သို့
ဦးအုန်းလွင်(တိုင်းထွေအုပ်)
တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံး
၂၃×၂၄-လမ်း။ ၆၄-လမ်း။
ချမ်းအေးသာစံမြို့နယ်။
မန္တလေးတိုင်းဒေသကြီး။
ရက်စွဲ-၁၉.၃.၂၀၁၂။
အကြောင်းအရာ။ ။လက်ကျန်ယုံကြည်ချက် အကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ကျင်းပရန်ကိစ္စ။
အထက်အကြောင်းအရာပါ လက်ကျန်ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဦးပဉ္စင်းဝီရသူ ဦးဆောင်၍ ၀တ်ပြုဆုတောင်းပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၂၂.၃.၂၀၁၂-(၁၃၇၃-ခု တပေါင်းလကွယ် ကြာသပတေးနေ့ မွန်းလွဲ(၁)နာရီ (13း00)မှာ ကျင်းပပြုလုပ် မည်ဖြစ်ပြီး။ မဟာမြတ်မုနိဘုရားကြီး ရုပ်ရှင်တော်မြတ်ကြီး၏ ရှေ့တော်မှောက်မှာ ကျင်းပမှာ ဖြစ်ပါသည်။
လွတ်မြောက်လာသော ယုံကြည်ချက်အကျဉ်းသားဟောင်းများနှင့် လက်ကျန်ယုံကြည်ချက် အကျဉ်း သားတို့၏ မိသားစုများပါဝင် ဆုတောင်းကြမည်ဖြစ်သည်။
ဝတ်ပြုဆုတောင်းခြင်း၊ ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပို့သခြင်း၊ ဆိုင်းဘုတ်ကိုင်၍ အသံတိတ် ဆန္ဒထုတ်ဖော်ခြင်း၊ အကျဉ်းသားတို့၏ မိသားစုကိုယ်စား ဦးပဉ္စင်းဝီရသူက- မီဒီယာများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်။
ဦးပဉ္စင်း ပြုလုပ်မည့် ၀တ်ပြုဆုတောင်းပွဲကြောင့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေရပါ။ သမ္မတကြီး ဦးသိန်းစိန်နှင့် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီ လမ်းကြောင်းကိုလည်း မထိခိုက်စေရပါ။ ၁.၄.၂၀၁၂-တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း မထိခိုက်စေရပါ။
ငြင်သာသိမ်မွေ့စွာ၊ ငြိမ်းချမ်းအေးဆေးစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာမခံလျက် ကတိပေး အပ်ပါသည်။
ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးအတွက်
အစဉ်တစ်စိုက်ဆောင်ရွက်နေသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒ န္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
No comments:
Post a Comment