- မြစ်ဆုံအတွက် နောက်မဆုတ်နိုင်ကြသူများ ဆောင်းပါးရှင်(အောင်မျိုးထွန်း)
- 'Save The Irrawaddy' ဟောပြောပွဲ ရန်ကုန်မြို့၌ ကျင်းပ
- နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ကြေငြာချက် [ 9.9.2011 ]
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မိသားစုဝင်များနှင့် တွေ့ဆုံ၊ နှုတ်ဆက်၊ အားပေး
- Mr.Derek Mitchell နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
- လေးနှစ်ပြည့်တမ်းချင်း ဆောင်းပါးရှင် (စက်တင်ဘာ နေမိန္ဒ)
မြစ်ဆုံအတွက် နောက်မဆုတ်နိုင်ကြသူများ ဆောင်းပါးရှင်(အောင်မျိုးထွန်း) Posted: 11 Sep 2011 11:53 PM PDT မနေ့ က နေပြည်တော် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှာ လုပ်သွားတဲ့ ၀န်ကြီး ၅ ယောက်နဲ့  မီဒီယာများ တွေ့ ဆုံပွဲ မှာ အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီးရဲ့မြစ်ဆုံရေကာတာစီမံကိန်း"နောက်မဆုတ်ဘူး၊ ဆက်လုပ်မယ်" ဆိုတဲ့ ချဲလင့် စကားလုံးတွေကို ဖတ်ရပြီး အသားတွေ တဆတ်ဆတ်တုန်၊ ဒေါသတွေ တချောင်းချောင်း ထွက်လာတော့ ရှေ့ မီနောက်မီ ပုဂ္ဂိုလ်ကြီးတစ်ယောက်က "စိတ်လျော့ပါ၊ နိုင်ငံရေးသမားဆိုတာ ဒေါသမထွက်ရဘူး၊ အခြေအနေကို စောင့်ကြည့်တတ်ရမယ်"လို့  ကျွန်တော့်ကို နားချရှာပါတယ်။ ဒီကိစ္စမှာ "ကျွန်တော်နိုင်ငံရေးသမားမဖြစ်ချင်ဘူး၊ ဖိုက်တာဘဲဖြစ်ချင်တယ်" လို့  လေသံမာမာနဲ့  ဆရာသမားကို ဘုတော ပိတ်လွှတ်လိုက်တယ်။ "မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ပက်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက်ပိုပြီးတော့ အတွေ့  အကြုံရှိတဲ့လူ မရှိတော့ဘူး" ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စကားဟာ ငါသိ၊ ငါတတ်၊ ဘယ်သူမှ ဘာမှ မ ဟနဲ့ ၊ အားလုံး ရှပ်အောက့်၊ မြစ်ဆုံနဲ့ ပက်သက်လို့  အမြှီးကုတ် နားရွက် မထောင်ကြနဲ့ ဆိုပြီး သန်းခြောက်ဆယ်သော မြန်မာပြည်သူတွေကို စိန်ခေါ်လိုက်တယ်လို့  ကျွန်တော်မြင်ပါတယ်။ ပြည်သူအကုန်လုံးဆိုတော့ သမ္မတကြီး အပါအ၀င် ပြည်ထောင်စုအစိုးရတစ်ဖွဲ့ လုံးလည်း ပါပါတယ်။ မြစ်ဆုံနဲ့ ပက်သက်ပြီး ၀န်ကြီးဦးဇော်မင်းစကားကို ခဏငှားသုံးရရင် မြစ်ဆုံရောဂါဆန်းနဲ့  ပက်သက်ပြီး အချက် အလက် ဒေတာ၊ ကောင်းကျိုးဆိုးပြစ် စတာတွေကို အစိုးရသတင်းစာထဲက ဆောင်းပါး သုံးလေးပုဒ်၊ အွန်လိုင်းသတင်းမီဒီယာတွေမှာ တင်ထားတဲ့ ဆောင်းပါးတွေနဲ့  ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ မျိုးချစ် ပြည်ချစ်အနုပညာရှင်တွေရဲ့  သုံးသပ်ရေးသားပြောဆိုခဲ့သမျှကို ကျွန်တာ် နာယူမှတ်သားခဲ့တာ ခေါင်းတစ်ခု လုံးနဲ့  မဆန့် တော့ပါဘူး။ အဲဒီထဲက တချို့ ဆို ၀န်ကြီးနဲ့ ယှဉ်ပြီး ဒီဘိတ်ပုံစံမျိုး စကားစစ်ထိုးနိုင်လောက်တဲ့ အဆင့်ရှိကြတယ်လို့  ကျွန်တော်ယုံကြည်ပါတယ်။ အပြန်အလှန် ဟစ်ကြွေးနိုင်တဲ့ စင်မြင့်တစ်ခုကို လွတ်လွတ် လပ်လပ် ဖန်တီးပေးမယ်ဆိုရင် လက်ခမောင်း ထ ခတ်ကြမယ့်သူတွေ တန်းစီထွက်လာပါလိမ့်မယ်။ ကျွန်တော်ဟာ ဘူမိဗေဒနဲ့  ကျောင်းပြီးခဲ့တဲ့သူတစ်ယောက်ဆိုတော့ "မြစ်ဆုံနဲ့ ငလျင်အန္တရယ်" အပိုင်း လောက်ကိုဘဲ တွက်ဆတတ်ပေမယ့် မြစ်ဆုံကိစ္စဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတင် မဟုတ်သလို နိုင်ငံရေး မပြေလည်မှု အဆင့်အတန်းမှာတင် ရှုမြင်လို့  မရပါဘူး။ မဟာအမျိုးသားရေးကြီးပါ။ ဘုရားကျောင်းကန် တွေမှာ ဘိနပ်မစီးရ ဆိုသလိုပေါ့။ မြန်မာတစ်မျိုးသားလုံးရဲ့  အထွတ်အမြတ်ကိစ္စဆိုတော့ မှောင်နဲ့ မည်းမည်း ထဲမှာဘဲ နေချင်နေပါရစေ၊ အဲဒီ လုပ်လက်စနေရာမှာ ဆက်မလုပ်ဘဲ ရပ်ပစ်ပါ၊ နေရာရွှေ့ လုပ်ပါလို့  ၀န်ကြီး ဦးဇော်မင်းကို စေခိုင်းရမှာဘဲ။ မေတ္တာမရပ်တော့ဘဲ၊ ငြင်ငြင်သာသာ မပြောတော့ဘဲ "ရောင်းသူဝယ်သူအသံတူ" လုပ်ပစ်ရတော့မှာဘဲ။ မြန်မာ့ဆိုရှယ်လစ်လမးစဉ်ပါတီခေါင်းကိုင်ဖခင်ကြီးဦးနေ၀င်းရဲ့  ပါတီညီလာခံ နောက်ဆုံးမိန့် ခွန်းကိုပြေးပြီး သတိရ ဖြစ်တဲ့အထိ ၀န်ကြီးဦးဇော်မင်းရဲ့  စကားလုံးတွေက ရင့်သီးလွန်းလှတယ်လို့  ကျွန်တော်ခံစားမိတယ်။ ဦးနေ၀င်းက "မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်" လို့  ထွက်ခတ်ခတ်သွားပြီး တိုင်းပြည်မှာ ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ၀န်ကြီးလည်း ကြားဖူးမှာပါ။ ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံရေးပို့ စ် နေရာ မှာ ရှိနေတည်နေတဲ့အတွက် မီဒီယာကတစ်ဆင့် ပြည်သူတွေကို မက်ဆေ့ပေးတဲ့အခါ စည်းရုံးဖျောင်းဖျရေး ပုံသဏ္ဍာန်နဲ့ လုပ်ရကိုင်ရပါတယ်။ အာဏာရှင်ဗိုလ်ချုပ်များလို ငါတကော ကော၊ ဒေါသသံနဲ့  လူထုကို မက်ဆေ့ ပေးမယ်ဆိုရင်တော့ ရှေ့ လျှောက် မမျှော်မှန်းနိုင်တဲ့ ဆိုးရွားမှုတွေ အုံနဲ့ ကျင်းနဲ့  ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ ပါတီကို မဲ မပေးခဲ့ပါဘူး။ အားလုံးကို ကြက်ခြေခတ်၊ ပယ်မဲဖြစ်အောင် လုပ်ခဲ့ပြီး ဒီနိုင်ငံရေးအခင်းအကျင်းကို No လုပ်ခဲ့ပေမယ့် ကျွန်တော့်ဆွေမျိုးအသိုင်းအ၀န်းနဲ့  တချို့  မိတ်ဆွေများရဲ့  လက်ရှိအစိုးရအပေါ်သဘောထားတွေကို နားစိုက်မိတဲ့အခါ နည်းနည်းလက်ခံလာတဲ့ပုံကို တွေ့ ရပါတယ်။ ကျွန်တော်မကြိုက်ပေမယ့် ကြိုက်တဲ့သူတချို့  တိုရည်ရှားရည် ရှိလာတာ ဦးသိန်းစိန်အစိုးရရဲ့  လူထုဆီ လှမ်းလာတဲ့ ခြေလှမ်းတွေကြောင့်လို့  သူတို့ က ပြောကြတယ်။ မြစ်ဆုံအရေး၊ စစ်ပွဲရပ်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးမှာတော့ သူတို့ လည်း ကျွန်တော်နဲ့  တစ်သဘောထဲဖြစ်နေတာ တွေ့ ရပြန်ပါ တယ်။ လျှပ်စစ်ဝန်ကြီးရဲ့  မာရည်ကြောရည် တုန့် ပြန်သံကြောင့် ကိုင်းညွတ်လာစ သူတို့ စိတ်တွေ နောက်ကြောင်းပြန်လှည့်သွားနိုင်ပါတယ်။ ဦးဇော်မင်းကြေင့် ဦးသိန်းစိန်အစိုးရရဲ့  လှတပတဖြစ်လာလေးတွေ သဲထဲရေသွန်ဘ၀ရောက်ပြီး ဒုံရင်း ပြန်ဆိုက်မယ့်ကိန်းပါဘဲ။ ရွှေဝါရောင်တော်လှန်ရေးရဲ့ နိဒါန်းဟာ စက်သုံးဆီဈေး မြှင့်တင်လိုက်တာက စ ခဲ့တယ်ဆိုတာ မမေ့သင့်ပါဘူး။ အခု ထောင်ထဲရောက်နေတဲ့သူတွေဟာ မဟုတ်မခံစိတ်ဓာတ်အရာမှာ စံနမူနာပြုထိုက်တဲ့ သူရဲကောင်းတွေပါ။ သူတို့ စိတ်ဓာတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကို ရင်ထဲထည့်ပြီး မြစ်ဆုံကိစ္စကို ကျွန်တော်တို့ ဆက်လုပ်သွား ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ အားလုံးရဲ့ ပခုံးပေါ်ကို အမျိုးသားရေးတာဝန်ကြီးတစ်ခု ရောက်လာပြီလို့  ခံယူဖို့  အချိန်ကျပါပြီ။ "၀န်ကြီးက ဆက်လုပ်မယ်၊ ကျွန်တော်တို့ က ဆက်မလုပ်နဲ့ " ဆိုတဲ့ ဆန့် ကျင်ဘက်လှုပ်ရှားမှု နှစ်ခုဟာ ထိပ်တိုက်တိုးနေပါပြီ။ "ညွှန်ချုပ်.. မင်းရေးတယ် ပြောလိုက်၊ ငါရေးတယ် မပြောနဲ့ " လို့  ကိုယ်ရေးတာ ကိုယ်ဝန်မခံရဲတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စိတ်ထားကို ကျွန်တော်တို့ က ဘယ်လိုယုံရမှာလဲ။ ၀န်ကြီးဦးဇော်မင်းရဲ့  ပြောဆိုချက်တွေကို လူထုစိန်ဝင်း၊ ဂျူး၊ မောင်ဝံသ၊ ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာ မြင့်မြင့်ခင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာအေးမောင်၊ ဒေါက်တာသိန်းမြင့်နဲ့  ပါတီခေါင်းဆောင်တချို့ ရဲ့  ချက်ချင်း တုန့် ပြန်လိုက်သံတွေကလည်း သိသိသာသာ ရေချိန်မြင့်လာတာကိုလည်း တွေ့ ရပါတယ်။ ဒီ့ ထက်ပိုပြီး ပြင်းထန် ပေါက်ကွဲလာနိုင်ပါတယ်။ မြစ်ဆုံနဲ့ ပက်သက်တဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေတာတွေဟာ ဟောပြောပွဲတွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ စကားဝိုင်းတွေကတစ်ဆင့် လမ်းမတွေပေါ်အထိ လျှံကျစီးဆင်းလာနိုင်ပါတယ်။ မောင်စိန်ဝင်း၊ဦးထွန်းလွင်၊ ကိုတာ၊ ကိုမြင့်ဇော်တို့ ရဲ့  မြစ်ဆုံအရေး မှတ်ချက်တွေကလည်း ကြောက်ခမန်းလိလိ ဖြစ်လာပါပြီ။ တေးရေးမြင့်မိုးအောင် အင်တာဗျူးတစ်ခုမှာ ပြောသလိုပေါ့။ "အချက်အလက်တွေ မသိပါဘူး၊ မကြိုက်တာဟာ ရင်ဘတ်ထဲက လာတာမို့  မကြိုက်တာဘဲပေါ့ဗျာ" ဆိုတာလေးကို ကိုင်ပြီး ပြောရရင် ကျွန်တော်မကြိုက်တာ ဆိုတာလည်း ရာဇ၀င်အရ၊ သမိုင်းကြောင်းအရ မကောင်းခဲ့တာ၊ စုတ်ပြတ်ဆင်းရဲခဲ့ရတာ၊ လိမ်ညာဖြီးဖြန်း ခဲ့ကြတာ၊ပြည်သူလူထုကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင် မထင်ခဲ့တာ၊ ငါဘုရင် ဘယ်နှစ်ပတ်လှည့်လှည့် ကြည့်ကောင်းကွနဲ့  ထင်ရာစိုင်းခဲ့တာ၊ အာဏာနဲ့ မြန်မာကို အပေးအယူလုပ်ခဲ့တာ တုတ်ထမ်းပြီး ပြောတောင် မကုန်နိုင်ပါဘူး။ ဘယ်လောက်ချေးချွတ်သန့် စင်ရေးတွေ ပြဲနေအောင်လုပ်လုပ် အတိတ်က ဒဏ်တွေကိုတော့ ထိုက်သင့် သလောက်ခံနေရဦးမယ့်အနေအထားမှာ "မြစ်ဆုံအရေး" ကို တာဝန်အရှိဆုံး ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းက ဖြစ်ပျက်ခဲ့တာတွေကို၊ ဖုံးဖိထားသမျှတွေကို ကန်လန့် ကာကြီးဆွဲလှန်ပြလိုက်သလို လက်ကုန်မထုတ်ပြဘဲ ဒီရေကာတာကြီးဘဲ ပြီးအောင်ဆက်မဆောက်ရရင် မြန်မာပြည်ကြီး ဖုန်တွေသဲတွေ လူးသွားရမလောက် အကြောက်အကန်ဖြစ်နေတာ ရုပ်ဆိုးလှပါတယ်။ နောက်ကွယ်မှာ မလွန်ဆန်နိုင်တဲ့ တစ်စုံတစ်ခုများ ရှိနေမလား ဆိုပြီး ကောက်ချက်ချရတော့မှာဘဲ။ အားလုံးလည်း ဒီလိုဘဲ မြင်မိကြမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။ သမ္မတကြီးဦးသိန်းစိန်အနေနဲ့  ၀န်ကြီးဦးဇော်မင်းကို ၂၀၀၈ ဖွဲ့ စည်းပုံအရ အစိုးရအဖွဲ့ က ထုတ်ပယ်ပစ်လို့ ရလား မရလားဆိုတာ ကျွန်တော် သဲသဲကွဲကွဲ မသိပါဘူး။ မြစ်ဆုံကိစ္စနဲ့ ပက်သက်ပြီး သူ့ ကို ဖယ်ရှားလိုက်ရင်တော့ သမ္မတကြီးကို ပြည်သူတွေ ပိုပြီး အုံနဲ့ ကျင်းနဲ့  သဘောကျလာကြမှာ သေချာလောက်ပါရဲ့ ။ အေးချမ်းချင်ပါရဲ့ ။ အောင်မျိုးထွန်း ၁၂- ၉- ၂၀၁၁ |
'Save The Irrawaddy' ဟောပြောပွဲ ရန်ကုန်မြို့၌ ကျင်းပ Posted: 11 Sep 2011 09:40 AM PDT . ဧရာဝတီမြစ်ကို ကယ်တင်ထိန်းသိမ်းရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် 'Save the Irrawaddy' ဟေ ပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဥယျာဉ်အိမ်ရာ မဟာဂန္ဓာရုံကျောင်းတိုက် အောင်မင်္ဂလာမဟာသိမ်တော်ကြီးတွင် ဇမ္ဗူသိရီ(Safety Net) ပရဟိတလူငယ်အဖွဲ့က ဦးစီးကျင်းပခဲ့ကာ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကိုတာ၊ ဒေါက်တာထွန်းလွင်၊ ကိုမြင့်ဇော်တို့က ဟောပြောဆွေးနွေးခဲ့ကြသည်။ ဟောပြောပွဲသို့ ဧရာဝတီမြစ်နှင့် ပတ်သက်၍ စိတ်ဝင်စားလေ့လာလိုသူများ လူဦးရေ ၅၀၀ ၀န်းကျင်လာရောက်ခဲ့ပြီး အထူးသဖြင့် လူငယ်ဦးရေမှာ ပိုမိုများပြားခဲ့သည်။ အခြေခံ ပညာကျောင်းအချို့မှ ကလေးငယ်များလည်း တက်ရောက်ခဲ့ကြသည်။ Save the Irrawaddy ဟောပြောပွဲကို စာရေးဆရာမ သန်းမြင့်အောင်က အဖွင့်မိတ်ဆက်စကား ပြောကြား ၍ ညနေ ၃ နာရီဝန်းကျင်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ ကိုမြင့်ဇော်က ဧရာဝတီမြစ်ပေါ်တွင် ဆည်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ EIA ထဲတွင်ပင်ပါရှိသော ဆည်တည်ဆောက်ရန် မလိုသည့်ဖော်ပြချက် အပေါ်သုံးသပ်မှု၊ မြစ်ဝကျွန်းပေါ်တွင် ပိုမိုဖွံ့ဖြိုးလာမည်၊ မိုးရေချိန်များပြားသည့်အတွက် မြစ်ရေ၊ ဆည်ရေရှိနေမည်ဆိုသည့် ထုတ်ပြန်ချက်ကို လေ့လာမှုများနှင့် ချိန်ထိုးပြမှု၊ ဒေသခံများအပေါ် ပြောင်းရွှေ့မှု၏ သက်ရောက်နိုင်ခြေများ၊ မြစ်ရေကို မှီခိုနေသည့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက်ရောက်နိုင်မှုများ စသည်တို့ကို စတင်ဆွေးနွေးခဲ့သည်။ ထို့နောက် စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က 'ကျွန်တော်နှင့်မြစ်များ'အမည်ဖြင့် ဟောပြောမှုတွင် ဧရာဝတီမြစ်ဆုံကို ယခင်က ရောက်ရှိခဲ့သည့်မြင်ကွင်းနှင့် ယခု မြင်ကွင်းကွာခြားပုံများ၊ ပြည်ပနိုင်ငံများရှိ မြစ်ကောမှုများကို သုံးသပ်မှုများ၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့အကြောင်း ရေးသားဖြစ်ခဲ့သော ကဗျာ၊ စာများကို တင်ပြမှုများ ပါဝင်ခဲ့သည်။ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က နာဂစ်မုန်တိုင်းကြောင့် သေကြေပျက်စီးမှုများ အပါအ၀င် ရာသီဥတုအပြောင်းအလဲကို ကြုံလာရမှုများ၊ ရေကာတာတည်ဆောက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက နိုင်ငံတွင်းတည်ဆောက်ရန် မဖြစ်နိုင်သည့်အခါ မြန်မာနိုင်ငံကို ရွေးချယ်လာပုံ၊ မြန်မာနိုင်ငံမြောက်ပိုင်းသည် နောင်တွင် မိုးနည်းနိုင်ခြေရှိသည့်အတွက် ဆည်တည်ဆောက်ပါက မြစ်ရေအပေါ် သက်ရောက်နိုင်မှုများကို ဟောပြောတင်ပြခဲ့သည်။ အစီအစဉ်၏ နောက်ဆုံးတွင် ဟောပြောသူ စာရေးဆရာ ကိုတာက တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သယံဇာတနှင့် ပတ်သက်၍ ထားရှိသည့်အမြင်များ၊ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ လုပ်ဆောင်နေမှုများ အစရှိသည်တို့ကို စာအုပ်စာတမ်းများ၊ လေ့လာမှုများပေါ် အခြေခံလျက် ဆွေးနွေးပြခဲ့သည်။ ဧရာဝတီမြစ်ဆုံဆည်နှင့် ဆက်စပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်အသိပညာပေး ဟောပြောပွဲကို ည ၈ နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။ "Save the Irrawaddy" ဟောပြောပွဲမှ ပြောကြားချက်အချို့ ကိုမြင့်ဇော် အခုတလော ကြားနေရတာ စေတနာဆိုတဲ့ စကားပေါ့။ ဧရာဝတီမြစ်နဲ့ ပတ်သက်တာ၊ မြစ်ဆုံမှာ ဆည်ဆောက်တဲ့ကိစ္စတွေမှာ လျှပ်စစ်မီး တွေရဖို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ စေတနာနဲ့လုပ်တာပါ ဆိုတဲ့စကားတွေ ကြားနေရတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သမိုင်းအတွေ့အကြုံ၊ ကမ္ဘာ့သမိုင်း အတွေ့အကြုံအရ စေတနာရဲ့နောက်မှာ အတတ်ပညာ၊ အသိပညာ၊ ဆင်ခြင်တုံတရား၊ တခြားသော နည်းစနစ်မှန်တွေ မရှိရင် အလကားပဲဆိုတာ ဒီနေရာမှာ ထပ်ပြောချင်ပါတယ်။ ဆည်ဆောက်တာ နဲ့ပတ်သက်ပြီး ကောင်းသည်၊ ဆိုးသည်ကို ဒီအထဲမှာ တစ်စုံတစ်ရာေ၀၀ါးနေတဲ့သူတွေ ရှိရင် ကျွန်တော်အခု ဖတ်ပြချင်ပါတယ်။ အဲဒါကတော့ ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေဆောက်လိုက်တဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ်ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ လေ့လာချက်စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာလမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေးတစ်ပိုဒ်ကို ဖတ်ပြချင်တယ်။ 'မြန်မာ နှင့် တရုတ်နိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို အမှန်တကယ်ပူပန်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ရည်ရွယ်ပါလျှင် ဧရာဝတီမြစ်ဆုံတွင် သည်မျှ ပမာဏကြီးသော ရေလှောင်ကန်ကို တည်ဆောက်ရန်မလိုချေ' တဲ့။ ဒါသည် ပညာရှင်တွေရဲ့ ထုတ်ဖော်ချက်ပါ။ တခြားတခြားသော ပညာရှင်တွေရဲ့ အဆိုအရလည်း ဒီဆည်မရှိသင့်ဘူး ဆိုပါတယ်။ ဒါတွေ ကျွန်တော်တို့ချပြဖို့ လိုပါတယ်။ ဒါတွေ မရှိသင့်ဘူးဆို တဲ့ ရဲရဲရင့်ရင့်လှုပ်ရှားမှု၊ ပြောဆိုမှုတွေ ကျွန်တော်တို့ လုပ်ကြဖို့လိုပါတယ်။ ဒါ EIA ထဲက တစ်ချက်ကို အခြေခံပြီး ပြောတာပါ။ အခြေအနေမှန်တွေကိုတော့ လိမ်ညာခွင့်မရှိဘူး။ ပုံဖျက်ခွင့်မရှိဘူး။ အခြေအနေမှန်ကို လစ်လျူရှုပြီးပြောတယ်လို့ ယူဆလို့ရတဲ့ ထုတ်ပြန်ချက်တွေ တွေ့နေရပါတယ်။ တစ်ခုက မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းတွေမြောင်းတွေကနေ စီးဆင်းလာတဲ့ နုန်းတွေ၊ အနည်အနှစ်တွေကြောင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဟာ တိုးတက်တဲ့၊ မြေသြဇာ ကြွယ်ဝပြီး စိုက်ပျိုးရေးဖြစ်ထွန်း လာမယ်ပြောတာ ရှိပါတယ်။ ၂၀၀၈ ခုနှစ်ကထုတ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေ ရဲ့ လေ့လာချက်စာတမ်း 'နစ်မြုပ်လာ နေသောမြစ်ဝကျွန်းပေါ်များ' အရ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာ မယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မြစ်ဝကျွန်းပေါ်တွေသည် အခြေခံအားဖြင့် နိမ့်လာမယ်လို့ ပြောလို့ရပါတယ်။ နိမ့်ကျတဲ့အခါ ဘာတွေဖြစ်သလဲဆိုတော့ မြေအောက်ရေကြော ထိခိုက်တယ်။ အခုလိုမျိုး သိပ္ပံပညာရှင်တွေ ဖော်ထုတ်ထားပြီးသားကို လစ်လျူရှုပြီးတော့ မြစ်ဝကျွန်းပေါ်သည် ဘာမှမဖြစ်ပါဘူးဆိုတာ လိုရာဆွဲတာဖြစ်တယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ခု မိုးရေချိန်နဲ့ ပတ်သက်လို့ ပြောတာ။ မိုးရေချိန် သိပ်များတဲ့အတွက် မြစ်ရေ ပမာဏသည်လည်း ကျမသွားဘူးလို့ ပြောပါတယ်။ တကယ့် လေ့လာချက်တွေအ ရ ၁၉၇၈ နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ မိုးခေါင်မှုတွေ ပိုမိုကြုံတွေ့လာ ရတယ်လို့ သိရပါတယ်။ ကော်လိုရာဒိုမြစ်ကို စပြီးတော့ ပိတ်ဆို့တုန်းက မိုးရေချိန်အရ ဒီ ဆည်ထဲမှာ ရေဘယ်လောက်၊ မြစ်ထဲမှာ ဘယ်လောက်ဆိုတာ တွက်ခဲ့တာ။ သို့သော် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရေချိန်တွေ လျော့ကျတဲ့အခါမှာ ကော်လိုရာဒိုမြစ်ကြီးထဲမှာ ရှိသင့်တဲ့ ရေမရှိတော့ဘူး။ ဆည်ထဲမှာလည်း ရောက်သင့် ရောက်ထိုက်တဲ့ ရေမရောက်တော့ဘူး။ နောက်တစ်ခုပြောကြတယ်။ ဆည်ဆောက်တဲ့အတွက် ရပ်သူရွာသွားတွေအတွက် လမ်းတွေ၊ တံတားတွေ အများကြီးတိုးတက်လာမယ် ပြောပါတယ်။ ဒီလို ဆည်လုပ်တဲ့အခါမှာ ရပ်ရွာတွေ ရွှေ့ပြောင်း ရတယ်၊ လူတွေသည် ဆင်းရဲတာ၊ ချမ်းသာတာ ခဏထားလိုက်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကိုတော့ ခင်တွယ် ကြတာပဲ။ မပြောင်းချင်ကြဘူး။ မဖြစ်မနေ ပြောင်းပေးရမယ်ပြောတဲ့အခါ သူတို့ နေရာသစ်ပြောင်းရတဲ့အခါ ကျွန်တော်တို့တွေဆို ဘယ်လိုခံစားရမလဲ။ နောက်တစ်ခုက စီမံကိန်းတွေလုပ်တဲ့အခါ လူသစ်တွေ အများကြီး ၀င်လာတယ်။ သူတို့တွေ က ၀ယ်နိုင်တော့ ၀ယ်ကြတော့ စီမံ ကိန်းလုပ်တဲ့နေရာတွေမှာ ကုန်ဈေး နှုန်းတွေ မြင့်တက်သွားပြီးတော့ ဒေသခံတွေမှာ ထိခိုက်တယ်။ ရွှေ့ပြောင်းလာသူတွေမှာ ရောဂါဘယ တွေ ပါလာတတ်တယ်။ ဟိုတုန်းက စိုက်ပျိုးစားပြီး နေခဲ့တဲ့သူတွေမှာ သူများလက်ဝေခံ ရောက်ကြရတယ်။ ဒေသခံတွေအတွက် ရွှေ့ပြောင်းမှုနဲ့ ပတ်သက်လို့ စိတ်ပူပန်ရမှုတွေ၊ နစ်နာရမှုတွေ၊ နောက် စားဝတ်နေရေး ရွှေ့ပြောင်းရတဲ့အတွက် ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ လမ်းတွေ၊ တံတားတွေ ဆောက်ပေးလိုက်လို့ ရွာသူရွာသားတွေအတွက် ပိုကောင်းတာပေါ့ ဆိုတာနဲ့ပတ်သက်လို့ နီဂရိုးတွေရဲ့ ကဗျာလေးတစ်ပုဒ် အပြည့်အစုံတော့ မမှတ်မိပါဘူး။ ကားလမ်းလေး ဖောက်ပေးတယ်၊ ကားလမ်းပြီးသွားရင်တော့ ငါတို့တော့ ကားအသစ် လေးတွေ မြင်ဖူးမှာပေါ့တဲ့။ သူ့ကဗျာလေးက ဒါလေးရေးထားတယ်။ အခု ငွေကြေးနဲ့ပဲ ပြောနေကြတယ်။ ဆည်ပြီးရင် တစ်နှစ်ကို သန်း ၅၀၀ ရမယ်ပေါ့။ ကျောက်စိမ်း ရောင်းရင် ဘယ်နှသန်းရမယ်၊ ရေနံရောင်းရင် ဘယ်နှသန်းရမယ်၊ သို့ သော် အဲဒါတွေသည် ဈေးနှုန်းပဲ။ သဘာဝတန်ဖိုးကို ကြည့်လိုက်ရင်တော့ ဆုံးရှုံးမှုတွေ အများကြီးပါပဲ။ ဒေါက်တာ ထွန်းလွင် ဒီဟောပြောပွဲဟာ 'Save the Irrawaddy' ဟောပြောပွဲ ဖြစ်တဲ့အတွက် ဧရာဝတီအကြောင်း ပြောရမယ်။ ကျွန်တော့်ရှေ့လူတွေက ပွင့် ပွင့်လင်းလင်း ပြောသွားကြတယ်။ ကျွန်တော်ကတော့ အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။ အခု လူပရိသတ်ထဲကို ချပြတဲ့ အဆင့်အထိ ကျွန်တော်တို့ ပြောရေး ဆိုခွင့်ရလာပြီ။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆို ပိုင်ခွင့်၊ ကန့်ကွက်ပိုင်ခွင့် စသည်ဖြင့် ဒါကို ကျွန်တော်တို့ လက်ကိုင်ထားပြီး စိတ်သဘောချင်း ကိုက်ညီတဲ့ မိတ်ဆွေတွေ၊ ပညာရှင်တွေ၊ ပြည်သူ ပြည်သားတွေ တတ်စွမ်းသမျှ နောက်ဆုံး ရည်မှန်းချက်အောင်တဲ့ အထိ ဆက်လက်ပြီးတော့ လုပ်သွားဖို့လည်း ပြောချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၁၃၈၀၀၀ သေတယ်လို့ နိုင်ငံတော် အစိုးရက ထုတ်ပြန်တယ်။ အသားတင် အရပ်ရပ် ပျက် စီးမှုတန်ဖိုး ၁၁ ဒသမ ၈ ထရီ လီယံရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ မှာ အသေအပျောက်အများဆုံး မုန်တိုင်းတွေ စာရင်းတင်ထားတဲ့အထဲမှာ နာဂစ်မုန်တိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ အဲဒီစာရင်း နား ကပ်တောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ နာဂစ်ဖြစ်တဲ့အခါ၊ လူ ၁၃၈၀၀၀ သေတဲ့အခါ နာဂစ်ဟာ နံပါတ် ၈ နေရာက ၀င်သွားပါ တယ်။ မုန်တိုင်းကြောင့် လူသေတာများတာတွေ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၀င်တဲ့မုန်တိုင်းမှာ မုန်တိုင်းဒီရေတက်နိုင်တယ်ဆိုတာ ဒေသခံတွေက သိကြပေမယ့် မုန်တိုင်းဒီရေက အန္တရာယ်ပေးနိုင် တယ်ဆိုတာ မသိခဲ့ကြပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ မလိမ္မာခဲ့ကြပါဘူး။ ဒီနေ့ နောက်ထပ် ပြဿနာ တစ်ရပ် တွေ့ပြန်ပြီ။ ဒါကတော့ ဧရာဝတီမြစ်။ မြစ်ကို ရေကာတာ ဆောက်မယ်။ ရေအားလျှပ်စစ်တွေ ထုတ်လုပ် ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ၀င်ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့အတွက် ဘယ်လိုပေးဆပ်နေရသလဲ ဆိုတာ ကျွန်တော် ပြောပြချင်ပါတယ်။ တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့အခါမှာ မြန်မာနိုင်ငံ ကို တွေ့သွားတာပါ။ လွန်ခဲ့တဲ့ရှစ်လက ဧရာဝတီမြစ်ဆုံကို ကျွန်တော် ပထမဆုံး ရောက်ဖူးသွားပါတယ်။ ကျွန်တော် ကြားဖူးထားသလို ရေက မကြည် တော့ပါဘူး။ တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။ နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခုဖြစ်လာနိုင်ပါတယ်။ အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။ မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။ မောင်စိန်ဝင်း(ပုတီးကုန်း) ကျွန်တော့်ကိုမေးပါတယ်။ ဆရာတဲ့ မြစ်ဆုံမှာဆည်ဆောက်ပြီးရင် တစ်နိုင်ငံလုံး မီးလင်းမယ်တဲ့၊ဆရာ့ သဘော ဘယ်လိုရှိလဲလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း ရိုးရိုးပဲ ဖြေလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကသစ်တောတွေနဲ့ ဧရာဝတီကို ဒီအတိုင်း စီးခိုင်းပြီးတော့ပဲ ကျွန် တော်အမှောင်ထဲမှာပဲ နေချင်ပါတယ် လို့ဖြေလိုက်ပါတယ်။ ရွာတော်တော်များများမှာ မီးမှန်တယ်။ ညနေ၆နာရီကနေ ၁၀နာ ရီအထိကို မီးမှန်တယ်။ ဖွဲမီးဖိုတွေ နဲ့ ကျေးလက် မီးလင်းအောင်လုပ်ထားကြတာ။ မလေးရှားကို ရောက်ခဲ့တယ်။ သူတို့တွေက ကျွန်တော်တို့ကို မြစ်ဆုံကိုခေါ်သွားမယ် ပြောတယ်။ မင်းတို့ဆီမှာရော မြစ်ဆုံရှိလားဆိုတော့ ရှိတယ်တဲ့။ သွားကြည့်တော့ သူတို့ လက်ညှိုးထိုးပြတာ ကြည့်လိုက်တော့ တူးမြောင်းနှစ်ခု ဖြစ်နေတယ်။ တူးမြောင်းနှစ်ခုကနေ ပေါင်းဆုံပြီး မြောင်းကြီးတစ်ခုအဖြစ် ရှိနေတယ်။ ပုံစံမြောင်းပေါ့ဗျာ။ ကျွန်တော်က အဲဒါမြစ်ဆုံမှ မဟုတ်ဘဲ မြောင်းဆုံကြီးဟာကိုလို့ ပြောတော့ လွန်ခဲ့တဲ့နှစ် ၂၀၀က အဲဒီနေရာမှာ အင်မတန်ကြီးတဲ့ ဂွန်ဂမြစ်နဲ့ ဂနိုင်းမြစ်ဆိုတာ ရှိတယ်တဲ့။ နောက်ပြီး အဲဒီနေရာမှာ အင်မတန်ကြီးတဲ့ သင်္ဘောဆိပ်ကြီး တစ်ခု ရှိတယ်တဲ့။ သူတို့နိုင်ငံက သံဖြူထွက်တယ်။ ဘယ်လောက်ထိကြီးလဲဆိုရင် အဲဒီသံဖြူတွေကို ဆိပ်ကမ်းကနေ နိုင်ငံခြားကို တင်ပို့နိုင်တယ်တဲ့။ ၁၈၉၆ မှာ ကွာ လာလမ်ပူကို တည်လိုက်တယ်။ ကွာလာလမ်ပူ ဆိုတာကိုက ရွှံ့နွံထူထပ်သောလို့ အဓိပ္ပာယ်ရတယ်။ မြို့ပြထူ ထောင်လိုက်တယ် ဆိုရင်ပဲ အဲဒီမြစ်ဆုံဟာ မြောင်းဆုံ ဖြစ်သွားတော့တာ ပါပဲ။ ကျွန်တော်တို့ မြစ်ဆုံလည်း ဘယ်နှနှစ်ကြာရင် မြောင်းဆုံ၊ ချောင်းဆုံဖြစ်သွားမလဲ။ ကိုတာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဘယ်လိုမြင်သလဲဆိုတော့ အိန္ဒိယ သမုဒ္ဒရာဘက်ကို ထွက်ပေါက်ဖြစ်နေ တယ်။ နိုင်ငံလူဦးရေနည်းပြီး သယံဇာတများတယ်။ မြန်မာနိုင်ငံက တရုတ်ပြည်နဲ့ အိန္ဒိယပြည်ရဲ့ကြားမှာရှိနေတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တရုတ်ကြီးအပြင် ကုလားကြီးရဲ့ အန္တရာယ်ကပါ သတိပြုရမှာပါ။ ရင်းနှီးမြှုပ်နှံမှုများတာ ကောင်းပါတယ်။ အဲဒီရင်းနှီးမြှုပ် နှံမှုတွေက ထိထိရောက်ရောက် ဖြစ်ဖို့ကောင်းတယ်။ ထိရောက်တဲ့၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာဘာလဲဆိုတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရဘူး။ စားသုံးသူကို မထိခိုက်ရဘူး။ သဘာဝပတ်ဝန်းကျင် မပျက်စီးရဘူး။ လူ့အခွင့်အရေးကို မချိုးဖောက်ရဘူး။ Via Eleven Media Group http://www.first-11.com/index.php?option=com_content&view=article&id=10112:save-the-irrawaddy-&catid=43:2009-11-10-07-39-09&Itemid=111 |
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ကြေငြာချက် [ 9.9.2011 ] Posted: 11 Sep 2011 09:34 AM PDT |
Posted: 11 Sep 2011 09:23 AM PDT မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည် ၁၂း၁၅ မိနစ်တွင် ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ အကျဉ်းချထားခြင်းခံနေရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်သို့ သွားရောက်ကာ မိသားစုဝင်များနှင့် တွေ့ဆုံ၊ နှုတ်ဆက်၊ အားပေးစကားများ ပြောကြားခဲ့ပါသည်. Credit to Democratic Resource of Bro Zayar Thaw! |
Mr.Derek Mitchell နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) Posted: 11 Sep 2011 09:14 AM PDT အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchellနှင့် အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် (၈း၃၀) နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့် အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။ နာရေးကိစ္စ အ၀၀အား (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာဒါနအဖြစ် အင်္ဂလိပ်စာ သင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချမှုများအား လိုက်လံကြည့်ရှု လေ့လာခဲ့ရာ အခြေခံ အင်္ဂလိပ်စာ သင်တန်းသူ ကလေးငယ်လေးမှ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr. Derek Mitchell မှ "မင်္ဂလာပါ … တွေ့ရတာဝမ်းသာပါတယ်" ဟု မြန်မာလို ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သုခအလင်း စာကြည့်တိုက်သို့ ၀င်ရောက်လေ့လာကာ အင်္ဂလိပ်စာပေ စာအုပ်များအား ထပ်မံ၍ လှူဒါန်းပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။ ယင်းနောက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ သွားရောက်လေ့လာရာ လူနာနားနေဆောင်တွင် လူနာများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ ဆေးကုသဆောင်များနှင့် မျက်စိခွဲစိတ်ခန်းဆောင် အခန်းအား လည်း ၀င်ရောက်လေ့လာကာ ချီးမွမ်းစကားများ ပြောကြားသွားခဲ့သည်။ ထို့အပြင် နာရေးနှင့် ပတ်သက်သည့် Cool Box၊ အခေါင်းများနှင့် နိဗ္ဗာန်ယာဉ်များကို လေ့လာခဲ့ပြီးနောက် နံနက် (၉း၃၀) နာရီအချိန်တွင် နှုတ်ဆက်စကား ပြောကြားကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ကျော်သူ |
လေးနှစ်ပြည့်တမ်းချင်း ဆောင်းပါးရှင် (စက်တင်ဘာ နေမိန္ဒ) Posted: 11 Sep 2011 08:54 AM PDT လေးနှစ်ပြည့်တမ်းချင်း အိပ်ရချမ်းသာ၊ ချမ်းသာစွာနိုး အိပ်မက်ဆိုးပျောက်၊ စောင့်ရှောက်နတ်များ ရင်ဝယ်သားတို့ ၊ လူများလည်းခင် နတ်လည်းခင်၏၊ မီးလျှင်မပူ အဆိပ်ဟူလည်း၊ ထို့တူပြေပျောက် လက်နက်ရောက်လည်း၊ မပေါက်မဝင် ပြီးသလျှင် တည်း၊ အစဉ်စိတ်တည် မျက်နှာတည်၍၊ သေသည့်ကာလ မတွေရနှင့်၊ လောက ဗြဟ္မာ ပြည်သို့သာလျှင်၊ လားရာ ဆယ့်တစ်မျိုး မေတ္တာအကျိုးတည်း။ မြန်မာနိုင်ငံရဲ့ အထင်ကရ ခေါင်းဆောင်များဖြစ်ကြတဲ့ တနည်း- မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ် ကိုးကွယ်အားကိုး ယုံကြည်ရာဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တံခွန်လို့ခေါ်တဲ့ ရဟန်းသံဃာတော်များဟာ ၂၀၀၇ စက်တင်ဘာ ဝယ် လမ်းမပေါ်သို့ ထွက်ခဲ့ ကြပါတယ် ။ လမ်းမပေါ်သို့ ထွက်ခဲ့ရတဲ့ အကြောင်းကတော့ ရှင်းပါတယ်။ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင် အာဏာရူးများ လက်အောက်က ကျောင်းသားရဟန်း သံဃာ မိဘပြည်သူတွေနဲ့တကွ အားလုံး လွတ်မြောက်ဖို့ရန် အတွက်ပါ။ တနည်းအားဖြင့် အဓမ္မဝါဒီတွေ ကြီးစိုးနေမှုကို မြတ်ဗုဒ္ဓရဲ့တပည့်သား သံဃာတော်များက မြတ်ဗုဒ္ဓ လမ်းစဉ်နှင့်အညီ ဓမ္မ ဆိုတဲ့ ငြိမ်းချမ်းရေးတရားတွေ လွှမ်းမိုးလာအောင် အဓမ္မ တရားတွေကို လက်ကိုင်ကျင့်သုံးနေတဲ့ နအဖ အာဏာရှင်များကို တွန်းလှန်တဲ့ ရွှေဝါရောင် ငြိမ်းချမ်းရေးတိုက်ပွဲပါပဲ။ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဘာကြောင့် ပြုလုပ်ခဲ့ရသလဲဆိုတော့ တနည်းအားဖြင့် ပေါ်ပေါက်ခဲ့ရသလဲဆိုတော့ အာဏာရှင်များ ဖြစ်ကြတဲ့ နအဖ ဟာ ကြံ့ဖွံ့ စွမ်းအားရှင် တွေကို လုပ်ပိုင်ခွင့်အာဏာတွေပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနဲ့ အောက်ခြေသံဃာတော်များကို နည်းမျိုးမျိုးနဲ့သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ ပြည်သူတွေပေါ်မယ် သံဃာထုကသြဇာကြီးမားတာကိုသိသလို သံဃာထုတွေက နိုင်ငံရေးလောကထဲကို ၀င်ရောက်လာမှာကိုလည်း စိုးရိမ်ကြောင့်ကြပြီးတော့ ပြည်သူတွေနဲ့ အလှမ်းဝေးတဲ့ မဟနဆရာတော်များကိုချဉ်းကပ်ပြီး အောက်ခြေသံဃာတော်များကို ၀ိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့်လည်းကောင်း နည်းမျိုးစုံသုံးပြီး သံဃာထုကိုသွေးခွဲခဲ့ပါတယ်။ (မှတ်ချက်။ ။ ဒီလိုသွေးခွဲမှုကို အလိုလောဘရမ္မက်ကြီးတဲ့ မဟနဆရာတော်များက လက်ခံကျင့်သုံးကြပါတယ်) ဒါဟာ သံဃာကိုသင်းခွဲခြင်းလို့ခေါ်တဲ့ သံဃဘေဒကကံကို ထိထိမိမိကြီး အာဏာရှင်သန်းရွှေကြီးနှင့်တကွ န.အ.ဖ၊ န.အ.ဖလက်ပါးစေများဖြစ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေက ကျူးလွန်လိုက်တာပါ။ (မှတ်ချက်။ ။ ဒေ၀ဒတ်လက်သစ်များလို့ခေါ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်များဟာ လက်ရှိတိုင်းပြည်မယ် အာဏာရှင်များရဲ့ အဓိကအခိုင်မာဆုံးဒေါက်တိုင်များအဖြစ် ဆက်လက်ရပ်တည်နေဆဲပါ။) ဦးဇင်းတို့ ၂၀၀၇ စက်တင်ဘာမယ် လမ်းမတွေပေါ်ကို ထွက်ခဲ့ကြတယ်ဆိုတာဟာလည်း ၂၀၀၇ သြဂုတ်၁၉မှာ လောင်စာဆီဈေးနှုန်းတွေမြင့်ပြီး ကားခတွေရုတ်တရက်ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက်ကျောင်းသားတွေဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက်ဆန္ဒပြကြတာကိုလည်း မတရားဖိနှိပ် ဖမ်းဆီးခဲ့တယ်။ စက်တင်ဘာ ၅ရက်နေ့ ပခုက္ကူမှာ သံဃာတော်တွေကို န.အ.ဖတွေနဲ့တကွ န.အ.ဖလက်ပါးစေများဖြစ်ကြတဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေက သံဃာတော်တွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ကိစ္စ၊ ဒီနေရာမယ် ဦးဇင်းတစ်ခုပြောချင်တာကတော့ သံဃာတော်တွေကို ထိလို့ဆိုတဲ့ စိတ်ဓါတ်တစ်ခုတည်းနဲ့ သံဃာတော်တွေက လမ်းမတွေပေါ်ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ ရတနာသုံးပါးထဲမယ် တစ်ပါးအပါအ၀င်ဖြစ်တဲ့ သံဃာရတနာကို ကျူးလွန်တာရော၊ အနာဂါတ်သာသနာအရေးကို တွေးပြီးစိုးရိမ်တာရော၊ မတရားသဖြင့် ပြည်သူတွေအပေါ်မယ် ဖိနှိပ်ချုပ်ချယ်တာတွေရော မြန်မာနိုင်ငံမယ် အဓမ္မတရားတွေ အလွန်ကြီးစိုးနေတာရော၊ အဓမ္မ၀ါဒီ အဓမ္မတရားတွေ လက်ကိုင်ကျင့်သုံးနေတဲ့ န.အ.ဖ၊ န.အ.ဖလက်ပါးစေများဖြစ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေကို ဓမ္မနဲ့ရင်ဆိုင်ဖြေရှင်းဖို့ သံဃာတော်များဟာဖြင့် လမ်းမတွေပေါ်ထွက်ခဲ့ကြတာပါ။ သံဃာတော်များနဲ့ ပြည်သူတွေပါပူးပေါင်းပြီး လမ်းမပေါ်ထွက်လာခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အာဏာရှင်လူမိုက်တွေရဲ့ ရက်ရက်စက်စက်ဖြိုခွင်းသတ်ဖြတ်မှုတွေကြောင့် အကျအဆုံးများစွာနဲ့ ဦးဇင်းတို့ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အဆုံးသတ်ခဲ့ရပါတယ်။ အဲဒီလိုကျဆုံးခဲ့ရတဲ့အကြောင်းအရာကလည်း မြန်မာနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က သံဃာထုနဲ့အတူမပါဝင်ခဲ့သလို လျစ်လျှူရှုခြင်းခံခဲ့ရပါတယ်။ ဦးဇင်းတို့ ပြည်သူတွေအများစုကလည်း ဘေးကနေလက်ခုပ်တီးပေးရုံလောက်နဲ့တင် တာဝန်ကျေပြီလို့ သတ်မှတ်ထားတာတွေလည်းရှိပါတယ်။ နောက်တစ်ခုက ဦးဇင်းတို့ အတိုက်အခံပါတီတွေ၊ အတိုက်အခံအဖွဲ့အစည်းတွေအများစုကလည်း ဦးဇင်းတို့ ၂၀၀၇ရွှေဝါရောင် ငြိမ်းချမ်းရေးပွဲတော်ကြီးကို လျစ်လျှူရှုခြင်းခံခဲ့ရပါတယ်။ ဒီလိုအစရှိသောအကြောင်းအရာတွေကြောင့် န.အ.ဖနှင့်တကွ ကြံ့ဖွတ် စွမ်းအားရှင်တွေက အနိုင်ယူဖြိုခွင်းသွားတာပါ။ ရဟန်းသံဃာတော်တွေနဲ့တကွ ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်ပြီးငြိမ်းချမ်းစွာဖြင့် မေတ္တာပို့ စီတန်းလှည့်လည်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့တောင်းဆိုခဲ့တာကို ဒီလိုမျိုးရိုက်နှက်ဖမ်းဆီး သတ်ဖြတ် ဖြိုခွင်းတာဟာဖြင့် အင်မတန်ရက်စက်လွန်းလှပါတယ်။ ရဟန်းသံဃာတော်တွေနှင့် ကျောင်းသားမိဘပြည်သူတွေဟာ တောင်းဆိုခဲ့တာကလည်း ၁။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး။ ၂။ အမျိုးသားပြန်လည်သင့်မြတ်ရေး။ ၃။ ကုန်ဈေးနှုန်းကျဆင်းရေး။ ၄။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာများရရှိရေး။ ဆိုတဲ့ အချက်အလက်များကို အဓိကထားပြီးတော့ တောင်းဆိုခဲ့ကြတာပါ။ ဒီအချက်အလက်များကို တောင်းဆိုခဲ့ကြတဲ့နေရာမယ် အားလုံးသော ဝေနေယျသတ္တ၀ါတွေ ကျမ္မာကြပါစေ ချမ်းသာကြပါစေဆိုပြီး မြတ်ဗုဒ္ဓရဲ့လမ်းစဉ်နှင့်အညီ လူသူလေးပါးမခွဲခြားပဲ အားလုံးကိုမေတ္တာထားပြီး၊ မေတ္တာပို့ပြီး၊ မေတ္တာတရားကိုလက်ကိုင်ထားပြီးတော့ ဆင်းရဲဒုက္ခရောက်နေကြတဲ့ မိဘပြည်သူတွေနှင့် တိုင်းရင်းသားပေါင်းစုံအတွက် သံဃာတော်တွေက ပြည်သူတွေရှေ့ကနေရပ်တည်ပြီး ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့ကြတာပါ။ အဲဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းစွာဖြင့်တောင်းဆိုခဲ့ကြတဲ့ ကျောင်းသား၊ ရဟန်းသံဃာ၊ မိဘပြည်သူတွေကို မတရားသဖြင့် ရိုက်နှက်ဖမ်းဆီးတာကတော့ ကမ္ဘာပေါ်မယ် အဆိုးရွားဆုံးပါပဲ။ အခုလက်ရှိအချိန်ထိတော့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မပေးသေးသလို အမျိုးသားသင့်မြတ်ရေးအတွက်လည်း မလုပ်ဆောင်ကြသေးပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ရေးပြီး စိတ်တိုင်းကျတိုင်းပြည်ကိုဖျက်ဆီးနေတဲ့ ပြည်သူတွေ မျက်စိပိတ်၊နားပိတ် အငတ်ဘေး ဒုက္ခပြဿနာအစရှိသော ဒုက္ခပေါင်းစုံကြုံတွေ့နေရတာတောင် လျစ်လျှူရှုပြီး ထင်တိုင်းကြဲနေတဲ့ န.အ.ဖတွေနှင့်တကွ န.အ.ဖလက်ပါးစေတုတ်ကိုင်တွေအားလုံးကို ပြည်သူတွေနှင့်တကွ ကျောင်းသား၊ ရဟန်းသံဃာတော်တွေအားလုံးက ဒီမိုကရေစီအရေးအတွက် အစဉ်အဆက် အသက်တွေ၊ဘ၀တွေ ပေးဆပ်ခဲ့ကြသော ကျောင်းသား၊ရဟန်းသံဃာ မိဘပြည်သူအပေါင်းတို့ကို လေးနှစ်ပြည့် တမ်းခြင်းနှင့်အတူ ညီညီညာညာ ၀ိုင်းဝန်းကယ်ထုတ်ကြပါစို့။ အားလုံးကျန်းမာချမ်းသာပါစေ . . . . .။ စက်တင်ဘာ ဦးနေမိန္ဒ (အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ) |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment