Monday 12 March 2012








Posted: 12 Mar 2012 06:57 AM PDT
System Error ဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ ကွန်မာန့်များ ပြန်လည် ဖော်ပြအပ်ပါတယ်..

Anonymous စလုံး က ဗမာ သံရုံး ဒီကိတ်စ ဘာလုပ်ပေးမလဲ စောင့်ကြည့်လိုက်ဦးမယ်။ သူနာပြု ဆရာမ ခိုင်ခိုင်စော ကို ကျေးဇူးတင် တယ်။

nyopyar88888
၁၆ နှစ် အသက်မပြည့်သေး သူကို နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့တာဝန်ရှိများမှာစပြီး စင်ကာပူမှာ အိမ်ဖော်လုပ်ခွင့်စေခိုင်းတဲ့ အေ့ဂျင့်ကိုပါ အရေးယူနိုင်အောင် ဆက်လက်ကြပါ . မခိုင်ခိုင်စော ကို ကျေးဇူးတင်ပါတယ်။

Anonymous
ဟုတ်တယ် အေးဂျင့်ကိုပါ အရေးယူ ရမယ်၊ သူတို့ ပွဲခ ရဖို့ချည်းပဲ ကြည့်လို့ မရဘူး၊ အလုပ်ရှင် က ဘာလူမျိုးလဲ၊

Anonymous
အဖြစ်မှန်ကို တင်ပြရဲတဲ့ မခိုင်ခိုင်စောကို ဂုဏ်ပြုကြပါ။ အသက်မပြည့်သေးသူကို ပတ်စပို့လုပ်ပြီး ဘယ်ဌာနက
လွှတ်လိုက်တာလဲ၊
ဘယ်အေးဂျင့်က အိမ်ဖော်အဖြစ် ရောင်းစားလိုက်သလဲ။
ဥပဒေအထက်က ဘယ်သူမှ မရှိစေရဆိုတဲ့
ဦးရွှေမန်းတို့၊ ပြည်ထဲရေးက ခေါင်းမာသူ ကိုကို။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု ပေါ်အောင် မဖော်နိုင်ပေမဲ့
ရာထူးတက်ပြီး လ၀က၀န်ကြီးဖြစ်နေတဲ့ ရဲချုပ်ဟောင်း ခင်ရီတို့ ဘယ်လို အရေးယူကြမလဲ၊
ဒီမိုကရေစီဘက်တော်သားတွေကို ခပ်ကြမ်းကြမ်းဖမ်းတဲ့နေရာမှာ လက်သွက်ပြီး ရက်စက်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး
 ကိုခင်ရီ ပတ်စပို့ထုတ်ပေးတာဆိုတော့ လူကြီးမင်းရဲ့ ဌာနနဲ့ တိုက်ရိုက်ပတ်သက်နေပြီ။

Anonymous
ကမ္ဘာပေါ်မှာစောက်ကျင့်
အယုတ်ဆုံးကစင်္ကာပူတရုပ်ပဲ.
ဒီကောင်မလေးတစ်ယောက်ထဲမဟုတ်ပါ.
တစ်ခြားအဖြစ်အပျက်တွေ
အများကြီးရှိပါသေးတယ်.
ခွေးမသားတရုပ်တွေနဲ့ပေါင်းပီး
လုပ်စားနေတဲ့.ခွေးမသား
ဗမာပွဲစားတွေကြောင့်ပဲ.
ဖြစ်နိုင်တာကတော့.မိုးသီတာဆိုတဲ့.ပွဲစားမဖြစ်မယ်.သူများလင်ကြီးကိုအမိဖမ်းထားတဲ့မိမ္မပဲ စီးတီးဟောအပေါ်ထပ်မှာတောင် ဟိတ်ဟန်နဲ့ဆိုင်ဖွင့်လိုက်သေးတယ်.
ခုတော့ဘယ်ရောက်သွားလဲမသိဘူး..

Anonymous
စင်္ကာပူမှာမြန်မာဆို ၁ သိန်းကျော်၇ှိတယ်ဆိုပြီး၊
ဒီလိုကိစ္စတွေေ၇ာ၊
သွားစ၇ာနေ၇ာမ၇ှိတဲ.၊ဒီလိုကြိတ်မှိတ်
ခံနေ၇တဲ.မြန်မာလူမျိုးတွေကို၊ကူညီဖို.၊
အကူအညီတောင်းခံဖို.
ဖုန်းနံပါတ်တွေ၊အဖွဲ.အစည်းတွေမ၇ှိကြတာ
အံသြောဖို.ကောင်းတယ်။ ယူအက်စ် မှာဆိုယင်
ဒီအိမ်၇ှင်တော.အနှစ်၂၀ လောက်တော.
အသာလေးသွားတယ်။

ဖိလစ်ပိုင်အိမ်ဖော်မလေးတုန်းက
သူ့သမ္မတကိုယ်တိုင်ကဒီကိစ္စ
ကိုင်တွယ်ခဲ့တယ်သူ့နိုင်ငံသားအတွက်
ကာကွယ်စောင့်ရှောက်တယ်
သူများနိုင်ငံနော်တို့မြန်မာတွေ
ဘယ်လိုလဲသစ်ခွပန်းသိန်းစိန်ရော
ဘယ်လိုလဲဒါဒီအိမ်ရှင်ကိုစံပြလုပ်မှေ
နာင်မြန်မာတွေအားလုံးအတွက်စိတ်လုံခြုံမှုရစေမယ်
ဒါကြောင့်ထိထိရောက်ရောက်ကိုင်တွယ်ပေးပါ
နိုင်ငံရေးမပါတ်သက်ဘူးအားနာစရာမလိုဘူး
ဒါလူလူချင်းမတရားပြုတဲ့ကိစ္စပဲပွဲစားကိုလည်း
အရေးယူပါဘာအာမခံချက်မှ
မပေးနိုင်ပဲပွဲစားလုပ်တာစကာင်္ပူက
မြန်မာတွေခေါင်းငုံ့မခံပါနဲ့
နိုင်ငံတိုင်းမှာမြန်မာဆိုနှီမ်ချင်ကြတယ်
မြန်မာကခေါင်းငုံ့ခံတတ်တော့ပိုဆိုးတယ်
တရုတ်ဆိုမလုပ်ရဲဘူးတရုတ်ကဘယ်နေရာ
ရောက်ရောက်စွာတယ်ပြည်တွင်းမှာ
မြန်မာပြည်ချစ်တဲ့မြန်မာတရုတ်ရှိပေမယ့်ပြည်ကြီးကို
ချစ်တဲ့တရုတ်ပြည်ကြီး
တရုတ်စလုံးတရုတ်ဘိန်းတရုတ်တရုပ်ဆို
ဘယ်တယုတ်မှမကောင်းဘူးဆိုတာ
မှတ်ထားပါတယုတ်ရဲ့အထိမခံကြပါနဲ့
ကျနော်တို့လည်းပြည်ပရောက်ကာစ
သည်းခံပေမယ့်ဒီကောင်တွေ
စောက်ကျင့်သိလာတော့
လာထားမင်းနဲနဲဆိုငါများများ
ရိုက်ပစ်လိုက်မယ်လို့လုပ်ထားလို့
မစော်ကားရဲကြတော့ဘူးကိုယ့်အလုပ်ကိုယ်ပီပြင်အောင်
လုပ်တယ်လာတော့မစော်ကားနဲ့
ဒါပဲလို့လုပ်ထားရတယ်
ပင်ကိုယ်စိတ်ကတော့မြန်မာပီပီနူးညံ့တာပေါ့ဗျာ
နိုင်ငံခြားသားတွေကအေးလို့
မရဘူးဗျသူ့ထက်မိုက်ပြထားမှရတာ
ပညာတတ်အလုပ်ကြတော့နဲနဲပညာပါတာပေါ့ဗျာ
အောက်ခြေသမားကတော့
ဒီအတိုင်းပဲစိတ်မကောင်းဘူး
မိုက်တယ်ဆိုတဲ့မြန်မာတွေက
အချင်းချင်းဗျို့သူများနဲ့ဆို
ကြက်မကြီးအတိုင်းပဲမတွန်ရဲကြဘူး
စိတ်နာတယ်ဒင်းတို့
လူမိုက်ဆိုတဲ့ကောင်တွေကို

Anonymous
Poor girl.. Agree with Khaing Khaing Saw. Involve in this case and give ur supports pls..


9 comments:
ဆိုပီးကျန်တာတွေဘယ်ရောက်ကုန်လဲ.စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင် ဘာလုပ်ပေးမလဲ ယဉ်ကျေးစွာ စောင့်ကြည့်ဦးမယ် ဖိလစ်ပိုင်အိမ်ဖော်မလေးတုန်းက
သူ့သမ္မတကိုယ်တိုင်က
ဒီကိစ္စကိုင်တွယ်ခဲ့တယ
် စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း
မိမိတို့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက်
အလျှင်အမြန် Actionယူ လုပ်ဆောင်ဖို့လည်း အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

ကိုကိုကြီး

အဲဒီကိစ္စတွေကို...သတင်းဌာနတွေအေ
နနဲ့...စောင့်ကြည့်ပေးကြပါခင်ဗျာ...။ အမျိုးကိုလည်းစောင့် ရှောက်တဲ့အနေနဲ့ပေါ့ဗျာ..။ သတင်းဌာနတွေကိုကျေးဇူးတင်ပါတယ်...။
နောက်ပြီး (၁) ဂျပန်ပါးရိုက်မှု (၂) တပ်သားကျော်ဇင်ဝင်း (၃) ယခုစင်္ကာပူမှ အိမ်ဖေါ်လေး မတင်ဝါ၀ါခိုင် အမှုများကို မျက်ခြေမပြတ်တင်ပြပေးကြပါခင်ဗျာ..။ ကူညီနိုင်သောလူများလည်း ကူညီပေးကြပါခင်ဗျာ...။ တစ်ကိုယ်တော်ရင်ဆိုင်ရတဲ့လူတွေကိုစောင့်ရှောက်ခြင်းအားဖြင့်လည်း တစ်မျိုးသားလုံးကို စောင့်ရှောက်ရာရောက်ပါတယ်ခင်ဗျာ...။ ဥပမာ အမေရိကန် တွေဆိုရင် ... သူတို့လူမျိုးဘယ်နေရာမှာမဆို...မရရအောင်ကယ်ထုတ်တတ်တဲ့အကျင့်ရှိပါတယ်ခင်ဗျာ..။ အမေရိကန်ကစစ်သားတွေဆိုရင်...သူတို့မိန့်ခွန်းထဲမှာ ဘယ်နေရာရောက်ရောက်..မင်းကို ငါတို့လာကယ်မယ်တဲ့...ဘယ်လောက်ကောင်းလိုက်တဲ့စည်းရုံးရေးစကားလေးလဲဗျာ..။ ခွန်အားလည်း ဖြစ်စေပါတယ်..။ နောက်ပြီးသူတို့ပြောတဲ့အတိုင်း ဘယ်နေရာရောက်သူ့နိုင်ငံသားကို တန်ဖိုးထားပါတယ်ခင်ဗျ...။
Posted: 11 Mar 2012 10:29 AM PDT
စင်ကာပူနိုင်ငံမှာ ၁၆နှစ်ကျော်သာ ရှိသေးတဲ့ မြန်မာအိမ်ဖော် မိန်းကလေး မတင်ဝါဝါခိုင်အား စင်ကာပူ အိမ်ရှင်မှ လူမဆန်စွာ
 နှိပ်စက် အနိုင်ကျင့် ခံထားရတဲ့ ကိစ္စအား SINGAPORE GENERAL HOAPITALမှာ
သူနာပြုဆရာမအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဆရာမ ခိုင်ခိုင်စောမှ အသက်နဲ့ မမျှအနှိပ်စက် ခံထားရတဲ့
ကိစ္စအား စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင်အား အဖြစ်အပျက်နဲ့
ဓာတ်ပုံများအား ပူးတွဲတိုင်ကြား ပေးပို့ခဲ့ပါတယ်..။   

ပတ်စပို့မှာ ဖော်ပြပါရှိတဲ့ အသက်(၂၄)နှစ် အမှန်တကယ် အသက် (၁၆)နှစ်သာ ရှိသေးပြီး သေးသွယ် ပိန်လှီလှတဲ့
 မြန်မာအိမ်ဖော် မိန်းကလေး မတင်ဝါဝါခိုင်အား အိမ်ရှင်ရဲ့ မတရား ရိုက်နှိပ် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကတော့
 မျက်နှာနဲ့ တကိုယ်လုံးမှာ ကုတ်ဖဲ့ရာတွေ၊ ရိုက်ခံထားရတဲ့ အရာတွေ၊ မီးလောင်ဖုများ။ တင်ပါးမှာ ရေနွေးနဲ့ ပတ်ထားတဲ့
ဒဏ်ရာများ၊ ၁၆နှစ်သာရှိသေးတဲ့ သူမဟာ ဖိနပ်နဲ့ ကန်ကျောက်တဲ့ ဒဏ်ရာတွေကြောင့် လမ်းတောင်
 ကောင်းကောင်း မလျှောက်နိုင်တဲ့အပြင် ကော်ဖီမတ်ခွက်နဲ့ ရိုက်ထားတဲ့ ခေါင်းက ဒဏ်ရာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်..။

mentally နဲ့ physically  တော်တော်လေးခံစား နေရတယ်ဆိုတာ မျက်နှာကို ကြည့်ရင်သိသာပါတယ်..။
 ကလေးမလေးရဲ့ မိခင်၊ ဖခင်တွေသာ မြင်တွေ့ရရင် ရင်ကျိုးရှာမှာပါ။ တကိုယ်လုံးမှာလည်း
ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ..။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ မိဝေး၊ ဖဝေး သွားရောက်
အလုပ်လုပ်ကိုင်ပြီး စင်ကာပူလို နိုင်ငံလိုနေရာမျိုးမှာ အနှိပ်စက်ခံ၊ အညှင်းပန်းခံနေရတာ အင်မတန် ရင်နာဖို့
 ကောင်းပါတယ်..။ သက်ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း မိမိတို့
 နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် အလျှင်အမြန် Actionယူ လုပ်ဆောင်ဖို့လည်း
 သူတပါးတိုင်းပြည်မှာ တိုင်းတပါးသားရဲ့ အနှိပ်စက် အညှင်းဆဲခံခဲ့ရတဲ့ မတင်ဝါဝါခိုင် ကိုယ်စား
 အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

To
HE U Tin Oo Lwin
Ambassador to Republic of Singapore
Embassy of Myanmar

Dear Sir,
I wuold like to inform you regarding as mention in above.
I am a Staff Nurse Khaing Khaing Saw who is working in SINGAPORE
GENERAL HOAPITAL.

On 25/2/12, one Myanmar maid named TIN WAR WAR KHING , 24 years (according to her pass port)
 was transferred from Changi General Hospital to SGH WD 43 Burn Centre as she was abused by
 her employer. One of the neighbour informed to police and policemen were came to this house
 and investigated.

the address of employer is ,
Block 702, #08-18, Tampanes street 71

They found out that many scratched marks on her face, many scrateh marks and human bite marked
 on her hands, so many blisters on her back and both buttocks caused by throwing of hot water onto
 her. She can't walk well because her legs are swollen due to kicked by employer while wearing
in big boots. head injury beaten by coffee mug.

Police sent her to CGH via ambulance on 22/ 2 /12.
I went and see her on 2/3 12 in SGH. I was shocked when i saw this little skiny girl, and I can't
 control my tears. she is suffering alot and mentally and physically traumatised. Actually she
 was born in 1995,so she is only over 16 years.

She was discharged from SGH on 2/3/12 and sent to one of the shelter home arranged by Medical
 Social Worker and police.

The attached photoes are taken up on discharge form hospital & almost healing in progress.

Please may i request you to involve in her case and give her your kind support. We will
 be much appreciated.

You can be feel free to call and ask me at 93903610.
I am looking forward to hearing from you.

with due respect & kind regards,
khaing khaing saw
Posted: 11 Mar 2012 09:34 AM PDT
ဒီနေ့မနက် ၆ နာရီခန့်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်းခိုရာ ဟိုတယ်ရှေ့မှာ ဇွဲကောင်းကောင်းနဲ့ လာရောက် စောင့်ဆိုင်းနေကြတဲ့ သာစွဋ္ဌာနီ ရာမညပြည် မော်လမြိုင်မြို့မှ ခွပ်ဒေါင်းများ (ဓာတ်ပုံ)
မောင်လမြိုင်လူထု တစ်သိန်းကျော် တက်ရောက်တဲ့ ၆မိုင်ကျေးရွာ လူထုဟောပြောပွဲ..
လူဦးရေ သိန်းကျော်တဲ့ ကွင်းအပြည့် မော်လမြိုင် လူထု
အမေစုရုပ်တုကြီးနဲ့ ဂုဏ်ပြုကြတဲ့ မော်လမြိုင် ပရိသတ်..
စည်းကမ်းတကျ ညီညီညာညာ စောင့်ဆိုင်းနေကြသောမော်ရွှေမြိုင်မှ ဒေါင်းပျိုမေများ
ဓာတ်ပုံများအတွက် ကိုအောင်ဆန်းသွေးနဲ့ အဖွဲ့ချုပ် မော်လမြိုင်အား ကျေးဇူးတင်ပါသည်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment