Tuesday, 7 February 2012




Posted: 05 Feb 2012 09:52 AM PST
ဒလမြို့ တော်ကြီး စီမံကိန်း နိဂုံးပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒလအကြောင်း ရေးစရာတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်ပေါ့ မြို့တော်တည်ထောင်ထာ မြန်မာနိုင်ငံရဲ့
အကြီိးဆုံးနဲ့ စီးပွားရေးအရ အရေးအပါဆုံး မြို့တော်ကြီးကို ကျနော်တို့ မြန်မာတွေ ကိုယ်တိုင် စိတ်ထိုင်းကျကျ
တည်ဆောက်နိုင် တည်ဆောက်တဲ့ မြို့တော်ကြီးအဖြစ် သမိုင်းမှတ်တမ်း ထိုးနိုင်မယ့် မြို့တော်ကြီးဘဲ ဖြစ်ပါတယ်။
တနည်းလဲ ဒီလိုစီးပွားရေးအရ အလွန်အချက်အခြာ ကျပြီး အလွန်ကြီးမားလာမဲ့ မြို့တော်ကြီးကို
စစ်အစိုးရ အဆက်ဆက် မတည်ဆောက်နိုင်ခဲ့ဘူး ဆိုတာလဲ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့ပါပြီ။

INFRASTRUCTURE အခြေခံ အဆောက်အဥိး တည်ဆောက်တာ စံနစ်ကျဖို့က စီမံကိန်းဌာန အရေးပါသလို
နိုင်ငံတော် လူကြီးတွေကလည်း အမျှော်အမြင်ကြီးမားဖို့ အထူးလိုအပ်နေပါတယ်။ ရောက်လေရာ
လက်ညိုးထိုးတဲ့ အာဏာရှင် ဘ၀င်စိတ်နဲ့ မြို့တော်ကြီး တည်ဆောက်လို့ မရပါဘူး။  အာဏာရှင်စိတ်ဓါတ်နဲ့
တည်ဆောက်လို့ နည်းပညာ တတ်သူတွေ ရှိရင်တောင် မြောက်ကိုးရီးယားလိုဘဲ ဖြစ်နေပါမယ်။ မြို့တော်ကြီးကို
နိုင်ငံတကာက ပညာရှင်တွေ ဆီက အကြံဥာဏ်တွေ အများကြီး ရယူရပါမယ်။ ယခင်ကလို အိမ်ရှိမယ်၊
လမ်းရှိမယ်၊ သောက်ရေ ရှိမယ်ဆိုတာလောက်နဲ့ ဒီဘက်ခေတ်မှာ မလုံလောက်တော့ပါဘူး။ မီးပွုင့်တွေ လမ်းတွေကိုက
နည်းပညာ ယူစရာတွေ တပုံတပင်ကြီး လိုအပ်နေပါတယ်။ ဥကမာ တိုးတက်နေတယ် အမေရိကန်နဲ့
ကပ်လျှက်ရှိနေတဲ့ မက္ကစီကိုနိုင်ငံမြို တော်အတွက် လမ်းမီးပွုင့်တွေကို ဆစ်ဒနီက နည်းပညာကိုရယူထားပါတယ် ။

ဒီလိုဘဲ တရုတ်ပြည်ကမြို့ တခုအတွက်လဲ ဆစ်ဒနီက မီးပွုင့်နဲ့  လမ်းတွေကို နမူနာယူပါတယ်  ကျနော်တို့က
ဒါလေးလောက်များ အလွယ်လေးပါလို့  မထင်မိဖို့ လိုပါတယ်ခင်ဗျာ။ နည်းပညာတွေအများကြိး သူများဆီက
ဝယ်ယူတန် ၀ယ်ယူတာ လုပ်ရပါမယ်။

နောက်ဒလ မြို့တော်မှာ ငွေအကုန်အကျ ခံနိုင်မယ်ဆိုရင်ပေါ့ မြေအောက်ရထားလမ်း လုပ်သင့်ပါတယ်။ တချိန်မှာ
လူဦးရေ တိုးတက်လာမယ် စက်မှုလုပ်ငန်းတွေ တိုးတက်လာရင် မြို့နေလူထုအတွက် အကောင်းဆုံးသော
ပို့ဆောင်ရေး စံနစ်ကတော့ မြေအောက်ရထားသာလျှင် ဖြစ်ပါတယ်ခင်ဗျာ။ မြေပေါ် မိုးပျံလမ်းတွေက တကယ်
လူဦးရေးတိုးတက်လာရင် သိပ်မနိုင်လှပါဘူး။ အထူးသဖြင့် ရုံးဆင်း ရုံးတက်ချိန် (Rush hours) ပေါ့လေ
မှာ မိုးပျံရထားဆိုတာ တွဲနည်းနည်းလေး။ ရထားလမ်းက နှစ်ခုလေးနဲ့ ဘာမှ သိပ်မနိုင်ပါဘူး။ မြေအောက်
ရထားကတော့ တွဲများများ နှစ်ထပ် ရထားစတာတွေနဲ့ လူများများ သယ်နိုင်ပါတယ်။

ဒလမြို့တော်မှာ ၉၄-ခုနှစ်က လာတဲ့ သူတွေ ရေးဆွဲထားသလို မိလ္လာပိုက်တွေကို အဆင်ဆင့် နေရာ-၃ / ၄ နေရာမှာ
မိလ္လာကိုပြန်လည် ခွဲထုတ် ရေကို စိုက်ပျိုးရေး သန့်စင်ရေးတွေအတွက် ပြန်လည်အသုံးပြုပြီး မိလ္လာကို
မီသိန်းဓါတ်ငွေ့ထုတ်။ စွမ်းအင်ထုတ် အသုံးပြု ကျန်တဲ့မိလ္လာကို မြေသြဇာ လုပ်တဲ အဆင့်မျိုးအထိ ချိန်ဆထားရပါမယ်။
လက်ရှိ ရန်ကုန်စည်ပင်က လုပ်နေသလို မိလ္လာကို ကားနဲ့ စုပ်ထုတ် ရန်ကုန်မြစ်ထဲ (ပုဇွန်တောင်ချောင်းထဲ
ဖေါက်ချတာကတော့ မလုပ်သင့်တော့ပါဘူး။ လုပ်နေသေးတုံးဆိုရင် ဗွီဒီယိုမှတ်တမ်းတွေ လုပ်
ကမ္ဘာကိုသိအောင် ဖေါ်ထုတ်တာ လုပ်ပေးရပါမယ်)။

ယခင်က ရေးခဲ့သလိုပါဘဲ ဥပမာ ဆစ်ဒနီမြို့ တော်မှာ မြို့တခုလုံး ကစားကွင်းတွေ ကလေးကစားကွင်းတွေ
ပန်းခြံတွေ အများကြီး လုပ်ထားပါတယ်။ မြို့နယ်တခုနဲ့ တခု ကြားမှာလဲ တောအုပ်ကြီးတွေ ချ
န်ထားပါတယ်။  ကားမောင်းသွားရင် မေမြို့တောင်တက် လမ်းလေးတွေကို ဖြတ်သန်းနေရသလို
ရှူခင်းလှလှ လေးတွေ ရှိနေပါတယ်။ ပြည်သူတွေ အေးအေးလူလူ အနားလွယ်လွယ် ကူကူယူလို့ ရအောင်
စီမံထားတာပါ။ ပြည်သူတွေ စိတ်စွမ်းအား ကောင်းမွန်နေစေဖို့ အမြော်အမြင် ရှိရှိ လုပ်ထားတာပါ။
ပြည်သူပြည်သားတွေ စိတ်ရွှင်လန်းဆန်း နေခြင်းဟာ တီထွင်မှု ကုန်ထုတ်လုပ်မှု တွေနဲ့ဆက်စပ်နေတော့ ပြည်သူတွေ
စိတ်အပန်းဖြေချင်ရင် လွယ်လွယ်ကူကူ အပန်းဖြေစရာ နေရာတွေ အများကြီိး ဖန်တီး ပေးထားတာပါ ။

အခုဒလ မြို့တော်ကြီးမှာ ယခင်က ရေးထားသလို အင်းယားကန်ထက် နှစ်ဆ သုံးဆ ကြီးတဲ့ ရေကန်ကြီးတွေ
၃/၄ ခုလောက် လုပ်ထားမယ်ဆိုရင် ရေကန်၊ ရေပြင်အကျယ်နဲ့ ရေထုအားကြောင့် ရာသီဥတု မျှတတာလဲ ရမယ်။
အင်းယားကန် ဘေးမှာ ထိုင်ကြည့်ရင် လေအေးအေးလေး တိုက်ခတ်နေတာ အလွန်ထူးခြား အေးဆေး နေစေပါတယ်။
ဒီနိုင်ငံတွေမှာ ရေပြင်နဲ့ နီးတဲ့အိမ်တွေ ဈေးကောင်းရနေတာ အိမ်ကြော်ငြာရင် ရေပြင်နဲ့ နီးတာ ကြော်ငြာနေကြတာ ဒါပါဘဲ။

ပြည်သူလူထု စိတ်အနား ယူစရာနေရာလဲ ဖြစ်ပါမယ်။ ကန်တွေ လုပ်လို့ တူးထုတ်လိုက်တဲ့ မြေသားတွေဟာ ဒလဘက်
မြေနိမ့်နေမှုကို ဖို့ပေးရာမှာလဲ သုံးလို့ရပါမယ်။ ပြည်သူလူထု အတွက် ရေကန်နဲ့ နီးစပ်မှုဟာ အပန်းဖြေမှု တခုပါဘဲ။
ဘေးပတ်လည်မှာ ကလေးကစားဖို့ ကွင်းတွေပါ ဖြည့်စွက်ထားမယ်ဆိုရင် အလုပ်အကိုင်သစ်တွေပါ
ပေါ်လာပါမယ်။ ပြည်သူတွေ ကိုယ်ကျန်းမာရေး အတွက် အကျိုးရှိစေသလို စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးထက်ကို
အရေးကြီးပါတယ်။

တခုတော့ ရှိတယ်။ နိုင်ငံတော်ရဲ့ မြို့ တော်ကို ကြပ်ပြေးကို ပြောင်းထားတာက ၂၀၀၆- နှစ်အစက ဆိုတော့ အခု ဒလဘက်ကို
ပြောင်းရပြန်တော့ ဆယ်နှစ်အတွင်းမှာ မြို့တော်ပြောင်းရတာ နှစ်ခါဖြစ်နေတော့ တိုင်းပြည်ဟာ နှစ်ခါပန်းနေပါပြီ။
မတတ်သာဘူး။ တိုးတက်ဖို့အတွက် ဦးစားပေး၊ စဉ်းစားပြီ ဆိုရင် ပန်းတာ ခနဖယ်ထား။ လှမ်းစရာရှိတာ
လှမ်းရပါတော့မယ်။ ကမ္ဘာကြီးမှာ စီးပွားရေးချိန်ခွင် လျှာပြောင်းနေချိန် ကိုယ်က ပိုအမြင်ကျယ်ကျယ် လှမ်းထားရပါမယ်။
ခေါင်းဆောင် တစ်ဦးရဲ့ အမျှော်အမြင်ပေါ် ကျနော်တို့နိုင်ငံ ခြေလှမ်းဘယ်လောက် ရောက်တယ် ဆိုတာ သမိုင်းက မှတ်တမ်း
ထိုးပေးလာပါမယ်။

သမ္မတကြီးဦးသိန်းစိန် ရဲ့ အမျှော်အမြင်အား ဘယ်လောက်ဆိုတာ သမိုင်းက မှတ်တမ်းထိုးမှာပါ။  ငါလုပ်တာ
မှန်တယ်ဆိုပေမဲ့ ဥပမာ စာမေးပွဲတော့ အောင်တယ်။ အမှတ်ဘယ်လောက် ရသလဲကလည်း အရေးကြီးသေးတယ်လေ။
အခုဘဲ အမေရိကန် ကိုကြည့်ပါ။ ကျနော်ကတော့ ၂၀၀၀-နှစ်သမတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အယ်ဂိုးလ်ကို
အကြိုက်ဆုံးပေါ့။ ဘွတ်တို့က ညစ်လိုက်တယ်လို့ ပြသနာရှိခဲ့တယ်။

ဒီဘွတ် ဆိုသူကို ကျနော်က တစက်လေးမှ မကြိုက်ဖူး။ သမ္မတကလင်တန် မိန့်ခွန်းတွေဆို ကျနော်သိပ်ကြိုက်လို့
တကူးတက ကူးထား နားထောင်တယ်။ ဘွတ်ဆိုရင် သူ့အသံကိုက သမ္မတ လေသံနဲ့မတူဘူး။ သမ္မတလေသံ
မဟုတ်တော့ နဲနဲလေးမှ နားထောင်မရဘူး။ သူ့လက်ထက် အမေရိကန်ကြီး စီးပွားပျက်တော့တာပါဘဲ။
ဘယ်လောက်ညံ့တဲ့ သူလဲဆိုရင် စီးပွားပျက်စ ပြုနေတာတောင် မသိ သတိမထားမိသူပါ။ ဘာကြောင့်
ပျက်ရတယ်ဆိုတာကို သိဖို့ကတော့ ဝေလာဝေးပေါ့။

အခု အိုဘားမား တက်လာတယ်။ စီးပွားရေးကို အတက်ဘက် ပြန်လှဲ့အောင် လုပ်နိုင်ခဲ့ပါပြီ။ တနေ့က နှစ်သစ်မိန့်ခွန်းပေါ့
Speech of the Union Address မှာ သူ့ရဲ့ အမျှော်အမြင်တွေကို လှစ်ဟ ပြလိုက်ပါတယ်။ ခက်တာကတော့
လွှတ်တော်နှစ်ရပ်လုံးမှာ အတိုက်အခံ ရီပတ်ပလစ်ကန်တွေ စီးထားတာပါဘဲ။ အများစုဖြစ်နေတော့ စိတ်ထင်တိုင်းလုပ်
လို့မရ ဖြစ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အမျှော်အမြင်ကိုတော့ သိခွင့်ရလိုက်ပါတယ်။

ဒီလိုဘဲ ကျနော်တို့ နိုင်ငံတော်ကြီးဟာ အနုတ်လက္ခဏာ ကနေ အပေါင်းဘက် ပြန်ပြလာအောင် သမ္မတကြီး ဘယ်လောက်
အမျှော်အမြင်ရှိတယ် ဆိုတာထက် ဘယ်လောက် လုပ်ပိုင်ခွင့်ရှိတယ် ကလည်း စကားပြောနေရပါတယ်။
ခက်တာက နေပြည်တော် စီမံကိန်းကြီးဟာ နိုင်ငံတကာနဲ့ စီးပွားရေး ယှဉ်ပြိုင်တဲ့ အခါမှာ အနုတ်လက္ခဏာဆိုတာကို
ထုတ်ဖေါ်ပြောဆိုဖို့  ဘယ်သမ္မတ မှ ပါးစပ်မဟရဲကြပါဘူး။

ဒလမြို့တော်ကြီးကို တံတားလေးထိုး ဟိုနားတစ်ကွက် ဒီနားတကွက်တိုးချဲ့ နေလို့မရပါဘူး။ တောမြို့လေးသာသာ
ဖြစ်သွားပါမယ်။ နိုင်ငံတော်ကနေ စီမံကိန်းကို စံနစ်တကျ ရေးဆွဲပြီး ခေတ်မှီပညာရှင်တွေရဲ့ အကြံဥာဏ်တွေ ရယူပြီး
ဖေါ်ဆောင်မယ်ဆိုရင် ကျနော်တို့ဟာ အာရှမှာ တခြားအာဆီယံ နိုင်ငံမြို့တော်တွေထက် အဘက်ဘက်က
သာလွန်တဲ့ မြို့တော်လည်း ရှိလာမယ် ပြည်သူလူထု ကလည်း ကမ္ဘာကကြိုက်ရတဲ့ လူစားမျိုးတွေ
ဖြစ်နေတယ်။ သယံဇာတကလည်း ပေါကြွယ်တယ်။ ရေအား အရင်းအမြစ်ကလဲ ကောင်းမွန်တယ်ဆိုတော့ မကြာခင်
အချိန်တိုအတွင်းမှာကို အာရှရဲ့  ကျားဆိုတာထက် ဆင်ကြီးဖြစ်လာစေရပါမယ်။

အချုပ်အားဖြင့်တော့ ဒလ မြို့ တော်ကြီးကို တည်ဆောက်တာဟာ နိုင်ငံတကာကို ယှဉ်ပြိုင်ရေးမှာ မဖြစ်မနေ လှမ်းရမဲ့
ခြေလှမ်းဖြစ်တယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲများ Forum တခုလုပ်ဆွေးနွေး စကားဝိုင်းတခု လုပ်သင့်တယ်လို့ဘဲ
တင်ပြလိုပါတယ်။ Forum သာလုပ်လိုက်ရင် စီမံကိန်းဆွဲတာရဲ့ ခြေလှမ်းအစ ပါလှမ်းမိသား ဖြစ်သွားပါပြီ။
သမ္မတကြီး တစ်ဦးတည်း အနေနဲ့လဲ နေပြည်တော်ကြီး ကနေ ပြန်ပြောင်းတယ်ဆိုတဲ့ ခေါင်းပေါ်
အလွန်ကြီးလေးတဲ့ တာဝန်ကြီး မကျနိုင်တော့ပါဘူး။ ဒီကိစ္စဟာ ပေါ့သေးသေးကိစ္စ မဟုတ်ပါဘူး။ အားလုံးမှာ Team
Work အသင်းလိုက် တာဝန်ယူ သလိုလည်း ဖြစ်သွားစေပါမယ်။

တိုင်းပြည်တိုးတက်ရေး တံခါးတွေ ဖွင့်ပေးလာလေ ဘယ်မလဲ ခေတ်မှီလေယာဉ်ကွင်း ဘယ်မလဲ
ဆိပ်ကမ်းတွေ။ ဘယ်မလဲ နိုင်ငံခြားသားတွေ ဈေးသင့်တင့်တဲ့ အိမ်ငှားစရာ ရင်နှီးလုပ်ကိုင်စရာ မြေ(ဈေးသင့်တင့်တဲ့မြေ)။
ဇန္န၀ါရီလထုတ် ဂျာနယ်တခုမှာ ရန်ကုန်မြေဈေးတွေဟာ ရင်းနှီးမြုပ်နှံ မှုတွေကို ကန်ထုတ်နေတယ်လို့ ပညာရှင်တစ်ဦးက
သုံးသပ်ထားပါတယ်။ အဓိပါယ် မရှိဖြစ်နေပါမယ်။ ဖွင့်ကားဖွင့်၏ တံခါးကတော့ဖွင့်ပါရဲ့ အထဲမှာ မွန်းကြပ်သိပ်နေတော့
ဝင်လို့မရတဲ့ အခန်းတခုနဲ့ တူနေတာလေးကို စဉ်းစားကြပါလို့ တာဝန်ရှိ လူကြီးမင်းများကို တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို လေးစားလျှက်နှင့်  ခြေလျှမ်းသွက်သွက် လှမ်းကြဖို့ ဒလစီမံကိန်းကြီးကို နားစွင့်ထားကြပါ
လို့

လှိုင်မြင့်
Posted: 05 Feb 2012 09:51 AM PST
ယခင် ဒီပဲယင်းတရားခံ ယခုငြိမ်းချမ်းရေးကော်မတီမှာ ခြေလှမ်းသွက်နေတဲ့ ဦးအောင်သောင်း

*****ဓါးအိမ်မှ ဓါးဆွဲထုတ်ရန်အချိန်ရောက်လာပြီးလား? *****
(ရေးသားတင်ပြသူ MKA)
ဦးသိန်းစိန် သမ္မတဖြစ်ချိန်ကစပြီး လုပ်ပိုင်ခွင့်ပျောက်နေတဲ့ လူတစ်ယောက် ဘယ်နေရာက
ထွက်လာမလဲလို့ဆိုပြီး သူငယ်ချင်းတွေကိုတော့ ပြောဖြစ်တယ် မြန်မာနိုင်ငံ လမ်းကြောင်းမှန်မှန်
ရှေ့ဆက်သွားဖို့ ဒီလူကို ဒီတိုင်း မေ့ထားပြစ်ထားလို့ မရတဲ့သူ အမြဲသတိထား နေရမယ့်သူ ရှိတယ်လို့ သူကတော့
တစ်နည်းနည်းနဲ့ လုပ်ပိုင်ခွင့်ရအောင်ယူပြီး ရှေ့ထွက်လူမိုက် လုပ်လာလိမ့်မယ်လို့ ကျွန်တော်ဆိုလိုတဲ့သူကတော
ကောက်ကျစ်ပြီး ယုတ်မာတဲ့ ......

သတိ.... သတိ..... သတိ..... ဒီမိုလိုလားသူ အားလုံး...သတိ...... သတိ...... သတိ.... အမေစုအား ကာကွယ်ထား ...

လက်နက်ကိုင် တိုင်းရင်သားတပ်တွေကို ပျားရည်စမ်းထားသော မုသားစကားများဖြင့် ဦးအောင်သောင်း
ဦးဆောင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေတာ အောင်မြင်နေပါတယ်။ ဦးအောင်သောင်းဟာ
ဦးသန်းရွှေကို သတင်းမှား သတင်းမှန်တွေ ရောပို့ပြီး ကိုယ်ကျိုးအတွက် အကာအကွယ် ယူထားသူပါ၊
လုပ်ပိုင်ခွင့်ရအောင် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် နေရာကိုတောင်းယူပြီး ဦးသန်းရွှေ၏ ယုံကြည်မှု ပြန်ယူထားပါတယ်၊

ရည်ရွယ်ချက်က ပြည်တွင်းဒီမိုအဖွဲ့က အရမ်းအားကောင်း လာတာကြောင့်ပါ၊ တိုင်းရင်းသားတွေက ထိုင်ခုံ၊ အာဏာ၊
လုပ်ပိုင်ခွင့်ကို မလှုပ်ရှား၊ မပိတ်ပင်နိုင်ပါဘူး၊ ပြည်တွင်း အဖွဲ့အစည်းတွေကသာ ပြုလုပ်နိုင်လို့ပါ၊
ပြည်တွင်းဒီမိုအဖွဲ့အား ထိမ်းချုပ်ရန် ကြိုးစားနေချိန်မှာ လက်နက်ကိုင် တိုင်းရင်းသားတပ်တွေ ကသူတို့အား
မတိုက်နိုင်အောင် ငြိမ်းချမ်းရေး အရင်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို စစ်စတင်ပြုရခြင်း အကြောင်းတွေက စစ်တပ်အတွင်း အောက်ခြေ
အရာရှိတပ်သားများ စားသောက်နေထိုင်မူ မလုံလောက်၍ အခွင့်ထူးခံ အပေါ်ပိုင်း ဗိုလ်ချုပ်တစ်စုအား
မကျေမနပ် ဖြစ်လာခြင်း၊ တပ်တွင်းပုန်ကန်မူ ကြီးထွားလာခြင်း၊ ဒီမိုအဖွဲ့သားများနှင့် ပူးပေါင်းသွားမှာကို
ကြောက်ရွံလာခြင်းကြောင့် အာရုံပြောင်းကာ ရှေ.တန်းပို့၍ တိုက်ပွဲ့ဖေါ်ဆောင်ခြင်း၊ အပေါ်ပိုင်း
ဗိုလ်ချုပ်တစ်စု  နောက်ခံ စီပွားရေးသမားကြီးတွေက တိုင်ရင်းသားနယ်မြေ (ကချင်၊ ရှမ်း၊ ထားဝယ်
)ဒေသတွေမှာ လုပ်ပိုင်ခွင့် ပိုမိုလိုချင်လာခြင်းနှင့် ကိုယ်ကိုကိုယ်အထင်ကြီးကာ (တရုတ်အားကိုးဖြင့်) တိုင်းရင်းသား
လက်နက်ကိုင်များအား အလွယ်တကူ ချေမှုန်းနိုင်မယ်ထင်ကာ ခိုင်လုံသော အကြောင်းပြချက်မရှိပဲ စစ်ပွဲစတင်ခဲ့ပါတယ်..။

ရှမ်းတပ်နှင့် ကချင်တပ်တို့အား ထိုးစစ်ဆင် တိုက်ခိုက်မူတွင် စစ်တပ်မှ အကျအဆုံးများပြားကာ အောက်ခြေအရာရှိ
တပ်သားများ မကျေနပ်မူ ပိုမိုကြီးထွားလာကာ အာဏာသိမ်းဖို့အထိ ကြံရွယ်လာခြင်းကြောင့် ဦးအောင်သောင်း
ဦးဆောင်ပြီး လိုက်လျှောမူတွေပေးကာ အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။
(ဘဘရွှေညွှန်ကြားချက်တွေပါ)၊ ငြိမ်းချမ်းရေးရတာ အလွန်ကောင်းပါတယ်၊ နှစ်ဖက်စစ်သည်တွေ အကျအရှုံးမရှိ
ပြည်သူတွေ မထိခိုက် ဒုက္ခ မရောက်တော့ဘူးပေါ့ (စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလေ ပိုကောင်းလေပါပဲ)၊
ငြိမ်းချမ်းရေးရတဲ့ အတွက်ကြောင့် အောက်ခြေ အရာရှိတပ်သားများ မကျေနပ်မူ အထိုက်အလျှောက် ပြေလျှောလာပါတယ်၊
ဦးအောင်သောင်း မျက်နှာရလာတယ် ကစားတာခြေသွက်လာပြီ ပြည်တွင်း ဒီမိုအင်အားစုတွေကို ပြန်လည်ခြိမ်းခြောက်
လာနေပါတယ်၊ ကိုမင်းကိုနိုင်ပြောသလို ဓါးအိမ်ပြလို့မှ နောက်မဆုတ်သွားသူကို ဓါးဆွဲထုတ်ကာခုတ်ဖို့
သတ္တိပြရန် အချိန်ရောက်လာပြီးဖြစ်ကြောင်း...... ဒီမိုလိုလားသူ တပ်မတော်သားများ ခင်ဗျာ အာဏာရူးေ
နသူတွေကို တိုက်ထုတ်ရန် ညီအကိုတို့မှာလည်း တာဝန်ရှိပါကြောင်း..... နိုးဆော်လိုက်ပါတယ်...။ 

MKA
Posted: 05 Feb 2012 07:03 AM PST
စင်္ကာပူနိုင်ငံ ၀ရဓါတု ရတနာရာမ ဓါတ်တော်တိုက်ဆရာတော် ဦးစီးသော "ဗြဟ္မစိုရ် နှလုံးသား ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့"မှ မြန်မာပြည်ဖွား မိသားစုဝင်
ကချင်စစ်ဘေးသင့် တိုင်းရင်းသား ညီအကို မောင်နှမများအတွက် အလှူငွေ S$2000သို့ ဖေဖေါ်ဝါရီ ၄ ရက်
၂၀၁၂ ( စနေနေ့) တွင် စင်္ကာပူနိုင်ငံရှိ ကချင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့အား ပေးအပ် လှူဒါန်းလိုက်ကြောင်း သတင်းရရှိပါသည်။
ဦးတင်မောင်ဝင်းအား ကျေးဇူးတင်ပါသည်...။
Posted: 05 Feb 2012 06:49 AM PST
လူမှုရေး သူရဲကောင်း ဇနီးမောင်နှံ

နာရေးဆိုလျှင် အများကမင်္ဂလာ မရှိဘူး။ ရှောင်ရင်း၊
ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟုထင်မြင်ကြပြီးဝေးဝေးပြေးကြပြန်တယ်။အမှန်တော့
ဒါတွေကိုမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာ ဖြစ်ပါသည်။

၎.၂.၂၀၁၂ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ "သုခအာဟာရ စားသောက်ဆိုင်" ၌ နေ့လည်
(၁း၀၀) နာရီမှ (၃း၀၀) နာရီအချိန်တွင် မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို
နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့သည်။
မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး
မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ် နေသူဖြစ်သည်။

မင်္ဂလာအခမ်းအနားပြီးပြီးချင်းမွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ
ဒေါ်တင် အသက် (၈၁)နှစ်၏ ရုပ်အလောင်းအား မင်္ဂလာဇနီးမောင်နှံ မောင်ဇင်ဖြိုးအောင်နှင့်
မထက်ထက်ထွေးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူအထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးဖြင့် အမြင့်မြတ်ဆုံး
မင်္ဂလာကို ကူညီဖေးမ ရယူခဲ့သည်။ မင်္ဂလာရှိသော နေ့ရက်အချိန် ကာလတွင် ထပ်မံ၍ ကုသိုလ်ဖြစ် မင်္ဂလာပွဲအား
ဆင်နွှဲခဲ့ကြသည်။

မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့ နီးတူ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်
မင်္ဂလာအခမ်းအနား ဧည့်ခံကျင်းပ ကျွေးမွေးပြီးသည့်နောက် နာရေးကူညီမှု လမ်းကြောင်းများကို သတို့သား၊
သတို့သမီးဝတ်စုံဖြင့် မင်္ဂလာယူခဲ့သော ဇနီးမောင်နှံ များသည်လည်း များစွာရှိခဲ့ပြီး ဖြစ်သည်။ အချို့သော
နာမည်ကြီးဟိုတယ်/ စားသောက်ဆိုင်များရှိ မင်္ဂလာအခမ်းအနား ကျင်းပရာတွင်လည်း မိမိတို့အားဂုဏ်ပြု ပေးအပ်မည့်
လက်ဖွဲ့ပစ္စည်းများ အစားလူမှုရေး အသင်းအဖွဲ့များသို့သာ လှူဒါန်းမှုပြုလုပ်ရန် စီစဉ်ခဲ့သော  မင်္ဂလာပွဲများလည်း ရှိခဲ့ဖူးသည်။

ထို့ကြောင့် အယူသီးမှုများကို တိုက်ဖျက်ကြသော မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရား လေးပါးအားလက်ကိုင် ပြုကာ
မြင့်မြတ်သော ကုသိုလ်ရေး ကိစ္စများကို လုပ်ဆောင်ကြသည့် မင်္ဂလာဇနီး မောင်နှံများအား လူမှုရေးသူရဲကောင်း
ဇနီးမောင်နှံများအဖြစ် ဂုဏ်ပြုလိုက်ပါတော့သည်။

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment