Monday, 6 February 2012







Posted: 05 Feb 2012 05:17 AM PST
(နှစ်ခါကျွန်ဖြစ်ခံမလားလို့  အသားလွတ် ချဲ သွားတဲ့ ကြံ့ဖွံ့ အမတ်လောင်း Dr စိုးမင်း

မေး။ ။ DASSK(ဒေါ်အောင်ဆန်းစုကြည်) ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန်မှာကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာ
ပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ DASSK နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လိုမျှော်လင့်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊ရိုးသားတဲ့စိတ်ဓာတ်နဲ့  နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲကရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့
ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲပြည်သူတွေကို မလိမ်ဘဲ ပြောကြားစည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြမယ့် ပြည်သူတွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ DASSK အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စားတာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။
ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ DASSK နဲ့ တွေ့ ဖို့ ရှိသေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

(Messenger ဂျာနယ်မှ ထုတ်နုတ်ဖော်ပြပါတယ်)
Aung myo tun

Posted: 05 Feb 2012 02:00 AM PST
ပန်းကိုထွန်း ရဲ့ ပန်းချီကားလေး ဇစ်ပိတ်ထားရင် မြင်ရတဲ့ပုံ
သူ့ ပန်းချီကားလေး ရဲ့ အိုင်ဒီယာလေး ကို ရှင်းပြနေတဲ့ ပန်းချီ ကိုထွန်း
ပန်းချီ ကိုထွန်းရဲ့ ပန်းချီကားကို ဇစ် တစ်ဝက်ကျော် ကျော် ဖွင့်ပြီးတဲ့ အချိန် မြင်ရတဲ့ ပုံပါ
ပန်းချီ ကိုထွန်းရဲ့ ပန်းချီကားလေး အကုန်နီးပါး ဖွင့်ပြီးချိန်ပေါ့

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ၄-၂-၂၀၁၂ မှ ၆-၂-၂၀၁၂ အထိ ပြသမှာ ဖြစ်ပါတယ် ၊ ခဏရောက်ခဲ့ တဲ့ အချိန်မှာ ရိုက်ခဲ့ ပုံလေးများ မျှဝေပေးခြင်းပါ။ ဒီပွဲကို တကယ်ဆို အန်တီစု တက်ရောက်ဖွင့်လှစ်ပေးဖို့ပါ ၊ အကြောင်းကြောင့် မတက်ရောက်နိုင်ပေးပေမဲ့လည်း ကျွန်တော်တို့ ရွှေမန်းသားများ တက်တက် ကြွကြွ ရှိနေတာ ကို မြင်တွေရပါတယ်။

ဒီပွဲကို ဟံသာဝတီ ဦးဝင်းတင် နှင့် မဟာအောင်မြေတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးအုန်း ကြိုင်တို့ကတက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်....။MAF မြန်မာပန်းချီ မျက်ဝန်း(မန္တလေး) အနုပညာရှင် တစ်ရာကျော် တို့ ၏ ပန်းချီကားများနှင့်  ပန်းပုတို့ ပြသခဲ့ရာ ပြပွဲဖွင့်လှစ်ပြီးနာရီပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားကို ကျပ်သိန်း ၂၀ ၊ ၁၀သိန်း တို့ ဖြင့်ဝယ်ယူသွားကြ ပြီး တရုတ်နိုင်ငံ သားတစ်ဦး က ဒေါ်အောင်ဆန်း စုကြည် ပုံ ပန်းချီကား နှင့် ပုဂံဘုရားများပုံ ပန်းချီကား ၂ချပ် ကို ကန်ဒေါ်လာ ၃၀၀ စီဖြင့် ၀ယ်ယူ အားပေးခဲ့ကြောင်းသိရသည်။

Photo..ခင်မောင်ဌေး

Posted: 05 Feb 2012 12:51 AM PST

ပုသိမ်မြို့ရှိ လမ်းများတွင် ကြေညာထားသော ကြေညာစာ

Photo..Golden pathein

Posted: 05 Feb 2012 12:25 AM PST

အောင်မောင်း(yangonchronicle)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နယ်လှည့်စည်းရုံးရေး ခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ သွားရောက်ခဲ့ရာ ထားဝယ်ဒေသခံ ပြည်သူလူထုကြီးက တစ်ခဲနက် ကြိုဆိုထောက်ခံခဲ့ကြပြီး ကောင်းချီးမင်္ဂလာများ ပေးခဲ့ကြသည်။ လူထုခေါင်းဆောင်အနေဖြင့် ထားဝယ်မြို့သို့ နှစ်ပေါင်း နှစ်ဆယ်အကြာမှ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ရခြင်း ဖြစ်သည်။ ၁၉၈၉ခုနှစ်က လူထုခေါင်းဆောင်၏ ထားဝယ်ခရီးစဉ်တွင် ထားဝယ်လူထုကြီးအနေဖြင့် တစ်ခဲနက် ထောက်ခံ ကြိုဆိုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိန်းသိမ်းခံရပြီး ထားဝယ်လူထုကြီးသာမက ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရသည်။

ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လအနည်းတွင်မှသာ နိုင်ငံရေး ဆိုသည့် စကားလုံးကို ပြောရဲဆိုရဲသည့် အဆင့်မျှသာရှိလာသည့် အခြေအနေတွင် ထားဝယ်သားတွေမှာ ဖိနှိပ်မှုများစွာ ခံခဲ့ရသည့်တိုင် လက်ရှိအခြေအနေ တွင်လည်း စောင့်ကြည့်မှုများ ရှိနေသည့်တိုင် ၎င်းတို့၏ သတ္တိတွေ တစ်စက်မျှလျော့မသွားကြောင်း လူထုခေါင်းဆောင်ကို လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က ကြိုဆိုခဲ့သည်ထက် ပို၍ကြိုဆိုခဲ့ခြင်းဖြင့် သက်သေပြလိုက်ခြင်းဖြစ်သည်။ အချိန်အခါမပေး၍ နိုင်ငံရေးဘက်တွင် အာရုံစူးစိုက်မှု နည်းပါးသော်ငြား ထားဝယ် လူထု၏ နိုင်ငံရေးစိတ်ဓာတ် သေမသွားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါသည်။

လှံဖျား ပုစဉ်းနား ကျီးကန်းချေးပါ ဆိုသည့် မြန်မာစကားပုံကဲ့သို့ပင် လူထုခေါင်းဆောင်နှင့် ပြည်သူလူထု၏ ချစ်ခင်ရင်းနှီးမှု၊ နှလုံးသားချင်း အပေးအယူမျှမှုတို့ကို ထိတ်လန့်သွားကြသူများမှာ အစိုးရအဖွဲ့နှင့် လွှတ်တော်အတွင်းမှ ပြုပြင်ပြောင်းလဲရေး ဆန့်ကျင်သူများ၊ စိတ်သဘောထား သေးသိမ် ညံ့ဖျင်းသည့် ပြည်ခိုင်ဖြိုးပါတီဝင်များပင် ဖြစ်သည်။ လူထုခေါင်းဆောင် ထားဝယ်ခရီးစဉ်မှ ပြန်ရောက်ပြီး မကြာမီတွင်ပင် မန္တလေးမြို့သို့ ဆက်လက် ထွက်ခွာရန် စီစဉ်ထားမှုကို ရွှေ့ ဆိုင်းလိုက်ရပြီး ဟောပြောရန် နေရာအခက်အခဲဖြစ်မှုကြောင့်ဟု သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှလည်း ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ကို ငှားရမ်းမပေးခဲ့မှုသည် အားကစားကိစ္စရပ်များမှလွဲ၍ အခြားကိစ္စများတွင် အသုံးမပြုရန် အထက် အာဏာပိုင်များမှ ညွှန်ကြားထား၍ ဖြစ်ကြောင်း၊ မီဒီယာများ စွပ်စွဲရေးသားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေ၍ မငှားရမ်းရခြင်း မဟုတ်ပါကြောင်း ဖြေရှင်းချက်ထုတ်ခဲ့သည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲမတိုင်မီ ကာလများက ပြည်ခိုင်ဖြိုးပါတီ လုပ်လေ့လုပ်ထရှိသည့် တစ်အိမ်တစ်ယောက် မလိုက် မနေရ အမိန့်ဖြင့် ဗထူးကွင်းတွင် ဟောပြာပွဲများပြုလုပ်ခြင်း၊ နိုင်ငံရေးအင်အားစုများအား ရှုံ့ချမှုများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့စဉ်က အထက်အာဏာပိုင်များ အဘယ့်ကြောင့် နှုတ်ဆိတ်နေခဲ့ရသနည်းဟူ၍သာ ဆိုရန်ရှိပါသည်။ ထိုကိစ္စအတွက် ဘောလုံးအဖွဲ့ချုပ်တွင် တာဝန်မရှိဘဲ အာဏာပိုင်များတွင်သာ တာဝန်ရှိပါလိမ့်မည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှာ အထင်ကရပုဂ္ဂိုလ်များကို ချဉ်းကပ်တတ်သည့် ဥာဉ်ရှိပေရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးပွဲကြည့်ရန်ပင် ဖိတ်ခေါ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုကိစ္စတွင် အခန့်မသင့်ပါက ဦးဇော်ဇော်ကိုပင် ၎င်း၏ ကျေးဇူးရှင် အာဏာပိုင်ကြီးအချို့က အမျက်တော်ရှဖွယ် ရှိပေသည်။

လူထုခေါင်းဆောင်အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်မြို့သို့ သွားရောက်ဟောပြောရန် စီစဉ်ထားသည်။ သူမအနေဖြင့် ရန်ကုန်လူထုမှအပ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း သူမကို ထောက်ခံသည့် ပြည်သူတွေကို လူကိုယ်တိုင် မတွေ့ရသေးသောကြောင့် ၆၀ကျော်ဆိုသည့် အသက်အရွယ်ကိုမျှ မထောက် မမောမပန်းဆက်တိုက်ဆိုသလို ခရီးတွေထွက်ကာ ပြည်သူတွေနှင့်ထိတွေ့ရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည် လာရောက်မည်နှင့် တိုက်ဆိုင်စွာပင် ပုသိမ်တက္ကသိုလ်မှ အထူးပြုဘာသာရပ်အားလုံး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စာမေးပွဲဖြေရမည်ဟု အမိန့်ထွက်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာတွင် အထူးပြုတက္ကသိုလ်များ စတင်ဖွင့်လှစ်ပြီး ဧပြီလ၏ပထမဆုံးအပတ်တွင် နှစ်ဝက် စာမေးပွဲ စစ်ဆေးလေ့ရှိပါသည်။ ယခုစစ်ဆေးမည့် စာမေးပွဲများသည် နှစ်ဝက်စာမေးပွဲမဟုတ်ဘဲ အကြိုစာမေးပွဲဟူ၍လည်း ပုသိမ်တက္ကသိုလ်မှ တာဝန် ရှိသူများက ဆိုပါသည်။ သို့ရာတွင် ကျူတိုရီယယ်နှင့် လက်တွေ့ဘာသာရပ်များသာရှိသော တက္ကသိုလ်တွင် အကြိုစာမေးပွဲဟူသည်မှာ မရှိခဲ့ဘူးပါ။ ပို၍ ဆိုးသည်မှာ စာမေးပွဲကို ရုတ်တရက် စစ်ဆေးလိုက်ခြင်းကြောင့် ကျောင်းသားများအနေဖြင့် စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိသော်လည်း စာမေးပွဲခန်း အတွင်း လာရောက်ထိုင်နေပါက စာမေးပွဲအောင်ပေးမည်ဟု ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။ထို့ကြောင့် ယခု ပုသိမ်တက္ကသိုလ်၏ အကြိုစာမေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်အတွင်း ပြည်သူလူထု၏ ကြိုဆိုမှုနည်းပါးစေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပေါ်လွင်လျက် ရှိပါသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကိုယ်တိုင်ရေးသားခဲ့သော " OH We're Burma" ဟူသည့် ဆောင်းပါးတစ်ပုဒ်တွင် မြန်မာလူမျိုးတို့၏ မနာလိုဝန်တိုမှုနှင့် ကလေးဆန်မှု၊ အရိုအသေခံချင်မှုတို့ကို လှစ်ဟပြထားသည်။ ဦးသန့်၏ဆောင်းပါးသည် ယခုအချိန်ထိ သွေးထွက်အောင် မှန်ကန်နေသေးကြောင်း ပြသနေသကဲ့သို့လည်း ရှိပါသည်။ မြန်မာကလေးငယ်များသည် အဖေနှင့်အမေ မည်သူ့ကို ပိုချစ်သနည်းဟု မေးလျှင် ဖြေရကျပ်ကြသည်။ ဤသည်မှာ မိသားစုအတွင်းမှာပင် ပို၍ဦးစားပေးခံလိုမှုကို လိုချင်ကြသည့် မြန်မာတို့၏ စိတ်ဓာတ်အခံပင်ဖြစ်သည်။ ယခု ဒေါ်အောင် ဆန်းစုကြည်ခရီးစဉ်များအတွင်း ကမောက်ကမဖြစ်စေရန် လုပ်ဆောင်နေမှုများသည်လည်း ထိုနည်းနှင်နှင်သာ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြုမူ ကြသည့်အတွက် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို လိုလားပြီး ပြည်သူလူထုအတွက် အမှန်တကယ်စေတနာရှိစွာ ကြိုးပမ်းဆောင်ရွက်နေကြသည့် နိုင်ငံတော် သမ္မတကြီးနှင့် ဝန်ကြီးအချို့၏ ဂုဏ်သတင်းနှင့် ပုံရိပ်ကောင်းများကို ထိခိုက်စေရုံမျှမက အချို့နေရာဒေသများတွင် ပြည်သူလူထုအကျိုးကို အမှန်တကယ် သယ်ပိုး နေကြသည့် စိတ်ရင်း စေတနာ မှန်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့တွင် ပြောကြားခဲ့သည်မှာ မိမိတို့အနေဖြင့် ပြည်သူလူ ထု၏ စိတ်ထဲက ထောက်ခံမှုနှင့် မေတ္တာကို ရယူလိုခြင်းသာ ဖြစ်ကြောင်း၊ ဆန္ဒမဲရရှိလို၍ မဟုတ်ကြောင်း၊ ပြည်သူလူထု၏ လိုလားချက်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လတ်တလော အခြေအနေတွင် မည်သည့်ကတိကိုမျှ ပေးနိုင်ခြင်းမရှိကြောင်း ရိုးသားစွာ ပြောကြားခဲ့သည်။ ဤသည်ပင်လျှင် နိုင်ငံရေးအရ၊ ဂုဏ်သိက္ခာအရ ရိုးသားမှုရှိသူကို ပြည်သူတို့က ဦးညွတ်ကြခြင်းဖြစ်သည်ကို လက်တွေ့ကျကျ ရှုမြင်နိုင်ပါသည်။ လူထုခေါင်းဆောင်အနေဖြင့် လမ်းဖောက် ပေးမည်ဟုလည်း မဲမဆွယ်ခဲ့သလို လျှပ်စစ်မီးရစေရမည်ဟူ၍လည်း စည်းရုံးခြင်းမပြုခဲ့ပါ။ မြန်မာပြည်သူလူထုသည် ကျွေးတာယူ၊ ပေးတာစား ဆိုသည့် အဆင့်မဟုတ်တော့ပါ။ ပြည်သူလူထု၏ စစ်မှန်သော ထောက်ခံအားပေးမှုကိုလိုလျှင် ပြည်သူလူထုအတွက် ကိုယ်ကျိုးကင်းကင်း ရိုးသားမှုရှိစွာ ပေးဆပ်နိုင်ဖို့ လိုပါသည်။ လူထုခေါင်းဆောင်ရရှိခဲ့သည့် ပေးဆပ်မှုများသည် နှစ်ပေါင်းနှစ်ဆယ်ကြာ ရိုးဂုဏ်အတိဖြင့် တည်ဆောက်ခဲ့ရခြင်းဖြစ်သည်ကို သတိချပ်စေလိုပါသည်။ လူထုခေါင်းဆောင်ကဲ့သို့ ထောက်ခံမှုကို ရရှိလိုလျှင် သူမကဲ့သို့ ကျင့်ကြံနိုင်ရမည်ဖြစ်ပြီး သူမအား ထိခိုက်စေရန် လုပ်ဆောင် ခြင်းသည် ပြည်သူလူထု၏ ရွံရှာမှုကိုသာ ဆက်၍ ခံယူရဖွယ်ရှိနေပါသည်။

ထားဝယ်မြို့မှ ဒေသခံတစ်ဦးကမူ ယခုတစ်ကြိမ်တွင် NLD ပါတီကို မဲပေးမည်ဖြစ်သော်လည်း နောက်တစ်ကြိမ် ရွေးကောက်ပွဲများတွင် အခြားပါတီများမှ ပြည်သူ့ကောင်းကျိုးဆောင်ရွက်သူများကို မဲပေးမည်ဖြစ်ကြောင်း၊ တစ်ပါတီတည်းက စိုးမိုးသွားမည်ကို မလိုလား၍ ဖြစ်ကြောင်း ပြောကြားခဲ့ရာ ပြည်သူလူထု၏ နိုင်ငံရေးရေချိန်မြင့်မားမှုကို အထင်းသား တွေ့မြင်နိုင်ပါသည်။ ပြည်သူလူထုကြီးအနေဖြင့် မရိုင်းပါဟူ၍သာ ဆိုရပါလိမ့်မည်။

ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရန် သမ္မတကြီးကိုယ်တိုင်က လမ်းဖွင့်ပေးခဲ့ ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် နိုင်ငံရေး အင်အားစုများကလည်း တစ်ခဲနက် ကြိုဆိုခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သမ္မတကြီးကို ယုံကြည်၍ ပြည်သူလူထု အကျိုးအတွက် ရှေးရှု၍ ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် သမ္မတကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ ပြည်သူလူထုကြီးရော ရိုးသားမှုများ အပြည့်ရှိနေကြချိန်တွင် အပြောင်းအလဲ မလိုလားသူများ၏ သေးသိမ်သောလုပ်ရပ်များကသာ ရှက်ဖွယ်လိလိ ဖြစ်နေပြီဆိုသည်ကို မီးမောင်းထိုးပြ လိုခြင်းသာ ဖြစ်ပါသည်။

Posted: 04 Feb 2012 10:55 PM PST

လူမှုရေးသူရဲကောင်း ဇနီးမောင်နှံ

နာရေးဆိုလျှင် အများက မင်္ဂလာမရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟု ထင်မြင်ကြပြီး ဝေးဝေး ပြေးကြပြန်တယ်။ အမှန်တော့ ဒါတွေကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာဖြစ်ပါသည်။

၎.၂.၂၀၁၂ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ "သုခအာဟာရ စားသောက်ဆိုင်" ၌ နေ့လည် (၁း၀၀) နာရီမှ (၃း၀၀) နာရီအချိန်တွင် မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ် ပေးခဲ့သည်။ မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ်နေသူဖြစ်သည်။

မင်္ဂလာအခမ်းအနား ပြီးပြီးချင်း မွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဒေါ်တင် အသက် (၈၁)နှစ်၏ ရုပ်အလောင်းအား မင်္ဂလာဇနီးမောင်နှံ မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ အထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးဖြင့် အမြင့်မြတ်ဆုံးမင်္ဂလာကို ကူညီဖေးမရယူခဲ့သည်။ မင်္ဂလာရှိသော နေ့ရက်အချိန် ကာလတွင် ထပ်မံ၍ ကုသိုလ်ဖြစ် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။

မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့နီးတူ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မင်္ဂလာ အခမ်းအနား ဧည့်ခံကျင်းပ ကျွေးမွေးပြီးသည့်နောက် နာရေးကူညီမှု လမ်းကြောင်းများကို သတို့သား၊ သတို့သမီး ဝတ်စုံဖြင့် မင်္ဂလာယူခဲ့သော ဇနီးမောင်နှံများသည်လည်း များစွာရှိခဲ့ပြီးဖြစ်သည်။ အချို့သော နာမည်ကြီး ဟိုတယ်/စားသောက်ဆိုင်များရှိ မင်္ဂလာအခမ်းအနားကျင်းပရာတွင်လည်း မိမိတို့အား ဂုဏ်ပြု ပေးအပ်မည့် လက်ဖွဲ့ပစ္စည်းများအစား လူမှုရေးအသင်းအဖွဲ့များသို့သာ လှူဒါန်းမှုပြုလုပ်ရန် စီစဉ်ခဲ့သော မင်္ဂလာပွဲများလည်း ရှိခဲ့ဖူးသည်။

ထို့ကြောင့် အယူသီးမှုများကို တိုက်ဖျက်ကြသော မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင် ပြုကာ မြင့်မြတ်သောကုသိုလ်ရေးကိစ္စများကို လုပ်ဆောင်ကြသည့် မင်္ဂလာဇနီးမောင်နှံများအား လူမှုရေး သူရဲကောင်း ဇနီးမောင်နှံများအဖြစ် ဂုဏ်ပြုလိုက်ပါတော့သည်။

ကိုကျော်သူ

Posted: 04 Feb 2012 07:33 PM PST

ဇန်န၀ါရီ၂၆-ဖေဖော်ဝါရီ ၁ ၊ ၂၀၁၂ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ပါ `တန်ဖိုးနည်းဂျီအက်စ်အမ်ဖုန်းခေါ်ခများ မပြောင်းလဲ ပါ´ စာမူတွင်ဖော်ပြထားသော ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း၏ စကားပါ။ ဖတ်ရှုကြည့်ကြပါ။ ညစ်ပတ်စုတ်ပဲ့ ကိုယ်ကြိုးရှာ သမားတို့၏ ပြည်သူကိုမကြည့် ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်သောကြောင့် ၅၀၀၀တန်ဖုန်းများ မရောင်းခိုင်းကြောင်းထင်ရှားလှပေသည်။

တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းလိုင်းသစ်များချိတ်ဆက်ခြင်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက အထူးစီမံကိန်းအဖွဲ့၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၁၁)ညှိနှိုင်းအစည်းအဝေး၌ ဧပြီ ၂၂ရက်နေ့တွင်ရှင်းလင်းပြောကြား ခဲ့သောအစီအစဉ်ကြောင့်၅၀၀၀တန်ဖုန်းများ ရောင်းခွင့်မပြုနိုင်ခြင်းမှာ ၄င်းတို့အကျိုးစီးပွားထိခိုက်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

၎င်းအစီအစဉ်မှာ--- ကနဦးချပေးမည့် ဂျီအက်စ်အမ်ဖုန်းလေးသန်းအတွက် ပုဂ္ဂလိကကုမ္ပဏီ ၂၂ခုမှ ရင်းနှီးမြှုပ်နှံရန် ငွေကျပ် ၅ ဘီလီယံစီ အချိုးကျ ထည့်ဝင်ထားကြောင်း၊ တန်ဖိုးနည်း ဂျီအက်စ်အမ်မိုဘိုင်းဖုန်း သန်း၃၀ချပေးမည့် စီမံကိန်းကို ၂၀၁၅ခုနှစ် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ။´ ၄င်းသတင်းအရ ကုမ္ပဏီ တစ်ခုလျှင် ၅ဘီလီယံနှင့် ကုမ္ပဏီ ၂၂ခုအတွက် ၁၁၀ဘီလီယံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

၎င်းတို့က ဖုန်းတစ်လုံးကို ၃၀၀၀၀၀နှင့် ပြန်ရောင်းစားသော် ဖုန်း ၄သန်းအတွက် 300000 x 4000000 = 1200,000,000,000 ( ကျပ်- ဘီလီယံ တစ်ထောင့်နှစ်ရာ တိတိ ) ပြန်ရမည်ဖြစ်သည်။ ၄င်းပမာဏကို ကုမ္ပတစ်ခုချင်းအချိုးကျပြန်ခွဲဝေလျှင် (ကျပ်- ငါးဆယ့်လေးဘီလီယံ) ကျော် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ၅၀၀၀ တန်ဖုန်းကိုသာခွင့်ပြုလိုက်ပါက ၄င်း ကုမ္ပဏီ ၂၂ ခု၏ အကျိုးအမြတ်နှင့် ဆက်သွယ်ရေး ၀န်ကြီးတို့၏ အကျိုးအမြတ်များ ထိခိုက်နစ်နာမည် ဖြစ်သဖြင့် အိုဟောင်းနေသော ဆက်သွယ်ရေး နည်းဥပဒေများကိုခုတုံးလုပ်ကာ ပြုလုပ်၍မဖြစ်နိုင်ကြောင်းတွင်တွင် ငြင်းဆိုနေကြခြင်း ဖြစ်ပေသည်။

ပြည်သူ့အကျိုးကို မျက်ကွယ်ပြုကာ တစ်ကိုယ်ရေကောင်းစားကို လုပ်စားနေကြသော နာယကဂုဏ် (၆)ပါးနှင့် မပြည့်စုံသည့် ၀န်ကြီးနှင့် အပေါင်းပါများကို ရာထူးမှ ဖြုတ်ချဖို့ လွှတ်တော်တွင် တောင်းဆိုကြပါဆို့။ ထို့ပြင် ပြည်သူတို့အပေါ် တိုင်းရင်းသားချင်း ဂုတ်သွေးစုတ်ချင်သော Elite အပါအ၀င် ကုမ္ပဏီ ၂၂ ခုအား ၄င်းတို့၏ ထုတ်ကုန်များကို မသုံးစွဲပဲ သပိတ်မှောက်ကြပါစို့။ ယခုအရေးကိစ္စကို နိုင်ငံတော်သမ္မတကြီးထံ လူထုအားဖြင့် ၀ိုင်းဝန်းတောင်းဆိုကြပါစို့။ စာနယ်ဇင်းများ၊ ဘလော့များ မှလည်း ပြည့်သူ့အကျိုးမကြည့် ကိုယ်ကျိုးသာ ကြည့်သော ကုမ္ပဏီများ ကို ၀ိုင်းဝန်း သပိတ်မှောက်ရန် ရေးသားကြပါစို့။
DrSoeWinAung

Posted: 04 Feb 2012 09:52 AM PST


Photo. Burma vj media network
ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြတာကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်။ သာသနာကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကား လိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။

ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြတာကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်။ သာသနာကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကား လိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။ မတရားမှုကို လက်ပိုက်ကြည့်နေရင် အဲဒီလက်ပိုက်ကြည့်နေသူဟာ မတရားမှုကို အားပေးတာနဲ့ ဘာမှ မထူးဘူး။

မတရားတာကို မတားမြစ်တဲ့ အပြင်၊ မတရားတာကို မတရားဘူးလို့မှ မပြောရဲရင် အဲဒီလို လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုဟာ အန္တရာယ် ကျရောက်နေပြီလို့ ဆိုရပါတော့မယ်။ ကြံ့ဖွံ့ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ လူတွေ၊ သံဃာတွေကို နားလှည့် ပါးရိုက်တဲ့ လုပ်ရပ်ပဲ။

ကြံ့ဖွံ့ စစ်အစိုးရဟာ ရက်စက်ယုံသာမက လှည့်ဖျား ကောက်ကျစ်တတ်သေးတယ်ဆိုတာကို အခု မဂ္ဂင်ကျောင်း ဖြစ်ရပ်က သက်သေခံပါတယ်။

ကဲ…အခု မဂ္ဂင်ကျောင်းဖြစ်ရပ်မှာ ကြံ့ဖွံ့ အစိုးရရဲ့ အရင်နဲ့ မတူ တမူထူးတဲ့ လုပ်ရပ်တွေကို ကြည့်ကြရအောင်ပါ။

အမှုက ဘာမှုလဲဆိုတော့ ရိုးရိုး အရပ်သား စကားနဲ့ ပြောရရင် မဂ္ဂင်ကျောင်းချိတ်ပိတ်ထားတာကို ဖွင့်တဲ့ အမှုပါ။ ပုဒ်မ ၁၄၅ တဲ့။ ဖြတ်သန်းသွားလာ နေထိုင်ခွင့်မရှိတဲ့ အရပ်ကို ကျူးကျော်မှုတဲ့။ ဒီအမှု ဒီပုဒ်မအကြောင်းကို ပြီးမှ ဆက်ဆွေးနွေးတာပေါ့လေ။

ထူးတာက သူတို့တရားစွဲတာကို နိုင်ငံတော် သံဃမဟာ နာယက (မဟန) အဖွဲ့က သိသွားပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ကြားဝင် ဆောင်ရွက် ပေးပါသတဲ့။ ဒီသံဃာတော်တွေကို အခုပဲ လွှတ်ပြီး အခုပြန်ဖမ်းရင်လည်း လူကြားမကောင်းဘူး၊ ဒါ့ကြောင့် မဟနက ကြားဝင် ရသတဲ့။

မဟနက သံဃာတော်တွေကို လာတွေ့ကြဖို့ ပင့်ဖိတ်လိုက်တယ်။ ဆရာတော် ဦးဂမ္ဘီရက သွားမတွေ့ဘဲ ရှောင်သွားတယ်။ ဆရာတော် တချို့ သွားတွေ့ပါတယ်။ သူတို့ မဟနနဲ့ ကြံ့ဖွံ့အာဏာပိုင်တွေဘက်ကတော့ ဆရာတော် ဦးဂမ္ဘီရ ကြွလာမှာပဲလို့ မျှော်လင့်ထားခဲ့တယ်။ ဒါ့ကြောင့်လည်း အသျှင်ဂမ္ဘီရနာမည်ကို ထိပ်ကတပ်ပြီး ဆုံးဖြတ်ချက်စာကို အသင့်ရိုက်ထားခဲ့တယ်။ လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်နေရာမှာ လည်း ကျောင်းထိုင်ဆရာတော်ကို ထိပ်ကမထားဘဲ၊ အသျှင်ဂမ္ဘီရနာမည်ကို ရှေ့ကထားပြီးရေးထား၊ ပြင်ထားခဲ့တယ်။

အဲဒီဆုံးဖြတ်ချက်က ဘယ်လို ဆုံးဖြတ်ချက်လဲဆိုတော့ အကျဉ်းချုပ်ပြောရရင်

သံဃာတော်တွေက ကျောင်းကနေ ယာယီထွက်ပေးရမယ်။

ကျောင်းကို ချိတ်ပြန်ပိတ်မယ်။ချိတ်ကို ပြန်ဖွင့်ပေးမယ်။

သံဃာတွေ သူတို့ဖာသာ သင်္ကန်းပြန်ဝတ်တာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က ပြန်ဝတ်ပေးမယ်။

အကျဉ်းချုပ်ပြောရရင် ဒါပါပဲ။ ကျောင်းမှာ သံဃာတွေ နေနေကြပြီ။ ပြီးရင်လည်း ပြန်ဖွင့်ပေးမှာပဲ။ ဘာလို့ ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာပါလဲ။ သံဃာတော်တွေ သင်္ကန်း ရုံပြီး ဝတ်ပြီးနေပြီ။ ဘာလို့ ပြန်ဝတ်ဦးလုပ်နေ ပြန်တာလဲ။ ဘာသဘောလဲ။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ကစားကွက်တွေ အများကြီးပါနေပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားတဲ့ ရည်ရွယ်ချက်၊ အများပြည်သူကို စော်ကားတဲ့ ရည်ရွယ်ချက်တွေအများကြီးပါနေပါတယ်။

ကြံ့ဖွံ့ စစ်အစိုးရက သူတို့တရားစွဲမှာကို မဟနကို ကြိုအသိပေးခဲ့ပါတယ်။ အရင်က ဘယ်တုန်းက ဒါမျိုး အသိပေးခဲ့ဖူးလို့လဲ။ ဦးဂမ္ဘီရတို့ကို ဖမ်းတုန်းကရော အသိပေးခဲ့သလား။ ကျောင်းတိုက်ကို ချိတ်ပိတ်တုန်းကရော အသိပေးခဲ့သလား။ ဘုန်းကြီးတွေကို စစ်ကြောရေး လုပ်တုန်းကရော အသိပေးခဲ့သလား။ ငွေကြာယံကို ဝင်စီးပြီး ဘုန်းကြီးတွေကို ထိပ်ပေါက်ခေါင်းကွဲဖြစ်အောင် ရိုက်တုန်းနှက်တုန်းကရော မဟနဆီက ခွင့်ပြုချက်တောင်းခဲ့သလား။ ဘုန်းကြီးတွေကို သင်္ကန်းဆွဲချွန်တုန်းကရော မဟနကိုခေါ်ချွတ်ခိုင်းခဲ့သလား။ ဒါတွေ တခုမှ မလုပ်ခဲ့ဘူး မဟုတ်လား။ ကောင်းပြီ။ ဒါဆိုရင် အခုမှ ရုတ်တရက် ဘာ့ကြောင့် လူလိုသူလို သိတတ်လာသလဲ။ ဘာ့ကြောင့် အခုမှ လိမ္မာလာသလဲ။

သူတို့ကိုယ်သူတို့ ကြော်ငြာထိုးနေသလို ပြောင်းလဲလာတာလား။ မဟုတ်ပါဘူး။ ကြံ့ဖွံ့ အစိုးရဟာ (ပြောင်) ဗြောင်ရက်စက်တဲ့ အဆင့်ကနေ၊ ကောက်ကျစ်ယုတ်မာမှု ထပ်ဖြည့် ကျင့်သုံးလိုက်တာသာဖြစ်ပါတယ်။ ကြံ့ဖွံ့ အစိုးရရဲ့ ကောက်ကျစ်လှည့်ဖျားတဲ့ ဝင်္ကန္တလုပ်ရပ်သာ ဖြစ်ပါတယ်။ ခွေးအမြီးလိုကောက်၊ မြစ်လို ကောက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ ဝင်္ကန္တလုပ်ရပ်ပါပဲ။ ဆရာတော်အသျှင်ဂမ္ဘီရနဲ့ ရွှေဝါရောင်သံဃာတော်တွေကို ကြံ့ဖွံ့အစိုးရဟာ မလွဲမရှောင်သာတဲ့ အဆုံးမှာ ထောင်က လွှတ်ပေးခဲ့ရပါတယ်။ ဘာ့ကြောင့် လွှတ်ပေးခဲ့သလဲ။

အရင်ဆောင်းပါးတွေမှာ ရေးခဲ့သလိုပါပဲ၊ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းစေချင်လို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာကြစေချင်လို့၊ အိုင်အမ်အက်ဖ် နဲ့ ကမ္ဘာ့ဘဏ်ကနေ ချေးငွေတွေရချင်လို့ ၊ အဲဒီအခွင့်အရေးတွေကို ကြံ့ဖွံ့ အလိုတော်ရိ သူဌေးတွေနဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေကသာ မြက်မြက်ကလေးစားချင်ကြလို့ ဖြစ်ပါတယ်။ ဆရာတော် အသျှင်ဂမ္ဘီရကို ဆိုရင် ထောင်ထဲမှာတောင် အငြိုးထား နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ အသေလုပ်ခဲ့သလားလို့တောင် တွေးလောက်တဲ့ နှိပ်စက်ညှင်းပန်းမှုမျိုး လုပ်ခဲ့တဲ့ အကြောင်းကို ဆရာတော်ရဲ့ အစ်မတော်က ဖွင့်ပြောခဲ့ဖူးပါတယ်။ အဲသလို အငြိုးထားပါတယ်။ ဒါပေမဲ့ သူတို့လိုချင်တာတွေကလည်းရှိနေ၊ လူထုကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးလာတော့ မလွှဲမရှောင်သာ လွှတ်ပေးခဲ့ရပါတယ်။ အသျှင်ဂမ္ဘီရတို့ကို လွှတ်ပေးပေမဲ့ သူတို့ကျောင်းကိုတော့ ချိတ်ပိတ်ထားတာကို ဖွင့်မပေးဘူ်း။ ဒါဟာ အရင်သံဃာတွေတုန်းကလုပ်သလို သူတို့ လုပ်နေကျ အတိုင်းလုပ်တာပဲ။ ပြည်သူ့အရေး ဆောင်ရွက်တဲ့ သံဃာတော်တွေကို နေစရာမရှိအောင် လုပ်တာပါ။

ဒါပေမဲ့ ရွှေဝါရောင် ဆရာတော်တွေဟာ ခေါင်းဆောင်ဆရာတော်တွေပါ။ သာမန်ဆရာတော်တွေမဟုတ်ဘူး။ သူတို့က ခေါင်းဆောင်ပီသတဲ့ လုပ်ရပ်ကို လုပ်လိုက်ကြတယ်။ ကိုယ့်ကျောင်းကို သူများက မတရားပိတ်ထားတာကို ကိုယ့်ဖာသာ ဖွင့်ပြီးပြန်ဝင်လိုက်တယ်။ တကယ်တော့ ဒါဟာ ရိုးရိုးရှင်းရှင်းလုပ်ရပ်ကလေးပါ။ ကိုယ့်မှာ နေစရာမရှိလို့၊ အစိုးရကလည်း ဘာမှ စီစဉ်မပေးဘဲ မသိချင်ယောင်ဆောင်နေလို့ ကိုယ့်နေရာကိုယ် တံခါးဖွင့်ပြီး ဝင်နေလိုက်တာပါပဲ။ ခြောက်တိုင်းမကြောက်တတ်တာကိုသာ အပြစ်ဆိုချင်ရင် ဆိုဖို့ရှိပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အဖို့ရာမှာတော့ ရွှေဥကြမ်းညပ်သည့်ပမာ ဆတ်ဆတ်ခါ နာတယ်။ ဒါဟာ နိုင်ငံရေးအရ စိန်ခေါ်တဲ့ လုပ်ရပ်လို့မြင်တယ်။ အသျှင်ဂမ္ဘီရရဲ့ လုပ်ရပ်ကို ခွင့်ပြုထားလိုက်ရင် ကြံ့ဖွံ့ သိက္ခာကျတယ်လို့ထင်တယ်။ လူတွေကြောက်အောင် သူတို့ တသက်လုံး ရက်စက်မှု အမျိုးမျိုးသုံးပြီး ခြိမ်းခြောက်ခဲ့သမျှဟာ အသျှင်ဂမ္ဘီရ လုပ်ပြလိုက်တာနဲ့ ငပေါကြီး လုံးလုံးဖြစ်ရတော့မှာပဲလို့ တွေးပုံရတယ်။ အသျှင်ဂမ္ဘီရကို ပြန်ဖမ်းချင်လိုက်တာ လက်ကိုယား နေမှာ အမှန်ပဲ။ သူတို့လက်က သံဃာတော်တွေရဲ့ သွေးစွန်းဖူးတဲ့လက်ပဲ၊ ဖမ်းဆီးထောင်ချဖို့ဆိုတာလောက်ကတော့ သိပ်ကို လက်ယဉ် နေတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒါပေမဲ့ ဒီလိုလုပ်ရင် သူတို့ အစီအစဉ်တွေ ပျက်ပြားလိမ့်မယ်။ အခုပြန်လွှတ်ပေးပြီး အခုပြန်ဖမ်းရင် လူကြားမကောင်းဘူး မသင့်တော်ဘူးဆိုတဲ့ အချက်၊ နိုင်ငံတကာကရော ပြည်သူတွေကပါ သူတို့ကို ယုံကြည်ကြတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း သူတို့သိတယ်။ ဒီတော့ဦးဂမ္ဘီရနဲ့ ရွှေဝါရောင်ဆရာတော်တွေကို နိုင်ငံရေး ဦးချိုးဖို့ရာ အကွက်ချစီမံပါတော့တယ်။ မဟနနဲ့ လက်ဝါးချင်းရိုက် စီစဉ်ပါတော့တယ်။ မဟနကို ရုပ်သေးရုပ်ပမာ ကြိုးဆွဲ အသုံးချပါတော့တယ်။ သံဃာ အချင်းချင်း ရန်တိုက် ဂိုဏ်းခွဲပါတော့တယ်။

အထက်မှာ ပြောခဲ့သလိုပဲ ကြံ့ဖွံ့၊ နအဖ စစ်အစိုးရသက်တမ်းတလျှောက်မှာ ဘုန်းကြီးသံဃာတော်တွေကို စော်ကားဖိနှိပ်မှု အရေးယူမှုတွေ အမျိုးမျိုးလုပ်ခဲ့ပေမဲ့ မဟနကို ဘယ်တုန်းကမှ အရေးလုပ် အသိပေးခဲ့တာ မဟုတ်ပါဘူး။ မဟနကလည်း ဒို့ဘုန်းကြီးတွေကို သတ်နေတယ်၊ ဒို့ဘုန်းကြီးတွေကို ဖမ်းနေတယ်၊ ရိုက်နေတယ်ဆိုပြီး တခါမှ ကြားဝင်ပေးတာ၊ တာဝန်သိသိ ဆောင်ရွက်ပေးခဲ့တာ ဘာမှ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ အစိုးရက တရားစွဲမှာကို မဟနက မဖြစ်သင့်တာ မဖြစ်ရအောင် ကြားဝင်ပေး ပါသတဲ့။ ကြံ့ဖွံ့ အစိုးရရဲ့ တချက်ခုတ်နဲ့ သုံးလေးချက်ပြတ်အောင် ကြံစည်တဲ့လုပ်ရပ်ပါ။ ကြံ့ဖွံ့အစိုးရကိုလည်း လူတွေ အရိုအသေ မတန်ရ အောင်၊ မဟနလည်း နာမည်ကောင်းရအောင်၊ အသျှင်ဂမ္ဘီရလည်း ဦးကျိုးအောင် ဆိုတဲ့ သားရွှေအိုးထမ်း စီမံကိန်းကြီး စီမံ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အသျှင်ဂမ္ဘီရတို့ကို ဒီကျောင်းမှာ နေခွင့်မပေးလို့ မဖြစ်တော့ ပေးရတော့မယ်။ ဒါပေမဲ့ မင်းတို့ဖာသာ ဝင်နေလို့ မရဘူး၊ ဒို့ဖွင့်ပေးမှ ဝင်လို့ရမယ်လို့ အာဏာပြချင်ပါတယ်။ ဒါ့ကြောင့် ကျောင်းကနေ ခဏထွက်ပေးရမယ်။ ချိတ်ပြန်ပိတ်မယ်။ ပြီးမှ ပြန်ဖွင့်ပေးမယ်၊ ဒါမှ တရားဝင်မယ်လို့ ပလောင်းပလဲ လုပ်ပါတယ်။ ဒါက နိုင်ငံရေး ဦးချိုးတာ အာဏာပြတာ၊ ဒါ့အပြင် အသျှင်ဂမ္ဘီရတို့ရဲ့ လုပ်ရပ်ကို တရားမဝင်ဘူး၊ ဆရာတော်ကြီးတွေကတောင် မကြိုက်ဘူးဆိုတာမျိုးဖြစ်အောင် ဆရာတော်ကြီးတွေကို ဖိအားပေး အသုံးချလိုက်တာဖြစ်ပါတယ်။ သံဃာအချင်းချင်း တိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလောက်နဲ့တင် မကျေနပ်သေးဘူး။ မဟနကိုလည်း လူရိုသေအောင် အာဏာပြခိုင်းဦးမယ်လို့ ကြံစည်တယ်။ မဟနကို အရောင်တင်ပေးဖို့ ကြိုးစားတယ်။ အဲဒါကတော့ အသျှင်ဂမ္ဘီရတို့ ကိုယ့်ဖာသာ သင်္ကန်းပြန်စည်းတာ၊ သိက္ခာထပ်တာဟာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က သင်္ကန်းစည်းပေးမှ တရားဝင်တာလို့ ဆိုလိုက်ပြန်တယ်။ ဒီနေရာမှာ ရှေ့နောက်မညီတာတွေရှိလာပါတယ်။

မဟန ဆရာတော်ကြီးတွေကိုလည်း မေးခွန်းထုတ်စရာရှိလာပါတယ်။ သင်္ကန်းချွတ်တုန်းကရော၊ အသျှင်ဘုရားတို့ သင်္ကန်းချွတ်ခဲ့တာပါလား။ ဒါမှမဟုတ် အသျှင်ဘုရားတို့ဆီက ခွင့်ပြုချက်တောင်းခံခဲ့ပါသလား။ အသျှင်ဘုရားတို့ ခွင့်ပြုခဲ့ပါသလား။ ဒါ့အပြင် အရင် သံဃာတော်တွေ ထောင်ကပြန်လွတ်လာတုန်းကရော အသျှင်ဘုရားတို့ တာဝန်သိသိနဲ့ ခေါ်ပြီး သင်္ကန်းပြန်စည်းပေးခဲ့ ပါသလား။ ခုကျမှ ဘာကြောင့် စိတ်ကူးပေါ်လာပါသလဲဘုရား။ ဒီစည်းကမ်းက အသျှင်ဂမ္ဘီရတို့ လွတ်မယ်ကြားမှ ထုတ်လိုက်တာပါလား။ ထောင်ထဲမှာ သံဃာတော်တွေကို သင်္ကန်းဝတ်ခွင့် မပေးတာကို အသျှင်ဘုရားတို့ ကန့်ကွက်ခဲ့ဖူးပါသလား။ သံဃာတော်တွေကို ထောင်ထဲမှာ မင်းနဲ့ငါနဲ့ ပြောပြီး ငါကိုင်တုတ်တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့် မသိချင်ယောင်ဆောင်နေခဲ့ပါသလဲ။ သံဃာတော်တွေကို ထောင်ဝန်ထမ်းတွေက ပုံစံထိုင်ခိုင်းပြီး နားရင်းရိုက်တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့်လက်ပိုက်ကြည့်ခဲ့ပါသလဲ။ ဒီသံဃာတွေကို သံဃာအတုတွေလို့ စစ်အစိုးရက ပြောနေတာတွေ၊ အခုမှ ကတုံးတုံးပြီး ဘုန်းကြီးယောင်ဆောာင်ထားတဲ့ လူတွေလို့ ပြောတာတွေကို အသျှင်ဘုရားတို့ ဘာ့ကြောင့် နှုတ်ပိတ်နေခဲ့ပါသလဲ။ အခု ဒီဘုန်းကြီးတွေဟာ သံဃာ အစစ်တွေဆိုတာ အသျှင်ဘုရားတို့ရော၊ အစိုးရကပါ ဝန်ခံလိုက်ပြီ မဟုတ်ပါလား။ အတုတွေ ဆိုရင် အသျှင်ဘုရားတို့ ဘာလို့ သင်္ကန်းပြန်စည်းပေးမှာပါလဲ။ ကြံ့ဖွံ့ စစ်အစိုးရအနေနဲ့ရော ဒီသံဃာတော်တွေဟာ သံဃာအစစ်မှန်း အစကတည်းကသိရင် ဘာ့ကြောင့် ပြည်သူကို လိမ်ညာခဲ့သလဲ။ ဘာ့ကြောင့် ထောင်ဝန်ထမ်းတွေကို သူတို့က သံဃာမဟုတ်ဘူး ဆိုပြီး သင်္ကန်းချွတ်ခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ကိုယ့်ဝန်ထမ်းတွေ ငရဲကျ အောင်လုပ်ခဲ့သလဲ။ ဘာ့ကြောင့် ဒီသံဃာတွေကို စစ်ကြောရေးမှာ မော်တော်ဆိုင်ကယ်စီးခိုင်း၊ ဒိုက်ထိုးခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ငွေကြာ ယံကျောင်းတိုက်ထဲဝင်ပြီး ဘုန်းကြီးတွေကို ရိုက်နှက် ဘုရားဆင်းတုတွေ ရိုက်ချိုးတာမျိုး လုပ်ခဲ့ပါသလဲ။ ဘာ့ကြောင့် ဘုန်းကြီးအစစ်၊ သံဃာအစစ်တွေကို သတ်ခဲ့ပါသလဲ။

အသျှင်ဂမ္ဘီရကို စာပေးပို့ရာမှာလည်း မဂ္ဂင်ကျောင်းကို မပို့ဘဲ မိတ္ထိလာက မိဘအိမ်ကို ပို့ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ။ အသျှင်ဂမ္ဘီရ မဂ္ဂင် ကျောင်းမှာရှိတာကို သူတို့သိလို့ပဲ တရားစွဲမလို့ လုပ်နေဆိုမဟုတ်လား။ မာနတွေပါ။ တလွဲဆံပင်ကောင်းတဲ့ စစ်ဗိုလ်မာနတွေပါ။ အသျှင်ဂမ္ဘီရတို့ မဂ္ဂင်ကျောင်းမှာ နေတာကို အသိအမှတ်မပြုတဲ့သဘောထားကို ဖော်ပြတာပါ။ ဒါပေမဲ့ ဒီလုပ်ရပ်ကြောင့် သူတို့ရဲ့ တာဝန်မဲ့မှုဟာ ပိုပြီး ပေါ်လွင်လာပြန်တယ်။ မိဘအိမ်ဆိုတာ သံဃာတော်တွေတည်းခိုလို့ရပေမဲ့ ကျောင်းထိုင် သီတင်းသုံးရာ အရပ်မဟုတ်ပါဘူး။ အသျှင်ဂမ္ဘီရမှာ မဂ္ဂင်ကျောင်းမှာ မနေရင် တခြားသင့်တင့်တဲ့ နေစရာမရှိဘူးဆိုတာ သူတို့ သိကြောင်းဖော်ပြရာရောက်ပါတယ်။ အသျှင်ဂမ္ဘီရကို နေစရာလည်း စီမံမပေး၊ မဂ္ဂင်ကျောင်းကိုလည်း ပိတ်ထားတဲ့ သူတို့ရဲ့ ညစ်ပတ်မှုဟာ ပေါ်လွင်နေပါတယ်။ အသျှင်ဂမ္ဘီရကတော့ တရားဝင်မူရင်းစာကို ယူဖို့ မိတ္ထိလာကို ကြွသွားတယ်လို့ဆိုပါတယ်။

နောက်တချက်က သံဃာတော်တွေဟာ ပိတ်ပင်ထားတဲ့ နေရာကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အတွက်ဆိုပြီး ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲထားပါတယ်။ ပုဒ်မ ၁၄၅ တဲ့။ နိုင်ငံတော်အစိုးရက ပိတ်ထားတဲ့ နေရာတဲ့။ ဒီကျောင်းကို ချိတ်ပိတ်ထားတာကရော တရားဝင် ပိတ်ထားတာဟုတ်ရဲ့လား။ ဥပဒေနဲ့ အညီ ပိတ်တာဟုတ်ပါသလား။ ဘယ်တရားရုံးမှာ ဘယ်ဥပဒေနဲ့ တရားစွဲဆိုပြီး ပိတ်ခဲ့တာပါလဲ။ ကျောင်းထိုင်ဆရာတော်ကိုရော ကျောင်းကို ချိတ်ပိတ်တဲ့ အမှု အတွက် စစ်ဆေးမေးမြန်းခဲ့ပါသလား။ ဘာ့ကြောင့် ဘာအမှုနဲ့ ကျောင်းကို ချိတ်ပိတ်ခဲ့တယ်ဆိုတာကို ကျောင်းထိုင် ဆရာတော်ကို အသိပေးခဲ့ပါသလား။

လူတယောက်၊ သံဃာတပါးနေထိုင်တဲ့ အဆောက်အဦကို ငါအစိုးရ၊ ငါအာဏာပိုင်ဆိုပြီး ဥပဒေမဲ့ ပိတ်ချင်တိုင်း ပိတ်လို့ရသလား။ စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန်ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်သူက ကျူးကျော်တာလဲ။ သံဃာတွေက ကျူးကျော်တာလား၊ ခင်ဗျားတို့က ကျူးကျော်ခဲ့တာလားဆိုတာ သေသေချာချာပြန်စဉ်းစားကြပါဦး။

ဒါ့အပြင် ကြံ့ဖွံ့စစ်အစိုးရရဲ့ လုပ်ဇာတ်နဲ့ သူတို့ရဲ့ အကြံအစည်ကို ဗူးပေါ်သလို ပေါ်စေတဲ့ နောက်ထပ် အချက်တချက်ရှိပါသေးရဲ့။ အဲဒါကတော့ တခြားမဟုတ်ဘူး။ ဆရာတော်တွေကို မဟနက ဆင့်ခေါ်တဲ့ အချိန်မှာ ဆုံးဖြတ်ချက်စာကို ကြိုတင် ရိုက်နှိပ်ထားတဲ့ အချက်ပါ။ အထက်ကပေးလိုက်တဲ့စာကို ရိုက်နှိပ်ပြီးအသင့်ထုတ်ယူလာတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ ဝန်ခံလက်မှတ်ထိုးမယ့် စာထဲမှာ ဦးဂမ္ဘီရ စသော သံဃာတော်များလို့ ညွှန်းဆိုထားပါတယ်။ ဝန်ခံကတိလက်မှတ်ရေးထိုးရမယ့်နေရာမှာလည်း ဦးဂမ္ဘီရကို ထိပ်ကတင်ထားပါတယ်။ ဦးဂမ္ဘီရ မုချလာမယ်လို့ သူတို့က ထင်ထားတာကိုး။ ဒါပေမဲ့ ဦးဂမ္ဘီရက သူတို့ ဆင့်ခေါ်တဲ့ နေ့မှာ ရောက်မလာတော့ သူတို့ ကြိုတင်ကြံစည်ထား တာတွေဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ သူတို့ ဘယ်သူ့ကို ငြိုးတယ်ဆိုတာလည်း ပိုပြီး ထင်ရှားသွားပါတယ်။ ဘာ့ကြောင့် ဦးဂမ္ဘီရကို ထိပ်ကတင်ပါသလဲ။ ကျောင်းထိုင်ဆရာတော်ကိုသာ ထိပ်ကတင်ဖို့ မသင့်ပေဘူးလား။ ဖြောင့်ဖြောင့်တန်းတန်း စဉ်းစားရင် ကျောင်းထိုင်ဆရာတော်က ပိုပြီး တာဝန်ရှိတယ်လို့ စဉ်းစားဖို့ မသင့်ပေဘူးလား။ ခုတော့ ဘယ်သူ့အပေါ်မှာ အာဃာတထားတယ်ဆိုတာ သိပ်ရှင်းသွားတယ်။ တကယ်တော့ သူတို့ စာကြိုရိုက်လာပေမဲ့ ဆရာတော်ဦးဂမ္ဘီရကြွမလာရင် စာကို ပြင်ရိုက်လိုက်ရုံသာရှိတာပ။ ကွန်ပြူတာမှာ စာတစောင် ပရင့်ထုတ်ရတာ ဘာခက်တာလိုက်လို့။ ဒါပေမဲ့ ခက်တာက စာက အထက်ကလာတဲ့စာဖြစ်နေတယ်။ မပြင်ရဲဘူး။ ဘယ်လိုပဲ ဘောင်းဘီချွတ်ထားထား၊ စစ်အစိုးရက စစ်အစိုးရပဲ။ အမိန့်ကို တရားသေ မလိုက်နာဘဲ အခြေအနေနဲ့ ကိုက်ညီ ဆီလျော်အောင် ပြုပြင်ကျင့်သုံးရဲတဲ့ သတ္တိ၊ သူတို့ငယ်သားတွေမှာ မရှိဘူး။ အဲဒီအခွင့်အရေး ပေးမထားဘူး။ ဗိုလ်ချုပ်တွေခေါင်းပေါင်း ပေါင်းလိုက်ပေမဲ့ လုပ်ထုံးလုပ်နည်းက မပြောင်းဘူး။ ဗိုလ်ချုပ်တွေ ခေါင်းပေါင်းပေါင်းထားတာဟာ ခွေးနဲ့ ပါးချပ် မဟပ်သလိုဖြစ်နေလေရဲ့။ မဟန ဆရာတော်ကြီးတွေဟာ ကြီးတဲ့ အမှုကို ငယ်အောင်၊ ငယ်တဲ့ အမှုကို ပပျောက်အောင် လုပ်ချင်တဲ့ စေတနာရှိမယ်လို့တော့ ယုံကြည်မိပါတယ်။

အထူးသဖြင့် ဥက္ကဌဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးဟာ တပည့်သံဃာတော်တွေ အပေါ်စောင့်ရှောက်ချင်တဲ့ စိတ်ဆန္ဒမျိုးရှိတယ်လို့ သတင်းထွက်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ မဟနဟာ ဘာမှ မလုပ်နိုင်တဲ့ ရုပ်သေးရုပ်ဆိုတာ အထင်အရှားပေါ် လွင်ပါတယ်။ ကြံ့ဖွံ့ အစိုးရက မဟနကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒီတော့ ဆရာတော်ကြီးများ အနေနဲ့ အလေးအနက်ပြန်လည် သုံးသပ်သင့်ပါတယ်။ ဘုရားရှင်ရဲ့ မျက်နှာ၊ ဒါယိကာပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်သင့်ပါပြီ။ အသျှင်ဘုရားတို့ မှန်ရာပြောရင် ရာထူးပြုတ်ချင်ပြုတ်ပါမယ်။ သူတို့ အသျှင်ဘုရားတို့ကို ထောင်မချရဲပါဘူးဘုရား။ တတိုင်းတပြည်လုံး အမျိုးသားရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမယ့် အခုလို ကာလ မျိုးမှာ အသျှင်ဘုရားတို့ဟာ အဓမ္မရှေ့မှာ အကာအကွယ်ပေးသူတွေ မဖြစ်ထိုက်ပါဘုရား။

တကယ်တော့ အခုလို မတရား စော်ကား ဖိနှိပ်ခံရတာမျိုးဟာ ဒီသံဃာတော်တွေသက်သက်နဲ့သာ ဆိုင်တဲ့ ပုဂ္ဂလိက ကိစ္စမဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်ပါတယ်။ အစော်ကားခံရသူ ကာယကံရှင်ကိုသာမက အဲသလို စော်ကားတဲ့ အပြုအမူလုပ်ရပ်ကို ဒီလူ့အဖွဲ့ အစည်းမှာ လက်သင့်ခံလိုက်ရတဲ့ အများပြည်သူရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းထိခိုက်စေပါတယ်။

တခါစော်ကားတာကို ငြိမ်ခံရင် နောင်လည်း ထပ်ခါထပ်ခါ စော်ကားနေဦးမှာပါပဲ။ ဒီ့ထက်ပိုဆိုးတာကတော့ အဲဒီ မတရားတဲ့ လုပ်ရပ်ကို မှန်ကြောင်း တရားကြောင်း ပြောပြီး အတွေးအခေါ်အရ ရှေ့နေလိုက်တဲ့ လုပ်ရပ်ပါ။ မတရားလုပ်နေတဲ့သူတွေကို ပြောင်းလာပြီ၊ ကောင်းလာပြီ ပြောနေတဲ့ လုပ်ရပ်တွေပါ။ ဒါတွေက ပိုလို့တောင် အန္တရာယ်ကြီးပါသေးတယ်။ အခုလောလောဆယ်မှာပဲ ဆရာ မောင်ဝံသက သူ့ရဲ့ ဒီမိုကရေစီရပြီလား ဆောင်းပါးမှာ မြန်မာပြည်ဟာ ဒီမိုကရေစီ မရသေးပေမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီတဲ့။ အခု ဒီနေ့လို လုပ်ရပ်မျိုးတွေကို ဘာလို့ ထည့်မပြော ထည့်မတွက်တာပါလဲ။ ဒါမှမဟုတ် ဒါတွေကို သိသည့်တိုင်အောင် ကောင်းသေးတယ်၊ ပြောင်းနေတယ်လို့ ယူဆနေတာပါလား။ လူမဆန်တဲ့ လုပ်ရပ် အခု ၁၀၀ လုပ်ထားတဲ့ အထဲကနေ ၅ ခု ၆ ခုကို သူတို့ အကျိုးစီးပွားမျှော်ပြီး ပြန်လည် ရုပ်သိမ်းပေးလိုက်တာမျိုးကို ဘာ့ကြောင့် မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီလို့ ကာကွယ်ပြောဆိုနေသလဲ။ ဒါဟာ လူထုကို အတွေးအခေါ်အရ မှိုင်းတိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မျက်စေ့ထဲ သဲပက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ အဓမ္မလုပ်ရပ်တွေကို မှန်ကြောင်း တရားကြောင်း ရှေ့နေလိုက်ပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလို ပြောနေတာလဲ။ ဦးသိန်းစိန် နဲ့ နားလည်မှု လွဲမှာ စိုးလို့လား။ သူတို့ပြောနေကြသလို ပြုပြင်ရေးတွေ နောက်ပြန်ဆုတ် သွားမှာ စိုးလို့လား။ သတင်းသမားကောင်းမှန်ရင် မှန်တာကို မှန်တယ်လို့ ပြောရဲရမယ်။ မှားတာကို မှားတယ်လို့ ရဲရဲ ထောက်ပြရဲရမယ်။ ဟိုဟာဖြစ်မှာ စိုး၊ ဒီဟာ ဖြစ်မှာစိုးနေရင် အဲဒီစိုးရိမ်မှုအားလုံးဟာ ဘယာဂတိပဲ။ စိုးရိမ်မှု၊ အကျိုးမျှော်မှု တခုခုနဲ့ ရေးသားရင် အဂတိလိုက်စားတဲ့ သတင်းသမားလို့ပဲ ခေါ်ရပါလိမ့်မယ်။ စစ်အစိုးရရဲ့ လက်အောက်မှာ မှန်ရာကို ရေးခွင့်မရဘူးဆိုရင် နားလည်ပေးနိုင် ပါတယ်။ ဒါပေမဲ့ မမှန်တာကိုတော့ ရေးစရာ မလိုဘူးထင်ပါတယ်။ ထမင်းမစားရရင်ရှိပစေ၊ သတင်းသမားသိက္ခာကိုတော့ ရိုသေမယ်ဆို တဲ့ စိတ်ထားမျိုးရှိသင့်ပါတယ်။ ကြံ့ဖွံ့ စစ်အစိုးရဟာ အမှန်တကယ် ပြောင်းလဲရမှာကို မလိုလားပါဘူး။ လူထုအားနဲ့ ပြောင်းလဲသွားကြမှာကိုလည်း ပိုစိုးရိမ်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှာ ဟိုနေရာ တရားမဟောရ၊ ဒီနေရာ လူမစုရဆိုပြီး နိုင်ငံရေး ဦးချိုးတဲ့ လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ရိုကျိုးပါတယ်။ လိုက်နာပါတယ်။ မတရားတဲ့ ဥပဒေကို ခေါင်းငုံ့သည်းခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို နိုင်ငံရေးဦးချိုးလို့ရပေမဲ့ ဦးဂမ္ဘီရကို နိုင်ငံရေး ဦးချိုးလို့မရလိုက်ဘူး။ ဒါကို သူတို့ ကျေနပ်မှာ မဟုတ်ပါဘူး။ သူတို့ထပ်ပြီး ဖိနှိပ်ဦးမှာပါ။ သူတို့ ထပ်ပြီး စော်ကားဦးမှာပါ။ ဆရာတော်ဦးဂမ္ဘီရက "ချိတ်ပိတ်တာကိုကမှားနေပြီ သံဃာက ကျောင်းမှာ မနေလို့ ဘယ်မှာ နေရမလဲ။ ချိတ်ပိတ်တာကိုက မှားနေတယ်။ ဒါဟာ လက်ခံရမယ့် ကိစ္စမဟုတ်ဘူး။ ကျောင်းထိုင်ဆရာတော်ကြောင့်လက်ခံလိုက်ရတာလို့" မိန့်ပါတယ်။ အလွန်ပြတ်သားတဲ့ အာဇာနည်စကားမျိုးဖြစ်ပါတယ်။ ဒါမျိုးကို ကြံ့ဖွံ့အစိုးရဟာ အငြိုးထားဦးမှာ သေချာပါတယ်။ ဒါ့ကြောင့် မတရားအပြုခံရတဲ့ ဆရာတော်အသျှင်ဂမ္ဘီရနဲ့ သံဃာတော်များ ဘက်မှာ အားလုံးရပ်တည် အကာအကွယ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ သင့်အပေါ်ရောက်လာပါလိမ့်မယ်။ လူ့အဖွဲ့ အစည်းထဲက လူတယောက် အပေါ်မှာ အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့ အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ် ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကိုမင်းကိုနိုင်တို့လို လူထုက အားထားယုံကြည်ကြတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီးတော့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။ ခေါင်းဆောင်တွေ ခေါင်းရှောင်မနေကြပါနဲ့။ ခေါင်းဆောင်တွေ ရှေ့ကခေါင်းဆောင်ပေးကြမှာကို ကျွန်တော်တို့ လိုလား မျှော်လင့်နေပါတယ်။

ဇော်ဝင်း

၈၈ ကျောင်းသားဟောင်း

၎ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၁၂။

Posted: 04 Feb 2012 08:09 AM PST

Maggin Monastery locked for officially reopen

၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းအပြီးတွင် စစ်အစိုးရ၏ ချိတ်ပိတ်ခြင်းခံခဲ့ရကာ ယခင်လ ၁၃ ရက်နေ့ တွင်လွတ်မြောက်လာသည့် သံဃာအချို့က ဖွင့်လှစ်သီတင်းသုံး လျှက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်အား တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ချိတ်ပိတ်ခဲ့သည်။

အစိုးရမှ ချိတ်ပိတ်ထားသော ကျောင်းအား တရားမ၀င် ပြန်လည်ဖွင့်လှစ်သီတင်းသုံးခြင်းကြောင့် တရားဝင်ဖြစ်စေရန် ချိတ်ပိတ်ခြင်းဖြစ်၍ လာမည့် ဆယ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း တိုင်းသာသနာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက အား လျှောက်ထားခဲ့သည်ဟု သိရှိရသည်။

မဂ္ဂင်ကျောင်းဆရာတော် ဦးဣန္ဒကက '' ဖြစ်ခဲ့တာတွေက အရင်အစိုးရလက်ထက်မှာဖြစ်ခဲ့တာတွေ၊ အားလုံးကိုသင်ပုန်းချေနိုင်ရမယ်၊ ဒါမှ နိုင်ငံကောင်းစားမယ်၊ အခုလို ပြန်ဖွင့်ပေးမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ် '' ဟုမိန့်ကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သံဃာ့အရေးအခင်းတွင်ပါဝင်ခဲ့ပြီး အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးဇင်းဦးဂမ္ဘီရကမူ '' ဘာကို တရားဝင်လို့ဆိုတာလဲ။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး သီတင်းသုံးတာ တရားမ၀င်ဘူးလား။ ဒီလိုဆို ဘယ်နားသွား သီတင်းသုံးပေးရမလဲ '' ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

၎င်းက ယခုကဲ့သို့ပြုလုပ်ချင်းမှာ နိုင်ငံတော်သံဃမဟာနာယကနှင့် မြန်မာနိုင်ငံ သံဃတပ်ပေါင်းစုတို့ကို အစိုးရမှ တိုက်ပေးခြင်းဖြစ်ပြီး သံဃာကို သင်းခွဲရာရောက်ကြောင်း မိန့်ကြားသည်။

ယခုကဲ့သို့ မဂ္ဂင်ကျောင်းအား ချိတ်ပိတ်ခဲ့သဖြင့် ယင်းကျောင်းနေ သံဃာတော် ၆ ပါးမှာ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားအနီးရှိ လယ်တီကျောင်းသို့ ပြောင်းလဲ သီတင်းသုံးရမည်ဖြစ်ကြောင်း မဂ္ဂင်ကျောင်းဆရာတော်က မိန့်ကြားသည်။

မဂ္ဂင်ကျောင်းတွင် သီတင်းသုံးလျက်ရှိသော သံဃာတော်များအားလုံးမှာ ၂၀၀၇ သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း များဖြစ်ကာ ယခုကဲ့သို့ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း အာဏာပိုင်များမှ အစဉ်စောင့်ကြည့်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒါယိကာ၊ ဒါယိကာမ များမှာ ကျောင်းသို့ လာရန် စိုးရိမ်မှုများဖြစ်နေရကြောင်း မဂ္ဂင်ကျောင်းဆရာတော ဦးဣန္ဒက က မိန့်ကြားသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းတွင် သံဃာအပါးတစ်ထောင်ကျော် အဖမ်းခံခဲ့ရကာ ယင်းတို့အနက်မှ ရာဂဏန်းနှင့်ချီသည့် သံဃာများမှာ သာသနာငြိုးနွမ်းစေမှု အစရှိသည့် ပုဒ်မများဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရသည်။ ။

Yangon Press International

Posted: 04 Feb 2012 08:01 AM PST

Photo..Burma vj medianetwork

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment