Sunday 11 September 2011



ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်

Posted: 02 Sep 2011 02:07 AM PDT

This posting includes an audio/video/photo media file: Download Now


လကမ္ဘာပေါ်တွင် ပီဇာဆိုင် ဖွင့်ရန် ဒိုမီနိုမှ စီစဉ်

Posted: 01 Sep 2011 11:28 AM PDT

ရေးဆွဲထားသော ဆိုင်ခန်းပုံ
ပီဇာ အရောင်းဈေးကွက် ပြိုင်ဖက်များကို ဖြတ်ကျော်ရန် ဂျပန်နိုင်ငံရှိ ဒိုမီနို ပီဇာ အရောင်းဌါန ရုံးခွဲမှ ကမ္ဘာနှင့် အနီးဆုံး ဂြိုလ်တစ်ခုတွင် ဆိုင်ခွဲဖွင့်ရန် ကြံရွယ်နေပြီ ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပတ်လမ်းရှိ အာကာသစခန်းမှ အာကာသ ယာဉ်မှူးများဆီသို့ ပီဇာ အရောက် ပို့ဆောင်နိုင်ခဲ့သော Pizza Hut ဆိုင်၏ အံ့မခန်းဝန်ဆောင်မှုမှာ ပီဇာဆိုင်များအကြား နှာတစ်ဖျား သာလျှက် ရှိနေခဲ့သည်။ ဂျပန်နိုင်ငံတွင် ဒိုမီနို ပီဇာဆိုင်အား ဖွင့်လှစ်ခဲ့ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ၎င်းစံချိန်အား ကျော်ဖြတ်ရန် စတင် ဆောင်ရွက်လျှက် ရှိပြီဖြစ်သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစ၍ ဒိုမီနို ကုမ္ပဏီမှ ပီဇာ ပို့ဆောင်ပေးသူ တစ်ဦးအား တစ်နာရီ လုပ်အားခ ယန်းငွေ ၂.၅ မီလီယံ ( စတာလင်ပေါင် ၂ သောင်း ကျော် ) ပေးမည် ဖြစ်သည်။

ပီဇာဈေးကွက် ချဲ့ထွင် ပြိုင်ပွဲမှာ အာကသအထိ ရောက် နေပြီဖြစ်သည်။ လကမ္ဘာ မျက်နှာပြင်ပေါ်တွင် ခိုင်ခံ့သော လိပ်ခုံးပုံစံ အမိုးအကာဖြင့် ဆောက်လုပ်သွားရန် မဲဒကော့ပ် ဆောက်လုပ်ရေး လုပ်ငန်းနှင့် စီစဉ်လျှက်ရှိသည်။

၎င်းအစီအစဉ်အတွက် ဒုံးပျံ ၁၅ စင်းဖြင့် ဆောက်လုပ်ရေးပစ္စည်း အလေးချိန် တန် ၇၀ သယ်ဆောင်မှုအတွက် ဂျပန်ယန်းငွေ ၅၆၀ ဘီလီယံ ( စတာလင်ပေါင် ၄.၅ ဘီလီယံ ) ကုန်ကျမည်ဖြစ်ပြီး ဆောက်လုပ်ရေးအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ခန့်မှန်းခြေ ယန်းငွေ ၁.၆၇ ထရီလီယံ (စတာလင်ပေါင် ၁၃.၄ ဘီလီယံ) ဖြစ်သည်ဟု သိရှိရသည်။

ကုန်ကျစရိတ်များ သက်သာစေနိုင်ရန် အတွက်နှင့် ပြည်တွင်း သယံဇာတ အလေအလွင့် မရှိစေရန် လကမ္ဘာပေါ်ရှိ တွင်းထွက် နုန်းများကို အသုံးပြု၍ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ထိုသို့ ပြုလုပ်ပါက ကုန်ကျစရိတ် စုစုပေါင်းမှာ ယန်း ၁၉၄ ဘီလီယံ ( စတာလင်ပေါင် ၁.၅ ဘီလီယံ ) အထိ လျော့ကျသွားမည် ဖြစ်ကြောင်း ဒိုမီနို မှ ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အကွက်ရွှေ့ချက်မှာ စူးရှထက်မြက် လှပေသည်။


ဆောက်လုပ်ရေး ဒီဇိုင်းပညာရှင်မှ ပုံဖော်ရေးဆွဲ ထားချက်အရ လိပ်ခုံးပုံစံ နှစ်ထပ် စားသောက်ဆိုင် ဖြစ်ပြီး အချင်း ၂၆ မီတာ အကျယ်အဝန်း ရှိမည် ဖြစ်သည်။ မြေအောက်ခန်း အလွှာအား စတီးဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ပီဇာပြုလုပ်ရန် နေရာ လည်း ပါဝင်မည်ဖြစ်သည်။ ဝန်ထမ်းသည် ၎င်း အဆောက်အအုံ အတွင်း၌သာ နေထိုင်နိုင်သူ ဖြစ်ရန် လိုအပ်သည်။

"ဒီအစီအစဉ်အတွက် ပြီခဲ့တဲ့နှစ်ကတည်းက ကျွန်တော်တို့ စတင် ကြံစည်နေခဲ့တာပါ ဒါပေမဲ့ ဒီဆိုင်စဖွင့်မယ့် ရက်ကိုတော့ ကျွန်တော်တို့ အတိအကျ မပြော နိုင်သေးပါဘူး"
ဒိုမီနို၏ ပြောရေးဆိုခွင့်ရှိသူ တိုမိုဟီဒဲ့ မာဆူနာဂါမှ တယ်လီဂရပ် မီဒီယာသို့ ပြောကြားသွားခဲ့သည်။ ၎င်းကုမ္ပဏီသို့ ပို့ဆောင်ရေး ဝန်ဆောင်မှုအတွက် ကမ်းလှမ်းမှု အများအပြား ရလာနိုင်လိမ့်မည် ဟုလည်း မျှော်လင့်နေကြသည်။

"အနာဂတ်ကာလမှာ လကမ္ဘာပေါ် လူအများပြောင်းရွှေ့ နေထိုင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်၊ အာကာသမှာ သူတို့ အလုပ်လုပ်ကြရလိမ့်မယ်"
ဟု ထပ်မံ ပြောကြားသွား ခဲ့သည်။

Source : Telegraph



-

No comments:

Post a Comment