Tuesday 13 March 2012




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းရုပ်သံဖိုင် ပေါက်ကြားမှု အတွက် မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနသို့ ကန့်ကွက်စာပို့...
Posted: 13 Mar 2012 06:26 AM PDT


အဖွဲ့ချုပ်အား ပေးအပ်လိုက်ခြင်းမရှိတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းရုပ်သံဖိုင် ပေါက်ကြားမှု အတွက် မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနသို့ ကန့်ကွက်စာပို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင်သံကြားမှ ပြည်သူလူထုထံ ဟောပြောချက် ရုပ်သံဖိုင် ကြိုတင်ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရိုက်ကူးတင်ဆက်တဲ့ ရုပ်မြင်သံကြားဋ္ဌာနမှာ တာဝန်ရှိတဲ့အတွက် စာရေးသား ပေးပို့လိုက်ကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲမာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်...။

အဆိုပါ ရုပ်သံဖိုင် မှတ်တမ်းတင် ရိုက်ကူးသည့်နေ့က ရုပ်မြင်သံကြားဋ္ဌာနမှ အသံဖိုင်နှင့် ရုပ်သံမှတ်တမ်းအား အဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ကူးယူခွင့်မပြုသည့်အပြင် ပေးအပ်လိုက်ခြင်းလည်း မရှိဟုဆိုပါတယ်..။ အဆိုပါ ပေါက်ကြားမှုအတွက် ရိုက်ကူး ထုတ်လုပ်သူ မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနမှာ တာဝန်ရှိတဲ့အတွက် ယနေ့ စာရေးသား ပေးပို့လိုက်တာ ဖြစ်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုသွားပါတယ်။ 

၁၄ရက်နေ့ ညပိုင်းမှာမှ ထုတ်လွှင့်ဖော်ပြမယ့် အဆိုပါ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြည်လင်ပြတ်သားတဲ့ အဆိုအမိန့်များပါဝင်တဲ့ ၁၄မိနစ်ကြာ အဆိုရုပ်သံဖိုင်ဟာ Facebookနှင့် အင်တာနက် စာမျက်နှာများမှာ ၁၂ရက်နေ့ ညနေပိုင်းမှ စပြီး စတင် ပေါ်ထွက်လာပြီး ကြည့်ရှုသူ အင်မတန်များပြားခဲ့ပါတယ်..။


ဒီမိုဝေယံ

MRTV မှာထုတ်လွှင့်မယ့် အမေစုရုပ်သံ.. from Demo Waiyan on Vimeo.
ဟောပြောချက် ရုပ်သံဖိုင်..
Posted: 13 Mar 2012 06:14 AM PDT
စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက် ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ (၂၄)နှစ်ပြည့်
 စစ်အာဏာရှင် ဆန့်ကျင်ရေးနေ့ ကြေငြာချက်..

စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက်
သတင်းနှင့်ပြန်ကြာရေး ဆပ်ကော်မီတီ
ပြောရေးဆိုခွင့် တာဝန်ခံ
Posted: 12 Mar 2012 12:09 PM PDT

Untitled from Demo Waiyan on Vimeo.
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား ရုပ်သံဖိုင်ပါ...
Posted: 12 Mar 2012 09:11 AM PDT

၁၄ရက်နေ့ည ၈နာရီခွဲမှာ မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရုပ်သံဖိုင် from Demo Waiyan on Vimeo.


၁၄ရက်နေ့ည ၈နာရီခွဲမှာ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရုပ်သံဖိုင်By Yan Naung Soe
အသံဖိုင်ကတော့ Hlaing Phyo Win ပါ...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL US

No comments:

Post a Comment