Posted: 21 Nov 2011 09:12 AM PST ရပ်၍ ရွေ့နေသူ ကဗျာရှင် နေစကြာနိုင် ချက် ချက် ချက် ချက် ရွေ့လျားဂီတ စည်းချက်များနဲ့ နေထွက်လာတာ ငါမြင်တယ်။ အရောင်တွေတောက်ပစွာ ပျံသန်း တက်ကြွတဲ့ခြေလှမ်းတွေ တသောသောရွေ့နေရာကနေ ပြိုကျ၊ အလိုမကျတဲ့ ညည်းညူဂီတ သံစဉ်များနဲ့ လေးတိလေးတွဲ့ နေ၀င်သွားတာ ငါမြင်တယ်။ အရိပ်တွေချည်း တိတ်တဆိတ်ချွေးသိပ်လို့ အိပ်မောကြနေတုန်း၊ ရှူရှိုက်ဂီတ လင်းပျပျနဲ့ ပြတင်းဝက လထွက်လာတာ ငါမြင်တယ်။ ၀င်သူထွက်သူ ရှူသူရှိုက်သူ ငိုသူပြိုသူ ထိုသူအားလုံး လောကကြီးနဲ့ တခြမ်းစီ ရွေ့နေကြချိန် ငါဒီမှာ ထိုင်နေတယ်။ ဒါပေမယ့်…………………….. ငါက အားလုံးထက်ပိုပြီး ရွေ့နေတယ် နေစကြာနိုင် (၁၈.၁၁.၁၁) နံနက်(၆:၂၈) |
ပညာရေးကွန်ယက်(၁)နှစ်ပြည့် ဈေးရောင်းပွဲတော်(ယုဒဿန်ရိပ်သာ) Posted: 21 Nov 2011 06:47 AM PST ၂၀၁၁ခု နိုဝင်ဘာလ ၂၁ ရက် ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်ရှိ အမှတ်(၆၀၁) ယုဒဿန် ရိပ်သာခန်းမတွင် ပညာရေးကွန်ယက် (၁)နှစ်ပြည့် ဈေးရောင်းပွဲတော်ကို ပြုလုပ်ခဲ့ပြီး အဆိုပါဈေးရောင်းပွဲတော် သို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ပညာရေးနှင့်ပတ်သက်သည့် အဆိုအမိန့်များကို ပြည်သူလူထုအား ဟောကြားသွားခဲ့ပါသည်။ ထို့နောက် အဆိုတော်များ ဖြစ်ကြသော ဆောင်းဦးလှိုင်၊ ရင်ဂို၊ အနဂ္ဂ၊ ထူးအယ်လင်း၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ သံသာဝင်းတို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပါသည်။ ဈေးအရောင်းဆိုင်များတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတီရှပ် အင်္ကျီများ၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဘေးလွယ်အိတ်များ၊ ပိုစတာများနှင့် သော့ချိတ်အစရှိသည့် အမှတ်တရပစ္စည်းများကို ခင်းကျင်း ရောင်းချခဲ့ပြီး ကြွရောက်လာသော ပြည်သူများမှလည်း အမှတ်တရ ပစ္စည်းများကို ၀ယ်ယူအားပေး ခဲ့ကြကြောင်း သိရှိရပါသည်။ သတင်း၊ ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment