Tuesday, 22 November 2011

Posted: 20 Nov 2011 09:07 AM PST


(၉၁)နှစ်မြောက် အမျိုးသားနေ့ စာပေဟောပြောပွဲ (တိုကျို) ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမနုနုရည် (အင်းဝ)၊ ဆရာချစ်ဦးညို... 
(ရုပ်သံဖိုင် အစအဆုံး ဆက်တိုက်ကြည့်ရှုနိုင်ပါသည်.... ဇေယျာ)
(၉၁)နှစ်မြောက် အမျိုးသားနေ့ စာပေဟောပြောပွဲ တိုကျို (မောင်စိန်ဝင်း ပုတီးကုန်း) အသံဖိုင် by Demo Waiyen
အသံဖိုင်များ ဆက်လက်တင်ပေးပါမည်..။
ဓာတ်ပုံ .. ဒီမိုဝေယံ၊ ဇေယျာ..
ရုပ်သံ... ဇေယျာ
အသံဖိုင်.. ဒီမိုဝေယံ
Posted: 20 Nov 2011 07:31 AM PST
ယနေ့ညနေ(၅)နာရီက (၉၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားဝင်း အတွင်း၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပြည်တွင်းစစ်ရပ်ဆဲရေး ဆုတောင်းပွဲ အခမ်းအနားအား ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ အဖွဲ့(၃)ခု ပူးပေါင်းပြုလုပ်ခဲ့ပြီး လူဦးရေ (၁၅၀)ခန့်တက်ရောက်ခဲ့ကြပါသည်..။
ဓာတ်ပုံ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
အမျိုးသားအောင်ပွဲနေ့မှသည် အမျိုးသားရင်ကြားစေ့ရေး ပူးတွဲကြေငြာချက်..
ဓာတ်ပုံ ကောင်းဆုလင်း
Posted: 20 Nov 2011 07:06 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနား (သတင်း၊ ဓာတ်ပုံ)

ခရစ်နှစ် ၂၀၁၁ ခု ၊ နိုဝင်ဘာလ (၂၀) ရက် ၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခု တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့တွင် ကျရောက်သော (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ပါတီဝင်ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားကို နံနက် (၁၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်)နှင့်ဒါရိုက်တာ၊ စာရေးဆရာကြီး ဆရာမောင်မိုးသူတို့မှ အမျိုးသားနေ့အထိမ်းအမှတ် စာပေများအား ဟောပြောသွားခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment