လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ မော်လမြိုင် လူထုဟောပြောပွဲ မြင်ကွင်း ဓာတ်ပုံများ..
ဘယ်လောက်ပဲ အတိုက်အခိုက်တွေ၊ မတရားမှုတွေ၊ လိမ်လည်မှုတွေရှိပါစေ.. အဘွားစုနဲ့ ခွပ်ဒေါင်းတွေ
မုချအောင်ရမည်တဲ့... အနာဂတ်ရဲ့ ရာမည ခွပ်ဒေါင်းမြေး..
ခွပ်ဒေါင်းဘွားဘွားနဲ့ ခွပ်ဒေါင်းမြေးတွေပါ မကျန်ပါဝင်တဲ့ မော်လမြိုင် လူထုပရိသတ်
သိန်းချီတဲ့ ရာမညဋ္ဌာနီ မော်လမြိုင် လူထုပရိသတ်..
ဓာတ်ပုံများ AP, Reuters
အာဏာရှင်တွေ
တက်ရေး မတက်ရေးနှင့် ပေါ်လာရေး မပေါ်လာရေးမှာ မရေရာသည့် ကိစ္စတစ်ခုအဖြစ်
ရှိနေဆဲဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၁၀ မိနစ်အထိ
မော်လမြိုင်မြို့၊ ခြောက်မိုင်ရွာ ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။ ''လူအခွင့်အရေးတွေအားလုံးကို ကျွန်မတို့ပြည်သူတွေ
ပြည့်ပြည့်၀၀မရသေးပါဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့ ဒီမိုကရေစီအစစ်ဆိုတာ
ဒီနိုင်ငံမှာ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင်တွေ
မတက်ရေး၊တက်ရေးဆိုတာလည်း ပြန်ပီးတော့ ပေါ်လာရေး၊မပေါ်လာရေးဆိုတာလည်း
မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိဖြစ်နေပါသေးတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေ
မအောင်မြင်သေးတဲ့ အတွက် ထပ်ပြီးလုပ်စရာတွေ အများကြီးရှိနေပါတယ်''
ဟုပြောကြားခဲ့သည်။
7Day News Journal








No comments:
Post a Comment