အလင်းမှုန်
မြင်ကွင်း မရှင်းသေးဘူး
ကျွဲကူးရေပါ ဖြစ်မလား
ဆင်သွားလမ်းဖြစ် ဖြစ်မလား
များရာလက္ခဏာတပ်
ချပ်ချပ်ရပ်ရပ် ရှိနေကြချိန်။
တိမ်တောင်တွေကလည်း
ရောင်ပြောင်းတောက်ကြလွန်း
တံလျှပ်တွေကလည်း ဖျတ်ဖျတ်စူးရဲလွန်း
ဘယ်ဟာ ပုံရိပ်စစ် ဘယ်ဟာပုံရိပ်ယောင်
ဖောင်တွေကို ပြန်ဆောက်နေကြသောကာလ။
ဒီတဆောင်းကတော့
သူကောင်းဖြစ် မဖြစ်မသေချာ
မြစ်ကိုပစ်လို့ ချောင်းကို
ရှာကြတော့မယ့်ပုံ။
(စိုးနေလင်း)
( copy from ABMA Journal Volume 2 No 23 )
No comments:
Post a Comment