ တင်ကျွေးထားလို့ပေါ့။ အဲဒီအချိန်
ကျမအဖေ ကလည်း အသက်ကြီး ကူဖော်လောင်ဖက်လည်းမရှိတော့ အဖေ့စီးပွားရေးလုပ်ငန်းကို ကျမတာဝန်ယူ
လိုက်ရတယ်။ ကျမရဲ့ဆေး ခန်းလေးပိတ်လိုက်ချိန်မှာ လူနာတွေလာမေးရင် ဆေးခန်းနဲ့တွဲလျက် ပွဲရုံ
စားပွဲနောက်မှာ ကျမပုန်းနေရတယ်။ မျက်နှာ ပူလို့။ ခုထိလည်း ကျွန်ရဲ့တောကလူနာတွေ ကျမကိုတွေ့ရင်
ဝမ်းသာအားရ နှုတ်ဆက်ကြတုန်းပဲ။ ကျမကတော့ ဒီ Profession မှာ ကျမဆက်လက် မရပ်တည်နိုင်ခဲ့တာကို ခုထိ
လိပ်ပြာမလုံနိုင်သေးပါဘူး။
G.P နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တွေ အများကြီးပါပဲ။ ဒါပေမယ့် မိဘဆွေမျိုးတွေရဲ့ ထောက်ပံ့ ကူညီမှုမပါရင်
စေတနာ ဆရာဝန်မလုပ်နိုင်ပါဘူး။ အစိုးရဝန်ထမ်းအဖြစ်ဆိုရင်တော့ သူ့ရဲ့စေတနာတွေ ပြည်သူအပေါ်
ပိုပြီးထင်ဟပ်နိုင်မှာပါ။
အခုပြည်ပရောက်နေတဲ့ ဆရာတယောက်အကြောင်းလည်းပြော ပြချင်ပါသေးတယ်။ 88 မတိုင်မီက အဖြစ်ပါ။
M.Sc အောင်ပြီး M.R.C.P ဝင်ခွင့်ကို အကြိမ်ကြိမ်ဖြေပါ တယ်။ တနှစ်ပြီးတနှစ် နောက်ဆုံးဆန်ကာတင်မှာ
သူကျန်ခဲ့တယ်။ နောက်ဆုံးတနှစ် Viva ဖြေပြီး တော့ ဆရာမကြီး ကိုယ်တိုင်က မောင်…ရယ် ဒီနှစ်မင်းပါမှာ
သေချာပြီလို့ပြောခဲ့ပါတယ်။ ဒါလည်း သူပြုတ် ကျန်ခဲ့တာပါဘဲ။ ဆရာကစာတော်ပေမယ့် ကျောထောက်နောက်ခံမှ
မကောင်းခဲ့တာကိုး။ အဲဒီတော့ ထွက်ခွင့်ရတဲ့ အချိန်မှာ ဆရာထွက်သွားပါတယ်။ ဆုံးရှုံးမှုတခု ပါပဲ။
မကြာသေးခင်က House Surgeon လေးတွေ လစာ ၁၂၀၀ ကျပ်ကနေ ၅၅၀၀၀ ကျပ် ကို တိုးပေးလိုက်တယ်ဆိုလို့
မုဒိ တာပွားရပါတယ်။ အခုအပြင်မှာ စာမတတ်တဲ့ စည်ပင်ဝန်ထမ်းက တနေ့ ၁၅၀၀ ကျပ် ရပါတယ်။ ၈
တန်းလောက်တတ် တဲ့ အထည်ချုပ်သမလေးတွေ(ချည်မွှေးညှပ်လေးတွေ) အောက်ထစ် တလကို ၅၀၀၀၀ ကျပ်
ရပါတယ်။ House Surgeon ဘဝ သိပ်ပင်ပန်းပါတယ်။ မိဘလုပ်စာ စားနေလို့သာ ဒီလိုလုပ်နေနိုင်ကြတာပါ။
ဒီလိုဆိုရင် ဘွဲ့လွန်တွေရပြီးမှ ထွက်သွားတဲ့သူတွေ ဘယ်လိုကြောင့်လဲလို့မေးစရာရှိပါတယ်။ ကျမသူငယ်ချင်း
M.R.C.P ယူပြီး ပြန်လာခါစမှာ Ward တိုင်းမှာ Defibrillator ခေါ်တဲ့ နှလုံးနှိုးစက် ထားပေးသင့်တဲ့အကြောင်း (
နိုင်ငံခြားမှာ ဆရာ ဝန်မဟုတ်တဲ့ သူတောင်တတ်ရပါတယ်) အကြံပေးတော့ သူအဆူခံလိုက်ရပါတယ်။
ဒီနောက်ပိုင်းတော့ သူလည်း ဆင် ဆင်ခြင်ခြင်အလိုက်သင့် နေသွားရပါတယ်။
M.Sc အောင်ထားတဲ့ အမတယောက်ကတော့ သူ့အမျိုးသားကလဲ ဝန်ထမ်းပါ၊ကလေးတွေ ငယ်စဉ်မှာတော့
အမနဲ့က လေးတွေက တမြို့၊ သူ့အမျိုးသားကတမြို့နဲ့နှစ်ပေါင်းများစွာ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ကြတယ်။ သမီးလေးတွေ
ကိုးတန်း ဆယ်တန်းမှာ ကျောင်းကောင်းတဲ့ မြို့ကြီးမှာလည်းထားချင်ရှာ တာပေါ့။ အဲဒီအချိန် ဒီဆရာဝန်မကို
ပိုသေးတဲ့မြို့လေးကို Transfer ထွက်လာပါတယ်။ သူလည်း စေလွှတ်ရာသွားရင်း သူ့အမျိုးသားတာဝန်ကျရာ
တိုင်းမြို့ကြီးတမြို့(ရန်ကုန်၊မန္တ လေး မဟုတ်ဘူးနော်) ကို ရွှေ့ပေးဘို့ အသနားခံတာ၊ စာသင်နှစ်
နှစ်ဝက်သာကျိုးသွားရော ပြောင်းမပေးပါဘူး။ ဒါနဲ့သူ လည်း ကလေးတွေ ရှေ့ရေးအတွက် Absconded အလုပ်က
ထွက်ပြေးလိုက်ရပါတော့တယ်။ အဲဒီအတွက် ပြစ်ဒဏ်က (၁၅ နှစ်လောက်နိုင်ငံ့တာဝန်ထမ်းခဲ့သူပါ) ဆမ ၅ နှစ်
ပိတ်ခံရပါတယ်။ ဆမ မရှိတဲ့ ဆရာဝန်ဟာ စိတ်ထဲ မလုံခြုံပါဘူး။ ကိုယ်ပိုင်ဆေးခန်းလည်း မဖွင့်ရဲ၊
ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုယ့်နာမည်နဲ့ မလုပ်ရဲပါဘူး။
အဲဒီလိုဘဲ သားသမီးရှေ့ရေးကိုကြည့်ပြီး ဒီနိုင်ငံကို စွန့်ခွါရတဲ့သူတွေ အများကြီးပါပဲ။
နယ်မှာနေတုံးက ကျမတူလေးရဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ မောင်မောင်ဆိုတဲ့ ကလေးလေးဟာ သူ့အဖေက
သွားဆရာဝန်၊ အမေက ဆရာဝန်ပါ။ ဆိုလိုတာက Gene ကိုက ဥာဏ်ရည်မြင့်ပါတယ်။ အဲဒီကလေးဟာ
သိပ်တော်ပါ တယ်။ genius ကလေးပါပဲ။ သူငယ်တန်းတောင်မတက်ရသေးခင် ကာတွန်းတွေကို
သွက်သွက်ကြီးဖတ်နိုင်နေပါပြီ။ နောက်တယောက်က အောင်အောင် ဆိုပါတော့။ သူ့မိဘက
ဆယ်တန်းတောင်မအောင်တဲ့ ကုန်သည်တွေပါ။ ချမ်းသာပါ တယ်။ သူ့ဥာဏ်ရည်က သာမာန် ပါဘဲ။
သူငယ်တန်းကနေ စတုတ္ထတန်းထိ စာမေးပွဲတိုင်းမှာ မောင်မောင်က အမြဲ ပထမ ပါ။ အောင်အောင်က အဆင့် ၅
လောက်မှာရှိပါတယ်။ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းပြောင်းပြီးတော့ နောက်ပိုင်းမှာ မေးလိုက်ရင်
အောင်အောင်က ပထမ အမြဲရသွားတယ်။ မောင်မောင်လေး က အဆင့် ၃ လောက်ရောက် သွားတယ်။
ကလေးက အဲဒီအတွက် မျက်နှာမကောင်းရှာပါဘူး။ သေချာမေးကြည့်တော့မှ အောင်အောင့် အမေက
အောင်အောင့် ကို အတန်းပိုင်ဆရာမအိမ်မှာ ညအိပ်ကျူရှင်ထားပေးလိုက်ပါတယ်။ ဖိဖိစီးစီး
သင်ပေးလို့တော်လာတယ် လို့ ပြောနိုင်ပေမယ့် မောင်မောင်လေး ခမျာမှာ သူဖြေတာတွေ ဘယ်လိုမှန်မှန်
ရသင့်တဲ့အမှတ်မရလို့ စိတ်ဓာတ်တွေကျ လာပါတယ်။ အဲဒါကို သူ့မိဘတွေ မခံစားနိုင်ကြပါဘူး။ အဲဒီအချိန်
သူ့အဖေရဲ့ မိတ်ဆွေက ပြည်ပက သွားဆေးခန်းမှာ အကူလိုတယ်ဆိုတော့ အဲဒီသွားဆရာဝန်ဟာ
ဆေးခန်းအကူအဖြစ်နဲ့ ထွက်သွားပါတော့တယ်။ မကြာခင် ဆရာဝန်မနဲ့ သူ့ကလေးတွေပါ လိုက်သွားပါတယ်။
ဒီနေရာမှာ ကျမတို့တိုင်းပြည်ဟာ သွားဆရာဝန် တယောက်၊ ဆရာဝန်တယောက် သာမက
အနာဂတ်ရဲ့လူတော်လေးတွေပါ ဆုံးရှုံးသွားရပါတယ်။
ဒီလို သားသမီးရှေ့ရေး ဦးစားပေးပြီး ထွက်သွားကြပေမယ့် သူတို့တွေ နိုင်ငံရပ်ခြားမှာ သိပ်ပျော်နေကြတယ်လို့
မစွပ်စွဲ လိုက်ကြပါနဲ့။ မကြာသေးခင်က ကျမသူငယ်ချင်းတယောက်ရဲ့အဖေဆုံးသွားတယ်။
သူငယ်ချင်းကပြည်ပမှာ။ သူ့အဖေ ပြည်တွင်းမှာ နာမကျန်းဖြစ်နေတဲ့အချိန် ပြန်လာလို့လည်း မရတော့ စိတ်ထဲမှာ
မချင့်မရဲခံစားနေရရှာပါတယ်။ မိဘအ ပေါ် တာဝန်မကြေဘူးလို့ ဝမ်းနည်းနေရှာတယ်။ ကျမတို့
ဘယ်လိုဖျောင့်ဖျပေမယ့် တသက်လုံး ဒီအတွက်ကို Guilty အပြစ်ရှိသလို ခံစားသွားရရှာပါတော့မယ်။
ဘယ်သူမဆို ကိုယ့်မိဘ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် နေချင် ကြမှာပါ။ ကိုယ့်ရေမြေမှာ
ကိုယ့်စကားကို သွက်သွက်ပြောပြီး နေချင်ကြမှာပါ။ လူဆိုတာရေကြည်ရာ၊ မြက်နုရာ ရှာတတ် တာ
ကမ္ဘာဦးအစထဲကပါ။ ကျမတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့အခြေအနေတွေ
ဖန်တီးပေးနိုင် ရင် ဒီလိုတိုင်းပြည်ကို စွန့်ခွာရတဲ့အဖြစ်တွေ ဖြစ်လာမယ်မထင်ပါဘူး။
ကျမက ကျွမ်းကျင်ရာ ဆရာဝန်တွေအနေနဲ့ ပြောရပေမယ့် ဒီလိုအဖြစ်တွေ အင်ဂျင်နီယာလောက၊
စီပွားရေးပညာရှင် လောက၊ ကွန်ပျူတာပညာရှင်လောက စသည်ဖြင့် အများကြီးပဲနေမှာပါ။
ကျမတို့မှာ …
MRT,Sky Train,Subway ဆိုတာတွေ မရှိရင်နေပါစေ စစ်ကျန်Bus တွေ စီးနေရလည်း နေနိုင်ပါတယ်။
Charles & Keith မစီးရလည်း ကတ္တီပါ ပုံတော်ဖိနပ်နဲ့ ကျေနပ်ပါမယ်။
Chocolate နဲ့ Pistachio မစားရလည်း ဘိန်းမုန့်နဲ့ ကောက်ညှင်းပေါင်းစားပြီး ဗိုက်ဝနိုင်ပါတယ်။
Ashworth ,Victoria Secret ဆိုတာတွေ မ၀တ်ရလည်း ယောလုံချည်၊ ကချင်လုံချည်၊ ရှမ်းအင်္ကျီလေးတွေ ၀တ်ပြီး
လှတယ်လို့ ခံယူပါမယ်၊
ATM card,Credit card တွေမရှိလည်း ပိုက်ဆံ နွမ်းနွမ်းလေးတွေကို ဆာလာအိတ်တွေနဲ့ထမ်းပြီး
အလုပ်လုပ်ပါမယ်။
Internet connection နှေးနေလည်းစိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါမယ်။ ပေါက်ပြဲနေတဲ့ လမ်းတွေ
ဖာမပေးရင်နေပါစေ ချိုင့်ခွက်တွေ ကြည့်ရှောင်ပါမယ်။
လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ကောင်းမွန်မျှတတဲ့ ပညာရေးစံနစ်၊ မိမိအရည်အချင်းလိုက်ခံစားခွင့်
ဆိုတာ တွေရှိရင် ကိုယ့်ရဲ့ မျိုးဆက်သစ်တွေအတွက် စိုးရိမ်စရာမလိုဘဲ၊ ဒီမြေ ဒီရေ ဒီနိုင်ငံတော်ကို တတ်ခဲ့တဲ့
ပညာတွေနဲ့ အလုပ်အကျွေးပြုမယ့်သူတွေ ပေါများလာမှာပါ။
တရုတ်ပြည် တခါးဖွင့်ဝါဒ ကျင့်သုံးတော့ နိုင်ငံရပ်ခြားရောက်နေတဲ့ Oversea Chinese တွေကို လှိုက်လှိုက်လှဲလှဲ
ဖိတ် ခေါ်ပါတယ်။ သူတို့ နိုင်ငံခြားမှာရနေတဲ့ လစာ၊ အခွင့်အရေးတွေထက်မနည်း ရစေမယ်လို့ ဖိတ်လိုက်တာ
တော်တော် များများ ပြန်လာကြပါတယ်။ ကျမသိသလောက် တရုတ်ပြည်ရဲ့ ပထမဆုံး အဏုမြူဗုံးထွင်တဲ့သူဟာ
အမေရိကားက ပြန်လာတဲ့သူလို့ မှတ်ဘူးပါတယ်။
အခု ကျမတို့ တိုင်းပြည်မှာ မကြာခဏ ကြားနေရတဲ့ လူနာနဲ့ ဆရာဝန်ကြား ပြဿနာတွေဟာ ကျွမ်းကျင်ဆရာဝန်
မလုံ လောက်မှု ကနေစပြီးဖြစ်လာတာပါ။ အထူးကုဦးရေနဲ့ လူနာဦးရေဟာ မမျှတ တော့ပါဘူး။ လူနာတွေကလည်း
ကိုယ့်ဝေ ဒနာကို အတော်ဆုံး၊ နာမည်အကြီးဆုံးနဲ့မှ ရွေးပြချင်တာ အပြစ်ဆိုလို့မရပါဘူး။ ဆရာဝန်ကြီးတွေခမျာ
မနက်ရုံးချိန်မှာ ဆေးရုံတာဝန်ထမ်းရတယ်။ ညနေ ဆေးရုံကပြန်တော့ တန်းစီနေတဲ့ ဆေးခန်းက လူနာတွေကို
ကြည့်ရတယ်။ ပြီးရင် ပုဂ္ဂလိကဆေးရုံ အတွင်းလူနာတွေကို ကြည့်ရတယ်။ တခါတလေ လူနာကြည့်ချိန်ဟာ
ညသန်းခေါင်ဖြစ်လို့ လူနာရော လူနာရှင်ပါ အိပ်မောကျနေတာကို နှိုးပြီးကြည့်ရတာမျိုးလည်း ကြားနေကျပါ။
ဆရာဝန်ကြီးမှာလည်း လူနာကြည့်ရင်း ပင်ပန်းလွန်းလို့ ပြောတာတွေ နားထဲမဝင်ဘဲ ငိုက်နေတယ်ဆိုတာလည်း
ကြားဖူးကြမှာပါ။ ဒီလိုအခါမှာ အမှားအယွင်း တွေဆိုတာ ပေါ်လာတော့တာပါပဲ။ ဘာဖြစ်လို့ ဒီလို ဆရာဝန် လူနာ
အချိုးမမျှတရလဲ။ ကျမတို့ တိုင်းပြည်က လူတော် တွေကို ကျမတို့ ပြည်သူပြည်သားတွေ ဘာကြောင့်
အသုံးချခွင့်မရတာလဲ။ ဆရာဝန်တွေကလည်း ပြည်ပထွက်အလုပ် လုပ်တယ်။ လူနာတွေကလည်း ပြည်ပထွက်
ဆေးကုခံတယ်။ မြန်မာဆရာဝန်ကို ပြည်ပကတောင် လက်ခံ အသုံးပြု သေးတာ ပြည်တွင်းက ဘာလို့
မသုံးချင်ရမှာလဲ။ တောလက်ကျေးရွာတွေမှာလည်း လိုအပ်နေဆဲ၊ မြို့ကြီး ပြကြီးတွေမှာ လည်း လိုအပ်နေဆဲပါ။
အသစ်အသစ်တွေ မွေးထုတ်တာထက် ကျွမ်းကျင်ပြီးသူများ ပြန်လာရင် ပိုမကောင်းပေဘူးလား။
မြန်မာနိုင်ငံသားတွေအတွက် လူမျိုးလူတန်းစားမရွေးကိုစောင့်ရှောက် လွှမ်းခြုံမှုပြုနိုင်တဲ့
ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုကို စနစ်တကျ အကောင်အထည်ဖေါ်ဘို့ လိုနေပါပြီ။
ဒီအတွက် နိုင်ငံတကာမှာ Healthcare System management ပါရဂူဘွဲ့ရသူတွေ ကမြန်မာနိုင်ငံကို
ပြန်အကျိုးပြုကြဘို့ ဆန္ဒတွေ အလျံပယ်ရှိနေကြောင်းလည်း ကြားနေရပါတယ်။
ကျမအမြင်မှာတော့ နိုင်ငံကို စွန့်ခွါသူတွေဟာ Salmon ငါးတွေနဲ့ တူပါတယ်။ Salmon ငါးတွေဟာ ပင်လယ်ထဲက
ရေငန် ငါးတွေပါ။ သူတို့ဓလေ့က မြစ်ညာထိ ဆန်တက်ပြီး ဥချကြပါတယ်။ အဲဒီမှာ အကောင်ပေါက်မှ ပင်လယ်ကို
ပြန်စုန်ဆင်း လာကြပါတယ်။
ကျမတို့ ဆရာတွေ မိတ်ဆွေသူငယ်ချင်းတွေလည်း ရေမြေရာသီဥတု အဆင်ပြေမယ့် မြစ်ညာနဲ့တူတဲ့
နိုင်ငံရပ်ခြားတွေကို ရုန်းကန်လှုပ်ရှား ဆန်တက်သွားတယ်လို့ မြင်ပါတယ်။ Salmon ငါးတွေ ကြင်ဖော်နဲ့တကွ
သားသမီးတွေနဲ့ မိခင်ပင်လယ် ဆီ ပြန်လာတာကို ငါ့ကိုပစ်သွားရကောင်းလားလို့ အပြစ်
တင်မစောနေကြပါနဲ့တော့။ သူ့ သဘာဝပါဘဲ။
ပြန်ချိန်သင့်လို့ ပြန်လာကြတဲ့သူတွေကို လမ်းကနေ အတားအဆီးပိုက်ကွန်တွေနဲ့လည်း မဖမ်းသင့်ပါဘူး။
ဝမ်းမြောက် ဝမ်းသာ လက်ကမ်းလို့ ကြိုသင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
ကျမရဲ့ ပေါက်ကွဲသံစဉ်လေးကို သည်းခံဖတ်ရှုပေးတာကျေးဇူးပါ၊ တေးရေးတေးဆို ခင်ဝမ်းရဲ့သီချင်းတွေထဲက
ကျမ နှစ်သက်မိတဲ့ ဆယ်လမွန်ငါးတို့အပြန် သီချင်းထဲကလိုဘဲ oversea burmese တွေ အမိမြန်မာပြည်ကို
ပြန်လာပြီး ပြန် လည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်နိုင်မယ့် အိပ်မက်လေးတွေ မက်ရင်း
ဒီသီချင်းစာသားလေး လက်ဆောင် ပေးခဲ့ပါရစေ။
"ရေလွှာလဲခင်းပြန့် ကြည်လင်စေ
မိုးဦးလဲလှပသာယာစေ
ဘ၀စေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့
ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ
(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …
ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …
အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ … အပြန် … )
ပြန်ချိန်လည်းဆုံးဖြတ်ခိုင်မာစေ
ရာသီလဲတွက်ချက်မှန်ကန်စေ
စိတ်တူရာခိုဝင် ပြည့်စုံချိန်ပြန်ခဲ့မယ်တဲ့
ငယ်ရွယ်စဉ်ရှာဖွေစွန့်ခဲ့ပြီ…
(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …
ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …
အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ …… အပြန် … )
padonmar
(ပဒုမ္မာ့ကိုယ်တွေ့)
Min Thant Syn
Share

• 18 people like this.

o
Thet Thet Naing Oo most Brain drain are Results of Mismanagement Government !
21 hours ago · 1 personLoading...
o
Sein Soe ဆရာမက၊ ခံစားချက်တွေ၊ကိုယ်တွေ့တွေနဲ့ရေးလိုက်တာ၊ သိပ်ကောင်းတယ်ဗျာ။
အမှန်တွေချည်းပဲဗျာ။
15 hours ago · 1 personLoading...
o
Aye Min Myat ကောင်းလိုက်တာ....
15 hours ago
o
Ye Ni you speak out on the behalf of all burmese in exile...thx very much sayama
7 hours ago · 1 personPhoe Wunna likes this.
o
Thet Aung ကောင်းတယ်ဗျာ။ ရင်နဲ့တနင့်ကြီးဖတ်သွားပါတယ်။ ပြနိလည်မျှဝေခွင့်ပြုပါ။
7 hours ago
o
Turn On Ideas ဘဝတူချင်းမို့ တနင့်တပိုးကြီးကို ခံစားလိုက်ရတယ်...
ဒါကတော့ ရွဲ့တာ...
"အစိုးရဘာလုပ်လုပ် ဝေဖန်မယ်ဆိုတာကြီးပဲ။
ပြောင်းလဲဖို့ကြိုးစားနေကြတာ ကြိုဆိုရမယ်....
အဲ့လို အချင်းချင်းကိုက်နေကြလို့ မြန်မာပြည်မတိုးတက်တာ နောက်ကောက်ကျန်နေတာ။
မကိုက်ကြနဲ့ ငြိမ်ခံနေကြ! :P"
5 hours ago · 1 personPhoe Wunna likes this.
o
Turn On Ideas
တခြားပို့စ်၁ခုမှာ ရေးခဲ့ပြီးတဲ့commentsတွေကို ခေါင်းစဉ်တစ်ခုတည်းအောက်မှာမို့
ထပ်ကူးလာခဲ့တယ်...
-----------
အထက်ပါ ခေါင်းစဉ်နဲ့ပတ်သတ်ပြီး မကြာသေးခင်ကမှ မြန်မာကျူးပစ်ဖိုရမ်မှာ
ပြည်တွင်းသတင်းစာပါ ဆောင်းပါရှင် မောင်တင်အေး(သရက်)ရဲ့ "နိုင်ငံကိုစွန်...့ခွာခြင်း"ဆိုတဲ့
ဆောင်းပါးပါ အချက်အလက်တွေကို ပြန်လည်ချေပပြောဆိုခဲ့တဲ့ ပို့စ်
(အစ်မတစ်ယောက်ရဲ့ဘလော့ဂ်မှာ ထ...ပ်မံဖော်ပြခဲ့တဲ့ပို့စ်
http://auntysweet.blogspot.com/2011/08/blog-post_12.html)ထဲက တိုက်ဆိုင်မယ်ထင်တဲ့
အချို့သောစာတွေကို ကူးယူလာခဲ့တယ်...
"မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ကိုင်ခြင်း၏ အကျိုးကျေးဇူးများ"
-- ပထမဦးစွာ ဆွေးနွေးလိုသည်မှာ မြန်မာနိုင်ငံအတွင်းရှိ ဆောင်းပါးရေးသူ အမြင်ကျဉ်းကို
စွဲကိုင်ထားသူများမှာ မြန်မာနိုင်ငံမှ ထွက်ခွာပြီး နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူများကို
အပြစ်ဖို့ပြောဆိုခြင်းမှ စတင်ပါသည်။ မြန်မာနိုင်ငံသည် လက်ရှိအားဖြင့် စိုက်ပျိုးရေးကို
အခြေခံသော နိုင်ငံဟုဆိုသော်လည်း ခေတ်မမှီသော၊ တိုးတက်မှုမရှိသော
လယ်ယာစိုက်ပျိုးရေးကိုသာ အခြေခံနေသော နိုင်ငံတစ်ခုဟုသာ ဆိုရပေမည်။
တိုင်းပြည်အတွင်းတွင် စိုက်ပျိုးရေးစနစ်ကို တိုးတက်ရန်အတွက် အလေးထားလေ့လာသော
ကောင်းမွန်သော Research centre မရှိ၊ ရှိသည့်သုတေသနတွင်လည်း
နားလည်တတ်ကျွမ်းသော ပညာရှင်မရှိ၊ ထို့အပြင် နိုင်ငံအစိုးရ တာဝန်ရှိသူများကလည်း
ထိုကဲ့သို့ နည်းပညာများထွန်းကားရန် မြေတောက်မြှောက်လိုစိတ် အလျှင်းမရှိ၊ ထိုထိုသော
အကြောင်းအချက်များကြောင့် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်မှာ
အဆင့်မတန်းမမှီ။
ထိုအပြင် စက်မှု လက်မှုတွင်လည်း ကျွန်တော်တို့နိုငံတွင် တိုးတက်သော စက်မှု၊လက်မှု
အခြေအနေမဟုတ်၊ အသစ်တီထွင်နိုင်သော အခြေအနေ မပြောနှင့် တခြားနိုင်ငံများမှ
ထွက်သောကုန်ပစ္စည်းများကို ပုံတူကူးချပြီး ပြန်လည်ထုတ်ယူနိုင်သော အခြေအနေပင်
ကောင်းကောင်းမရှိပေ။ ထိုသို့ ပုံတူကူးချထုတ်လုပ်နိုင်သော
ပြည်တွင်းအသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် စိုးလျှပ်စစ်မှ ထုတ်လုပ်သော ဂျင်နရေတာ၊
ထရန်စဖော်မာ၊ မီးစက်တချို့ကိုသာတွေ့ဖူးသည်။
အထက်ပါကဲသို့ မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို ထောက်ပြနေသည်မှာ
အပြစ်ပြောလို၍မဟုတ်ပါ။ မြန်မာနိုင်ငံသားအဖြစ်သို့ တည်ရှိနေသေးသော
နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်ရန်
ပတ်ဝန်းကျင်အခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့ လိုအပ်ကြောင်းကို ထောက်ပြ
ဆွေးနွေးခြင်းသာဖြစ်သည်။
ဆက်ရန်See More
5 hours ago
o
Turn On Ideas
--- တခြားသူများကို နမူနာ မပေး၊ မိမိကိုယ်ကိုသာ နမူနာအနေဖြင့် ပြောပြရမည်ဆိုလျင်၊
စက်မှုတက္ကသိုလ်မှဘွဲ့ရပြီး အစိုးရအလုပ် လုပ်ကိုင်ရန်ရည်ရွယ်ချက်ရှိသော်လည်း ဖခင်မှ
အစိုးရအလုပ်လုပ်ကိုင်လည်း ပတ်ဝန်းကျင်မှ လာဘ်လာဘယူဆောင်ကြီးပွားမှုများကို
ပါဝင်သွာ......းကာ မတရားသော ကြီးပွားမှုမျိုး မလိုအပ်သောကြောင့် အစိုးရအလုပ်လုပ်ခြင်းကို
တားမြစ်သည်။ ထိုကြောင့် ကျွန်တော်သည် ယာယီအသက်မွေးဝမ်းကျောင်းအဖြစ်
ကျုရှင်ဆရာဘ၀ဖြင့် မိမိဝမ်းကို ကျောင်းခဲ့ရသည်။ သင်ကြားထားသော ပညာရပ်များကို
မှန်ကန်စွာ အသုံးမချနိုင်ခဲ့။ ထိုမှတဆင့် မိမိ၏ကြိုးစားအားထုတ်မှုကြောင့် ဘွဲ့လွန်ကို နိုင်ငံခြား
တက္ကသိုလ်တစ်ခုတွင် စကော်လားရှစ်ဖြင့် အခမဲ့ ပညာသင်ကြားနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင်
ဆက်လက်နေထိုင်ပါက မည်သို့မျှ မသိနိုင်သည့် ပညာရပ်များကို နိုင်ငံခြားတိုင်းပြည်များတွင်
လွယ်လင့်တကူလေ့လာနိုင်ခဲ့ပါသည်။
သို့သော် ထိုပညာရပ်များကို မိမိနိုင်ငံအတွက် ပြန်လည်အသုံးချနိုင်ရန် မြန်မာနိုင်ငံအတွင်း၌
ဖန်တီးထားသည့် အခြေအနေပတ်ဝန်းကျင်မရှိ၊ အကယ်၍ မိမိသည်မြန်မာနိုင်ငံကို
ပြန်လည်ကျေးဇူးပြုလို၍ ပြန်လည်ရောက်ရှိပါက မိမိကျွမ်းကျင်သော လုပ်ငန်းရပ်များမရှိသဖြင့်
ငယ်စဉ်က ပြုလုပ်ခဲ့သော ကျုရှင်ဆရာဘ၀ကို ပြန်လည်ရောက်ရှိကာ
မိမိတတ်မြောက်ထားသော အတတ်ပညာရပ်များကို စတိုခန်းထဲ သိမ်းထားရသည့် ဘ၀သာ
ပြန်လည်ရောက်ရှိနိုင်ပေသည်။
သို့ပေမဲ့လည်း နိုင်ငံခြားတွင် ထွက်၍လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအဖို့ မိမိကဲ့သို့
နိုင်ငံခြားတွင် ရေရှည်နေနိုင်သူများသာ မဟုတ်ပဲ ယာယီပါမစ်များဖြင့် နေထိုင်သူမှာ ၆၀-၈၀
ရာနှုန်းအထိရှိကာ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိပါက အောက်ပါ
အကျိုးကျေးဇူးများလည်း မြန်မာနိုင်ငံသို့ ရရှိနိုင်ပါသည်။
ဆက်ရန်See More
5 hours ago · 2 peopleLoading...
o
Turn On Ideas
(၁) အချိန်၏တန်ဖိုးကို နားလည်ခြင်းနှင့် အလုပ်ချိန်တွင် မိမိအား ပေးအပ်ထားသော အလုပ်ကို
သေချာစွာလုပ်ကိုင်နိုင်ခြင်း။ (နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း အကျိုးကျေးဇူး )
မြန်မာနိုင်ငံတွင်းအရှိ အစိုးရအလုပ်အပါဝင် တချို့သော အလုပ်များမှာ အလုပ်ခ......ျိန်
တစ်နေ့(နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ) ၆နာရီခန့်အတွင်း ထမင်းစားချိန်
လဘက်ရည်သောက်ချိန် များကို နှုတ်လိုက်ပါက ၄နာရီခန့်သာရှိသည်၊ ထို ၄နာရီအတွင်း
လူတစ်ယောက်၏ အချိန်ဆွဲလုပ်ကိုင်မှုကြောင့် ၃ နာရီခန့်သာဖြစ်ပေလိမ့်မည်။
အလုပ်မပြီးစီးပါကလည်း နောက်တစ်နေ့ လုပ်လို့ရတာပဲဟု အချိန်ဆွဲလုပ်ကိုင်လိုစိတ်များ
တာဝန်ယူမှုမရှိခြင်းများကို နေရာတော်တော်များများတွင် ၇၀-၈၀
ရာခိုင်နှုန်းခန့်တွေ့နေရသည်။
(၂) လူတစ်ဦးချင်းစီ၏ တာဝန်ယူမှု စိတ်ဓါတ်၊ ကတိစကား၏ တန်ဖိုးကို နားလည်သွားခြင်း။
(၃) နိုင်ငံရပ်ခြားမှ ရရှိလာသော အလုပ်ထဲမှ ပညာရပ်များ နှင့် စီမံခန့်ခွဲမှုများ။
အနည်းဆုံး မြန်မာနိုင်ငံတွင်း တေလေဂျပိုး၊ လဘက်ရည်ဆိုင်ထိုင်
အချိန်ဖြုန်းနေသူတစ်ယောက် နိုင်ငံခြားတွင် အလုပ်လုပ်ပြီး ပြန်လာပါက အနိမ့်ဆုံး ဂဟေတော့
ဆော်တတ်၊ အချိန်နှင့် ငွေကြေးအ၀င်အထွက်ကိုတော့ စီစစ်သွားတတ်ပါသည်။
(၄) နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူများမှာ မိမိနိုင်ငံသို့ ပြန်ပို့သော ငွေများပြန်လည်ရရှိ ခြင်း။
အရှေ့တောင် အာရှတွင် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် သူတွေထဲမှာ
အင်ဒိုနီးရှားနဲ့ ဖိလစ်ပင်းလူမျိုးတို့က အများဆုံးဖြစ်ပါသည်။ သူတို့တစ်တွေ သူတို့နိုင်ငံကို
ပြန်လည်ပို့ဆောင်တဲ့ ငွေသည် တစ်နှစ်ကို ၁.၅ ဘီလိယန်စီ ရှိကြပါသည်။ ထိုနိုင်ငံများက
တရားဝင်ငွေကြေး ပို့ဆောင်ရေးလုပ်ငန်းများရှိသောကြောင့် နိုင်ငံခြားတွင် လုပ်ကိုင်၍ရရှိသော
ငွေများကို မိမိတို့မိသားစုများအတွက် ပြန်လည်ပို့ဆောင်ပေးနေကြသည်။ နိုင်ငံခြားသို့
ထွက်၍အလုပ်လုပ်ကိုင်သော မြန်မာများသည် ဖီလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများကဲ့သို့
တစ်နှစ်လျင် ၁.၅ ဘီလီယန်ခန့် မရှိသော်လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀
နီးပါးခန့်ရှိမည်ဟု ခန့်မှန်းမိသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ခေတ်မမှီသော၊
နည်းလမ်းမမှန်သော ဘဏ်စနစ်များကြောင့် ထိုငွေများသည် တရားမ၀င်သောလမ်းကြောင်းသို့
ရောက်ရှိသွားသည်။
ထိုကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုငွေများကို မှန်မှန်ကန်ကန် ဖြစ်အောင်
ခိုင်မာသောလမ်းကြောင်းတစ်ခု တည်ဆောက်ရန် အမှန်အကန်လိုအပ်လျက်ရှိပါသည်။
ထိုအပြင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ မိမိမိသားစုဝင်များအား ထိုကဲ့သို့ ငွေကြေးများ
ပြန်လည် ပို့ဆာင်မှုကြောင့် မြန်မာနိုင်ငံတွင်းရှိ မိသားစုဝင်များ၏ ၀င်ငွေတိုးပွားလာသည်။
ထိုသို့ ၀င်ငွေ တိုးပွားလာမှုကြောင့် ထိုမိသားစုဝင်များ၏ ငွေသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအတွင်း
ငွေလည်ပတ်ကာ တိုင်းပြည်၏ စီးပွားရေးကို တဖက်တလမ်းမှာ တိုးတက်စေနိုင်သော
အချက်အလက်တစ်ခုလဲ ဖြစ်ပါသည်။
ဆက်ရန်See More
5 hours ago · 2 peopleLoading...
o
Turn On Ideas
(၄) နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ သက်ဆိုင်ရာသံရုံးများတွင်
အခွန်ငွေများကို ပေးဆောင်ခြင်းဖြင့် နိုင်ငံ၏၀င်ငွေကို တိုးပွားစေခြင်း။
တကယ်တမ်း မြန်မာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများရဲ့ အကြောင်းအရင်းထဲမှာ
တခုအပါအ......၀င်ဖြစ်တဲ့ ထိုအချက်သည် အရေးကြီးပါသည်။ အခွန်နှစ်ထပ်ပေးဆောင်ခြင်း
စာချုပ် ရေးထိုးထားသော နိုင်ငံဖြစ်သည်၊ မဖြစ်သည် ခဏထား
စင်္ကာပူရောက်မြန်မာနိုင်ငံသားများ ပေးဆောင်သော အခွန်ငွေပမာဏမှာ တနှစ်လျင်
အမေရိကန်ဒေါ်လာ သန်း၃၀မှ သန်း၅၀ အတွင်းရှိပါသည်။ ထိုငွေများသည်
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုင်းအတာတခုအထိ လုပ်ဆောင်နိုင်သော
ငွေကြေးပမာဏ တစ်ခုအနေနှင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုငွေ သန်း ၃၀-
၅၀ ငွေကြေးပမာဏသည် မြန်မာနိုင်ငံအတွက် အမှန်တကယ်ရောက်ရှိသွားသော
ငွေကြေးပမာဏဖြစ်သည်လား မည်သူမှမသိ၊ နှစ်စဉ် အခွန်ဌာနမှလည်း မှန်ကန်သော
စာရင်းကိုလည်း တင်ပြခြင်းမရှိ၊ အခွန်ဌာနနှင့် သံရုံး (နိုင်ငံခြားရေး ၀န်ကြီးဌာန) နှစ်ခုကြားတွင်
ထိုငွေကြေးပမာဏသည် စက္ကူပါးလေထဲလွင့်သကဲသို့ ပျောက်ကွယ်သွားသည်လား
မပြောတတ်ပေ။
(၅) နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်း။
မြန်မာလူမျိုးတော်တော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်အလျောက်
အလှူအတန်းလုပ်ရာတွင် တခြားနိုင်ငံများကဲ့သို့ တွန့်ဆုတ်ခြင်းအလျဉ်းမရှိပဲ
လှူဒါန်းကြပါသည်။ ဥပမာအားဖြင့် မြန်မာကျူးပစ်မင်ဘာများကိုယ်တိုင် ၂၀၀၈ ခုနှစ်
နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က ကျပ်သိန်း ၁၃၀ခန့်ကို မိမိတို့ချွေးနဲစာများမှ ခြစ်ခြုပ်လှူဒါန်းခြင်း၊
မြန်မာများအတွက် မြန်မာမှ ၂၀၁၀ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၁၅၀ခန့် ကျောင်းဆောင်
ဆောက်လုပ်လှူဒန်းခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့သည်။ ကျူးပစ်မင်ဘာများ
မြန်မာများအတွက် မြန်မာများကဲ့သို့ လူမှုရေးလှူဒါန်းမှုများသာမက တခြားသော
လူမှုရေးအဖွဲ့အစည်းများ၊ အဖွဲ့များနှင့် မဟုတ်ပဲ သီးသန့်လှူဒါန်းမှုများမှာ တနှစ်လျင်
အနည်းဆုံး ကျပ်ငွေ သိန်း ၁၀၀၀ မှ ၅၀၀၀ အတွင်း ခန့်ရှိပေသည်။ ထိုကဲ့သို့
နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ လှူဒါန်းမှုသည်လည်း တနည်းအားဖြင့် တိုင်းပြည်အတွင်း
ငွေလည်ပတ်မှုများ၏ အထောက်အပံ့တခုအဖြစ် တည်ရှိလျက်ရှိနေပါသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းကို
သေသေချာချာ စနစ်တကျ စီစစ်လေ့လာခြင်း အလျင်းမရှိ၊ ထိုကဲ့သို့ သိရန်လဲ
ကြိုးစားအားထုတ်ရန်လည်း မစဉ်းစားသော တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ ၀န်ကြီးဌာနများတွင်
မျက်နှာရရန် ဖား၍ သတင်းစာများတွင် ရေးသားလျက်ရှိသော အရည်အချင်းမရှိ ကော်လံစား
ကလောင်ရှင်များကို ကျွန်တော်တို့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားစစ်စစ်များမှာ
အလွန်အင်မတန် စက်ဆုပ်ရွံ့မုန်းမိပါသည်ဟုသာ ပြောကြားလိုပါသည်။
ဆက်ရန်See More
5 hours ago · 2 peopleLoading...
o
Turn On Ideas
ကျွန်တော်ဆက်လက်ရေးသားပြောဆိုမည့် အကြောင်းအရာများသည်
လက်ရှိမြန်မာနိုင်ငံအစိုးရကို တိုက်ခိုက်လို၍ အကြောင်းမရှိ အပြစ်ရှာ ပြောဆိုနေခြင်းမဟုတ်ပါ။
တချို့သော ၀က်ဘ်ဆိုဒ်များတွင် လက်ရှိအစိုးရသာမက ပြီးခဲ့သော နအဖအဖွဲ့ကိုပါ ရိုင်းစိုင်းစွာ
အ မနာပ ဆဲဆို......ပုတ်ခတ်မှုများကိုလည်း တွေ့ရသည်။ ထိုအခါ ကျွန်တော်ကိုယ်တိုင်
စိတ်ထဲမကောင်းခဲ့။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ဗုဒ္ဓ၏အဆုံးအမအရ
ဖရုဿဝါဆာ ညစ်ညမ်းသောစကားကို ဆိုခြင်းသည် ကျွန်တော်အတွက်
သံသရာလည်းမကောင်း၊ ကိုယ်က ဆဲဆိုပုတ်ခတ်သော်လည်း ထိုသို့အပြောခံရသူက
မေတ္တာနှင့်သော်လည်းကောင်း ဥပေက္ခာဖြင့်သော်လည်းကောင်း နေပါက ထိုသို့ ဆဲဆိုမှုသည်
ကိုယ်တွင်ပြန်လည်၍ အကျိုးယုတ်စေမည်ဟု ယုံကြည်မိသည်။
နိုင်ငံတစ်နိုင်ငံ အုပ်ချုပ်သည်ဆိုရာ၌ မိသားစုတစ်စုအား အုပ်ချုပ်ခြင်းနှင့်မတူ၊ မိသားစု
သိန်းပေါင်းများစွာကို အုပ်ချုပ်ရသည်။ အဖွဲ့အစည်းငယ်တစ်ခု အုပ်ချုပ်သည်နှင့်မတူ
ခေါင်းဆောင်လုပ်သူမှာ ထိုအဖွဲ့အစည်းငယ်ကိုတာဝန်ခံရသည်။ ထိုကြောင့် လက်ရှိအစိုးရကို
ဝေဖန်ရာတွင် အပြစ်တွေသာ ပြောဆိုခြင်းထက် အပြုသဘောဖြင့် အမှားကိုလဲ ထောက်ပြ
အမှန်လမ်းကိုလည်း တာဝန်ရှိပြည်သူတစ်ယောက်အဖြစ် အကြံပြုခြင်းမျိုးကိုသာ အဓိက
ဦးတည်ရေးသားပါသည်။
သို့သော်လည်း အဖွဲ့အစည်းငယ်ပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲဖြစ်ဖြစ် အခွင့်အရေးလိုချင်၍
ဖားယားရေးခြင်း ပြုမူခြင်းမျိုးကိုတော့ ကျွန်တော် အလွန်အင်မတန်ရွံ့မုန်းမိသည်။ ထိုကဲသို့
ဖား၍နေထိုင်သူများ အလိုတော်ရိများသည် တကယ့်တကယ်တော့ အဖွဲ့အစည်းကို ဖျက်စီးသူ၊
နိုင်ငံကိုဖျက်စီးသူ၊ သစ္စာဖောက်များသာ အမှန်တကယ်ဖြစ်တော့သည်။
ဆက်ရန်See More
5 hours ago · 2 peopleLoading...
o
Turn On Ideas
မြန်မာနိုင်ငံသား နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူများကြောင့် နိုင်ငံအတွက်
အကျိုးကျေးဇူးများ ရှိနိုင်ကြောင်း အချက်အလက်တချို့ကို အကြမ်းဖျဉ်းအားဖြင့်
ထောက်ပြခဲ့ပါသည်။ ကျွန်တော်ထောက်ပြဆွေးနွေးသော အချက်အလက်များထက်
မလျော့တောင်မှ ပိုသော အကျိုးကေ...ျးဇူးများ ရှိနိုင်ပါသေးသည်။
အပေါ်ကပို့စ်ပါ ပဒုမ္မာ့ကိုယ်တွေ့အကြောင်းအရာတွေနဲ့ အထက်ပါ
commentsပါအကြောင်းအရာတွေက ဘာကြောင့်ဘယ်လိုဆိုတာ သိပ်ကို ရှင်းလင်းလှပါတယ်။
လုပ်တာမလုပ်တာကတော့ အစိုးရဘယ်လောက် သန့်ရှင်းချင်သလဲ၊
တိုင်းပြည်နဲ့လူမျိုးတွေရဲ့တိုးတက်အောင်မြင်မှုကို ဘယ်လောက်လိုလားသလဲ
ဆိုတဲ့အချက်တွေပေါ်မှာသာ မူတည်တယ်။



No comments:

Post a Comment