Tuesday 20 March 2012



-



အလဲဗင်းဂျာနယ် လူလည်ကျပြီ.(အောင်မျိုးထွန်း)
Posted: 19 Mar 2012 12:03 AM PDT




















ဖော်ပြပါ ဓာတ်ပုံလေးက ဒီကနေ့ ထုတ် အလဲဗင်းဂျာနယ် စာမျက်နှာ (၂)မှာ ဖော်ပြခွင့်ရတဲ့ရွှေဂုံတိုင်၊ မင်္ဂလာဒို့ ရိုးရာခန်းမမှာ
 ပြီးခဲ့တဲ့ မတ်လ (၁၆)ရက်နေ့ ကပြုလုပ်သွားတဲ့တံတားနီနေ့  (၂၄)နှစ်မြောက် ဓာတ်ပုံဖြစ်ပါတယ်။ အဲဒီအခမ်းအနားဓာတ်ပုံကိုပြည်တွင်းဂျာနယ်တစ်စောင်မှာ ဖော်ပြခွင့်ရတဲ့အတွက် ၀မ်းမြောက်ကျေနပ်ရမယ့်အစားကျွန်တော် အလွန်စိတ်ပျက်လက်ပျက်ဖြစ်သွားရပါတယ်။

"တံတားနီနေ့ " ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းသွားခြင်းမရှိဘဲ "ရန်ကုန်(၀ိဇ္ဇာ/သိပ္ပံ)တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့်အခမ်းအနား"ဟုသာ ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ (၂၄)နှစ်၊ ၁၉၈၈ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေဟာ တသီးတခြားနာမည်ကိုယ်စီနဲ့ အသိအမှတ်ပြုခံထားကြရပါတယ်။
မတ်လ (၁၆)တံတားနီနေ့ ၊ မတ်လ (၁၇) ပင်မကျောင်းဝင်းထဲ စစ်သားတွေ အလုံးအရင်းနဲ့ဝင်ရောက် ဖြိုခွင်းရိုက်နှက်ခဲ့တဲ့နေ့ ၊
 ဇွန်လ (၂၁)ရက် မြေနီကုန်းလမ်းဆုံမှာ သေနတ်သံညံစီခဲ့တဲ့နေ့  စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားခဲ့တာပါ။ တံတားနီနေ့ဆိုတဲ့ အထင်ကရနေ့ တစ်ရက်ကို အလဲဗင်းဂျာနယ်ထဲ ရေးသားဖော်ပြထားခြင်းမရှိတာ စိစစ်ရေးက ဖြုတ်ချခိုင်းတာလား၊ အတွေ့ အကြုံတွေအရမလွတ်လောက်ဘူး ထင်တာနဲ့  သတင်းရေးတဲ့သူကရှောင်ကွင်းရေးသားလိုက်တာလားဆိုတာ
 ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အလဲဗင်းဂျာနယ် ဖော်ပြထားမှုထဲမှာ တံတားနီနေ့ ရယ်လို့  ဘာ့ကြောင့်ဖြစ်ပေါ်လာရသလဲ၊ ကျောင်းသား တွေ ရဲ့ တောင်းဆိုမှု၊ အာဏာရအစိုးရလက်ပါးစေ လက်နက်ကိုင်အဖွဲ့ တွေရဲ့ သူရဲမရဲစီး ဖြိုခွင်းရိုက်နှက်မှု စတာတွေ ဘာဆိုဘာမှ ရေးသားထားခြင်းမတွေ့ ရပါဘူး။တံတားနီနေ့ မှတ်တမ်းနဲ့ ပက်သက်ပြီး ရုပ်လုံးကြွလာအောင်ဖော်ပြထားတာမျိုးမရှိတဲ့အပြင်အဲဒီ့အခမ်းအနားရဲ့ ကျင်းပပုံ အကျဉ်းချုပ်လေးကိုတောင် ရေးသားခဲ့ခြင်း
မရှိပါဘူး။မင်းဇေယျ။ ဂျင်မီ၊ အောင်သူ၊ လှမျိုးနောင်၊ ဌေးကြွယ်၊ မင်းကိုနိုင်တို့ အမှတ်တရစကားများပြောကြားသွားတယ်ဆိုတာတောင် ရေးသားထားတာ မတွေ့ ရပါဘူး။ စိတ်ပျက်စရာပါ။

ဒါပေမယ့် အလဲဗင်းဂျာနယ်အနေနဲ့  NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားကို ခဏလေး လာပြီး
 စကားပြောသွားတာကိုတော့ အတော်ကလေးပြည့်ပြည့်စုံစုံ ဖော်ပြထားတာတွေ့ ရပြီး "နိုင်ငံရေးဟာ စစ်သားတွေနဲ့ လည်း
 ဆိုင်တယ်"ဆိုတဲ့ ကိစ္စကို အမွှန်တင်ဖော်ပြထားတာ တွေ့ ရပါတယ်။ ဒါဟာ လှမျိုးနောင် ရှေ့ ကပြောကြားချက်ကို ပြန်ပြီး
 ကက်ကက်လန် ရန်တွေ့ တဲ့ အပြုအမူလို့ ကျွန်တော်မြင်ပါတယ်။ဒေါ်စုအနေနဲ့  လှမျိုးနောင်စကားရဲ့ ရည်ရွယ်ချက်ကို
 ခြုံငုံဆ၀ါးနိုင်မှု
အားနည်းခဲ့တယ်လို့ မြင်ပါတယ်။ တပ်မတော်သားတွေတင် နိုင်ငံရေးနဲ့ ဆိုင်တာမဟုတ်ပါဘူး။ပြောကြကြေးဆို
ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ လည်း နိုင်ငံရေးဟာ ပက်သက်ပါတယ်၊ ထို့ အတူ လမ်းတံတားတည်ဆောက် နေ တဲ့
အင်ဂျင်နီယာများနဲ့ လည်း ဆိုင်ပါတယ်။ ကျန်းမားရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန် သူနာပြုတွေနဲ့ လည်း နိုင်ငံရေးဟာ
 ဆိုင်ပါတယ်။ ကုန်ကုန်ပြောရရင်လမ်းဘေးက အမှိုက်သရိုက်တွေ လှည်းကျင်းပေးတဲ့ စည်ပင်ဝန်ထမ်းတွေ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေနဲ့ လည်း လွတ်ကင်းလို့ မရပါဘူး။ နိုင်ငံရေးဟာနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတာ ဒေါ်စု ပြောမှ သိရမှာ မဟုတ်ပါဘူး။

လှမျိုးနောင် ဆိုလိုတဲ့သဘောက နိုင်ငံရေးပါတီဝင်ပြီး အာဏာနိုင်ငံရေးကို ရယူလို့ တိုင်းပြည်အုပ်ချုပ် လိုတဲ့ စိတ်ဆန္ဒဇောကို ရည်ညွှန်းဟန်တူပါတယ်။ နိုင်ငံရေးဆိုတာနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့အဆင့်ကို တံတားနီနေ့ အခမ်းအနားမျိုးမှာထည့်သွင်းပြောကြားစရာ မလိုလောက်ဘူးလို့  ကျွန်တော် နားလည်ပါတယ်။
ဒီအခမ်းအနားမျိုးကို တက်ရောက်လာသူအများစုက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာအတွေ့ အကြုံ အနည်း နှင့် အများ ရှိခဲ့ကြဖြတ်သန်းခဲ့ကြသူတွေချည်းပါဘဲ။ ဘယ်လိုပရိသတ်တွေလဲ၊ ဘာအခမ်းအနားလဲဆိုတာ ရပ်ဖမ်းသံဖမ်းလောက်တော့အကဲခတ်တတ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး အံတိုအံခွ အရိုးရင့်သူတွေချည်းပါ။

ကျွန်တော် နားလည်မိတာက ၂၀၀၈ ဖွဲ့ စည်းပုံနဲ့ သွားတဲ့ နေပြည်တော်လွှတ်တော်နိုင်ငံရေးမှာ ပါဝင် ဆောင်ကျဉ်း ပေးတဲ့ ပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြောကြားချက်တွေ၊လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ဆိုရင် လည်း လူမှုရေးလုပ်တဲ့အခမ်းအနားတွေ၊
 သာရေးနာရေးကိစ္စတွေ။ စယ်လီဘယ်တီ ပွဲလမ်းသဘင် အခမ်းအနား တွေနဲ့ သက်ဆိုင်တဲ့ ရေးသားဖော်ပြချက်မျိုးကိုသာ ပြည်တွင်းဂျာနယ်တွေမှာ ဖတ်ရှုခွင့်ရနေပြီး တကယ့်သမိုင်းနဲ့ ဆိုင်တဲ့နင်လားငါလား ရေးသားဖော်ပြမှုတွေ၊ အစိုးရက
 ဦးဆောင်ပြီးသွားနေတဲ့
နိုင်ငံရေးဖြစ်စဉ်ကိုအခြားဘက်တစ်ဘက်က အမျိုးကွဲ သုံးသပ်တင်ပြချက်မျိုးတွေကို တစိုးတစေ့မှ ဖတ်ရှုခွင့်
မရသေးပါဘူး။ အထူးသဖြင့် ဒီကနေ့ ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့ အစိုးရကိုမွေးထုတ်ပေးခဲ့တဲ့အရင် စစ်အာဏာရှင် အစိုးရ လက်အောက်မှာ ပြည်သူလူထုနဲ့ ရဟန်းရှင်လူကျောင်းသားကျောင်းသူတွေ အပေါ် ရက်ရက်စက်စက် ဖြိုခွဲပစ်ခတ်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို ပေထက်အက္ခရာတင်နိုင်ခွင့် မရှိသေးပါဘူး။

နောင်လာနောင်သားလူငယ်တွေအနေနဲ့  မိမိနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တွေကို ဘက်စုံထောင့်စုံက ရေးသားဖော်ပြထားတဲ့ မှတ်တမ်းမှတ်ရာတွေကိုဖတ်ရှုလေ့လာခွင့်မရနိုင်သေးသမျှ၊ အတွေးအမြင်အယူအဆ စုံစုံလင်လင်ကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံရေးလုပ်ငန်းတွေကို ဆုံးဖြတ်လုပ်ကိုင်နိုင်မှုအခွင့်အလမ်း ပိတ်ဆို့ ခံထားရနေသမျှ ဒီမိုကရေ
စီနိုင်ငံတော်သစ်ကြီးဆီ အရောက်သွားနိုင်မယ် ၀ါးလုံးခေါင်းထဲ လသာ
နေတာဘဲ ဖြစ်ပါလိမ့်မယ်။

ဒီစာစုလေးကို ဒေါ်အောင်ဆန်းစုကြည် တံတားနီ နှစ်ပတ်လည်နေ့ က ပြောကြားချက်နဲ့ အဆုံးသတ်ပါရစေ။ ဒေါ်စုလည်း
သူ့ ရဲ့  အယူအဆကို အများစုဆန္ဒ ဟုတ်ချင်မှဟုတ်မယ်လို့ ပြောသွားတာ ကြားရတော့ အနည်းစုသဘောထား (သို့ မဟုတ်)
 အများစု လက်မခံတဲ့အတွေးအမြင်ဆိုတာ ဒီမိုကရေစီရေးအတွက် သေကောင်ပေါင်းလဲ လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာ
 ဒေါ်စုပရိသတ်များ သိစေလိုပါတယ်။ ပန်းပေါင်းစုံ ဖူးပွင့်ခွင့်ပေးရမယ်၊ရနံ့ အမျိုးမျိုး သင်းပျံ့ ကြိုင်ဖို့  ညီတူညာတူ လက်တွဲကြပါစို့ ။

"ကျွန်မကတော့ စစ်အာဏာရှင်စနစ်ဆိုတာဟာ စစ်တပ်အုပ်ချုပ်တဲ့စနစ်လို့ ကျွန်မ ဒီလိုမြင်ပါတယ်။ စစ်တပ်နိုင်ငံရေးလုပ်တဲ့
စနစ်လို့ ကျွန်မ မမြင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့နိုင်ငံရေးဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ကိစ္စဟာ ကျွန်မ ထပ်တလဲ
လဲပြောတဲ့ကိစ္စပါ။ တပ်မတော်သားတွေဟာလည်း ဒိနိုင်ငံသားတွေထဲမှာ ပါပါတယ်။ ဒါ့ကြောင့်တပ်မတော်သားတွေအနေနဲ့ နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုတာဟာ ဒါ ကျွန်မရဲ့ အယူအဆပါ။ဒါ အများစုက
သဘောတူချင်မှတူမယ်။ ဒါပေမယ့် နိုင်ငံသူနိုင်ငံသားတိုင်းနဲ
့နိုင်ငံရေးဟာဆိုင်တယ်။ တပ်မတော်သားတွေနဲ့ လည်းဆိုင်တယ်၊ အရပ်သားတွေနဲ့ လည်းဆိုင်တယ်"
(ဒေါ်အောင်ဆန်းစုကြည်)


အောင်မျိုးထွန်း

၁၉- ၃- ၂၀၁၂

Posted: 18 Mar 2012 10:18 AM PDT


Photo..News and Information Department of NLD
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီ လူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရင် မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ်နဲ့ လားရှိုးမြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် သိန္နီမြို့ကို သွားရောက်ပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံပါတယ်။
 မြန်မာ့ ဒီမိုကရေစီ အရေး အပြောင်းအလဲဟာ တပ်မတော်နဲ့ ပြည်သူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်တိုးတက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သိန္နီ လူထုကို အခုလို ပြောပါတယ်။

"နိုင်ငံရေး အပြောင်းအလဲတွေ တည်ငြိမ်ဖို့ဆိုတာဟာ တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုဟာ လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်ဟာ ညီညီညွတ်ညွတ်နဲ့ အများအကျိုးအတွက် လုပ်သွားနိုင်ရင် ဒီနိုင်ငံဟာ အချိန်ကာလ
တိုတိုအတွင်းမှာ တိုးတက်နိုင်ပါတယ်။"

တိုင်းရင်းသား သွေးစည်း ညီညွတ်မှုနဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ သိန္နီ စော်ဘွား
လည်း ပါဝင်ခဲ့တဲ့အကြောင်းနဲ့ ဒေသခံ လူထုအနေနဲ့ အကြောက်တရား ကင်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က
တိုက်တွန်းခဲ့တယ်လို့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။

"အဓိက ကတော့ သိန္နီ ဆိုတာက အစဉ်အလာရှိပါတယ်။ ပင်လုံစာချုပ်ကို စတင်အကောင်အထည် ဖော်ကြတာမှာ သိန္နီစော်
ဘွားကြီး ပါပါတယ်။ ပါတော့ ပြည်ထောင်စု စိတ်ဓာတ်ပေါ့နော်။ ပြည်ထောင်စု အခြေခံမူကို စတည်ထောင်ခဲ့တာ ပင်လုံမှာ သိန္နီရဲ့
 ပါဝင်မှုက အများကြီး ရှိပါတယ်။ ပြီးတော့ သိန္နီမှာ အများစုကလည်း ရှမ်းပါ။ ခုချိန်ထိလည်း ရှမ်းတွေ အများကြီး ရှိပါတယ်။
အဲဒီဟာကိုပဲ အဓိကထား ပြောပါတယ်။ အကြောက်တရား ကိစ္စတွေ ဘာတွေလည်း ပြောပါတယ်။"

စနေနေ့က မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့တဲ့ လားရှိုးဒေသခံတွေကတော့ နိုင်ငံရေး စိတ်ဓာတ် တက်ကြွပြီး အကြောက်တရား
ကင်းသလောက် သိန္နီ ဒေသခံတွေကတော့ အကြောက်တရား ကြီးစိုးနေပုံ ရတယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။

"လူထုရဲ့ အခြေအနေ စိတ်ဝင်စားမှုက လားရှိုးမြို့တ၀ိုက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သန္နီနယ်က နှစ်ပေါင်းများစွာ
 ဖိနှိပ်ခံရတာပေါ့နော်။ လူတွေက အကြောက်တရားတော့ တော်တော် ကြီးစိုးပါတယ်။ သန္နီမှာ NLD ဆို ရုံးတောင် မဖွင့်နိုင်သေး
ပါဘူး။ ဆိုင်းဘုတ်တောင် မတင်နိုင်သေးပါဘူး။ မတင်နိုင်တော့ ကျနော်တို့ တိုးရတာလည်း ခက်ပါတယ်။ နောက်ပြီးတော့ အခုမှ
 ပြန်ပြီး တည်ရမယ်ဆိုတော့ ကျေးရွာလေးတွေက လူတွေ အသိနည်းပါတယ်။ အစ်မ လာမယ်ဆိုတာတောင် အစ်မ အပြန်ခရီး
ကျမှ ပိုများပါတယ်။ အဲဒီကျမှ တဆင့်ကြားနဲ့ လာကြတာပေါ့။ လုပ်နိုင်ကိုင်နိုင်တာလည်း နည်းပါတယ်။ မြို့ပေါ်က ပရိသတ်ကေ
တာ့ သိန္နီမြို့ပေါ်က ပရိသတ်ကတော့ နားထောင်ကြ၊ တက်ကြွကြတယ်ပေါ့။ သြဘာပေးကြပေါ့။ ဒါပေမဲ့ ရွာတွေမှာတော့ အကြောက်တရား တော်တော် လွှမ်းနေသေးတဲ့သဘော ရှိပါတယ်။ တော်တော်လုပ်ရဦးမှာပေါ့။"

သိန္နီမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက် အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
က ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် ကိုလည်း လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အကျဉ်းကျနေဆဲ ဖြစ်တဲ့ သိန္နီ NLD ဥက္ကဋ္ဌ
 ဦးစိုင်းအောင်လှ မိသားစုကိုလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး လားရှိုးက နည်းပညာ
 တက္ကသိုလ်နဲ့ လားရှိုး တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

"ဒီနေ့မနက် ကျနော်တို့ လားရှိုးကနေ မနက် ၈ နာရီလောက် လားရှိုးနဲ့ ၃၂ မိုင်ဝေးတဲ့ သိန္နီကို သွားပါတယ်။ သိန္နီက ကျောင်း
ဆိုင်ကျောင်း ဆိုတာ သိန္နီက အထင်ကရ ဘုန်းကြီးကျောင်းပါပဲ။ အဲဒီမှာ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ သံဃာ့မဟာနာယက
အဖွဲ့ ဆရာတော်ကြီး နောက်ထပ် လေးပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆပ်ကပ်ပါတယ်။ ဆပ်ကပ်ပြီးတော့ ပြန်အထွက်မှာ မြို့လူထုရဲ့ တောင်းဆိုချက်အရ ဘုန်းကြီးကျောင်းအ၀ ကားလမ်းပေါ်မှာပဲ မြို့လူထုကို ၁၅ မိနစ်လောက် ကြာပါတယ်။ မြို့
လူထုကို စကားပြောတယ်။ ပြောပြီးတော့ သိန္နီ NLD ဥက္ကဋ္ဌပေါ့၊ အခု ထောင်ထဲရောက်နေပါတယ်။ ဦးစိုင်းအောင်လှ ဆိုတာ၊ သူ့နေအိမ်ကိုသွားပြီးတော့ သူ့မိသားစုကို အားပေးစကားပြောပြီးတော့ ကျနော်တို့ နေ့လယ်ကပဲ လားရှိုးကို ပြန်ပါတယ်။
လားရှိုးမှာ အခု ထမင်းစားပြီးတော့ လားရှိုး နည်းပညာ တက္ကသိုလ်နဲ့ လားရှိုးတက္ကသိုလ်က ကျောင်းသားတွေက လာ
 ကန်တော့တာတို့၊ ဂါရ၀ပြုတာတို့၊ နှုတ်ဆက်တာတို့၊ အဲဒါတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ လေယာဉ်ကွင်းကို
သွားဖို့စောင့်နေပါတယ်။ ရန်ကုန်ကို ပြန်မှာပါ။"


ရှမ်းပြည်နယ်က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမျိုးသား
လွှတ်တော် အမတ်နေရာ ၅ နေရာ လစ်လပ်နေတာမှာ NLD က ၅ နေရာလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လားရှိုးနဲ့ သိန္နီ မြို့တွေကိုပဲ မဲဆွယ်ပွဲ သွားရောက်တာ ဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေ
ကိုတော့ သွားဖို့ မရှိပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ဖို
့ ရှိနေပါတယ်။

(VOA)

Posted: 18 Mar 2012 07:25 AM PDT
အသည်းကြားက မဲတစ်ပြားဟု ဆိုကြ၏။ ဆိုလိုသည်မှာ မဲတစ်ပြား၏ တန်ဖိုးကြီးပုံ၊ အရေးကြီးပုံကို တင်စားပြောဆိုခြင်းဖြစ်ပေ
သည်။ မှန်ပါသည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးဆိုးပြစ်ကို ပြုပြင်ဖန်တီးမည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရာ၌
မဲတစ်ပြားသည် လွန်စွာမှ တန်ဖိုးကြီး၏။ အရွေးမှားက ခွေးများဖြစ်သွားနိုင်၏။

ကျွန်ုပ်တို့ကို ဖိနှိပ်လိုသူများကလည်း နည်းမျိုးစုံဖြင့် ခိုးကြလိမ်ကြ၏။ တစ်တိုင်းပြည်လုံး ဖက်ဆစ်စနစ်ကို အလိုမရှိသဖြင့် တွန်းလှန်ဖြိုဖျက်နေသည့်ကြားမှ ထိုလူများနှင့် ထမင်းဝနေသော (သို့မဟုတ်) အရိုးအရင်းအရင်းစုတ်ရသူများက ထိုစနစ်၊
 ထိုလူတို့ကို ပံ့ပိုးကူညီ လိမ်လည်ခိုးဝှက်ပေးကြ၏။

ထိုသည်လည်း အပြစ်မဆိုသာပါပေ။ ဂျပန်ခေတ်၌ ဂျပန်အလိုတော်ရိ၊ အင်္ဂလိပ်ခေတ်မှ အင်္ဂလိပ် အလိုတော်ရိ တို့ကို
 မသိအောင်ရှောင်ရှား၍ ဗိုလ်ချုပ်အောင်ဆန်းတို့သည်ပင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ရသေးသည် မဟုတ်ပါလော။

ယခု မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လစ်လပ်သော လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ရာ၌ ရွေးကောက်ပွဲကော်
မရှင်သည် နည်းမျိုးစုံနှင့် မဲလိမ်မဲခိုးပြုလုပ်၏။ သူတို့ မဲခိုးမဲလိမ်နည်းတစ်ခုမှာ ဤသို့ဖြစ်၏။ သူတို့ကြံ့ခိုင်ရေးသို့ သေချာပေါက် မဲထည့်မည့်ပုဂ္ဂိုလ်ကို အကွက် (၂၈၉)၌လည်း မဲစာရင်းထည့်ထား၏။ ထိုနှင့်မျက်နှာချင်းဆိုင် အကွက် (၂၉၄)၌လည်း မဲစာ
ရင်းထည့်ထား၏။ ဤသို့ထည့်ခြင်းဖြင့် တစ်နေရာ မဲအတွက် ကြိုတင်မဲယူ၍ တစ်နေရာ၌ လူကိုယ်တိုင်သွားရောက်ထည့်၏။
 ဤသို့ဖြင့် ကြံ့ခိုင်ရေးမဲရအောင် ကြံစည်ကြ၏။ အတိုက်အခံဘက် ထည့်မည်ဟု သေချာသော မဲဆန္ဒရှင်များကိုတော့
 မေ့တာလိုလို၊ အသက်မပြည့်တာလိုလိုနှင့် မဲစာရင်း၌ ချန်ခဲ့၏။ သွားရောက်ပြောသောအခါ သေချာစိစစ်ပါဦးမည်။ လေးရက်လောက်စောင့်ပါဟု ပြော၏။ သူတို့ချန်ခဲ့သော ပုဂ္ဂိုလ်မှာ အသက်မပြည့်သေးပြောရအောင်ကလည်း ကလေး နှစ်ယောက်ပင်ရ၍ သားသမီးသည်ပင် အမှတ် ၁၄ ကျောင်း၌
 ကျောင်းတက်နေပေပြီ။

ကျွန်ုပ်တို့သည် အရမ်းစွပ်စွဲ အပုပ်ချသည်မဟုတ်။ ကျွန်ုပ်တို့၏ စူးရှထက်မြက်လှသော သတင်းထောက်များမှ တစ်ဆင့်
 ခိုင်လုံသော သတင်းအချက်အလက်တို့ကို ရှာဖွေတွေ့ရှိခဲ့ရပေပြီ။

ဥပမာ- မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှ ဆန္ဒမဲအမှတ်စဉ် (၅၃၉၆) ဦးရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇ သည်အကွက်
 ၂၈၉ ၌လည်း မဲဆန္ဒစာရင်းပါ၏။ အကွက် ၂၉၄ ၌လည်း ကိုရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇) အမှတ်စဉ် (၅၉၂၀)ဟု
 ပါပြန်၏။ ထို၌ မွေးသက္ကရာဇ် ၃-၂-၁၉၇၄ အစား ၉-၀၈-၁၉၇၃ ဟု ပြောင်းထားသည်သာ ကွာ၏။
Evidence 1
Evidence 2
ထိုကဲ့သို့ပင် အမှတ်စဉ် (၅၈၇၉) ကိုသိန်းထိုက်၊ (၅၈၈၀) မယဉ်ယဉ်ဝင်း၊ (၅၈၈၁) မောင်စိုင်းဝဏ္ဏတို့သည် အကွက် ၂၉၄ ၌ မဲဆန္ဒစာရင်းဖော်ပြထားသလို အမှတ်စဉ် (၅၄၄၈)၊ (၅၄၄၉)၊ (၅၄၅၀) ၌လည်း အကွက် ၂၈၉ အတွက် မဲစာရင်းဖော်ပြထားပြန်၏။ မှတ်ပုံတင် နံပတ်များမှာ မပြောင်းလဲ။ ဖွားသက္ကရာဇ်များကိုမူ ယခင် ရဲကျော်သူ ကဲ့သို့ပင် ပြောင်းလဲထား၏။
Evidence 3
Evidence 4
ကိုသိန်းထိုက်သည် တစ်နေရာ၌ ၉-၃-၁၉၇၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၉-၁၀-၁၉၇၂ ဖြစ်၏။ မယဉ်ယဉ်ဝင်းသည် အကွက် ၂၈၉ ၌ ၁၂-၁-၁၉၇၄ မွေးဖြစ်၍ အကွက် ၂၉၄ ၌ ၇-၀၄-၁၉၇၄ မွေးဖြစ်၏။ သူတို့၏သား မောင်စိုင်းဝဏ္ဏမှာ အကွက် ၂၈၉ ၌ ၁၀-၉-၁၉၉၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၂၈-၄-၁၉၉၂ ဖြစ်၏။ ဆက်လက်စုံစမ်းသိရှိရသည်မှာ သူတို့မိသားစုသည် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် မဲဆန္ဒကော်မရှင်ဥက္ကဌ၏ တူများဖြစ်ကြောင်း သိရှိရ၏။
ထို့အတူ ဆန္ဒမဲအမှတ်စဉ် (၅၇၅၈) ကိုမိုးဇော်ဦး၊ အမှတ်စဉ် (၅၇၅၉) မခင်မျိုးဝင်းတို့သည်လည်း အကွက် ၂၉၄ ၌ တစ်ခါပါ၏။ အကွက် ၂၉၄ ၌ပင် အမှတ်စဉ် (၅၉၁၈)၊ အမှတ်စဉ် (၅၉၁၉) တို့တွင်လည်း ကိုမိုးဇော်ဦး၊ မခင်မျိုးဝင်းတို့ ထပ်ပါပြန်၏။
Evidence 5
Evidence 6
ဤသည်မှာ ကျွန်ုပ်တို့ ဖော်ထုတ်နိုင်သေးသော လတ်တလော စာရင်းသာဖြစ်၏။ သူတို့ဆွေမျိုးများကို အသက်မပြည့်သေးဘဲ
 ထည့်ထားသည်မှာ ဘယ်မျှ ကျွန်ုပ်တို့ မသိနိုင်သေး။ အတွင်းရေးမှူးဆိုသူများ၏ ဆွေတော်အပေါင်း၊ မျိုးတော်ရှစ်သောင်းကို
လည်း မဖော်ထုတ်နိုင်သေး။
မဲတစ်ပြား၏ တန်ဖိုး မည်မျှရှိသည်ကို မဲရေတွက်ရာ၌ သိနိုင်၏။ ယခုပင် ၁၂ မဲမျှတွေ့ရပေပြီ။ ၁၂ မဲ နှစ်ပြန်ဆိုလျှင် ၂၄ မဲ။ ဤသို့ ပြန်ကြည့်လျှင် ခေါက်ချိုးတက်၍ သွားပေမည်။ ကင်းဝန်မင်းကြီး ဆန်ကို နှစ်ပြန်စားသလို ဖြစ်မည်ကို ပြည်သူအပေါင်း သတိကောင်းကောင်းထား၍ စောင့်ကြည့်ဖော်ထုတ်သင့်ပေကြောင်း တင်ပြအပ်ပေသည်။
ယောမင်းလေး

www.facebook.com/cjmyanmar
DTP by Nyo Gyi
(ပူးတွဲပါ သက်သေခံ မဲလိမ်ပုံများ(Evidence Photos)ကို ပြတ်သားရှင်းလင်းစွာကြည့်ရှုနိုင်ရန်နှင့် PDF ဖိုင်အား Download ရယူချင်သူများအတွက်
http://www.scribd.com/nyog_1/d/85829263-Fake-Vote-Created-by-USDP-for-2012-by-Election
တွင် Upload တင်ထားပါကြောင်း...)


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment