Saturday 17 March 2012




Posted: 14 Mar 2012 12:19 AM PDT


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားဟာ ကိုယ့်ရဲ့အနာဂတ်ကို ဖန်တီးမယ့် မဲတစ်ပြား ဖြစ်တယ်ဆိုတာကို အလေးအနက်ထားဖို့ မဲဆန္ဒရှင်ပြည်သူတွေကို အနုပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

burma vj media network

Posted: 14 Mar 2012 12:18 AM PDT

ကမ္ဘာ့အဆင့်မီ ရန်ကုန်တက္ကသိုလ် ဖြစ်ထွန်းလာရေးအတွက် အမေရိကန် သူဌေးတစ်ဦးက ဒေါ်လာသန်းချီ လှူဒါန်း သွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။ အမေရိကန်ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း ပူးပေါင်းခြင်း ကိစ္စများအတွက် ဒေါ်လာသန်း နှင့်ချီ၍ ကုန်ကျမည်ဖြစ်ရာ အမေ ရိကန်သူဌေးတစ်ဦးက ပူးပေါင်း ဆောင်ရွက်ပေးမည့် အမေရိကန် တက္ကသိုလ်အား လှူဒါန်းငွေ ပေးအပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ "ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ က အသိအမှတ်ပြုတဲ့ အထိကို ဖြစ် အောင် လုပ်ဆောင်သွားမယ်"ဟု ဒုတိယဝန်ကြီးက ပြောသည်။ အမေရိကန် ထိပ်တန်း တက္က သိုလ်ကြီးမှ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန မှ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြပြီး ကန်တက္ကသိုလ်မှ တာဝန်ရှိ သူများ အဆင့်ဆင့် ထပ်မံ လာရောက်ရန်လည်း ရှိနေသည်ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်တက္က သိုလ်နှင့် မန္တလေးတက"္ကသိုလ် နှစ်ခု မှာ သုတေသန တက္ကသိုလ် အဆင့် သာ ရှိနေသေးရာ ရန်ကုန်တက္က သိုလ်ကို (National University) အမျိုးသားတက္ကသိုလ် အဆင့်အထိ ရောက်အောင် မျှော်မှန်းလုပ်ဆောင် ကြမည်ဟုလည်း ဒုတိယ ဝန်ကြီးက ထပ်လောင်းပြောသည်။ "သုတေသန ပူးပေါင်းမှုကို တော့ အချိန်မကြာစေဘဲ မြန်မြန် ဆောင်ရွက်သွားမယ်" ဟု ဒုတိယ ဝန်ကြီးက ပြောသည်။ ၁၉၆၄ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကြီး၏ လက်အောက် တွင် ဆေးပညာ၊ စက်မှုပညာ အစရှိသည်ဖြင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များနှင့် တခြား သော ဝိဇ္ဇာ၊ သိပ္ပံပညာရပ် များမှာ မဟာဌာနများအနေနှင့် ရှိခဲ့သော် လည်း နောက်ပိုင်းတွင် မဟာဌာန အသီးသီးတို့ ခွဲထွက်၍ တက္ကသိုလ် များ တည်ထောင်ခြင်းများ ဆောင် ရွက်ခဲ့သည်။ လက်ရှိ တွင် မဟာ ဘွဲ့လွန် သင်တန်းများနှင့် ပါရဂူ ဘွဲ့ သင်တန်းတို့သာ ပို့ချပေးနေကြောင်း ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ထွန်းခင်က ပြောသည်။ ဆက်လက်၍ ဒေါက်တာထွန်း ခင်က "ကျွန်တော့် အမြင်အရ ဆို ရင် အမေရိကန်တက္ကသိုလ်နဲ့ ရန် ကုန်တက္ကသိုလ်သာ ပူးပေါင်းလိုက် ရင်သင်ကြားရေးပိုင်းမှာလည်း နှစ် နိုင်ငံ တန်းတူဖြစ်သွားမယ်။ ဒီလိုပဲ သင်ရိုး၊ ညွှန်းတမ်းတွေလည်းကမ္ဘာ့ အဆင့်မီသွားမယ်။ ဒါ့အပြင် ရန် ကုန်တက္ကသိုလ်ဆီ ဧည့်ပါမောက္ခ တွေ လာကြမယ်။ သုတေသနတွေ ပူးပေါင်းဆောင်ရွက်ကြမယ် ဒီလိုပဲ ဒီက ထူးချွန်တဲ့ သူတွေလည်း ဟို ဘက်မှာ ဒီလိုပဲ သွားလုပ်ကြမယ်။ အားလုံးက မြန်မာ့ပညာရေး အဆင့်အတန်း ပိုမြင့်သွားဖို့ လုပ်ရပ် တွေကြီးပဲ" ဟု သုံးသပ်သည်။ စင်ကာပူ၊ တောင်ကိုရီးယား စသည့် နိုင်ငံတို့တွင်လည်း အမျိုး သားတက္ကသိုလ်များ ရှိပြီးဖြစ်နေရာ မြန်မာတွင်လည်း လုပ်လျှင်လုပ် သလို ဖြစ်မည့် အနေအထားမျိုး ရှိကြောင်း ဒေါက်တာထွန်းခင်က ထပ်လောင်းပြောသည်။ နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က မြန် မာနှင့် လာရောက်ပူးပေါင်းမည့် ဂျွန် ဟော့ကင်းတက္ကသိုလ်ဆိုသည်မှာ အမေရိကန်နိုင်ငံ၌သာမက ကမ္ဘာ ကပင် အသိအမှတ်ပြုထားပြီး သိက္ခာ ရှိသည့် တက္ကသိုလ်ဖြစ် ကြောင်း၊ ယနေ့မြန်မာ့ပညာရေးတွင် ခေတ်မီသင်ကြား နည်းစနစ်များ သုတေသနပစ္စည်းများနှင့် သင်ရိုး များ လိုအပ်မှုရှိနေသည့်အတွက် ၄င်းကိစ္စရပ်များပါ အလိုလိုဖြေရှင်း ပြီးသား ဖြစ်သွားလိမ့်မည်ဟု ယူဆ ကြောင်း ပြောသည်။ အိန္ဒိယတက္ကသိုလ်ရဲ့ လက် အောက်ခံတက္ကသိုလ်ခွဲတစ်ခုအနေ ဖြင့်သာ ရပ်တည်ခဲ့ရသည့် ရန်ကုန် တက္ကသိုလ်မှာ ၁၉၂ဝ ဒီဇင်ဘာလ ၁ ရက်နေ့မှ ရန်ကုန်တက္ကသိုလ် ဥပဒေ စတင်အာဏာတည်ခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ် ကျောင်းနှစ်ကျောင်းကို ပေါင်း၍ ရန်ကုန် တက္ကသိုလ်အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံးအဓိပတိ မှာ မြန်မာပြည်ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်မြောက်တော့မည်ဟု မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ် သမိုင်းအရ သိရသည်။ ရန်ကုန် တက္ကသိုလ်ကို ၁၉၄ဝ -၁၉၅ဝ ခုနှစ် များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်အဆင့် သတ်မှတ်ခံရပြီး ၁၉၅ဝ-၁၉၆၂ခုနှစ် များတွင် အရှေ့တောင်အာရှ၌ ဒုတိယအဆင့်တက္ကသိုလ်အဖြစ် စာရင်းပေါက် ခဲ့သည်။
မင်းသုအောင် (Popular Myanmar News Journal)

Posted: 14 Mar 2012 12:06 AM PDT



စစ်သားရဲဘော်များအိမ်မှာ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကပ်တာတွေ့ရင် လိုင်းထဲကနှင်ထုတ်မယ်တဲ့.. အဖြစ်မှန်ကို ရဲဝင့်စွာ ရင်ဖွင့်ပြတဲ့ ရဲဘော်စစ်သားလေးအား လေးစားပါတယ်..
video..ကိုနေမျိုးဇင်

Posted: 13 Mar 2012 11:58 PM PDT



Posted: 13 Mar 2012 11:52 PM PDT

နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကနေ သိန်းစိန်အစိုးရကို အာဏာလွှဲချိန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ နှစ်၂၀ကျော်မှာ အရှုးံအမြတ်ဘယ်လိုရှိတယ်။ ရှုးံနေရင်ဘာကြောင့်ဖြစ်တယ် ဘယ်ဝန်ကြီးတွေ ဘယ်အရာရှိတွေမှာတာဝန်ရှိတယ်ဆိုတာ စစ်ဆေးတင်ပြခဲ့တာမရှိပါ။

ခုနေပြည်တော်လွှတ်တော်မှာ ၀န်ကြီးဌာနအကတိလိုက်စားမှုတွေဆိုတာ သိန်းစိန်နဲ့ ရွှေမန်းတို့ပေါင်းပြီး ပြည်သူကို ထပ်လိမ်တာပါ။ ပြည်သူကြိုက်သွားအောင် သိန်းထောင်ဂဏန်းလောက် ငွေကွာတာမျ...ိုးကို စတေးလိုက်တော့ လူပိန်းကြိုက်ဖြစ်သွားတယ်။

အမှန်က စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ နှစ်၂၀ကျော်ကာလအတွင်း ၀န်ကြီးဌာနတွေ ငွေဘယ်လောက်ကွာနေတယ် စီးမံကိန်းတွေဘာကြောင့် မအောင်မြင်တယ်ဆိုတာပြန်စစ်ရင် သိန်းပေါင်း ကုဋေများစွာထွက်လာမဲ့ပြင် နောက်ဆုံး စစ်ခေါင်းဆောင်တွေ တရားခံဖြစ်နိုင်တယ်။

ဒါကြောင့် သိန်းထောင်ဂဏန်းလောက်ကို "တွေ့ပြီ…ဟေ့….." ဆိုပီး သံကုန်အော်လိုက်တော့ လူပိန်းကြိုက်ဖြစ်သွားတယ်။ သိန်းစိန် ရွှေမန်းကိုတောင် ကျေးဇုးတင်မရလိုဖြစ်ကုန်တယ်။ အောင်သောင်းကတောင် ကြိတ်ရီနေတယ်ကြားတယ်။

Swe Swe Kyi Facebook




Posted: 13 Mar 2012 09:03 AM PDT

မျိုးချစ် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က သီဆိုထားပြီး ရေးစပ်သူက ကိုသားဖေထင်၊ အသံသွင်း တီးခတ်သူ ကိုဝင်းကျော် ဖြစ်ပါတယ်။ ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုတဲ့ မွန်မြတ်သော ခံယူချက်ကို ပြည်သူ့ဝန်ထမ်းအားလုံး အလေးအနက် ခံယူကျင့်သုံး လိုက်နာလာကြပါစေရန် ရည်ရွယ်ပါသည်။

ပြည်သူသာ အမိ ပြည်သူသာ အဖ။ တပ်မတော်ရဲ့ မိဘသည် ပြည်သူ လူထုသာ ဖြစ်ပါတယ်။ ပြည်သူလူထု တိုင်းရင်းသားထု တရပ်လုံးရဲ့ အကျိုးစီးပွား ၊ အသက်အိုးအိမ်စည်းစိမ်ကိုသာ ကာကွယ်စောင့်ရှောက်မြင့်တင်ပေးရန် တပ်မတော်မှာ တာဝန်ရှိပါတယ်။ လူတစု အာဏာရှင် တစုကိုသာ ကာကွယ်စောင့်ရှောက်ပေးခဲ့ရတဲ့ တပ်မတော်ကနေ ပြည်ထောင်စု တပ်မတော်ပြည်သူ့ တပ်မတော် စစ်စစ်ဖြစ်လာဖို့ ရည်ရွယ်တိုက်တွန်းရင်း ဒီသီချင်းကို ခံစားချက် ပြင်းပြင်းနဲ့ ဆိုမိပါတယ်။

နောက်သီချင်းတပုဒ်ဖြစ်တဲ့ သူငယ်ချင်း ရေ သီချင်းလည်းဆက်လက်နားထောင်နိုင်ပါတယ်..

အမှန်တော့ ပြည်ထောင်စုသား ညီအကိုအားလုံးဟာ သွေးရင်းညီအကိုတွေပါ။ မာန်မာနတွေ အာဃာတတွေကြောင့် စနစ်ဆိုး တခုအောက်မှာ တနိုင်ငံလုံး ဆင်းရဲတွင်း နစ်ခဲ့ကြတာပါ။ ဒီတော့ နစ်နေတာကနေ ဆွဲထုတ်တင်ဖို့ မှီတင်းနေထိုင်သူတွေ အားလုံးညီညွတ်မှ ရမယ်။ ဒါကြောင့် သူငယ်ချင်းများသို့ ရည်၇ွယ်ပြီး ကိုသားဖေထင်က ရေးစပ်ကာ NLD _ BG လူငယ်တွေက တပ်မတော် ၀န်ထမ်းအဖွဲ့စည်း အသီးသီးက မိတ်ဆွေသူငယ်ချင်းသားချင်းများကို ဒီသီချင်းနဲ့ ဖိတ်ခေါ်ပါတယ်။ အာဏာရှင် စနစ် လုံးဝ ချုပ်ငြိမ်းအောင် အာဃာတတွေ ဖျောက်ကြစို့။ မာန်မာနတွေ ဖျောက်ကြစို့ အတူလက်တွဲကြပါစို့

ပေးပို့သောဗိုလ်ကြီးဟောင်း နေမျိုးဇင် အားကျေးဇူးတင်ရှိပါသည်.

Posted: 13 Mar 2012 08:31 AM PDT


(၂၄) နှစ်မြောက် မတ်လ အရေးအခင်းနှင့် ဖုန်းမော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အစရှိသည့် နိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်လာကြသည်။
မြန်မာ နိုင်ငံသားများသည် ကမ္ဘာ့လူသား အားလုံး ရရှိနေသော အခွင့်အရေးများ ရသင့် ရထိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။ ၁၉၈၈ အရေးအခင်း ဖြစ်ပွားစေခဲ့သော မီးပွားတစ်ရပ် ဖြစ်ခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ စက်မှုတက္ကသိုလ် ဝင်းအတွင်း ကျဆုံးခဲ့သော ယင်းနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ကျောင်းသား ခေါင်းဆောင်များက သတ်မှတ်ထားသည်။
၁၉၈၈ ခုနှစ်မတ်လ ၁၃ ရက်နေ့တွင် စစ်တပ်၏ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးခဲ့ရသည့် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အတွက် ၂၄ နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဘွယ်အခမ်းအနား ကို ယခုလ ၁၃ ရက်နေ့ နံနက် ကိုးနာရီခွဲခန့်မှစတင်ကာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မှ အမှတ်တရ စကားပြောကြားခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားအသီးသီးအပြင်၊ ၂၀၀၇ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ စာနယ်ဇင်းမီဒီယာများစုံလင်စွာ အင်အား ၅၀၀ ခန့်တက်ရောက်ခဲ့ကြသည်။
မတ်လ ၁၃ရက်နေ့သည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများ တညီတညွတ်တည်းသတ်မှတ်ထားသော ဖုန်းမော်အရေးအခင်းနေ့ဖြစ်ပြီး၊ မတ်လ ၁၆ ရက်သည် ဆန္ဒပြကျောင်းသားကျောင်းသားများ၊ အင်လျားကန်အနီးရှိ တံတားဖြူတွင် ကျဆုံးခဲ့ကြသောနေ့ဖြစ်သောကြောင့် တံတားဖြူ(နီ)အရေးအခင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။

မတ်လ ၁၃ ရက်နေ့သည် ၂၃ကြိမ်မြောက် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးနေ့လည်းဖြစ်သည်။
အောက်မေ့ဘွယ်အခမ်းအနား၌ ပြည်ပတွင် ရောက်ရှိနေသော စက်မှုတက္ကသိုလ်ကျောင်းသား ဟောင်း တစ်ဦးဖြစ်သူ ရဲဘော်ရဲဘက်တစ်ဦးလည်းဖြစ်သူ ကိုချစ်ကိုကို(ခ)ကိုအောင်ဒင်(ခ)ကဗျာဆရာ ဒတ္တ(တာရာမင်းဝေ၏ အစ်ကိုအရင်း)မှ အမှတ်တရကဗျာရွတ်ဆိုထားသော ဗီဒီယိုဖိုင်ကို ဖွင့်လှစ် ပြသခဲ့သည်။
ဟံသာဝတီဦးဝင်တင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့လည်း တက်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရစကားပြောကြားသွားခဲ့သည်။ (7 day news journal)


Photo.News and Information Department of NLD ,The voice weekly,အဘ ဥက္ကာကိုကို

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment