ငြိမ်းချမ်းရေး
ယနေ့ ခေတ်တွင် ၊ပြောဖြစ်သည်က
ငြိမ်းချမ်းရေးမှ ၊ငြိမ်းချမ်းရေးသို့ 
ငြိမ်းချမ်းရေးမရှိလျှင်
ဘာမှလုပ်၍ မရသည်ကို
နားလည်နေရမည် သိနေရမည်။
ဤသည်ကိုကြည့် ၍
လုပ်မှဖြစ်မည် မလုပ်လျှင်မဖြစ်
ငြိမ်းချမ်းရေးမှ ငြိမ်းချမ်းရေးသို့ 
လုပ်ရမည်ပါတကားဟူ၍ နားလည်းကောင်းစွ။
ငြိမ်းချမ်းရေး
လွတ်လပ်ရေးရပြီးကတည်းကစ၍
သို့ မှမဟုတ်၊ အဆန်းမဟုတ်
အရိုးဆုံးမှ ၊ အရိုးဆုံးဟု
နားလည်ကြရပေမည်တကား။
ယခုအခါမူ
ဇဝေဇဝါ ရှိသောခါလည်း
ပြည်သူအကြိုက် တိုင်းပြည်အကြိုက်
ဖြစ်နေမှတော့
အဘယ်ဆိုဖွယ်ရှိအံနည်း။
ဒဂုန်တာရာ
ပန်းကြာဝတ်မှုန် ၊ရန်ကုန်
၁၇ ဒီဇင်ဘာ ၂၀၁၁
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသမဂ္ဂများအဖွဲ့ ချုပ်၊၇၃ နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနား
ကိုပေးပို့ တဲ့ ကဗျာ)
No comments:
Post a Comment