Saturday 4 February 2012




အမေနှင့် သူ၏ ပြည်သူများ (ကဗျာရှင် နေရဲနီ)
Posted: 03 Feb 2012 11:22 AM PST

အမေနှင့် သူ၏ ပြည်သူများ
(ကဗျာရှင် နေရဲနီ)

ပန်းမြတ်တော်ဝင်
သဇင်သည်လည်း
အမေ့ခေါင်းမှာပန်ခဲ့ပြီ။

ရဲ့ရင့်တည်ကြည်
နှင်းဆီနီလည်း
အမေ့ရင်ဝယ်ပွေ့ခဲ့ပြီ။

ပြည်သူကမ်းလင့်
အောင်ပွဲကိုကြို
သပြေညိုလည်း
အမေ့လက်သို့ရောက်ခဲ့ပြိ။

ချိုသာမိန့်ကြား
အမေ့စကားလည်း
ပြည်သူ့နားသို့ဝင်ခဲ့ပြိ။

အမေ့ဟန်ပန်
ညှိုးရော်ပြန်လည်း
အမေ့အသံ အားမာန်အပြည့်။
အာဏာရှင်ခေတ်
ဒုက္ခနွံနစ်
ဆင်းရဲတွင်းထက်
ရုန်းထွက်ဖို့ရာ
အမေ့စကား
ခွန်းချိုပျားသို့
ပြည်သူ့အတွက်
အားဆေးတစ်ခွက်။

စိတ်အားသန်သန်
ဇွဲမာန်မလျှော့
အရိုးကြေကြေ
အရေခမ်းခမ်း
ဖိနှိပ်မှုဒဏ်
အမေတွန်းလှန်ခဲ့။

ဘယ်လိုပမ်းပမ်း
ဘယ်လိုနွမ်းနွမ်း
ပြည်သူ့ရှေ့မှောက်
အမေရောက်သော်
အမေ့မျက်နှာ အပြုံးမပျက်။
အမေသည်ကား
ပြည်သူ့ရှေ့ဆောင်
ဗိုလ်မင်းရောင်မြေး
အောင်ဆန်းသွေးမို့
အာဇာနည်မျိုး သေရိုးမရှိ။

အမေ့ပီတိ ပြည်သူ့ပီတိ
အမေ့အပြုံး ပြည်သူ့အပြုံးတည့်။

ပြည်သူ့မျက်ရည် အမေ့မျက်ရည်
ပြည်သူ့ဒုက္ခ အမေ့ဒုက္ခတည့်။

အမေသည်ကား ပြည်သူ့အသက်
ပြည်သူသည်ကား အမေ့အတွက်။


နေရဲနီ
Posted: 03 Feb 2012 10:49 AM PST
 ဇန္နဝါရီလ ၃၁ရက်နေ့က ရန်ကုန်မြို့ စိမ်းလန်းစိုပြေ ပန်းခြံမှာ ပြုလုပ်တဲ့ We Are Flying To Be Free အခမ်းအနား ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက်ကြပါသည်...။ 
 အဆိုပါအခမ်းအနား၌ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြိုကီးတို့မှ အမှာစကားများ ပြောကြားခဲ့ပြီး ကိုမင်းကိုနိုင်
ထောင်တွင်းရေးစပ်ခဲ့တဲ့ သီချင်းအား ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ တက်ရောက်လာသူများနှင့်
အတူတကွ သီဆိုခဲ့ကြပါတယ်...။ ထို့နောက်မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆီးမီးဖောင်များ မျောခဲ့ကြပါတယ်..။
 ဓာတ်ပုံများ... ဒီမိုဝေယံ၊ ခမိခဆဲ..

Posted: 03 Feb 2012 10:20 AM PST
၂.၂.၂၀၁၂ မနက်၈နာရီက ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်များမှ ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ဖွဲ့စည်းပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများနဲ့
ဖမ်းဆီးခံခဲ့ရတဲ့ ပီးခဲ့တဲ့လ ၁၃ရက်နေ့က အကျဉ်းထောင်အတွင်းမှ ပြန်လည် လွတ်မြောက်လာကြတဲ့
(The Best Manure) လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်...။

မြောက်ဥက္ကလာပမြို့နယ် ၊ ဘုမ္မာ(၅) လမ်းနေအိမ်မှာ ကျင်းပပြုလုပ်တဲ့ အဆိုပါ ဂုဏ်ပြုပွဲ
အခမ်းအနားသို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ..၊ မစုစုနွေးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်
မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်..။

ယင်းအခမ်အနား၌ ကဗျာဆရာ/ စာရေးဆရာ သစ္စာနီမှလည်း ခွပ်ဒေါင်းသြဘာစာ မဟာကဗျာ လေးချိုးကြီးကို
ရွတ်ဖတ် ဂုဏ်ပြုခဲ့ပါတယ်..။
 

ဓာတ်ပုံများ... ဒီမိုဝေယံ၊ ခမိခဆဲ
Posted: 03 Feb 2012 08:49 AM PST
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်စ်
အိုဟေးကင်တာနား သည် ယနေ့ နေ့လည်၃နာ၇ီခွဲမှ ၄နာ၇ီခွဲခန့်အထိ ရန်ကုန်မြို့
တက္ကသိုလ်ရိပ်သာလမ်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းအား သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
အလားတူ တိုင်းရင်သားခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး
ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဗမာနိုင်ငံလုံးဆိုင်ရာေ
ကျာင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကိုကိုတို့နှင့်လည်း ယနေ့ (၃.၂.၁၂) ညနေ ၆း၀၀ တွင်တွေ့ဆုံ ခဲ့ကြကြောင်း သိရှိရပါသည်..။

သတင်း၊   ၊ ဓာတ်ပုံ... ဇော်တူး၊ ဒီမိုဝေယံ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment