Saturday 17 March 2012




Posted: 15 Mar 2012 01:35 PM PDT
မစင်တွင်းမှ အိုင်ပျက်ငါးများ
(ကဗျာရှင် နေရဲနီ)

ကျွန်တော်တို့ရွာ
မိုးအခါရေမြုပ်တယ်
လှေမရှိရင် ခြေကျိုးနေတာနဲ့ အတူတူဘဲ။

တရွာလုံးရေမြုပ်တယ်ဆိုတော့
တွင်းအိုင်မှန်သမျှ ရေအပြည့်နဲ့
အဲဒီထဲမှာ မစင်တွင်းလို့ခေါ်တဲ့
အိမ်သာတွင်းတွေလည်းပါတယ်
ရေကျသွားတဲ့အခါ
တွင်းတွေထဲမှာ ငါးတွေကျန်နေခဲ့တယ်။
မိုးအခါ မစင်တွေစားရင်း
တသက်လုံး စားနေရမယ်အထင်နဲ့ ပျော်နေကြတာ
ရေကျတာကို မသိလိုက်ကြဘူး။

ရေများချိန်မှာ
စားကြသောက်ကြ ပျော်ကြရွှင်ကြ
ကကြခုန်ကြ ကူးကြလူးကြနဲ့
လောကကြီးကို မေ့နေကြတာ
မစင်တွင်းကြီးဟာ သူတို့အတွက်
တသက်တာပျော်ရွှင်ဖွယ်ရာ ထာဝရကမ္ဘာပေါ့။

မစင်အိုင်မှာ အပျော်ကြူးနေကြတဲ့ငါးတွေ
သူတို့တွေရဲ့ဘဝအစ မေ့နေကြတာ
ချောင်းကြိုချောင်းကြား မြောင်းကြိုမြောင်းကြား
ဗေဒါပင်နဲ့ ရေညှိရေမှော်ပင်တွေရဲ့အကြောင်း
ယောင်လို့တောင်မှ ပါးစပ်မဟကြ။
မစင်တွင်းမှာ ဆုံမိကြတဲ့ငါးတွေ
တသက်မခွဲကြေး
ခမည်းခမက်လည်းတော်
သွေးသောက် ညီအကိုတွေဖွဲ့ပြီး
ရာသက်ပန်မိတ်ဆွေတွေ။

မစင်အိုင်မှာပျော်နေကြတဲ့ငါးတွေ
မိုးလလွန်လို့ ဆောင်းလအဝင်
တဖြည်းဖြည်း ရေခန်းလာတာကို သတိထားမိတဲ့အချိန်မှာ
သူတို့အတွက် ပြန်လမ်းဆိုတာ မရှိတော့ဘူး။

မစင်အိုင်ပျက်မှာ
အစားအသောက်မက်ပြီး
ပိတ်မိနေတဲ့ ငါးတွေ
အသက်ဘေးအတွက် လွတ်လမ်းကိုရှာရင်း
တကောင်နဲ့တကောင်တိုးဝှေ့နေကြတာ
ကမ္ဘာပျက်နေသလားထင်ရတယ်။
အဲဒီအချိန်မှာ သူတို့တွေဟာ
ကိုယ်လွတ်ရုန်းဘို့အတွက်
ဇာတ်တူသားစားဘို့လည်း ဝန်မလေးကြတော့ဘူး။
ရာသက်ပန် မိတ်ဆွေဖွဲ့ခဲ့ကြတဲ့ သွေးသောက်ညီအကိုတွေအပေါ်
သစ္စာဖောက်ဖို့လည်း ဝန်မလေးကြတော့ဘူး။

သူတပါးအသက်
သနားတတ်တဲ့ သူတွေ
ကယ်ချင်ပေမဲ့ မစင်တွင်းဆိုတော့
ဘယ်သူမှ မဆင်းချင်ကြတော့ဘူး။
ဘယ်သူမှလည်း အရေးမလုပ်ကြတော့ဘူး။
အနားရောက်လာသူ မှန်သမျှ
နှာခေါင်းပိတ်ပြီး လှည့်ပြန်သွားကြတယ်။
နောက်ဆုံးမှာ အဲဒီငါးတွေ
မစင်တွင်းထဲမှာဘဲ နိဂုံးချုပ်သွားကြရရှာတယ်။

ကာလဟူသည် ထာဝရမတည်
လကွယ်ည၏ သန်းခေါင်ယံအမှောင်ထုသည်လည်း
တဖြည်းဖြည်းနှင့် ရောင်နီပျို့ခဲ့လေပြီ။

အာဏာရှင်ခေတ်
ခေတ်ပျက်ချိန် အမှောင်ထု၌
ရာဇပလ္လင်သည်
ငါ၏တင်ပါး၌ သံသရာအဆက်ဆက်
သာစဉ်မြေးဆက် မြဲပေလိမ့်မည်ဟု
အထင်ရောက်ကာ
မစင်ဘင်ပုပ် အပင်းအဆို့
အဆိပ်နှင့်တူသော ပြည်သူ့ဘဏ္ဍာကို
မတော်မတရား စားထားသောသူတို့


ဒီမိုကရေစီရောင်နီပျို့ချိန်၌
မစင်အိုင်ပျက်မှ ရေနည်းငါးများပမာ
ဆောက်တည်ရာမရ ဖြစ်ကြကုန်လျှက်
သူ့ငါလက်ညှိုးထိုး ငါ့သူလက်ညှိုးထိုးနှင့်
အစားလွန်၍ အံဖက်ဆို့ကြကာ
တစတစနှင့် ဆူဆူညံညံကြားရလေတော့သတည်း။

နေရဲနီ
Posted: 15 Mar 2012 12:49 PM PDT
  The Messenger News Journal နှင့် ELEVEN Media တို့မှ The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဟု ထုတ်ပြန် 

The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး မက်ဆေ့ဂျာ ဂျာနယ်နှင့် အလဲဗင်းမီဒီယာတို့က အပြင်းအထန်ကန့်ကွက်ပြီး ဗွိုက်ဂျာနယ်ဖက်မှ ရပ်တည်ဖြစ်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်လိုက်သည်။

 ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။
  ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်"ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။ The Messenger News Journal ၁၄ .၃.၂၀၁၂ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၀) ပါ "The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ  စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် " သတင်းနှင့်ပတ်သက်၍ The Messenger ဂျာနယ်၏သဘောထားထုတ်ပြန်ချက် ကြေးမုံသတင်းစာ၏ အဆိုပါသတင်းဖေါ်ပြချက်သည် 
 (၁) စတုတ္ထမဏ္ဍိုင်အား တစ်ဖက်သက်ခြိမ်းခြောက်သည့် အသွင်ဆောင်နေခြင်း။ (၂) သတင်းအင်္ဂါရပ်နှင့် မညီညွှတ်သည့်အပြင် ပြည်တွင်းထုတ် သတင်းဂျာနယ်များအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေလိုသည့် ရည်ရွယ်ချက် ပါရှိနေခြင်း။ (၃) နိုင်ငံတော်သမ္မတကြီး၏ စတုတ္ထမဏ္ဍိုင်အပေါ် အလေးအနက်ပြုမှုအပေါ် အသိအမှတ်မပြုရာ ရောက်ခြင်း။ စသည့်အချက်များ ပါဝင်နေခြင်းကြောင့် The Messenger News Journal မှပြင်းထန်စွာ ကန့်ကွက်လိုက်သည်။ ထို့အပြင်The Voice ဂျာနယ်၏ " ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ " သတင်းဖေါ်ပြချက်နှင့်ပတ်သက်၍ ကြုံတွေ့လာနိုင်သည့် အခြေအနေအားလုံးကို The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်များအား လေးနက်စွာ အသိပေးအပ်ပါသည်။
Posted: 15 Mar 2012 12:40 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ကျပ်သိန်း(၄၀) ကချင်ပြည်နယ် မနောမြေသို့ လှူဒါန်း


Posted: 15 Mar 2012 07:37 AM PDT
မြန်မာ့ရုပ်မြင်သံကြားအား တနိုင်ငံလုံး အတိုင်းအတာနဲ့ လူကြည့်အများဆုံးည..
မြန်မာပြည်သူတွေ မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ရှု အားအပေးဆုံး ညတညဆိုရင် လွန်အံ့မထင်...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment