Wednesday, 7 March 2012



မြောင်းမြမြို့နယ် တွင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကိုယ်တိုင် မဲပေးနိုင်သူစာရင်းများအား ကြိုတင်အကွက်ချ ပြီးမဲလိမ်ရန်ကြိုးစားနေ
0 Comments - 08 Mar 2012
မြောင်းမြမြို့ နယ်ရှိ မြို့ ပေါ်ရပ်ကွပ်များနှင့် မြောင်းမြမြို့ နယ်အပိုင် ကျေးရွာများတွင် မဲပေးနိုင်နိုင်သူ စာရင်းများမှာ ဆိုးဆိုးရွားရွား မှားယွင်းထုတ်ပြန်ခဲ့ပြီး အဓိက ပစ်မှတ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်များ နှင့် အားပေးထောက်ခံသည့် အမာခံပြည်သူများကိုသာ မဲပေးရာတွင် မဲပေးခွင့်မရရှိစေရန် စီမံထားသကဲ့သို့ ဖြစ်နေသည်။ မြို့ နယ်အုပ်ချုပ်ရေးဌာန မှ ရရှိသော အတွင်းသတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သို့  မဲပေးနိုင်မည့်သူများ ၊ မဲပေ...

More Link

ကြာသာပတေးနေ့၊ မတ်လ ၈၊ ၂၀၁၂

1 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းဂျင်ကလိဖြင်

 ချောင်းမြောင်းပစ်ခတ်ခြင်းခံရ



Photo..အဘ ဥက္ကာကိုကို

လာမဲ့ဧပြီလမှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသောယာဉ်တန်းအား ၆ရက်နေ့ညက ဂျင်ကလိဖြင့်ချောင်းမြောင်း ပစ်ခတ်ခြင်းခံရပြီး လုံခြုံရေးလူငယ်၂ယောက်ဒဏ်ရာရရှိသွားပါတယ်.

ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေပါတဲ့ယဉ်ဟာ ၆ရက်နေ့ည၇နာရီက ရန်ကုန်မြို့ကနေမြောက်ဖက်ကီလို၁၄၀ဝေးတဲ့ အဝေးပြေးလမ်းမကြီးပေါ်အဖြတ် ပြင်းပြင်းထန်ထန်ဒဏ်ရာရသေစေနိုင်တဲ့ဂျင်ကလိလက်နက်နဲ
့ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရပြီး လောက်စလုံး(အမာ)ကို ကားမှာတွေ့ရှိတယ် လို့ဂျပန်နိုင်ငံရှိ nhk သတင်းဌာနကကြေငြာသွားပါတယ်..

ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ မော်တော်ယာဉ်တန်းဟာနေပြည်တော်မဲဆွယ်စည်းရုံးရေးမှ ရန်ကုန်သို့ အပြန်လမ်းခုလတ်မှာ ဒေါ်အောင်ဆန်းစုကြည်စီးတဲ့မော်တော်ကားနောက်၂စီးကျော်က ဂျင်ကလိကြောင့် ကားမှန်ကွဲသွားပြီး လုံခြုံရေးအဖွဲ့ဝင်၂ယောက်ဒဏ်ရာရသွားပါတယ်.

NLD ဟာလာမဲ့လ ၁ရက်နေ့ကျင်းပမဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၄၈နေရာ မှာဝင်ရာက်ယှဉ်ပြိုင်အေ၇ွးခံရေးတဲ့အတွက် စည်းရုံးရေးလုပ်ဆောင်နေတဲ့အချိန်အခါလည်းဖြစ်ပါတယ်..

မဲဆန္ဒနယ်မြေလမ်းတလျှောက်မှသိန်းသောင်းချီတဲ့ ပြည်သူများဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပေမဲ့လည်း NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ရဲ့ ရွေးကောက်ပွဲပိုစတာဆုတ်ဖြဲ ခံရခြင်း၊ မဲဆန္ဒနယ်မြေတချို့တွင် မဲစာရင်းများ မှားယွင်းနေသောပြဿနာကိစ္စများကြောင့်
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ပါ့မလားဆိုတဲ့ အသံများကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်..

ဘာသာပြန်..ဒေါင်းမာန်ဟုန်
来月、ミャンマーで行われる議会の補欠選挙に立候補している、民主化運動のリーダー、アウン・サン・スー・チーさんの車列が、6日夜、何者かに襲われ、スー・チーさんにけがはありませんでしたが、警護の男性2人がけがをしました。

スー・ チーさんが率いる政党、NLD=国民民主連盟によりますと、現地時間の6日午後7時ごろ、ミャンマー最大の都市、ヤンゴンから北におよそ140キロ離れた 高速道路上で、スー・チーさんの車列に、殺傷能力のあるパチンコから発射されたとみられる弾が撃ち込まれたということです。
スー・チーさんは、首都ネピドーでの遊説を終えてヤンゴンに戻る途中で、スー・チーさんの乗った車の2台後ろを走っていた車の窓ガラスが割れて、警護の男性2人がけがをしたということですが、スー・チーさんにけがはありませんでした。
来月1日に行われる、議会上下両院と地方議会の補欠選挙を巡っては、政党として再登録を果たしたNLDが、48すべての議席に対し、スー・チーさん自身を含む候補者を擁立しました。
スー・チーさんは、各地で熱狂的な支援者に出迎えられる一方で、選挙ポスターが切られるなど、選挙妨害とみられる被害も出ているということで、国際社会が求める公正な選挙が実施できるかが課題となっています。

1 comments:

nwenwe said...
ကဲ ...စပြီ . ဘယ်လိုလုပ်ကြမလဲ ။ ဒီပဲယင်းလိုကြီးကြီးကျယ်ကျယ်နဲ့ ဗြောင်တော့ လုပ်မှာမဟုတ်ဘူး ။ အဲ့လိုခိုးချောင်ခိုးဝှက်နဲ့  လိုက်ပြီး ယုတ်မာကြလိမ့်မယ် ။ အန်တီ့  အတွက် တအားစိုးရိမ်နေရပြီနော် ။ အဲ့ဒီကြံ့ ဖွတ်အမျိုးယုတ်တွေက အမျိုးမျိုး ကို နှောင့်ယှက်မှာ စကတည်းက သိပြီးသား ။ တနိုင်ငံလုံးရဲ့ အင်အားနဲ့ ထောက်ခံမှုတွေကိုတွေ့ ပြီး အကျင့်စရိုက်တွေပေါ်လာပြီ သတိထားကြပါ။ ဒဏ်ရာရသွားတဲ့ လုံခြုံရေး တွေတွက်စိတ်မကောင်းပါဘူး ။လာကြိုတဲ့ သူတွေလည်း သတိထားပြီး ၀ိုင်းဝန်းစောင့်ရှောက်ပေးကြပါ။ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဘို့ ဆိုတာ ဦးသိန်းစိန်တို့  ကြံဖွတ်အကြီးစားတို့ က သူတို့ လူတွေကိုထိန်းဘို့ လိုပါတယ် ။အောက်ခြေက မျက်နှာလိုအားရကောင်တွေက လည်း အရိုးအရင်းလေးများစားရမလားဆိုပြီး အဖျက်လုပ်ချင်ကြတဲ့သူတွေရှိတယ် ။ ကြံ့ ဖွတ်ကြီးကိုယ်တိုင်က မြှောက်ပေးထားတာဆိုတော့ ပိုပြီး အန္တရာယ်ကြီးမားပါတယ်။ ကိုယ့်ဘေးမှာရှိတဲ့သူကို သတိထားပါ ပါတ်ဝန်းကျင်ကို လေ့လာပါ ။ အဲ့လိုယုတ်မာတဲ့သူတွေကို အမိဖမ်းနိုင်အောင် အစဉ်သတိချပ်ကြပါ။ ထောက်ခံအားပေးတဲ့ သူတွေကိုလည်းအန္တရာယ် ပြုနိုင်ပါတယ် ။ ၈၈ တုံးကလည်း အဲ့လိုနည်းတွေသုံးပါတယ် ။ တအားစိုးရိမ်နေတယ် ။ ဘာမှအန္တရာယ် မဖြစ်ကြပါစေနဲ့  အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားပါစေ ။ လို့ ဆုတောင်းပေးနေပါ့မယ် ။အန်တီ နဲ့  ပြည်သူထုကြီး အောင်မြင်ပါစေ။

No comments:

Post a Comment