Sunday, 27 November 2011


နိုဝင်ဘာလ၂၅ရက်နေ့ က လှိုင်သာယာမှာ ဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအား ဆွဲစုတ်ဖျက်ဆီး၊ ခြိမ်းခြောက်ခြင်းခံရ...

Posted: 26 Nov 2011 01:04 AM PST


25-11-2011 လှိုင်သာယာ။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။ 

အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင့်း မျက်ရည်များလည်၍ပင်ပြောကြား ကြပါသည်။

အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည် လှူဒါန်းနေသော ဆရာတော် တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတ လုပ်ငန်းများ အနေဖြင့်လည်း အလွန်နစ်နာသော ဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရာနေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှလှူဒါန်း ပေးနေသော ဆရာတော် တစ်ပါးလည်း ဖြစ်ပါသည်။ အဆိုပါဆရာတော် တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်း ဖြစ်ပါသည်။

ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သော ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အား ကြည်ညိုကြသော တရားနာပရိတ်သတ်များ သည် အလွန်မကျေမချမ်း ဖြစ်ကာ ၀မ်းနည်းကြေကွဲေ နရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲစစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီးနှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။

တရားနာသွားရောက်သူ တဦး..
ပြည်တွင်းမှ အမျိုးဘာသာ သာသနာတော်အတွက် ကြိုးပမ်းနေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆရာတော်များအား နှိပ်စက် အနိုင်ကျင့်၊ ပိတ်ပင်မှုများ ပြုလုပ်နေပေမယ့် တရုတ် မဟာဟာန ရဟန်းများအား ဤသို့ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်နေခြင်းဟာ တရားပါသလား..

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပြည်တွင်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ NGO အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုအတွက် ဆရာတော်အား အာဏာပိုင်များမှ အလေးထား စောင့်ကြည့်ခြင်း ခံခဲ့ရပါတယ်..။ အမျိုး၊ ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ဟာ မြစ်ဆုံဆည်မံကိန်း အကြောင်း လွန်ခဲ့တဲ့ ၁နှစ်ခွဲခန့်ကတည်းက ဧရာဝတီမြစ်ဆုံမှ မချမ်းဘောမြို့ထိ တိုင်အောင် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများအား ဖြတ်ကျော်ကာ သွားရောက်လေ့လာခဲ့ပြီး အများပြည်သူ သိရှိနိုင်ဖို့ တရားပွဲများမှာ ဟောကြားခဲ့ပါတယ်..။

ဒလမြို့ တော်ကြီး စီမံကိန်း ဒုတိယပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Posted: 25 Nov 2011 11:14 PM PST

ယခုဒလမြို့တော် စီမံကိန်းအား တရုတ်နဲ့ ပူပေါင်းလုပ်ဆောင်မယ်လို့ သတင်းထွက်နေတဲ့ စီမံကိန်းပြပုံစံ..

ဒလမြို့ တော်ကြီး စီမံကိန်း ဒုတိယပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ပထမ အပိုင်းမှာ Essential / Vital ကိုပြောခဲ့ပါတယ်။ အခြေအနေ နေရာဒေသ ကာလကိုလိုက် အမြဲတမ်း ပြောင်းနေပါမယ်။ ဥပမာ လူတစ်ယောက်ဟာ နေကောင်းနေစဉ် အလုပ်တွေ ခိုင်မြဲရေး တိုးတက်ရေးက အရေးကြီးနေသလို သူနေမကောင်းတော့ဘူးဆိုရင် အသက်ရှင်ရေးအတွက် အဲဒီအချိန် မှာ Vital ကိစ္စက မနေ့ကနဲ့ မတူပြောင်းသွားပါပြီ။ အိမ်ရောင်းပြီး ဆေးကုချင်ကုရပါမယ်။ အိမ်က အရေးမကြီးဘူး လူအသက်ရှင်ဖို့က နံပါတ်တစ်။ လူအသက်ရှင်ရင် ပြန်ရှာင်နိုင်တယ်။ အထက်က Essentialမှာ အခုဆို ပစ္စဖိတ်ပင်လယ်က Kiribati ကျွန်းစုံဆိုရင် သူတို့အတွက် သေရေးရှင်ရေးက ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကျွန်းတခုလုံး ပျောက်ကွယ်ပါတော့မဲ့ အရေးပါဘဲ။ သူတို့အတွက်က တကယ့် သေရေးရှင်ရေးက ကမ္ဘာကြီးပူနွေးမှု ဟန့်တားရေးပါ။ အဲဒီလိုကာလ ဒေသ အချိန်အခါ အလိုက်ပြောင်း နေပါမယ်။ တချိန်ကတော့ သူတို့လဲ တိုးရစ်တွေလာရေးက ပထမပေါ့။

အဲဒီလိုဘဲ ဒလဘက် ပြောင်းတော့ ပင်လယ်ရေ မျက်နာပြင်မြင့်တက်မယ့် အကျိုးဆက် ကို ဒလဘက်ကမ်းမှာ တွက်ချက်ထားရန် လိုနေပါတယ်။ ဒလ မြေအနေအထားက နိမ့်နေတယ်။ ဒါပေမဲ့ ဒါကပြုပြင်ယူလို့ ရပါတယ်။ ဆောက်လုပ်ရေးတွေလုပ်ရင်း ထွက်လာမဲ့မြေတွေ ပင်လယ်ပေါက် သောင်တွေကို ရှင်းရင်ရလာမယ့် သဲတွေ အများကြီး ရှိပါတယ်။ စီမံကိန်းမှာ တွက်ချက်ထားဖို့ လိုတာကိုထောက်ပြတာပါ။ ကြောက်နေစရာမလိုပါဘူး။

ဒီလိုပါဘဲ နိုင်ငံတခုမှာလဲ Vital/ essential ကအချိန်နဲ့အမျှ ပြောင်းနေတာဘဲ။ အခု ဂရိနိုင်ငံမှာ လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်နေပါတယ်။ ဆူကြပူကြပေါ့။ အစိုးရက ဘတ်ဂျက် အသုံးနည်းဖို့ နံပါတ်တစ် လုပ်နေရပါတယ်။ အကြွေးရှင်တွေ ကိုပြန်ဆပ်နိုင်အောင် စီမံနေရပါတယ်။ အကြွေးရှင်တွေကို ပြန်ဆပ်နိုင်ဘို့က အစိုးရက ဘတ်ဂျက်ပျက်နေတော့ ချေးမဲ့သူကမရှိ။ မချေးရဲကြဘူး။ အဲဒီတော့ ထပ်အကြွေးယူတော့ ချေးသူတွေက စွန့်စားရတော့ အတိုးကများနေပြန်။ ဥရောပသမဂ္ဂက ကူရေးလုပ်နေတာ။ အခြေအနေပေါ် မူတည်နေတာပါ။ အမြဲပြောင်းလဲနေမှာပါ။

ဒီလိုပါဘဲ နံပတ်
(၂) Necessary ကိုသုံးသပ်ပြရရင်.. သူက မရှိရင်သေတဲ့ အထိတော့မဖြစ်ဘူး။ မရှိရင် အခက်အခဲတွေ ရှိနေမယ်။ ပုံမှန်ကတော့ ရှိသင့်တဲ့အရာပေါ့။ လူတစ်ဦးကို ကြည့်ရင် ခြေ/ လက်/ မျက်စေ့/ သွား စတာတွေ မပါဘူးဆိုရင် အသက်သေတဲ့ အထိတော့ မဖြစ်နိုင်ပေမယ့် ကိုယ်ခြေတောက်ပေါ် ကိုယ်ရပ်တည်ဖို့ ခက်သွားပါပြီ။ သူများ အကူအညီ လိုနေပါပြီ။

နိုင်ငံတခုအနေနဲ့ ကြည့်ရင် ပညာရေး ကျန်းမာရေး အခြေခံ လူမှုအဆောက်အအုံ (Infrastructure)  တွေ မီးသတ် ရဲလုံခြုံရေး လမ်းပန်းဆက်သွယ်ရေး (မော်တော်ကား၊ မီးရထား၊ သင်္ဘောလေယာဉ်) မှန်ကန်သင့်မျှတဲ့ ရာသီဥတု။ ဆက်သွယ်ရေး ဖုံး/လျှပ်စစ် (လျှပ်စစ်က မရှိမဖြစ်ထဲကိုလဲ သတ်မှတ်လို့ ရပါသေးတယ်) အမေရိကန်လို နိုင်ငံကြီးတွေမှာ မီးက ပထမအုပ်စုမှာ ပါထားပါတယ်။ ကောင်းမွန်ခိုင်မာတဲ့ စီးပွားရေး အဆောက်အအုံ တကယ်တော့ စီးပွားရေးအဆောက်အအုံက တချို့နိုင်ငံကြီးတွေအတွက် မရှိမဖြစ်ထဲ ထဲ့ထားရပါမယ်။ ဥပမာအမေရိကန် တို့မှာ စီးပွားရေး မခိုင်မာရင် တိုင်းပြည်မှာ သေခြာပေါက် ဒုက္ခရောက်သွားပါမယ်။

မိသားစုတခုမှာ ဆိုရင် စီပွားရေး (အလုပ်အကိုင်နှင့် ၀င်ငွေ)နဲ့ ပညာရေး ကျန်းမာရေး၊ ကား၊ တယ်လီဖုံး စတာတွေဟာ လိုအပ်မှုကြီးသော အရာများဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကောင်း စတာတွေဟာ အရေးကြီးသော အရာများဖြစ်ပါတယ်။

(၃) Useful အသုံးဝင်သော ဟုရေးလိုပါသည်။ ဥပမာ လူတစ်ယာက်တွင် ဥာဏ်ရည်၊ ထက်မြက်ခြင်း ကာယဗလတောင့်တင်းခြင်း၊ ရုပ်ရည်လှပခြင်း၊ အပေါင်းအသင်း မိတ်ဆွေများခြင်း အပြင် ဘာသာတရား အဆုံးအမများ ရရှိနေခြင်း စတာတွေဟာ အသုံးဝင်သောဟု ပြောလို့ရပါသည်။

နိုင်ငံတခုအနေနှင့်တော့ အားကစားလှုပ်ရှားမှုများ NGO ကဲ့သို့ လူမှုအဖွဲ့အစည်းများ၊ ကြက်ခြေနီ စသည်များ။ ဟော်တယ်ကြီးများ မင်္ဂလာခန်းမကြီးများ၊ အာကစားကွင်းများ၊ ဂီတအဖွဲ့အစည်းများ ရုပ်သေးဇာတ်သဘင်များ ပြောမယ်ဆို ဒီကဏ္ဍမှာ အများကြီးရှိပါတယ်။ တခုက ဥပမာ အ၀တ်အစားဆိုရင် ရိုးရိုးအ၀တ်အစားက အပေါ်က နံပါတ်-၂ -မှာ သတ်မှတ် ပေးထားရပါမယ်။ ခေတ်ပေါ် ဖက်ရှင်တွေ ကျတော့ ဒီကဏ္ဍမှာ ထည့်ထားသင့်သည်ဟု ထင်ပါတယ်။

မိသားစုတခုအနေနှင့်တော့ လေးအေးစက်များ အ၀တ်လျှော်စက်များ၊ တီဗွီ၊ ပန်ကာ၊ အလှအပ အ၀တ်အစားများ ရတနာများ အားကစားပစ္စည်းများ ဆိုဖါထိုင်ခံ ကုလားထိုင် အများကြီးဖြစ်ပါတယ်။ ကားကိုအထက်မှာ ဥပမာ ကုန်ကားဆိုရင် Necessary လိုအပ်သောမှာ ထည့်ထားရပါမယ်။ လူစီးကားလဲ ထည့်ထားလို့ ရပါသေးတယ်။ သို့ပေမယ့် လူစီးကားကို Usefulထဲ ထည့်ထားလဲ ဖြစ်နေပြန်တယ်။ သို့သော်ပြိုင်ကားတွေ အလှစီးကားတွေ ကျတော့ Useless ထဲကိုသာ ထည့်ရပါတော့မယ်။ နိုင်ငံတော်အနေနဲ့ကလဲ အဲဒီလိုကားမျိုးကို အပိုသက်သက် ကားမျိုးမို့ အခွန်အကောက် ပိုများများ ကောက်ရပါမယ်။ အခုမြန်မာနိုင်ငံမှာ အဲဒီကားတွေကို အခွန်လျှော့ပေးထားတယ်လို့ ကြားမိနေတော့ ...မ.ဆ.လ ခေတ်လောက်တောင် စိမံကိန်းမရှိတာ ဖေါ်ပြနေတော့တာပါဘဲ။ မရှိတာလား ဗရမ်းဗတာ ဖြစ်နေတာလား မသိတော့ပါဘူး။

(၄) Useless ဒါတော့ မရှိရင်ကို ဖြစ်နေတဲ့ အရာတွေပါ။ သဘောကတော့ အပိုစားသားတွေပါ။ ဥပမာပေးရရင် မော်တော်ကားတစီးမှာ မရှိရင် မဖြစ်တာကတော့ အင်ဂျင်ဘရိတ်၊ ဘီး စတာတွေ အများကြီးပေါ့။ မရှိလို့ကိုမဖြစ်တဲ့ အရာတွေ။ အဲဒီမှာ အပိုတွေဖြစ်တဲ့ အတောင်ပံလိုလို ကားအောက်က အလှအပအကာတွေ စတာတွေဟာ တကယ်တော့ မလိုတဲ့ အပိုသက်သက်တွေပါ။
ကြပ်ပြေးနေပြည်တော်မှ ညဘက်ရေပန်းအလှ ပုံဖော်မှုတခု.. 

နိုင်ငံတခုအနေနဲ့ ကြည့်ရင် ဖျော်ရည်တွေ ညကလပ်တွေ ရေပန်းကြီးတွေ

မိသားစုတစ်ခုအနေနဲ့ ကြည့်ရင် အိမ်မှာ အလှဆင်ထားတာတွေ ဖက်ရှင် ဒီဇိုင်းအ၀တ်တွေ အထက်က ပြောခဲ့သလို ပြိုင်ကားတွေပါဘဲ။ လူတကိုယ်အနေနဲ့ ကြည့်ရင်လဲ ကွမ်းစားတာတွေ ဆေးလိပ် သောက်တာတွေဟာ မလိုအပ်တဲ့ အရာတွေပါ။ တက်တင်း ထိုးတာမျိုးတွေပေါ့လေ။ ဘီယာ အရက် စတာတွေပါဘဲ ။

(၅) Harmful ဒါကတော့ မရှိကိုမရှိသင့်တဲ့ အရာတွေပါ။ ကာကွယ်တားဆီးရမဲ့ အရာတွေပါ။ ဥပမာ အရက်သေစာ၊ ဘီယာ၊ ကွမ်းဆေးလိပ်၊ လောင်းကစား မူးယစ်ဆေးဝါး စတာတွေပါဘဲ။ ပစ္စည်းအပြင် လူတွေရဲ့ စိတ်နေစရိုက်ကို ပျက်စေနိုင်သော ပျော်ပွဲရွှင်ပွဲမျိုးတွေ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ စတာတွေဟာ မရှိသင့်တဲ့ အရာတွေပ။ ဥပမာ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရစ ခေတ်တွေမှာ ဘိန်းခန်းတွေ ကိုလိုင်စင်ပေးခဲ့ ပေမဲ့အခု မပေးတော့တာလိုပါဘဲ။
 ကြပ်ပြေး နေပြည်တော်မှ မြင်ကွင်းတခု
တိုင်းနိုင်ငံအနေနဲ့ ကတော့ အထက်ကနဲ့ တဆက်တစပ်ထဲပါဘဲ။ ဥပမာ အနှိပ်ခန်းတွေ ဆိုတာ အန္တရယ်ပေးမဲ့ အရာတွေပါ။ လူကုန်ကူးမှုနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းပါ။ ဒါတွေကို ကြံ့ဖွတ် ကြီးစိုးခဲ့တဲ့ န.အ.ဖ ခေတ်မှာ မှိုပေါ်သလို အများကြီး ပေါ်လာခဲ့တယ်။ အခုကြံ့ဖွတ် အစိုးရရုံးစိုက်ရာ ကြပ်ပြေးက ရာဇဌာနီ လမ်းဆိုရင် သန်းရွှေသားသမီးတွေ ရှစ်ယောက်၊ အိမ်အကြီးကြီး ရှစ်လုံး၊ လူကြီးသားသမီးတွေ ရှိနေကြပြီး မာဆတ်ခန်းတွေက မှိုလိုပေါက်နေလို့ လူတွေက (ရာဇဌာနီလို့ မခေါ်ကြဘဲ မာဆတ်ဌာနီ) လို့ခေါ်နေကြောင်းပါ။

ဒီလိုချိန်ထိုး ကြည့်တတ်တာလေး လေ့ကျင့်ထားကြရင် မိမိအိမ်အရေး မိသားစုအရေး နောက်ဆုံး နိုင်ငံအရေးမှာတောင် ပဓါနနဲ့ သာမည ခွဲခြားတတ်သွားပါမယ်။ နိုင်ငံရေးသမားတွေ ပဓါနနင့် သာမည မခွဲခြားတတ်လို့ သန်းရွှေတို့ သက်ဆိုးရှည်နေတယ်လို့ ပြောရင်နာကြပါမလား။ အဲဒီလိုကို ပြောလို့ ရနေတာတွေ အများကြီးပါ။

အခု ဒလဘက်ဘာလို့ ပြောင်းရမယ်ဆိုတာကို အထက်က ငါးခုနဲ့ ခွဲခြားလိုက်ရင် ဒလ ဘက်ပြောင်းဖို့ ကနေ့ခတ် အခြေအနေနဲ့ ချိန်ထိုးလိုက်ရရင် နံပတ်နှစ်-Necessary အဆင့်ကိုရောက်နေပါပြီ။ နံပါတ် တစ်အဆင့်အထိကို သတ်မှတ်ရင်လဲ ရနေပါပြီ။ ဒါကတော့ ငြင်းလို့ခုန်လို့ ကောင်းကြမှာပေါ့။ နိုင်ငံတော်အမြင်နဲ့ ကြည့်ရင် တစ်မျိုး အဖြေထွက်နေမယ်။ လူတစ်ဦးအနေနဲ့ ကြည့်ရင် တစ်မျိုး အဖြေထွက်နေပါမယ်။

အခုနိုင်ငံတော်မှာ လုံခြုံရေး အမြင်နဲ့ကြည့်ရင် ဒလထက် နေပြည်တော်ခေါ်တဲ့ ကြပ်ပြေးက ပိုအရေးကြီး နေတော့တာပေါ့။ နိုင်ငံတော် စီးပွားရေး တိုးတက်လာဖို့က လတ်တလော အလွန်အရေးကြီးသော အကြောင်းတရား ဖြစ်ပါတယ်။ နိုင်ငံတော်စီးပွားရေးဟာ အခုလိုအတိုင်း နောက်ထပ် ငါးနှစ်လောက် ဆက်သွားနေရင် လူထုအုံကြွမှုကို ရင်ဆိုင်ကြရပါမယ်။ အစိုးရကလုံခြုံရေး ရှုဒေါင့်ကနေ ကြည့်တာက တိုင်းတပါးက ထိုးစစ်ဆင်လာရင်ပေါ့။ အင်းစီးပွားရေး ကြပ်တည်းလို့ တပြည်လုံး အုံကြွလာရင် မြေတွင်းထဲ အောင်းနေလဲ မလွတ်တော့ဘူး။
ကြပ်ပြေးက သန်းရွှေ လုံခြုံရေး (လူတစ်ဦးအရေးကိုဘဲ ကွက်ကွက်ကလေးထဲ့ စဉ်းစားထားတာပါ) ဆိုတော့ အခုအစိုးရသစ်မှာ ဒီအတိုင်းမြို့တော်ကို ကြပ်ပြေးထားပြီး ဆက်သွားနေရင် ကမ္ဘာ့စီးပွားရေးမှာ ဆက်လက် ယှဉ်ပြိုင်နိုင်မှု ကျဆင်းပြီး ဒေ၀ါလီ ခံရသော အစိုးရအဖြစ် ဇါတ်သိမ်းမလှ ဖြစ်သွားပါမယ်။ ဒီအတိုင်းမြို့တော်ကို ကြပ်ပြေးမှာ ဆက်ထားရင် အခုဂရိမှာ ဒေ၀ါလီခံရတာမျိုး မကြာပါဘူးလို့ ပြောရဲပါတယ်။

အထက်က ဒလ ပြောင်းရေးပြန်ဆက်ရရင် ကောင်းပြီ ကျပ်ပြေးမှာ အစိုးရရုံးတွေထိုင်တာ လွဲနေပြီ ။ အခုအိစုးရသစ် ရင်ဆိုင်နေရပြီ။ အခုပင်အချို့ သောရုံးများကိုရန်ကုန်ပြန်ရွေ့ နေရပါပြီ ။ ဒါဟန်လုပ်ပြီး ရွေ့ နေရတာ။ နေပြည်တော်ကြီးမှာ သုတ်ထားတဲ့ ဆေးတွေတောင် မခြောက်သေးဘူး အဆောက်အဦး အများကြီး မပြီးသေးဘူး ဗြုံးစားကြီးရွှေ့ဘို့ အရှက်ပြေလေး လုပ်နေရတာ။ ဘယ်လိုမှ မဟန်တော့ဘူး။

ကဲအဲဒီလိုရွှေ့ကြတော့ ရွေးကောက်ပွဲ မတိုင်ခင်လေး အစိုးရပိုင် အဆောက်အအုံတွေကို လေလံပြစ်ထားတော့ ဘယ်မှာလဲ ရုံးနေရာ။ အသုံးမကျတဲ့အစိုးရတရပ်ဆိုတာ အိမ်တိုင်ပါ ချွတ်ရောင်းစား ထားပြီးပြီ။ ဒီကြားထဲ တရုတ်ကို မြစ်ဆုံဆည်ကြီး သူခိုးဈေးနဲ့ ပေးကမ်းပြီး အကြွေးတွေ ယူထားလိုက်သေးတယ်။ ဟာမင်းကလဲ ဒီသူခိုးစကား တယ်ပြောပါလား လုပ်နေကြပါမယ်။ မင်းကလဲကွာ သူခိုးတိုင်းက ခိုးရောင်းရတာဆိုတော့ သူခိုးဈေးဘဲရမှာပေါ့။ ဟိုကလဲ ခိုးရောင်းတာသိကို သိသိကြီးနဲ့ ၀ယ်တော့ သူခိုးဈေးနဲ့ အိုကေကို ဆိုပြေလို့။ စတားချုပ်ကြီးနဲ့ အစားပုတ်တရုတ်တို့ အပေးအယူ သင့်နေကြတာပေါ့။

ဒီတော့ အစိုးရရုံးတွေ ပြန်ဆောက်ဖို့ ရန်ကုန်မှာ မလွယ်တော့ဘူး။ ရောင်းပြီးသားတွေ ပြန်ဝယ်ရင်လဲ အိမ်ဈေးမြေဈေးက မတရား ထိုးတက်သွားပါမယ်။ ဆောက်ရင်လဲ အခုခေတ် ကြီးမားဖွံ့ ဖြိုးလာတဲ့ စီးပွားရေးပမာဏနဲ့ ရုံးတွေ မနိုင်ဝန်ဖြစ်နေပါပြီ ။ ဒီအစိုးရုံးတွေကို ဒလဘက်ပြောင်းမှသာ ရနိုင်ပါမယ်...။
ဒါကတစ်ချက်ပါ။

နောက် အထက်ကပြောခဲ့တဲ့ ရန်ကုန်မြို့တော်ကြီးဟာ လွန်ခဲံ့တဲ့ နှစ်ပေါင်း ၁၃၀လောက်က စီမံကိန်း လုံးဝ ခေတ်မမှီ တော့ပါဘူး။ ခေါက်ထားဘဲ အလွယ်ဆုံး ပြောရပါမယ် ။

နောက် စီးပွားရေးရှုဒေါင့်ကနေပေါ့။ အခုလှိုင်သာယာ ရွှေပြည်သာတွေမှာ လုပ်ငန်းရှင်တွေဟာ အစိုးရ (အိုးအိမ်က ) တိုက်ရိုက်ချပေးတာကို ရသူကခပ်ရှားရှားပါ။ ရွှေပြည်သာ-၂ -ဘက်မှာဆို ဒေါ်ကြိုင်ကြိုင်က အကွက် -၇၀ - (အကောင်းဆုံးနေရာတွေကို) (တစ်ကွက်ကို ၂ဧကပါ) ယူထားပြီး ကြားက အိုးအိမ်ကလူတချို့က ပွဲစားလုပ် ရောင်းပေးကြရတာပါ။ အစိုးရဈေးက ၂၀၀၄-မှာ သိန်း ၂၄၀- သူတို့ဆီက၀ယ်ရတာ သိန်း၈၀၀-ကျော်တွေ။ အဲဒီလိုတွေက ရှိသေးတယ်။ ဒလဘက်မှာ အဲဒီလို မဖြစ်အောင် သမ္မတကြီးခင်ဗျား သန့်ရှင်းသော ဂါးဘားမင့် ဖြစ်ချင်ရင် အခုလို မဖြစ်ရအောင် လုပ်ငန်းရှင်တွေကို တိုက်ရိုက် တင်ဒါခေါ်စံနစ်နဲ့ လုပ်သင့်ပါတယ်။

အဲဒီလို လုပ်ငန်းတွေကို ဒလဘက်ရွှေ့ နိုင်ရင် ကောင်းကျိုးက ဒလဘက်မှာ ရန်ကုန်ဆိပ်ကမ်းထက်နက်တဲ့ ဆိပ်ကမ်းတွေ အများကြီးရလာပါမယ်။ ပင်လယ်ကူး သဘောင်္တွေအများကြီး တပြိုင်နက်ကပ်နိုင်တဲ့အတွက် သင်္ဘောတွေ ဆိပ်ကမ်းက နေရောက်ပြန်လုပ်နိုင်လေ ၀န်ဆောင်မှု စားရိတ်ကျဆင်းလေပါဘဲ။  သင်္ဘောတွေ ရက်ကြာလေ သင်္ဘောငှားခက တရက်နုံး တက်နေတာပါဘဲ။ သူကခေါက်ရေနဲ့ တွက်တာမဟုတ်ဘူး။

တခါ ဒလဘက်မှာ စက်ရုံတွေကို ကမ်းနားအနီးမှာ (စက်မှုဇုန်တွေကို) ပေးထားလိုက်ရင် လေကလဲ တိုက်တာကောင်းတော့ လေထုညစ်နွမ်းမှု သက်သာမယ်။ ကုန်ပစ္စည်း သယ်ယူမှု စားရိတ်သက်သာမှုကို ၀န်ထမ်းတွေကို ကမ်းစပ် (စက်ရုံများ) နဲ့မဝေးတဲ့နေရာမှာ အစိုးရနဲ့ လုပ်ငန်းရှင်ပူးတွဲပြီး အိမ်ယာတွေ ဆောက်ပေး၊ သွားလာချိန် သက်သာအောင် စီစဉ်ပေးလိုက်ရင် ကျနော်တို့ နိုင်ငံဟာ ထိုင်းနိုင်ငံက နိုင်းံငံခြားရင်းနီ်းမှုတွေ ကျနော်တို့ဆီကို ရွှေ့လာပါတော့မယ် အသေအချာပါ။ ဟထိုင်းနိုင်ငံဘက်မှာ လမ်းပိတ်ဆို့မှုကြောင့် လုပ်ငန်းတွေ စားရိတ်တက်နေတာကို ရေကြီးမှုက ဗူးလေးရာ ဖရုံဆင့် ဖြစ်နေပါပြီ။

ကျနော်တို့ဒလ စိမံကိန်းကို မြန်မြန်အကောင်အထည် ဖေါ်နိုင်လေ သူတို့ဆီက အရင်းအနှီးတွေ အမြန်ဝင်လာလေပါဘဲ။ ဒီဒလစီမံကိန်းလုပ်ဖို့က ဆုံးဖြတ်နေစရာ မလိုတော့ပါဘူး။ မကြိုက်လဲ ဒလ ကြိုက်လဲ ဒလ ရမှာပါဘဲ။ ဆုံးဖြတ်ရမှာက တံတားဘယ်နေရာမှာ ထိုးမယ်။  ဘယ်လောက်အမြင့်ပေါ့။  သွားနိုင်မဲ့ ကားအစိးရေ ရထားလမ်း ပါဝင်နိုင်မှုပေါ့။ အဲဒါအမြန် ဆုံးဖြတ်နိုင်လောက်ပါတယ်။  ဖြစ်နိုင်လျှင် တံတားအပြီးကို မစောင့်ဘဲ လုပ်ငန်းရှင်တွေကို အကွက်အကွင်း ရိုက်ချပေးထား။ လျှပ်စစ်မီိးရရှိရေး စီစဉ်ပေးထားမယ်ဆိုရင် လုပ်ငန်းတွေဟာ တံတားလဲအပြီး ပြိုင်တူပေါ်လာပါမယ်။ တံတားထိုးတော့ ကြည့်မြင်တိုင်ဘက်ကမ်းကို ၀င်/ထွက်နေတဲ့ ပင်လယ်ကူးသင်္ဘောတွေရဲ့ အမြင့်ကို လွတ်အောင် ထဲ့တွက်ရင် တံတားစားရိတ် ပိုမိုကုန်ကျနိုင်သလို တံတားရဲ့ကြံ့ခိုင်မှု အားနည်းစေပါတယ်။  တကယ်တော့ ဒလ ဆိပ်ကမ်းတွေသာ ပေါ်လာရင် လူထုကလဲ ဒလဘက် အများစုရောက်ကုန်ပြီ သင်္ဘော အ၀င်အထွက်ကလဲ ဒလဘက်က ပိုမိုလွယ်ကူမြန်ဆန်တော့ ကြည့်မြင်တိုင်ဘက် လာစရာ မလိုသလောက် ဖြစ်သွားပါမယ်။

တခါ မြို့တော်ဟာ အချိန်တိုတိုလေး အတွင်းမြိုတော့်ကြီး ဖြစ်လာမှာဆိုတော့ စီမံကိန်းကို သေသေချာချာ တွက်ချက်ပြီး စံနစ်ဇယားရှိရှိ လုပ်ထားရပါမယ်။ မြို့တော်ကို နိုင်ငံတကာ ပညာရှင်တွေဆီက အကြံဥာဏ်ရယူပြီး စီမံကိန်းဇယား ချသင့်ပါတယ်။ ဘန်ကောက်လို ပုံစံ ကူးမလား ဆစ်ဒနီလိုပုံစံ ကူးမလား။ တခြားကောင်းမယ်ထင်တဲ့ မြို့တော်တွေကို နမူနာယူကြရမှာပါ။ တကယ်တော့ နိုင်ငံတကာ လေယဉ်ကွင်းကြီးကိုပါ ဒီမှာဘဲ လုပ်ရမှာပါ။

အဲဒီမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ လုပ်ငန်းရှင် နိုင်ငံခြားသားတွေ အများအပြား ပါဝင်လာကြပါမယ်။ ဌာနေနိုင်ငံသားတွေကလဲ တစတစ ချမ်းသာလာကြသူတွေ တိုးပွားလာကြမှာ ဆိုတော့ လူတ်တန်းစား၊ လူဂုဏ်တန်ရပ်ကွက်ကြီးတွေ မြို့နယ်လေးတွေကို အကွက်ရိုက် ဖေါ်ဆောင်ထားရပါမယ်။ လမ်းများကိုလဲ မြို့တွင်းလမ်းအပြင် အထူးအမြန်လမ်းကြီးတွေကို မြို့တွင်းထဲမှာကို ကွန်ယက်လို ထဲ့ရေးဆွဲထားရပါမယ်။ ၀န်ထမ်းအိမ်ရာ လူလတ်တမ်းစားအိမ်ရာ လူဂုဏ်တန် အိမ်မြေကွက်တွေကို နေရာတိုင်းတိုင်းမှာ အစီအစဉ်တကျ ရေးဆွဲထားရပါမယ်။ ရန်ကုန်၊ မန္တလေးလို လမ်းတွေမှာ အိမ်ပြွတ်သိပ်နေအောင် လုပ်ရပါဘူး။ ကြားမှာကွက်လပ်တွေ အများကြီး ထားပေးထားရပါမယ်။ ခေတ်မှီမြို့တော်ကြီးတွေလို တချိန်ချိန်မှာ လူနေမှု လိုအပ်ချက်တွေ ပြောင်းလဲလာတဲ့အခါ မြို့လိုအပ်ချက်ကို ဖြည့်စည်းနိုင်ဖို့ စီစဉ်ထားရပါမယ်။ အခုဟာက ရန်ကုန်မှာ မြေကွက်လပ် ဆယ်ပေလောက် လွတ်တာရှိရင်ကို ရောင်းစားတဲ့အထိ အမျှော်အမြင် နည်းပါးသူတွေက တိုင်းပြည် တက်အုပ်ချုပ်သွားတာ တိုင်းပြည်ဘယ်လောက် နာတယ်ဆိုတာ တွက်ကြည့်ပါ။ အဲဒီလိုရောင်းစာလို့ ဈေးရရင်ကိုဘဲ တယ်ဟုတ် လုပ်နေကြသေးတယ်။

ကျနော် ကြည့်လိုက်ရတဲ့ နိုင်ငံခြားကုမ္မဏီက ရေးဆွဲထားတဲ့ ဒလစီမံကိန်း စာအုပ်ထဲမှာ အင်းယားကန်ထက် ပိုကြီးပြီး ကွေ့ကွေ့ ကောက်ကောက် ရေကန်ကြီး သုံးကန်ပါထားပါတယ်။ ရေတွေကို အထက်ဧရာဝတီမြစ်ကနေ သွယ်ယူပြီး ဖြည့်ထားပါမယ်။ အဲဒီကန်ကရေကို မြို့တော်သုံးလုပ်နေပါမယ်။ သီးသန့်လဲ မြို့တော်သုံးရေတွေ ပါနေပါတယ်။ ကန်ကြီးတွေတူးရာက ထွက်လာတဲ့မြေတွေနဲ့ ဘေးပတ်လည် တပိုင်းကို တောင်ကမူလေးလုပ်ပြီး သူဌေးရပ်ကွက် လုပ်ထားပါတယ်။ ကန်ထဲမှာ ရေလွှာလျှောစီးတာတွေပါ ပန်းချီနဲ့ဆွဲထားပါတယ် ။

တခါမိလ္လာကလည်း နေ့စဉ်အချိန်နဲ့အမျှ မိလ္လာတွေက ပိုက်တွေနဲ့မှုတ်ထုတ် စုရပ်တွေ အများကြီးဆီကို ရောက်သွားပြီး အဲဒီကနေစုရပ်နှစ်ခုမှာ Recycle ပြန်လုပ်တာ ပါပါတယ်..။

တခါသောက်ရေသန့် ရရှိရေး အားကစားကွင်းတွေ အများကြီး ထားပေးရေး ကျောင်းများမှာလဲ အားကစားကွင်းတွေ ထားရှိရေး အပန်းဖြေ ပန်းခြံပေါင်များစွာ ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာ ရှိနေရပါမယ်။ အဲဒီတော့ မြို့တော်ကြီးဟာ ဒီလို ပန်းခြံကြီးတွေ အားကစားကွင်းကြီးတွေ ပါဝင်နေတော့ အလွန်ကျယ်ပြန့် နေပါမယ်။ အဲဒီအတွက် ခရီးသယ်ပို့ဆောင်ရေးကလဲ အခရာကျနေပါမယ်။

အစိုးရအနေနင့် ဒလမြို့တော်ကို အကောင်အထည် ဖေါ်ရာမှာ တောင်သူလယ်သမားတွေ မနစ်နာအောင် ထိုက်သင့်သော လျှော်ကြေးတွေ ပေးရပါမယ်။ ဒီလိုပေးတာကိုပင် အစိုးရက မြတ်နေပါသေးတယ်။ ဥပမာ လယ်တဧကကို ၁၀-သိန်းပေးလိုက်တယ် ထားပါ။ အစိုးရက အိမ်ကွက်ရိုက်လိုက်ရင် အိမ်ကွက်ကနေ သိန်း ရာချီထောင်ချီရနေလို့ပါ။

နိဂုံးပိုင်း ဆက်ရေးပါဦးမယ်...
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော် နိုဝင်ဘာလ(၆)ရက်နေ့က နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်တွင်း ပူဇော်ထားရှိစဉ် မြင်ကွင်း ဓာတ်ပုံများ။။

Posted: 25 Nov 2011 10:44 AM PST

တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော်အား နိုဝင်ဘာလ(၆)ရက်နေ့က နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် လှိုဏ်ဂူအတွင်း ပူဇော်ထားရှိစဉ် မြင်ကွင်း ဓာတ်ပုံတွေပါ...။ နေပြည်တော်မှ ပရိသတ်တဦး ပေးပို့လာတဲ့ ဓာတ်ပုံများအား ဖော်ပြလိုက်ပါတယ်...။
ပေးပို့ လာသူအား MHYNအားကျေးဇူးတင်ပါသည်..

အတူပျံသန်းရင်း ပေးဆပ်သူများ...

Posted: 25 Nov 2011 09:32 AM PST

အတူပျံသန်းရင်း ပေးဆပ်သူများ

၂၅.၁၁.၂၀၁၁ (သောကြာ)နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ဆထက်တန်ဖိုး တိုးတတ်၍ ကူညီပံ့ပိုးဖေးမမှုအင်အားများကို တိုးမြှင့်မည့် သွေးသစ်လောင်းခဲ့သော နေ့တစ် နေ့ပင် ဖြစ်တော့သည်။ ထိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကွယ်လွန်သွားပြီဖြစ်သော မိခင်ဖြစ်သူ …… အတွက် ရည်စူးကာ တေးသံရှင် ဆောင်းဦးလှိုင် (မိသားစု)တို့မှ အလှူငွေကျပ် (၅) သိန်း အား လာရောက်လှူဒါန်း၍ Honourable Member Card ပေးအပ်သော အခမ်းအနားအား တစ်ပြိုင်နက် တည်း ကျင်းပပြုလုပ်ခဲ့သည်။
ယင်း Honourable Member Card အား ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့အား ပေးအပ် ခဲ့သည်။ ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့သည် ယခင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် လက်တွဲ၍ အများပြည်သူတို့အပေါ် ကူညီဖေးမမှုများကို ပြုလုပ်ပေးခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်တို့ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူ အလှူရှင်တို့ အပေါ် ပြန်လည်အမှတ်တရ ပေးအပ်သည့် နာရေးလုပ်ဆောင်မှု၊ ကူညီမှု "လူမှုရေးဂီတသူရဲကောင်း MTV" အခွေတွင်လည်း မိမိတို့၏ အချိန်၊ အင်အား၊ ငွေအားတို့ဖြင့် ပံ့ပိုးကူညီလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့သူများ လည်းဖြစ်သည်။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းရပ်အား ထဲထဲဝင်ဝင် လုပ်ကိုင်ပေးဆပ်လိုသော စိတ်ဆန္ဒအရ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားအဖြစ် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယင်း အခမ်းအနားတွင် ဆောင်းဦးလှိုင်မှ အများပြည်သူတို့ အထူးလိုအပ်နေသော နာရေးကိစ္စရပ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု၊ ပညာရေးကိစ္စရပ်များ ဆုံဆည်းရာနေရာဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ စိတ်ရှင်းရှင်းဖြင့် ကိုယ်တိုင်ပါဝင် ၀င်ရောက်ပံ့ပိုးကူညီမှုများ လုပ်ကိုင်လို၍ဖြစ်ကြောင်းနှင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)မှ ပြောကြားရာတွင် မိမိ၏ မိဘနှစ်ပါးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြောင်း၊ မိဘနှစ်ပါး ကွယ်လွန်သွားသောအချိန်တွင် မိမိသည် ဗုဒ္ဓဘာသာအား လေ့လာခဲ့ပြီး နောက်ဆုံးတွင် "ကံ ကံ၏အကျိုး" ကို ယုံကြည်ကိုးကွယ်မိကြောင်း၊ နောက်ဆုံးတွင် ငြိမ်းချမ်းမှုများရှိရာ ဤနာရေးကူညီမှု အသင်း(ရန်ကုန်)အား ၀င်ရောက်၍ အများပြည်သူတို့အပေါ် ပေးဆပ်လိုစိတ်ဆန္ဒ ဖြစ်ပေါ်လာကြောင်း တို့ကို ပြောကြားသွားခဲ့သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့ ရေးစပ်သီဆိုပေးထားသော "Share My Love" နှင့် "ပျံသန်းသွား" သီချင်းစာသားများထဲကလို ငြိမ်းချမ်းမှုကို ရှေးရှု၍ ဂီတသူရဲကောင်းများဖြင့် အများပြည်သူတို့အတွက် ကူညီဖေးမမှုများကို အတူ လက်တွဲကာ ပျံသန်းရင်း ပေးဆပ်နေပြီ ဖြစ်ပါတော့သည်။

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment