သခင်ကြီးရဲ့ ကဗျာ
ကောင်းစားမှပေါင်းစားမယ်
ဆိုတဲ့ အလုပ်
သခင်ကြီးဘယ်တော့မှ
မလုပ်ဘူး
ဒီအလုပ်ကို ကျုပ်အဖိုးလည်း
လုပ်ခဲ့ တယ် သခင်ဘဲ။
ကျုပ်အဖွားလည်း
လုပ်ခဲ့ တယ် သခင်ဘဲ။
ကျုပ်အဖေလည်း
လုပ်ခဲ့ တယ် သခင်ဘဲ။
ဒါကြောင့် ကျုပ်နံမည်
သခင်ကြီး
ကောင်းစားမှ ပေါင်းစားမယ်
ဆိုတဲ့ သူဟာ
သုဿန်ဇရပ်ပျက်ကြီးပေါ်ထိုင်ပြီး
အပင်းအဆိပ်ကိုမျိုနေတဲ့ 
အတိုင်းဘဲ
ဒီအလုပ်ကို ကျုပ်လုပ်တာကလဲ
ကျုပ်တယောက်တည်း
ကောင်းစားဘို့  မဟုတ်ဘူး
ကျုပ်မိသားစုတစု
ကောင်းစားဘို့ မဟုတ်ဘူး
ကျုပ်ဆွေမျိုးတစု
ကောင်းစားဘို့ လည်း မဟုတ်ဘူး
ဗမာပြည်သူပြည်သားတွေ
တောင်းမစားစေချင်လို့ 
ကောင်းစားစေချင်လို့ 
ဒီအလုပ်လုပ်နေတာ
အဲဒီအလုပ်ဟာ
နိုင်ငံရေးဘဲ။ (သခင်ကြီး)
(Youtube videoတခုမှကြားရသော ကဗျာတပုဒ်ပါ။ သူ့ နံမည်သခင်ကြီးလို့ ပြောလို့ သခင်ကြီးကဗျာလို့ ခေါင်းစဉ်
တပ်လိုက်ပါတယ်။ တခါတလေ ပြောသံကြားရသော နိုင်ငံရေးစိတ်မဝင်စားဘူးဆိုသူများအတွက်
ရည်ရွယ်၍ တမင်ကူးယူဖေါ်ပြလိုက်ပါတယ်) ( burmabüro blog တာဝန်ယူလုပ်နေသူ )
No comments:
Post a Comment