စုကိုကြောက်လိုက်ပုံများ
စုပါရင် လူ့ ကမ္ဘာတခွင်မှာ
ဘဝင်မကျ မမြင်ချင်လှသည်မို့ 
တမင်ထွင်ကြပါတဲ့ သတ်ပုံအမှား။
စုငွေကို စ- စာလုံးမသုံးဘဲ
ပြုံးပြုံးကြီး ဆလိမ်ကိုပြောင်း
အကြောင်းမဟုတ် အကောင်းမလုပ်
ကျောင်းထုပ်လဲမမှုပါဘု
ဒေါ်စုရဲ့ စုကို ဆုရယ်လို့ ပြောင်း
ကောင်းလိုက်တဲ့ အာဏာသား
ယတြာချေတာများလား
ငါထင်ရာ ငါ့ စာ ငါ့အာဏာနဲ့ 
ငါဘာပြင်ပြင် ငါထင်ရာစိုင်း
စစ်ကိုင်းရောက်ရောက် ငါမကြောက်
ကျောက်ရုပ်ကိုလဲ မျောက်စုပ်ရေးရေး
လာမမေးနဲ့ တရေးနိုး တမျိုးကြံ
နိုင်ငံတော်အလံတောင် လှောင်ချင်လှောင်
ပြောင်ချင်ပြောင် ငါမမှုပေါင်
အရောင်ပြောင်းပြောင်း အဆောင်ပြောင်းပြောင်း
ယတြာကောင်းမင်းလောင်းဖြစ်သတဲ့ 
မှတ်ကရော။
(ကိုကိုအောင် -ဆန်ဖရန်စစ္စကို)
နိုဝင်ဘာ ၁၂ -၂၀၁၁
No comments:
Post a Comment