Monday, 13 February 2012









Posted: 12 Feb 2012 03:08 AM PST



သောင်းသောင်းဖြဖြ မြောင်းမြသားတွေ ကြိုဆိုကြပုံ (CNN ရုပ်သံ)



တမူထူးတဲ့ ကော့မှူးမှ ကြိုဆိုကြပုံ (CNN) ရုပ်သံ
Posted: 12 Feb 2012 02:43 AM PST
ပြည်ထောင်စုဘွား တိုင်းရင်းသားတွေရဲ့ တံဆိပ်အမှတ်အသားတွေနဲ့ တွေ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...
အဖွဲ့ချုပ် ရုံးရှေ့မှ အဖွဲ့ချုပ်အဖွဲ့ဝင်များ..
Getty Images,Reuters
Posted: 11 Feb 2012 12:50 PM PST
အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း 
(ရေးသားပြန်ဆိုသူ ဘလော့ဂ်ဂါ အလင်းဆက်)

ကမ္ဘာ့ဒေသ အသီးသီးမှ လူ့အခွင့်အရေး ကာကွယ်ပေးနေသူများ နှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ
စုံညီစွာ တက်ရောက်ခဲ့ကြသော လူ့အခွင့်အရေး၊ သည်းခံရေး နှင့် ဒီမိုကရေစီရေး အတွက်ပြုလုပ်သော ဒုတိယအကြိမ်မြောက်
ဂျီနီဗာ ထိပ်သီးဆွေးနွေးပွဲကြီး (Second Geneva Summit for Human Rights, Tolerance and
democracy)မှ အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ (Geneva 
Declaration on Internet Freedom) ကို ၂၀၁၀ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါတယ်..။

ယခုတလော ပြည်တွင်းမှာ ဘလော့ဂ်ဂါ အလင်းဆက် ဘာသာပြန်ဆို ရေးသားတဲ့ အဆိုပါ ကြေငြာစာတမ်းပါ အကြောင်းအရာ
များနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူ ဆွေးနွေးနေပြီး အင်မတန်ေ
အာင်မြင်နေတဲ့ ဘာသာပြန်စာတမ်း ဖြစ်ပါတယ်..။ မြန်မာနိုင်ငံလို အင်တာနက်ကို
ဆိုးဆိုးရွားရွား ကန့်သတ်ချုပ်ခြယ်နေတဲ့ နိုင်ငံတခုမှာ အီလက်ထရောနစ် ဥပဒေဆိုပြီး မတရားချမှတ်ထားတဲ့
ဥပဒေတွေအောက်မှာ လူတယောက်ရဲ့ အင်တာနက် လွတ်လပ်စွာ သုံးစွဲရပိုင်ခွင့်
အခွင့်အရေးတွေကို ဘာသာပြန် ရေးသား ဖော်ထုတ် တင်ပြထားတာ ဖြစ်ပါတယ်..။

စာမြည်း...
အင်တာနက် လွတ်လပ်ခွင့် (Internet freedom) အခြေအနေများ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရသော နိုင်ငံများတွင်
နိုင်ငံရေး အတိုက်အခံများ၊ ဂျာနယ်လစ်များနှင့် ဘလော့ခ်ဂါများ (Bloggers) သည် အကျဉ်းကျခံနေကြရပြီး
နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာကွယ်ပေးမှုကို အရေးတကြီး လိုအပ်နေသည်။
အင်တာနက် လူ့အခွင့်အရေးဆိုင်ရာ ဂျီနီဗာကြေငြာစာတမ်း
Posted: 11 Feb 2012 12:04 PM PST
အမေစု ကော့မှူး ပါတီစည်းရုံးရေးခရီးစဉ်
အမေ
(ကဗျာရှင် မင်းသုည)

အမေ့ရဲ့မေတ္တာ အမေ့ရဲ့သစ္စာ
အမေ့ရဲ့ကရုဏာ အကြင်နာတွေအောက်မှာ
ကျနော်တို့ ပြည်သူတွေဟာ
အမေ့ရင်ခွင်မှာ ခိုလှုံချင်ပေမဲ့
ခိုလုံခွင်မရခဲ့တာ ကာလတွေကြာခဲ့ပြီမို့
အခုလိုခိုလှုံခွင့် ရချိန်လေး
အမေ့မေတ္တာတွေ ပြည်သူကို ပေးဝေနေလိုက်တာ
ကြည့်ရသူအပေါင်း ဂုဏ်ပေါင်းခလို့
ပီတီဝေဖြာ ကြည်နူးလိုက်တာ အမေရာ။

အမေ့ကိုတမ်းတမက်ခဲ့ရတဲ့ အိမ်မက်တွေ
အခုတော့ ဆန္ဒပြည့်ပြီအမေ
အမေနဲ့ ပြည်သူလက်တွဲကူ ရှေ့ကိုဆက်
ကြားဖြတ် ရွေးကောက်ပွဲမှသည် အထွေထွေရွေးကောက်ပွဲ
အမေ့တို့ပါတီဝင်ကာ ဆင်နွှဲရင်
အမေ့ဘက်မှာ ပြည်သူအတူရှိနေပြီမို့
အမေ့ရဲ့မေတ္တာကရုဏာ သစ္စာကိုတိုင်တည်ပြု
အဓိဌာန်ပြုလိုက်မယ် 
အမေ့ရဲ့ပါတီ သေချာပြီအမေရေ
နိုင်ကို နိုင်ရမယ်လေ။ ။

မင်းသုည
Posted: 11 Feb 2012 09:23 AM PST
ကြည်စု ကျေးရွာက ကရင်တိုင်းရင်းသားတွေရဲ့ အိုးစည်၊ ဗုံမောင်းတွေနဲ့ ကြိုဆိုနေကြတဲ့ မြင်ကွင်း..၊ ကျေးရွာနာမည်ကလည်း ကြည်စုကျေးရွာတဲ့...

အပြုံးပန်းဝေနေတဲ့ ပြည်သူတွေ...၊ ကော့မှူးမှာ ပြိုင်တော့ ကော့မှူးကပြည်သူတွေ ဂုဏ်ယူစရာပေါ့.. ကမ္ဘာကလည်း ကော့မှူးဆိုတဲ့ မြို့လေးကို သိကုန်ကြပြီ..
ကော့မှူးမှာ ကြိုဆိုတာက တခြားမြို့တွေနဲ့ ကွာတာကတော့.. ကျေးရွာတွေက မိမိတို့ သက်ဆိုင်ရာ ရွာဆိုင်းဘုတ်လေးတွေ
ကိုင်ပြီး ကြိုဆိုကြတာ ကြည်နှူးစရာပါ...။ နဝတ၊ နအဖလက်ထက် ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲတွေမှာ တအိမ်တယောက်
မတက်မနေရ ဆိုင်းဘုတ်တွေကိုင်၊ ကြွေးကြော်သံတွေတိုင် နေပူကြဲတဲမှာထိုင်၊ ငိုင်နေကြရတဲ့ ပြည်သူတွေနဲ့ ကွာပါ့ဗျာ..။
 ယုံလို့ကြည်သည်... အနစ်နာခံလို့ ချစ်သည်။ ပေးဆပ်သူမို့ လေးစားသည်။
ကော့မှူးက အဖိုးမြစ်၊ အမေ့မြေးတွေ ဆိုင်းဘုတ်ကိုင်ပြီး ကြိုဆိုနေကြတဲ့ အဖေ့သွေး အဖေ့စိတ်
ပိုစတာကိုင်ထားတဲ့ သဘာဝပုံလေး...
ရဲဘော် သုံးကျိပ်နဲ့ BIA တပ်သားတွေ တနသာင်္ရီတိုင်းကနေ ဗမာပြည်တပြည်လုံးကို သိမ်းသလို
အမေစုနဲ့ ပြည်သူတွေ ခွပ်ဒေါင်းအလံတွေ ကိုင်ပြီး တမြို့ပြီး တမြို့ သိမ်းလာတာ မြင်တဲ့အတိုင်းပဲ.. သေနတ်တချက်
မဖောက်ရပဲ အပြုံးမျက်နှာတွေနဲ့ မိုက်တခုကိုင်ပြီး သိမ်းလာလိုက်တာ အောက်မြန်မာပြည်တော့ ကုန်ပြီ... ကမ္ဘာကလည်း
သိကုန်ပြီ..။ ကဲ ကလေးတွေ ပြောသလို ပြောလိုက်ပါတော့မယ်။ ကစားမလား နားမလားလို့.....
ဒီပုံနဲ့တင် ကော့မှူး ဝါးသင်္ခသားတွေကို အမှတ်ပြည့် ပေးလိုက်ပါပြီ...
ဓာတ်ပုံများက ပြောတဲ့ ပြည်သူ့စကားသံတွေကို အရှိကို အရှိအတိုင်း ခံစားရေးသားလိုက်ပါတယ်..။
AP, Getty Images,Reuters
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment