Tuesday 20 March 2012




Posted: 18 Mar 2012 10:15 AM PDT
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိန္နီမြို့ ခရီးစဉ်.. မြင်ကွင်း၊ ဓာတ်ပုံများ.. AP, Getty Images

၁၇ရက်နေ့က လားရှိုးမြို့ကို ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ် ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ ၁၈ရက်နေ့ မနက်ပိုင်းက သိန္နီမြို့မှ ဘုန်းတော်ကြီးများအား
သွားရောက် ဖူးမျှော်ခဲ့ပါတယ်..။ ထိုသို့သွားရောက် ဖူးမျှော်စဉ်မှာ လာရောက်ကြိုဆိုကြတဲ့
သိန္နီမြို့ လူထုပရိသတ်ရဲ့ တောင်းဆိုမှုကြောင့် ၁၅မိနစ်ခန့် ဟောပြောခဲ့ပါတယ်။
လှည်းနေ လှေအောင်း ပုခက်အတွင်းတောင် မကျန်အောင် ကြိုဆိုကြတာ..
မြန်မာပြည်အနှံ့ ကြိုဆိုကြတဲ့ မြင်ကွင်းတွေထဲမှာ တခါမှ မမြင်ဘူးတဲ့ အမေစုရဲ့ ရှမ်းပြည်မြောက်ပိုင်း
 ခွပ်ဒေါင်းမြေးလေးတဦးမှ ကြိုဆိုမှု ဗိုက်ပေါ်မှာတောင် ခွပ်ဒေါင်းအလံ ကပ်လိုက်ပါသေးတယ်..။


အောက်ထက်ဝန်းယံ သောသောညံ သိန္နီမြို့ ခရီးစဉ်.. from Demo Waiyan on Vimeo.

ယနေ့ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ရောက်အမေစုနဲ့ ကြိုဆိုသူ ပြည်သူလူထု (ရိုက်တာ သတင်း ရုပ်သံ) အမေစု
 ကျန်းမာပါစေ ရင်ထဲက လှိုက်လှဲလှဲ အသံတွေနဲ့ ကြိုဆိုနေကြတဲ့ အမေစုကို ချစ်တဲ့ ကျွန်တော်တို့ရဲ့ ရှမ်းပြည် မြောက်ပိုင်း
သားတွေရဲ့ အသံ မိုးထက်လျှံပေါ့..
Posted: 18 Mar 2012 07:42 AM PDT
Facebookမှာ အဂ္ဂမဟာဒီမိုဖက်တီး တဂ်ပေးတဲ့၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးမယ့် ရုပ်ရှင်သရုပ်ဆောင်
 လူမင်းနဲ့ The Ladies ဂျာနယ် အင်တာဗျူးပါ..။ ၂၀၁၀ရွေးကောက်ပွဲမှာ မဲမပေးပဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ
 မဲပေးမယ့် အမေစုကို အကြွင်းမယ့် ယုံကြည်တဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်း..

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းပြီး ပါဝင်လု
ပ်ဆောင်ပေးမယ့် သရုပ်ဆောင် လူမင်း နောက်ဆုံး ဖြေသွားတာလေးကတော့ အကိုရဲ့ ရပ်တည်ချက်က ရှင်းတယ်။
အမေစုကို အကြွင်းမဲ့ယုံကြည်တယ်..။ အမစုကို ပံ့ပိုးချင်တယ်။ အမေစုကို ပံ့ပိုးတယ်ဆိုတာ အန်လ်အယ်ဒီကို ပံ့ပိုးတာနဲ့
အတူတူပဲ။ အန်လ်အယ်ဒီကို ပံ့ပိုးတယ်ဆိုတာ ကိုယ့်တိုင်းပြည် ကောင်းစားရေးအတွက် တခန်းတကဏ္ဍက ပံ့ပိုးတာနဲ့
အတူတူပါပဲ။ အဲ့ယုံကြည်မှု ရထားတဲ့ အတွက် လုပ်သင့် လုပ်ထိုက်တာတော့ လုပ်သွားမှာပါပဲဟု.. ရဲရဲဝံ့ဝံ့ ပြောဆိုထားပါတယ်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment