- ဘယ်သူ့အတွက်လဲ........
- မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
- ဂျပန်နိုင်ငံ တိုကျိုမြို့ကီဘပန်းခြံမှာ ကျင်းပတဲ့ ၁၂ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် (ဓာတ်ပုံ၊ရုပ်သံ)
Posted: 24 Oct 2011 03:22 AM PDT ဒီနေ့ ရောက်ရှိလာတဲ့ ရှောင်မိန် (SM.. Kumin) (谢谢) ပေးပို့လာတဲ့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့က ထင်ပါသည်...။ (ယခင်ရရှိထားသော ပုံတစ်ပုံနှင့် တိုက်ကြည့်ချက်အရ) မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲ အခမ်းအနားကို ရောက်ရှိလာတဲ့ ဝန်ကြီး၊ ဝန်လေးများအား လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး တာဝန် ယူပေးနေရတဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ...။ ဒီဓာတ်ပုံတွေကို မြင်တွေ့ရတဲ့အချိန်မှာ တနေ့က ပေးပို့လာတဲ့ တိုင်ကြားစာထဲက တောင်ဒဂုံမြို့နယ်မှာ ပြည်သူတွေ လုံခြုံရေးကင်းမဲ့နေပြီး ကျီးလန့်စာစားနေရတဲ့ အဖြစ်ကို နှိုင်းယှဉ် တွေးတောမိလာပါတယ်..။ ပြည်သူတွေကြားမှာ ပေါက်ဖွားလာတဲ့ လူအတူတူချင်းတွေပါပဲ။ အစိုးရလို့ မိမိကိုယ်ကိုယ် လက်ခံထားသူ၊ သတ်မှတ်ထားသူတွေ အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ အစောင့်အရှောက်ကို ခံစားပိုင်ခွင့် ရရှိရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်...။ ဒီတိုင်ကြားစာဟာ လက်ရှိ မြို့တော်ရန်ကုန်ရဲ့ ပကတိအခြေအနေကို ထင်ဟပ်ပေါ်လွင်စေပါတယ်...။ အလျဉ်းသင့်လို့ တောင်ဒဂုံမြို့နယ်နဲ့ ထူးမခြားနား မြို့တော် ရန်ကုန် ဧရိယာ ကြည့်မြင်တိုင် မြို့နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ အဖြစ်အပျက်တွေကို တင်ပြပေးပါ့မယ်..။ ပြီးခဲ့တဲ့ သြဂုတ်လကုန်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို ကြွရောက်သီတင်း သုံးခဲ့တဲ့ (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) စာသင်သား သံဃာအပါး ၁၀၀၀ ခန့်ရဲ့ အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ရင်းက ယခင် ကြည့်မြင်တိုင်မြို့နယ်မှာ တရားဥပဒေ ကင်းမဲ့နေခဲ့တဲ့ အခြေအနေကို ဆရာတော်ကြီးမှ မည်သို့မည်ပုံ ဖြေရှင်းလိုက်ရကြောင်း မိန့်ကြားခဲ့တာလေးကို ရေးသားတင်ပြပါ့မယ်...။ ဆရာတော်ကြီးစတင် မိန့်ကြားခဲ့တာကတော့ ၂၀၁၀ခုနှစ် စက်တင်ဘာလခန့်က ကြည့်မြင်တိုင်မြို့နယ်မှာ လူဆိုးဂိုဏ်းတွေမှ မားဖီးယားဂိုဏ်းဆန်ဆန် ဆိုးသွမ်းမင်းမူလာပါတယ်..။ လူမိုက်၊ ဆပ်ကြေးတောင်းတဲ့ ဂိုဏ်းရဲ့ မင်းမဲ့စရိုက် ဆန်ဆန်ကြီးထွားလာပြီး အနီးအနားမှာ ရှိတဲ့ စတိုးဆိုင်တွေမှ နေ့စဉ် အနုကြမ်းစီးတဲ့ပုံစံ၊ ဆပ်ကြေးတောင်းလာတယ်လို့ ဆိုပါတယ်..။ အဆိုပါ စတိုးဆိုင်များမှ ပစ္စည်းများကိုလည်း အဆိုပါဆိုးသွမ်းဂိုဏ်းများမှ ငွေပေးချေခြင်း မရှိပဲလက်ညိုးထိုး ဒါးတင် တောင်းယူလာပါတယ်...။ အဆိုပါ အနီးအနားရှိ အစုစုသော လူမိုက်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်ရာထူးကို လိုချင်သူမှ မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ်လာတာကတော့ တရက် ကားသမားတစ်ဦးမှ ကားမောင်းလာရင်း လမ်းဘေးမှာ ထီးမိုးရောင်းနေတဲ့ ဈေးဆိုင်မှ ထီးနဲ့ မတော်တဆ ထိခိုက်မိပြီး ဈေးဆိုင်မှ ထီးလဲပြို သွားပါတယ်..။ မည်သူမျှလည်း ထိခိုက်မိခြင်း မရှိဘူးလို့ဆိုပါတယ်...။ ထိုအချိန်မှာ လူမိုက်တစ်ဦးမှ ကားသမားအား ကားပေါ်မှဆွဲချပြီး ဒါးနဲ့အချက်ပေါင်းများစွာ ခုတ်ပါတယ်... ကားသမားလည်း ဒါးခုတ် ဒဏ်ရာပေါင်းများစွာနဲ့ အူပွင့်သွားပြီး အူကိုမကာ ထွက်ပြေးသွားပါတယ်...။ ထိုအခါမှ သေပြီအထင်နဲ့ လိုက်လံကြည့်ရှုခြင်း မရှိတော့ပဲ လူမိုက်များအကြား ခေါင်းဆောင်အဖြစ် အလိုလို ရောက်ရှိသွားပါတယ်..။ ထိုသို့ အူပွင့်ထွက်ပြေးသွားတဲ့ ကားသမားမှာ တနေရာအရောက်မှာ လဲကျသွားတော့မှ ထိုကားသမားအား ရဲများက လာရောက် ခေါ်ဆောင်သွားပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်...။ ဆေးရုံကြီး၌ ဒါးခုတ်ဓာတ်ရာများနဲ့ အတူအချက်ပေါင်းများစွာ ရရှိလာတဲ့ ဒါးခုတ်ဒဏ်ရာများအား ခက်ခက်ခဲခဲ ခွဲစိတ်ကုသရယူပြီး အဆိုပါ ကားသမားမှာ အသက်ဘေးမှ ချမ်းသာရာရခဲ့ပါတယ်...။ ထိုအဖြစ်အပျက်အား အစအဆုံးသိနေသည့် ရဲဝန်ထမ်းများနှင့် အာဏာပိုင်များမှ တစုံတရာ အရေးယူခြင်း မရှိလို့ဆိုပါတယ်...။ ထိုမှတစတစ အဆိုပါ အရပ်မှ လူမိုက်ဂိုဏ်းများမှ ယခင်စတိုးဆိုင်၊ စားသောက်ဆိုင်များအား ဆပ်ကြေးတောင်းနေရာမှ စီးပွားရေးလုပ်ငန်းရှင်များပါ... ပစ်မှတ်ထား ရဲတင်းစွာ တောင်းခံလာပါတယ်..။ ဆရာတော်ရဲ့ ဒကာရင်းတဦးအား အဆိုပါ အဖွဲ့မှ မင်းမဲ့စရိုက်ဆန်ဆန် မတရားမှုတွေ ပြုလုပ်လာပြီး အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လာတဲ့အတွက် မြို့နယ်တာဝန်ရှိ ရဲစခန်းကို တိုင်ကြားရာမှာတော့ မည်သို့မျှအရေးယူ ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး..။ ထို့အတွက် ဆရာတော်ကြီးအား အကူအညီ တောင်းခံလာသည့်အတွက် ဆရာတော်ကြီးမှ မြို့နယ်တာဝန်ကျ ရဲအရာရှိနှင့် သွားရောက် တွေ့ဆုံရာမှာတော့ တာဝန်ကျရဲအရာရှိမှ ရက်သတ္တပတ် အနည်းငယ် စောင့်ဆိုင်းပေးဖို့ ပြောဆိုလာပါတယ်..။ ဆရာတော်မှ အမြန်အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါက မိမိနည်း မိမိဟန်ဖြင့် ဖြေရှင်းမည် ဖြစ်ကြောင်း ပြောဆိုရာပြီး ပြန်ထွက်လာရာမှာတော့ တာဝန်ကျ ရဲအရာရှိမှ ဆရာတော်နဲ့ နောက်လိုက် သံဃာအားကို သိရှိတဲ့အတွက် ချက်ခြင်းလိုက်လံ တောင်းပန်တယ်လို့ ဆိုပါတယ်..။ ထိုနေ့ညမှာပင် ဆရာတော်နဲ့ သံဃာအပါး ၂၀၀ရာခန့် ရပ်ကွက်များနှင့် လမ်းများပေါ်သို့ တလမ်းဝင် တလမ်းထွက်ခါ... အုပ်စုအုပ်စုလိုက် ရှိနေသော အဆိုပါ လူမိုက်ဂိုဏ်းများအား ခေါ်ယူဆုံးမ ပါလေတော့သည်။ ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာလည်း ဆရာတော်အား အထူးလေးစား ကြည်ညိုကြပါတယ်..။ (အလျဉ်းသင့်လျှင် ဆရာတော်နှင့် နောက်ပါရဟန်းတော် ၁၀၀၀ကျော်တို့၏ ဆွမ်းခံထွက်ချိန်၌ ရပ်ကွက်သူ ရပ်ကွက်သားတို့မှ မည်မျှကြည်ညို သဒ္ဓါပွားများကြသည် ဆိုသည့် မြင်ကွင်း ဗီဒီယိုဖိုင်အား ဖော်ပြပေးပါမည်) ထိုနေ့မှ စ၍ရက်သတ္တပတ် ဆရာတော်နှင့် နောက်ပါသံဃာတော်များ (နွေရာသီ ရွှေညဝါ သင်တန်းဖွင့်ချိန်၌ သံဃာအပါး ၁၅၀၀ခန့်လာရောက် စာသင်ယူကြပါတယ်) ဟာနေ့စဉ်ရက်ဆက် အလှည့်ကျ ရက်သတ္တပတ် ၁ပတ်ခန့် ညစဉ်လှည့်လည်ကာ ဆိုးသွမ်းဂိုဏ်းဝင်များ၏ ခေါင်းဆောင်နှင့် နောက်လိုက်ဆိုသူများအား ရိုက်နှက်တန် ရိုက်နှက်၊ ဆုံးမတန် ခေါ်ဆုံးမကာ ခေါ်ယူ သတိပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်..။ အဆိုပါ သတင်းရန်ကုန်တိုင်း အာဏာပိုင်များအထိ ပြန့်နှံ့သွားပြီး သက်ဆိုင်ရာမှ လာရောက်ကာ အဆိုပါ ဆိုးသွမ်းဂိုဏ်းဝင်များအား လိုအပ်လျှင် ပစ်သတ်ခွင့် အမိန့်ပါ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်..။ ထို့နောက် အဆိုပါ မာဖီးယားဆန်ဆန် ဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့သားများ ဆရာတော်ကြီးအား မိမိတို့၏ အပြစ်များအား ခွင့်လွှတ်ပေးရန် လာရောက် ရှိခိုးတောင်းပန်ကြပြီး ဆရာတော်မှလည်း ကတိကဝက်များ ရယူကာ သင်္ကန်းစည်းလိုသူများအား သာသနာ့ဘောင်သို့ သွတ်သွင်းပြီး အကြောင်းကြောင်းကြောင့် သင်္ကန်းမဝတ် နိုင်သူများအားလည်း အဆိုပါ နယ်မြေများအတွင်း ဒုစရိုက်မှုများလုပ်ကိုင် နေမှုများအား နောက်ထပ် မမြင်တွေ့လိုကြောင်း သတိပေးကာ ကတိကဝက်များ ရယူခဲ့ပါတယ်...။ အများစုမှာ အမြင်မှန်ရရှိပြီး ကောင်းမွန်စွာ လုပ်ကိုင်စားသောက်ကြပြီး တချို့မှာတော့ အလုံ၊ ကြည့်မြင်တိုင်နယ်မြေအတွင်း မလှုပ်ရှားဝံ့ကြတော့ပဲ ပိတောက်ချောင်းရှိ သီရိမင်္ဂလာဈေးသစ်၌ သွားရောက်ကျက်စား လုပ်ကိုင်နေကြကြောင်း ရွှေညဝါ ဆရာတော်ကြီးမှ မိန့်ကြားပြောဆိုပါတယ်..။ အထက်ပါ ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် မြို့တော်ရန်ကုန် ဧရိယာ အတွင်းမှာပင် ပြည်သူတွေဘဝ လုံခြုံမှုရှိမရှိဆိုတာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်..။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် စောင့်ရှောက်ဖို့အတွက် ပြစ်မှုကျူးလွန်သူများအား ဒေသဆိုင်ရာ ရဲဝန်ထမ်းများမှ တင်းကြပ်တဲ့ အရေးယူမှုများ ပြုလုပ်ခြင်း မရှိတာကို မြင်တွေ့နိုင်သလို ယုံကြည်ချက်အတွက် မိမိတိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လှုပ်ရှားသူတွေ အပေါ်မှာတော့ အာဏာထိပါးမည်ဟု အစိုးရိမ်လွန်ကဲကာ မယောင်ရာဆီလူး မလိုအပ်ပဲ လူတဦးတယောက်အား ထောက်လှမ်းရေး၊ စရဖ ၃၊၄ဦးမှ မျက်ခြေမပြတ် စောင့်ကြည့်နေမှုနဲ့ လုပ်ပိုင်ခွင့်ဘောင် ကျော်လွန်ကာ အာဏာကို အလွှဲသုံးစားပြု ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်၊ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိမြင်တွေ့နေရတဲ့ ဥပဒေမဲ့ ပကတိ အခြေအနေတွေပါ...။ ထိုကဲ့သို့သော အုပ်ချုပ်သူ လူတန်းစားများမှ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက် ကာကွယ်နေသူအဖြစ် မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိတော့တဲ့အတွက် ပြည်သူတွေအပေါ်မှာလည်း ယုံကြည်မှု မရှိတော့တာ မဆန်းပါဘူး...။ ယခု ဓာတ်ပုံတွေမှာ မြင်တွေ့ရတဲ့ အတိုင်းမြစ်ဆုံ လျှပ်စစ်စီမံကိန်း အတွက်လုံခြုံရေး ယူထားတဲ့ မြင်ကွင်းတွေဟာ ကျွန်တော်တို့ လက်တလော မြင်တွေ့နေရတဲ့ အီရတ်တို့၊ လစ်ဗျားတို့က စစ်မြေပြင်မြင်ကွင်းတွေအလား အထင်မှားစရာ ရှိပါတယ်..။ ပြည်သူအတွက် ပြုလုပ်တဲ့စီမံကိန်း၊ ပြည်သူ့အကျိုးအတွက် ပြုလုပ်တဲ့စီမံကိန်းလို့ မိမိတို့ကိုယ်ကိုယ် မိမိ သံသယမပွား ယုံကြည်နေမယ် ဆိုရင်တော့ ကချင်ပြည်သူတွေက အဆိုပါ ဖွင့်ပွဲအခမ်းအနား တက်လာတဲ့ လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ အပေါင်းအပါများအား လှိုက်လှဲဝမ်းသာစွာ ကြိုဆိုကြမှာပါ...။ အခုတော့ တွေ့မြင်ရတဲ့မြင်ကွင်းတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြည်သူကို ရန်သူလို့မြင်.. ပြည်သူထောက်ခံမှု မရှိတဲ့ အာဏာပိုင်တွေနဲ့ တရုတ်တွေအပေါ်မှာတော့ မှဲ့တပေါက် မစွန်းစေရဆိုတဲ့ အချိုးတွေ ချိုးနေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူ့အသက်အိုးအိမ်ကို စောင့်ရှောက်မယ့် ပြည်သူ့ဘဏ္ဍာစား ဝန်ထမ်းတွေရဲ့ မြင်ကွင်းပါပဲ...။ အချုပ်အားဖြင့် ဆိုရသော် တောင်ဒဂုံမြို့နယ်မှာ တိုင်ကြားစာမှာ ပါရှိတဲ့ ကလေးငယ်များ ပျောက်ဆုံးနေရတဲ့ သတင်းတွေနဲ့ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ် မလုံခြုံ အခြိမ်းချောက်ခံနေရတဲ့ သတင်းဟာ အင်မတန်မှ အရေးကြီးလှပါတယ်..။ ကလေးပျောက်ဆုံးသူ ကလေးတွေရဲ့ မိဘတွေခမျာမှာလည်း ဘယ်လောက်တောင် ရင်တွင်းမှာ ပူပင်သောက ရောက်နေမယ်ဆိုတာ ကိုယ်ချင်းစာ ခံစားကြည့်နိုင်ပါတယ်..။ ဒါဟာရန်ကုန်မြို့တော်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေပါ..။ နယ်တွေမှာသာဆို စဉ်းစားသာကြည့်ကြပါ...။ ပြည်သူတွေအနေနဲ့လည်း အဆိုပါ မြို့နယ်တွေမှ ရွေးချယ်တင်မြှောက်လိုက်တဲ့ အမတ်ဆိုသူများအား မိမိတို့၏ လက်တွေ့ခံစားနေကြရတဲ့ ဒုက္ခများအား ဖော်ထုတ်တိုင်ကြားကြည့်ပါ...။ မထူးခြားပါက မိမိတို့ရဲ့ ရပိုင်ခွင့်အတိုင်း လွှတ်တော်အမတ်ဆိုသည့် ကြံ့ဖွတ်အမတ်များအား ကန့်ကွက်လက်မှတ် ရေးထိုးတောင်းဆိုပြီး လွှတ်တော်အမတ်အဖြစ် ရုပ်သိမ်းနိုင်ပါတယ်...။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ပါမည်ဟု နေ့စဉ်သစ္စာ အဓိဋ္ဌာန် ရွတ်ဆိုနေတဲ့ လုံခြုံရေးဝန်ထမ်းဆိုသူတွေ အနေနဲ့လည်း ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲလား ဘယ်သူ့အတွက်လည်း ဗိုလ်ချုပ်တွေနဲ့ အာဏာရှိသူ၊ ငွေရှင်ကြေးရှင်တွေ အတွက်ပဲလားဆိုတာ မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်ကြပါဦးလို့ ရေးသားတင်ပြလိုက်ရပါတယ်...။ ဒီမိုဝေယံ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲအခမ်းအနား မြင်ကွင်း |
မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) Posted: 23 Oct 2011 01:19 PM PDT မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) အဲဒီတော့ မြစ်ဆုံရေကာတာကြီး အကြောင်း ၀န်ကြီးဇော်မင်းက ကချင်လူထုအတွက် ဘယ်လောက် အကျိုးအမြတ်တွေရမယ်နဲ့ မိုးလားကဲလားပြောခဲ့တယ်။ အခုမြစ်ဆုံကို သမ္မတကြီးက ရပ်လိုက်တော့ တရုတ်က မြစ်ဆုံဆည်လက်မှတ်ထိုးရလို့ သန်းရွှေကို ဒေါ်လာသန်း-၅၀၀၀- အတိုးသက်သက်သာသာနဲ့ ချေးလိုက်ပါတယ် လုပ်လာတော့ ဘယ်မလဲ ကချင်လူထုအတွက်။ အချိန်မရွေးပြိုပြီး လူတွေ တပြုံကြီးသေနိုင်တဲ့ ရေကာတာကြီး အောက်နေရပြီး ဗမာစစ်တပ်ယူထားတဲ့ အကြွေးတွေကို နှစ်ပေါင်း ၅၀-လောက်ဆပ် ကချင်တွေ ကဆပ်ရမှာ။ စစ်သားလုပ်ပြီး ဗလောင်းဗလဲ လိမ်ဖြီးတယ်။ အခုဘဲ ဘာမှမကြီးတဲ့ ချောင်းလေးကို ဆည်ထားတဲ့ ပခုက္ကူက ရေတမံလေး ရေဖေါက်ချတာနဲ့ လူတွေရာကျော် သေကျေကြရပြီ။ မြစ်ဆုံသာကျိုးလိုက်လို့ကတော့ တွေးတောင်မတွေးဝံ့ပါဘူး။ ရလာတဲ့ အကျိုးအမြတ်ကိုတော့ ဗမာက အကုန်ယူ။ ယူတာမှ ကြိုတင် တောင်းယူထားလိုက်ပြီ ဆိုတော့ ဘယ်မလဲ ညီရင်းအကိုဆိုတာ။ ကချင်လူထုအမှာ နေ့တဓူဝ အကြောက်တရားနဲ့ နေနေကြရမှာ။ သူကိုယ်တိုင်ကတော့ နိုင်ငံတကာတပ်တွေ လာစရာအကြောင်း မရှိတာကို လှိုဏ်ခေါင်းတွေဖိတူးပြီး လုံခြုံရေးတဲ့။ ဒါတောင် ရုရှားနဲ့က မြေအောက်ရထားလမ်း ဖေါက်ဖို့ ကြံသေးတာ။ ဘတ်ဂျက်ကုန်နေလို့။ လောလောဆယ် အဲဒီချေးထားတဲ့ငွေနဲ့ ကချင်တပ်ကို တိုက်ဖို့ လက်နက်ဖိုး ပေးချေနေတာဘဲ အဖတ်တင်နေပါတယ်။ ကချင်လူထု အသက်တွေကိုရင်း ကချင်လူထု အမြတ်တနိုးထားတဲ့နေရာကို ထိုးကြွေးပြီး ရတဲ့ငွေ ကိုကြိုယူလိုက်ပြီး ကချင်ကိုထိုးစစ်ဆင်ဖို့ လက်နက်ဝယ်တယ် ဆိုတော့ သိပ်မတရားတော့ဘူး။ တကယ်က လက်မှတ်ထိုးတာက ၂၀၀၉- ဒီဇင်ဘာလကုန်။ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာ အစိုးရသစ်တရပ် ပေါ်လာတော့မှာပါ။ ဒါကိုတရုတ်က သန်းရွှေကို ဒေါ်လာသန်း-၅၀၀၀-လာဘ်ထိုးပြီး ပွဲလန့်တုန်း ဖျာခင်းလုပ်ချလိုက်တာ သက်သက်ပါ။ နောက်အစိုးရသစ်ဟာ ဖက်ဒရယ်မူကို မျက်ကွယ်ပြုလို့ မရနိုင်တော့ဘူး ဖက်ဒရယ် လုပ်နည်းလုပ်ဟန် အရ ပြည်နယ်တစ်ခုက ထွက်ရှိတဲ့ သယံဇာတကို အဲဒီပြည်နယ်အတွက် ရာခိုင်နှုန်းတစ်ခု (ညှိနိုင်းဆွေးနွေးမှု နှုန်ထားတခုပေါ့)နဲ့ ပြည်နယ်လူထု အကျိုးအတွက် သီးသန့် ပေးအပ်ရပါမယ်။ အဲဒီလိုပြည်နယ်တွေရဲ့ သယံ ဇာတ ခံစားခွင့်ကို ပေးမထားရင် အဲဒါပြည်ထောင်စု ပြိုကွဲရေးကို တချိန်ချိန်မှာ ရောက်သွား စေနိုင်ပါတယ်။ ဘော့စနီးယား အရေးအခင်းဟာ ပြည်နယ်တွေရဲ့ သံယံဇာတကို ဆာ့ဘ် လူမျိုးတွေ လက်ဝါးကြီးအုပ်တာက အဓိက အကြောင်းရင်း တစ်ခုဖြစ်ခဲ့ပါတယ်။ မီးထတောက်တာကတော့ ခရိုအေးရှားကို အလှည့်ကျသမ္မတ ပေးရမယ့် အလှည့်ကို မပေးရာကနေ စတင်သွားတာပါ။ ဥပမာ အခုရခိုင်ကထွက်တဲ့ ရွှေဂတ်စ်ဆိုရင် ရခိုင်လူထုအတွက် ၀င်ငွေတင်မဟုတ် ရခိုင်လူထု သုံးစွဲဖို့ သီးသန့် ပေးထားရပါမယ်။ ဒါသန်းရွှေမိဘ ဘိုးဘွားပိုင် ပစ္စည်းမဟုတ်ဘူး။ သူထင်သလို လုပ်ခွင့်မရှိဘူး။ တရုတ်ကဒါကို အလေးမထားရင် ရခိုင်တွေကလည်း မကြာခင်တစ်ချိန်မှာ တရုတ်နဲ့ စကားပြောစရာ ဥပမာ စာချုပ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချင်တာ ရှိလာရင် စကားကို မပြောကြေး လုပ်ထားရပါမယ်။ နှစ်ကုန်လို့ စာချုပ်ပြည့်ရင် သွား... စာချုပ်ထပ်မတိုးကြေး လုပ်ထားရမယ်။ မြန်မာပြည်ထဲမှာ တရုတ်တွေ ဥပဒေဖေါက်ဖျက်ရင် ပြတ်ပြတ်သားသား ဖမ်းထောင်ချ လုပ်ပေးရမယ်။ ဘာမှညှာနေစရာ မလိုပါဘူး။ အခုတရုတ်က သန်းရွှေကို ချေးလိုက်တဲ့ ဒေါ်လာသန်း-၅၀၀၀-စကားပြောလာတယ်။ အဲဒါကိုသမ္မတကြီးက အခုရှင်းရပါမယ်။ ဒီငွေတွေ ဘယ်ရောက်နေလဲ ဘယ်မှာသုံးထားလဲ စာရင်းပြခိုင်းရပါမယ်။ စာရင်းကို ပြည်သူလူထု ကိုချမပြဘဲ သမ္မတကြီး ဒီငွေတွေကို တိုးတိုးတိတ်တိတ် ပြန်ရှင်းခွင့် ဆပ်ခွင့်မရှိပါဘူး။ အခုရှင်းမှ ဒီလောက်ပမာဏ ကြီးမားတဲ့ငွေတွေ ဘယ်ရောက်ကုန်တယ် လိုက်နိုင်ပါမယ်။ တကယ်က ကျနော်တို့ ဘာမှတောင် ရှင်းနေစရာမလိုပါဘူး။ ပြည်သူကို ချေးလိုက်တာလဲ မဟုတ် ပြည်သူကိုလဲ အသိပေးထားတာ မဟုတ်ပါဘူး။ နောက် တရုတ်က မြစ်ဆုံကနေ ထွက်ရှိတဲ့လျှပ်စစ်ကို ၀ယ်တဲ့နှုန်းထားက အတော်လေး နည်းနေပါတယ်။ တနှစ်ကိုလျှပ်စစ် ကီလိုဝပ်(နာရီ) သန်းပေါင်း (၃၀၀၀၀-) လောက်ကိုမှ ဒေါက်တာသန်းထွဋ်အောင် တွက်ပြသလိုဆိုရင် တစ်နှစ်မှာမှ ဒေါ်လာ-သန်း-၃၀၀- ဘဲရမယ်ဆိုတော့ သိပ်နည်းနေပါတယ်။ ၁၉၉၁-ခုနှစ်က ထိုင်းက တာဆန်း ရေကာတာအတွက် ကမ်းလှမ်းတဲ့ လျှပ်စစ်ဈေးနှုန်းက (ထွက်ရှိတဲ့ မီဂါဝပ်ချင်း ပမာဏက-၆၀၀၀-အတူတူ)ကို တစ်နှစ်ကို ဒေါ်လာသန်း-၇၀၀- (၁၉၉၁-ခုနှစ်က ဈေးနှုန်းနော်) အထက်ရှိပါတယ်။ တာဆန်း ရေကာတာကြီး စလည်တာနဲ့ ၁၂-နစ်အတွင်း ဆည်တည်ဆောက်ထားတဲ့ ကုန်ကျစားရိတ်တွေ ပြန်ကျေပြီး ဖြစ်နေပါတယ်။ တာဆန်းရေကာတာ ကုန်ကျစားရိတ်က ဒေါ်လာ.သန်း၇၀၀၀-လို့ တွက်ထားပါတယ်။ မြစ်ဆုံက-၃၆၀၀- အဲဒါတော့ဘယ်လိုကြောင့် ကွာနေတယ် မသိဘူး။ တစ်ခုတော့ရှိတယ်။ တာဆန်းရေကာတာကို ဂျပန်နဲ့ ဂျာမဏီက နည်းပညာနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ စက်တွေက ဂျာမဏီကစက်တွေ ဖြစ်ပါတယ်။ တရုတ်ပြည် ရှန်ဇီိမြစ် ရေကာတာကြီးကို ဂျာမဏီက PHILLIP HOFFMAN (ဥရောပရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္မဏီကြီး) နဲ့တည်ဆောက်ပြီး စက်ပိုင်းကို SEIMENN စက်တွေ တပ်ဆင်ထားပါတယ်။ အဲဒီဆောက်လုပ်ရေး ကုမ္မဏီကြီးဟာ တရုတ်မှာ ဆောက်လို့ မပြီးခင်မှာတင် ဒေ၀ါလီခံသွားရပါတယ်။ ဒါကို ၁၉၉၁ အဲဒီအချိန်က ကမ္ဘာ့ရေနံ တစ်စည်ဈေးနှုန်က ၁၇-ဒေါ်လာဘဲ ရှိပါသေးတယ်။ အခု ရေနံစိမ်း တစည်ပေါက်ဈေးက တစ်ပေပါကို ဒေါ်လာ-၇၀-အထက်မှာဘဲ ရှိတော့ပါတယ်။ တခါတခါ ဒေါ်လာ၁၀၀ရာတောင် ကျော်နေပါတယ်။ ထိုင်းက အဲဒီတုန်းက ကမ်းလှမ်းတဲ့ လျှပ်စစ်ဝယ်ဈေးနှုန်းက (တစ်မီဂါဝပ်/တနှစ်) အတွက် ဒေါ်လာ (သုံးသိန်း) နှုန်းဆိုတာတော့ မှတ်မိပါတယ်။ တနည်း မီတာတစ်ယူနစ်ကို ဒေါ်လာ-(၃-ပြားပေါ့)။ အဲဒီအချိန်တွေက အိမ်တွေကို တစ်ယူနစ်ကို (ဒေါ်လာ- ၈-ပြား) လောက် ကောက်နေချိန်ပေါ့။ နိုင်ငံတကာဈေးနှုန်းပေါ့။ အခု ဆစ်ဒနီမှာဆို တစ်ယူနစ်ကို ပြား-၂၂ (ပျှမ်းမျှ) ကောက်နေချိန်မှာ တရုတ်က ပေးတဲ့ဈေးနှုန်းက (၁၉၉၁)က ထိုင်းကကမ်းလှမ်းတဲ့ ဈေးထက်တောင် ပိုနည်းတာ စဉ်းစားရပါမယ်။ ဘာလို့ဒီလို သူခိုးဈေး ဖြစ်နေရတယ်ဆိုတာ အစိုးရချင်း ဆွေးနွေးရပါမယ်။ ဘယ်သူ့ အိပ်ထဲခွဲပေးဖို့ ဒီလိုဈေးနည်း နေရတာလဲဆိုတာကို စီစစ်ရပါမယ်။ ဒါမရိုးသားဘူးဆိုတာ ပေါ်နေပါပြီ။ နောက်တစ်ခုက ကျနော်ပညာရှင် မဟုတ်ပါဘူး။ ကျနော် သိထားသလောက်ပေါ့။ ရေကာတာကြီးတွေဟာ အမြင့်များရင် ရေကာတာကို စက်ဝိုင်း(အ၀ိုက်) ပုံနဲ့ဆောက်ရတာပါ။ စက်ဝိုင်းပုံမှသာ ဒီလိုကြီးမားတဲ့ ရေရဲ့ဖိအား (တွန်းအား)ကို ခံနိုင်ရည် ပိုရှိစေတာပါ။ အခုဆည်အမြင့်က ပေ-၅၀၀-ကျော်မြင့်တယ်။ မြစ်ဆုံဆည် ပုံထဲမှာတော့ ဆည်က မျဉ်းဖြောင့် ပုံမြင်နေရတော့ အန္တရယ်ကို ဖိတ်ခေါ်နေပါပြီ။ ကျနော် နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ ပညာရှင်တွေ ရှင်းပြရင်ပိုကောင်းပါမယ်။ အဖြောင့်က ရေကာတာအမြင့် နည်းတာမျိုး ရေလွှဲဆည်လို မျိုးမှာသာ လုပ်ကြတာပါ။ တစ်ခုခုတော့ လွှဲချော်နေပြီ ထင်ပါတယ်။ ပညာရှင်တွေကိုမေးပြီး ဆွေးနွေးပေးကြပါဦးဗျာ။ နောက်အရေးကြီးတဲ့ တစ်ချက်က အခုတရုတ်ပြည်မှာ ယန်ဇီမြစ်ပေါက်မှာ အထက်မှာ ရေကာတာကြီး တည်ဆောက်ပြီး ရေတွေကို ဆည်အပြည့် ရေမဖြည့်သေးဘဲ ရေအများစုကို လွှဲထုတ်နေတာကိုတောင် မြစ်ကြောင်းတစ်လျှောက် ရေစီးနှုန်း လျှော့ကျပြီး မြစ်ထဲမှာ ညစ်ပုတ်နေတဲ့ ရေညှိတွေ တစတစ များလာပြီး အခုဆို ပင်လယ်ပေါက်မှာ ရေညှိတွေ အများကြီး ဖြစ်လာလို့ တရုတ်တွေ လှေကြီးတွေနဲ့ ဆယ်ယူ နေကြရပါပြီ။ ဒီလိုရေညှိတွေကို နွေရာသီ အခါမှာ ချင်းတွင်းနဲ့ စစ်တောင်းမြစ်တွေရဲ့ ရေစီးမရှိတဲ့ မြစ်ဘက်အခြမ်းမှာ ကမ်းစပ်ကနေ ရေထဲဆင်းလိုက်ရင် ရင်စို့ကို အမြုပ်တစီိစီနဲ့ ရေညှိတွေ တက်လာသလို ရေညှိမျိုးဖြစ်ပါတယ်။ အရေပြားတွေကို ယားယံစေပါတယ်။ အဲဒီရေကို မှီခိုနေရတဲ့ဒေသက လူတွေမှာ အသဲရောင် ရောဂါတွေ ဖြစ်တတ်ပြီး အဖျားပုံစံက ငှက်ဖျားလို ချမ်းတုန် တက်တတ်တော့ ငှက်ဖျားထင်ပြီး ကုသနေကြတာ တော်တော်လေး လွှဲချှော်နေပါတယ်။ လူတိုင်းနီးနီးကို အသဲရောင် နေတတ်ကြပါတယ်။ အခုဧရာဝတီမြစ်မှာ ဒီလိုရေညှိအပုတ်တွေ စရှိနေပါပြီ။ အထက်အညာ ဒေသတွေမှာ ရွှေတူးရွှေကျင်ရာက ကမ်းစပ်ကို ရေစုတ်စက်နဲ့ ရေလုံးနဲ့ ထိုးချတော့ မြေတွေပြိုကျရာက ဆင်းလာတဲ့ အနယ်တွေ ထိုင်ရာကနေ မြစ်ထဲ သောင်တွေထွန်း ရေစီးနှုန်းနဲလာတော့ ရေညှိတွေ ဖြစ်လာနေပြါုပီ။ ဒီလိုသောင်တွေကြောင့် မြစ်ရေ အနက်တိမ်လာတော့ မိုးတွင်းဆင်းလာတဲ့ ရေလုံးက ကမ်းကိုတိုက်စားပြီး မြစ်ပြင်ကြီး တစတစ ပိုပိုကျယ်လာ နေတာလဲ ရေစီးနှုန်းတွေ ပိုနဲပြီး ရေညှိတွေ ပိုဆိုးလာနေပါတယ်။ အားလုံးတရုတ်တွေ စီးပွားရှာတာ တပြည်လုံး ဒုက္ခ ရောက်ကြ ရပါတော့မယ်။ ဒီလိုရေညှိတွေများလာရင် ငါးမျိုးပေါက်ပွားတာ ထိခိုက်ပြီး အခုဆို ငါးရှားပါးလာနေတာ လက်တွေ့ပါ။ ရွှေကျင်ရာမှာ သုံးတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက် အဆိပ်တွေရဲ့  ဆိုးကျိုးလဲပါပါတယ်။ တကယ့် ဘယ်သူသေသေ ဒုက္ခရောက်ရောက် ငတေမာပြီးရော စိတ်သိပ်ကြီးတဲ့ ပေါက်ဖေါ်တွေကိုမှ ဒီလိုဆိုးကျိုးတွေ သက်ရောက်မဲ့ အလုပ်ကိုပေးတာ သူခိုးဓါးရိုးကမ်းတာထက် ဆိုးနေပါပြီ။ ဆက်လက် ဖော်ပြပါမယ်... အားလုံးကိုလေးစားလျှက် လှိုင်မြင့် |
Posted: 23 Oct 2011 09:47 AM PDT |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment