Tuesday, 24 January 2012
လှောင်ပြောင်ခြင်းနောက်ကွယ်က အမှတ်တမဲ့ လွမ်းဆွတ်ခြင်း
မုန်စားဆင်းချိန်မို့ လူစည်ကားနေဆဲ နင်ချော်လဲပါလေရော.ငါတို့ ကျောင်းက ကုန်းလျောမို့ ရေညိုတွေနဲ့ 
အမြဲချောလေ့ ရှိတာမို့ သတိထားပြီးသွားတဲ့ ကြားက နင်ချော်လဲတော့အားလုံးက ရယ်ကြတယ် ငါလည်းနင့်
ကိုတွဲဘို့ လာရင်းရယ်နေမိတယ်။ နင့် နားရောက်တော့မှ မမျှော်လင့်ဘဲနင့်ဆီကစကားတခွန်းကြားရတော့
ငါနဲနဲ တွေဝေသွားခဲ့ တယ်။ နင်က (ကိုယ့်သူငယ်ချင်းတယောက်ချော်လဲတာကို အများရယ်သလိုရယ်ရက်
တယ်နော်တဲ့ ) ငါလည်းငယ်သေးတော့အဖြေမပေးတတ်ဘူး။ အဲဒီအချိန်က ငါတို့ အသက်၁၃ နှစ်မပြည့် ကြသေးဘူး။ ဒါပေမဲ့ အဲဒီအချိန်က နင့် မျက်နှာထားနဲ့ 
နင့်မျက်လုံးအိမ်ထဲမှာဝဲနေတဲ့ မျက်ရည်တွေကိုငါအခုထိမမေ့ ခဲ့ ဘူး။ အမှန်တော့နင့်ကိုငါကလှောင်ခဲ့ တာမဟုတ်
ပါဘူး ။အဲလို ဘဲတခြားကျောင်းသူတွေကလဲလှောင်တာမဟုတ်ဘူးဆိုတာ အခုလူ့ အခွင့်အရေးရှိတဲ့ နိုင်ငံ
ရောက်တော့သတိထားမိလာတယ်။ အဲဒါက ငါတို့ ဗမာတွေကြီးပြင်းလာတဲ့ အခါ အများစုဟာ ဘယ်လို
မျက်နှာထားမျိုးနဲ့ ဘယ်လိုနေရာတွေမှာနေရတယ်ဆိုတာမသိခဲ့ ကြဘူး။ အမြဲတမ်းမျက်နှာထားချိုချို
နဲ့ နေတာကိုကောင်းတယ်ထင်ခဲ့ တဲ့ နိုင်ငံဆိုတော့ပြုံးလွယ်ရယ်လွယ်ဘဲလေ။ တခါတလေမှာ အပြုံးဟာ
လည်းအဓိပ္ပါယ်အမျိုးမျိုးသက်ရောက်တတ်တယ်ဆိုတာငါတို့ မသိခဲ့ ကြတာပါ။ ငါအခုတလော ဟိုစာဖတ်
ဒီစာဖတ်နဲ့ အမေနဲ့ သားတယောက်ရဲ့ ပြဿနာလေးရေးထားတာဖတ်မိတယ်။ သူ့ သားက ဗမာစကား
မပြောချင်ဘူး။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံမှာမွေးတာမို့  ဗမာစကားဟာသူ့ အတွက် ဒုတိယ စကားဖြစ်
နေတာလေ။ ဒါပေမဲ့ ဒါနဲ့ တင်ပြီးသွားတာမဟုတ်ဘဲ သူ့ အမေကိုပြောလာတဲ့ စကားလုံးတွေက ငါ
အတွက်စဉ်းစားစရာဖြစ်လာတာ။ သူ့ အမေကိုပြောတယ် (သူတို့ သူငယ်ချင်းတွေ ဗမာလိုကြိုးစားပြီးပြောပေမဲ့ မပီဘူးတဲ့ ၊ အဲဒီအခါမှာဗမာလူကြီးတချို့ ဟာ သူတို့ မပီတဲ့ အသံအတိုင်းလုပ်ပြီး သူတို့ ပြောပြီးရယ်ကြတယ်တဲ့  )အဲလိုလုပ်တာဟာ ခလေးတွေကိုမှ မဟုတ်ဘူး လူကြီးတွေလည်းလုပ်ခံရတာပါဘဲ။ ငါတို့ အရှေ့ ဘက်ကလူတွေဟာအဲလိုအရေးကြီးတာတွေကျတော့အရေးမကြီးသလိုလုပ်ကြတယ်။ ငါလည်းငယ်ငယ်ထဲကလှောင်ပြောင်တာကိုမကြိုက်ခဲ့ တာ။ နင့်နဲ့ မှ အထင်လွဲခံရတာလေ။ နင်ကတော့ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့ လောကထဲကထွက်သွားခဲ့ တော့အခုအခြေနေတွေကိုဘယ်သိနိုင်
မျက်လုံးရိုင်းရိုင်း( အရင်ကတော့ခေါတောကြည့် လို့ သုံးတယ်လေ) နဲ့ ကြည့် တာမတွေ့ ရသလို၊
အမျိုးသမီးတယောက်လမ်းလျှောက်သွားတာကို ခြေလှမ်းမှားလောက်အောင်လည်းနှုတ်နဲ့ မရိုင်းပြ
ကြဘူး။ ဒါပေမဲ့ ငါ မလေးရှား နဲ့ စင်္ကာပူနိုင်ငံတွေမှာတော့ တခါတလေတွေ့ ရပါတယ်။
ဘာကြောင့်ကွာနေတာလဲဆိုတော့ အဲဒါဟာဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ ကျင့်ဝတ်တွေဖြစ်နေ
လို့ ဘဲ။ တယောက်နဲ့ တယောက် စကားများပြီးရန်ဖြစ်ကြတာတောင်မှ ပုတ်ခတ်ပြီပြောဆို
တာမျိုးမတွေ့ ရ မကြားရဘူး။ အပေါ်ကခလေးလေးသူ့ အမေကိုပြောပြ ခဲ့ တာတွေဟာ မမှားဘူး
အတွက် မားမားရပ်ခဲ့ တဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်နေလေရဲ့ ။ ငါတို့ နိုင်ငံ ဒီမိုကရေစီအခွင့်
အရေးတွေရလာရင်  သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းပြင်ကြရမှာတွေအများကြီးဘဲ။ငါလည်း
နင့်လို အရွယ်ငယ်ငယ်နဲ့ ဆုံးတဲ့ သူတွေ တွေ့ ရကြားရတဲ့ အခါ အမြဲသတိရပါတယ်။ ဂျပန်မှာတော့
နင့်လို အသားဖြူဖြူ မျက်ခုံးဆက်နေတဲ့ မျက်ခုံးထူထူနဲ့ မကော့ဘဲဆင်းနေတဲ့ မျက်တောင်ရှည်ရှည်
နဲ့ ခလေးလေးတွေတွေ့ ရင် နင့်ကိုငါအောင်းမေ့ ပါတယ်။ ငါချစ်ခင်တဲ့ သူတွေ ဆုံးပါးတဲ့ အခါ၊ ငါ့အ
ပေါ်အမြင်မကြည်လင်တဲ့ သူတွေဆုံးပါးတဲ့ အခါ၊ သိယုံသိပြီးမခင်တဲ့ သူတွေဆုံးတဲ့ အခါ ၊သိလည်း
မသိ ဆုံလည်းမဆုံဘူးတဲ့ သူတွေ ဆုံးပါးတဲ့ အခါ ငါရဲ့ တူညီတဲ့ ဆုတောင်းကတော့ အားလုံး
ကောင်းရာသုဂတိရောက်ပါစေလို့ ပါဘဲ။ 
အောက်တိုဘာမိုး
No comments:
Post a Comment