Thursday 26 January 2012







    Posted: 25 Jan 2012 10:43 AM PST
    မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့  ဒီကနေ့ ၂၅ရက်နေ့က် ပါကစ္စတန်သမ္မတAsif
    Ali Zardariမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအ
    တွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့မှုအား ဂုဏ်ပြုသည့်အနေဖြင့် ဘာနာဇီယာဘူတို ဒီမိုကရေစီဆုအား  ချီးမြှင့်ပေးအပ်ခဲ့ပါ
    တယ်..။
     ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား  ပါကစ္စတန်သမ္မတAsif Ali
    Zardariနှင့် သားဖြစ်သူနဲ့ သမီးဖြစ်သူပါ အတူလိုက်ပါ လာရောက်တွေ့ဆုံခဲ့ပါသည်။
     ယနေ့ရရှိတဲ့ ဆုတံဆိပ်ဟာ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တဲ့ နိုင်ငံတကာဆုများ
    အနက် ဒုတိယမြောက် ကိုယ်တိုင် ရယူလက်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပါတယ်..။ အဆိုပါ ဆုတံဆိပ်ဟာ ၂၀၀၇ခုနှစ်
    က လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ ပါကစ္စတန် အမျိုးသမီးဝန်ကြီးချုပ် ဘာနာဇီယာဘူတို
    အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်တဲ့ ဆုတံဆိပ်ဖြစ်ပြီး ပထမဦးဆုံး ဆုတံဆိပ်ကိုတော့ ၂၀၀၈ခုနှစ်က စတင်ချီးမြှင့်ခဲ့ပါတယ်..။
    ယခုလာရောက် တွေ့ဆုံတဲ့ ပါကစ္စတန်သမ္မတAsif Ali Zardariဟာ ကွယ်လွန်သူ ဝန်ကြီးချုပ် ဘာနာဇီယာ
    ဘူတိုရဲ့ ခင်ပွန်းဖြစ်ပါတယ်။

    ဓာတ်ပုံများ Getty Images,AP, Reuters
    ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၅ရက်နေ့ကလည်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့တဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
    Alain Juppeမှ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ The Legion of
    Honor ဆုအား နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေးအတွက် မဆုတ်မနှစ် တိုက်ပွဲဝင်ခဲ့တဲ့ Commander
    တိုက်ပွဲဝင် သူရဲကောင်းဆုအား ပေးအပ်ခဲ့ပါတယ်။
    Posted: 25 Jan 2012 08:59 AM PST
    ၁၉၉၄ခုနှစ် အာဏာလျှမ်းလျှမ်းတောက်စဉ်က ဗိုလ်ခင်ညွန့်နဲ့ ဇေကမ္ဘာခင်ရွှေ (ပုံ On Asia)

    ရေပွက်ပမာ သူ
    (ကဗျာရှင် နေရဲနီ)

    အားလုံးကို ခွင့်လွှတ်နိုင်တယ်
    ဒါပေမဲ့ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူး။
    (မဟတ္တမဂန္ဓီ)

    လှပတဲ့အနာဂတ်ကို တည်ဆောက်ဖို့အတွက်
    အတိတ်ကို သင်္ခန်းစာယူရမယ်
    သင်္ခန်းစာဆိုတာ အတိတ်သမိုင်းမှာဘဲရှိတယ်။
    နောက်လိုက်မှားရင် သူ့ဘာသာသူ ခွဲထွက်သွားလိုက်မယ်။
    သူ့အမှားသူ သိရင် သူ့ဘာသာသူ ပြန်လာလိမ့်မယ်။

    ခေါင်းဆောင်မှားရင် တစ်တိုင်းတစ်ပြည်လုံး
    ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မဆလ န၀တ နအဖ
    ခေတ်ကို ဖြတ်သန်းလာတဲ့သူတွေ ခံစားသိကြပါတယ်။
    အနာတွေက မကျတ်သေးဘူး
    စိတ်ဒဏ်ရာတွေက ပြန်တွေးရင် မနေ့တနေ့ကလိုဘဲ။

    ဖိတ်စင်သွားသော နို့စက်ကို ပြန်ကောက်ယူ၍မရ
    ထို့အတွက် ပူဆွေးနေခြင်းသည် အချိန်ကုန်၍
    လူပန်းခြင်းသာ အဖတ်တင်မည်။
    သို့သော် ဖိတ်ခဲ့သည့်အဖြစ်အပျက် တို့ကိုသင်ခန်းစာယူ၍
    နောင်မဖိတ်အောင် သတိထားရမည်။

    ဟန်ဆောင်ကောင်းတဲ့လူ
    ပြည်သူ့မေတ္တာ ခံယူဘို့အတွက်
    ခလုတ်ကန်သင်း တောမှန်သမျှ ရှင်းခဲ့တယ်။
    လူအရှင်လတ်လတ်ကို မြေမြှုပ်ပြီး ကားနဲ့ ကြိတ်သတ်ဘို့လည်း ခြိမ်းခြောက်ခဲ့တယ်။
    လူလူချင်းကို မစင်ကျွေးပြီး လိုချင်တဲ့အဖြေကို မရရအောင်မေးခဲ့တယ်။
    သွားကျိုးအောင် ရိုက်စစ်ပြီး ထမင်းထဲမှာ ခဲသလဲ ထိုးကျွေးခဲ့တယ်။
    အမှောင်ခန်းထဲမှာ ရက်ရှည်လများတိုက်ပိတ်ပြီး
    အထီးကျန် အကျည်းတန်ဆန်စွာ ကမ္ဘာလောကနဲ့ အဆက်ဖြတ်ခဲ့တယ်။

    လူကိုကြိုးတုပ်ပြီး မျက်နှာကိုအ၀တ်အုပ်
    လူမဆန်စွာ ထိုးကြိတ်ကန်ကျောက် ရိုက်နှက်ပြီး တန်းမှာ ဇောက်ထိုးဆွဲခဲ့တယ်။
    လေယာဉ်ပျံနဲ့ ဆိုင်ကယ်ဆိုတာ လူ့ခန္ဓာကိုယ်မှာ သူတို့ဘဲပုံသွင်းခဲ့တာ။

    ညအချိန်မတော်အိမ် တံခါးလာခေါက်ပြီး
    ညီလေးအစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါ
    နဲနဲပါးပါး မေးစရာရှိလို့ မစိုးရိမ်ပါနဲ့
    ၅(ည)နဲ့ပါ သိပ်မကြာပါဘူး
    ဒီလိုနဲ့ဘဲ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ
    ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ သားတွေအတွက်
    သောကအပူမီးနဲ့ အနိစ္စ ရောက်ခဲ့ရတဲ့ မိခင်တွေ
    တွေ့ခွင့်ရတဲ့အခိုက် သားဖြစ်အင်ကိုကြည့်ပြီး
    စိတ်မကောင်းခြင်းကြီးစွာနဲ့
    ရင့်နင့်ကြေကွဲလို့ နှလုံးသွေးရပ်ပြီး အနိစ္စရောက်ရတဲ့ မိခင်တွေ
    သားပြန်လာမဲ့ အချိန်ကိုလည် တဆန့်ဆန့်မျှော်ရင်း
    စိတ်သောကဖိစီးပြီး ကွယ်လွန်သွားတဲ့ မိဘတွေ
    ဒီလိုနဲ့ဘဲ မိဘပေါင်းများစွာရဲ့
    သားသမီးအပေါ်မှာထားတဲ့ သောက၀ိညဉ်တွေ
    ကမ္ဘာမြေပြင် အထက်မှာ မမြင်ရပေမဲ့
    ထာဝရရှင်သန် နေဆဲ။

    ပူအိုက်တဲ့ရာသီမှာ ဘာမှမသိသူအတွက်
    ရေကြည်အိုင်ဆိုတဲ့ အမည်လေးကြားရရုံနဲ့
    ရင်ထဲမှာ အေးမြစေတယ်။
    ခုတော့လည်း အားလုံးသိနေပါပြီ
    ရေကြည်အိုင်ဆိုတာ အသံကြားရုံနဲ့
    အော့နှလုံးနာပြီး အန်ချင်စရာဖြစ်နေတယ်။

    ရေကြည်အိုင်စစ်ကြောရေးက ပြန်ထွက်လာတဲ့သူ
    လူကောင်းကတိ ဘယ်တော့မှ မရှိခဲ့ဘူး။
    လူစဉ်မမီဖြစ်ပြီး စိတ်သောကဖိစီးလို့
    စိတ်ဓာတ်တွေ ကျဆင်းပြီး ရောဂါမျိုးစုံနဲ့
    လူ့ဘဝကို ကျောခိုင်းသွားတဲ့ သူတွေရဲ့
    ဒီမိုကရေစီ ၀ိညာဉ်တွေက
    ကမ္ဘာမြေပြင် အထက်မှာ ရှင်သန်နေဆဲ။

    ယုတ်မာခြင်း ပေါင်းစုံ
    ရက်စက်မှု ကမ်းကုန်
    နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး
    ထောင်ဆေးရုံမှာ ရောဂါပေါင်းစုံနဲ့ သေခဲ့ရတဲ့သူတွေ
    သေအံ့မူးမူး ရောက်တော့မှ ပြန်လွှတ်ပေးပြီး
    အပြင်ရောက်ရင် ဘာမှမပြောဘို့ တခါတည်း နှုတ်ပိတ်လိုက်တာ
    သေသွားရင်တောင်ကျန်ခဲ့တဲ့သူတွေ
    ရတက်မအေးဖြစ်အောင် တခါတည်း ခြိမ်းခြောက်ပြီး လွှတ်လိုက်တာ...
    ဒီလူနဲ့ ပတ်သက် ဆက်နွယ်တဲ့သူတွေ
    လူ့ပတ်ဝန်းကျင်များ ဘာမှလုပ်စားလို့ မရအောင်
    အာဏာပိုင် အဆင့်ဆင်ကို ဖိအားပေးပြီး
    လမ်းတွေ့တာတောင် ညီအစ်ကိုအချင်းချင်း 
    နှုတ်မဆက်ရဲလောက်အောင်
    လူ့ဘ၀လူ့လောကမှာ လူအဖြစ် တပမ်းရှုးံအောင်
    MI ရဲ့ညစ်နည်း သင်ခန်းစာပေါင်းစုံက
    ခုချိန်မှာတော့ ခံခဲ့ရတဲ့သူတွေအတွက်
    ပြောမဆုံးပေါင် တောသုံးတောင် မကတော့ဘူး။

    အိမ်လာပြီး နည်းမျိုးစုံနဲ့ ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့လို့
    စိတ်ဓာတ်တွေ အလီလီကျပြီး မခံနိုင်တဲ့ အဆုံးမှာ
    ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူတွေလဲ မနည်းတော့ဘူး။

    တစ်အိမ်တစ်ယောက် မတက်မနေရ
    မိုးမလင်းခင် အရောက်သွားရမယ်။
    ကြိုဆိုပါ၏.. ထောက်ခံပါ၏
    အဆိုတင်ပါ၏.. ရှုံ့ချပါ၏..
    ဆန့်ကျင်ပါ၏.. ကန့်ကွက်ပါ၏..
    ကန့်ကွက်သည်ကို ကန့်ကွက်သူမရှိ ထောက်ခံပါ၏။
    ဘာမှန်းမသိရသောအစည်းအဝေးများ
    တစ်အိမ်တစ်ယောက်မတက်မနေရ
    မိခင်နှင့်ကလေး အမျိုးသမီးရေးရာ
    အမည်သာလှပြီး မရေရာသော အဖွဲ့အစည်းများ။

    နိုင်ငံရေးဆိုသည်ကို ပါးစပ်ပင် မဟရဲအောင်
    နောက်ကွယ်ကနေ နှိပ်ကွပ်ခဲ့တဲ့ အချိန်မှာ
    ပြည်သူ့ရှေ့မှာတော့ သတင်းစာမျက်နှာဖုံး တီဗီမင်းသား
    ပြည်သူ့ကြားကို လက်နက်ပြပြီး အတင်းတိုးဝင်
    ပြည်သူ့မေတ္တာကို အတင်းအဓမ္မရယူဘို့ ကြိုးစားခဲ့သူ
    ပြည်သူ့ဘဏ္ဍာနဲ့ တံတားတွေဆောက် လမ်းတွေဖေါက်ပြီး
    ပြည်သူကို အတင်းအဓမ္မ ကျေးဇူးတင်ခိုင်းတဲ့သူ
    သတင်းစာရှင်းလင်းပွဲမှာ ရှေ့ထွက်မင်းသား
    (၉၀) ရွေးကောက်ပွဲကို အသိအမှတ်ပြု သယောင်နဲ့
    အခြေခံဥပဒေဗန်းပြပြီး လိမ်ညာညစ်ဘို့ ကြိုးစားတဲ့သူ
    လူရှေ့သူရှေ့ နိုင်ငံတကာ ရှေ့မှာတော့
    လူမြင်ကောင်းအောင် လူထုခေါင်းဆောင်ကို
    တွေ့ဆုံဆွေးနွေးရေး ဗန်းပြပြီး
    နောက်ကွယ်ကနေ နည်းမျိုးစုံနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို ရက်စက်ခဲ့သူ
    အာဏာဘုန်း မီးတဟုန်းဟုန်း တောက်နေချိန်မှာ
    ဒေါင်းတွေကို လည်ဖြတ်ပြီး
    ဒေါင်းသွေးနဲ့ ခြေဆေးဘို့ ကြိုးစားခဲ့သူ။
    မြန်မာတို့ရဲ့ယဉ်ကျေးမှု အစဉ်အလာအထွဋ် အမြတ်ထားတဲ့ ရာဇ၀င်မြို့တော်
    မြန်မာဘုရင်တွေ နောက်ဆုံး နန်းစိုက်ခဲ့တဲ့မြို့တော်
    အောက်မှာရန်ကုန် အထက်မှာမန္တလေး
    စကားအရာမှာ တမူးသာတဲ့မြို့တော်
    သူ့ကောင်းမှုကြောင့် ခုချိန်မှာ လူမျိုးခြားတွေ ကြီးစိုးပြီး
    ဒုတိယဟောင်ကောင်လို့တောင် ခေါ်ဝေါ်နေကြပြီ။
    မြန်မာတွေ ဘေးရောက်ပြီး မြန်မာစကားတောင် ပျောက်တော့မယ့်မြို့
    ဒါတွေဟာပြန်ပြင်ဘို့ မလွယ်တဲ့ သူ့လက်ရာတွေ။

    ကျောက်ဖြစ်နေတဲ့ သူတပါး မျက်ချေးကိုကြည့်ပြီး
    အမျိုးကိုချစ်ဘို့ မျိုးချစ်စိတ်ကို တဖွဖွပြောပေမဲ့
    သားဖြစ်သူ စင်္ကာပူသူကိုယူတော့
    အမွေပြတ်ကို ဟန်ပြကြော်ငြာပြီး
    နောက်ဆုံးမှာ ပုဂံဆိုက်ဘာကို ကြီးစိုးခဲ့တယ်။

    မင်းသားခေါင်းဆောင်းပြီး
    ခုနစ်ထွေအကမှာ ဘီလူးခန်းကို အရောက်
    ဆောင်းထားတဲ့ မင်းသားခေါင်းပေါင်းကွာအကျ
    ကကွက်ကို မကျွမ်းကျင်တော့
    ဘီလူးရုပ်က ဘွားကနဲပေါ်
    သံစဉ်တွေက လမိုင်းမကပ်
    ကကြိုးနဲ့ကကွက်က နရီစည်းဝါးမမှန်
    ဘီလူးထက်ကြီးတဲ့ ဂုမ္ဘာန်နဲ့ တွေ့တော့
    ဘီလူးလည်း ထောင်နန်းစံ ရတော့တာပေါ့။
    ကျွဲကူးရင် ရေပါဆိုတဲ့ စကားရှိတယ်
    ခေါင်းဆောင် ကျွဲတွေရှေ့က ကူးရင်
    ရေသာခိုတဲ့ နောက်လိုက်ကျွဲတွေ
    ရှေ့တစ်ကောင် တင်ပါးပေါ်မေးတင်ပြီး
    ရေသာခို အချောင်လိုက်ခဲ့ကြတယ်။
    ဒေါင်းတွေကိုဖမ်း
    အမွေးနှုတ် အရေဆုတ် လည်လှီးဘို့ ကြိုးစားတဲ့သူ
    နောက်ဆုံးမှာတော့ ဒေါင်းတွေရဲ့ အရိပ်ကိုခိုပြီး
    ဒေါင်းတွေကြောင့်ဘဲ လွတ်မြောက်လာခဲ့တယ်။

    ဒီမိုဝေယံ တောင်းဆို တိုက်တွန်းမှုနဲ့ ဒီစာကိုရေးတဲ့အခါ
    ရွှဲရွှဲစိုပြီးညှီနံ့ တထောင်းထောင်း ယင်တလောင်းလောင်းနဲ့
    အနာကြီး ရောဂါသည်ရဲ့ ကိုယ်ပေါ်မှာ
    အပ်ဖျားချ စရာပင် နေရာမရှိသလို
    သူ့အပေါ်မှာ ကောင်းကွက်တွေကို ရှာကြည့်ပေမဲ့
    ဘယ်နေရာမှာမှ မတွေ့ခဲ့ပါဘူး။

    ဘာဘဲဖြစ်ဖြစ် အားလုံးကို ခွင့်လွှတ်ပါတယ်။
    ဒါပေမဲ့ ဘယ်တော့မှ မေ့ပစ်လို့ ရမှာမဟုတ်ဘူး။
    အနှစ်၂၀ဆိုတာလဲ ပြန်တွေးကြည့်ရင် မနေ့တနေ့ကလိုပါဘဲ။
    ဖိတ်စင်သွားသော နို့စက်ကို ပြန်လည်၍
    ပူဆွေးသောကဖြင့် တမ်းတနေခြင်း မဟုတ်...
    နောင်မဖိတ်အောင်သာ ကြိုးစားကြ ရပေတော့မည်။

    နေရဲနီ
    Posted: 25 Jan 2012 08:58 AM PST
    တန်ခိုးအာဏာ လျှမ်းလျှမ်းတောက်ချိန် ၁၉၉၀ခုနှစ် မေလက ဗိုလ်ချုပ်ခင်ညွန့် 
    ဓာတ်ပုံ (On Asia)
    You are subscribed to email updates from ဒီမိုဝေယံ
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment