Saturday 24 March 2012
Posted: 24 Mar 2012 04:41 AM PDT
    ပုသိမ်မြို့မှာရောက်ရှိနေတဲ့ သမတကြီးဦးသိန်းစိန် မြီု့တော်ခန်းမမှာ ညနေ 4း00 မှာ
မိန့်ခွန်းပြောမှာဖြစ်ပါတယ်၊Sky Net Up To Date ကနေ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်ပါတယ်။
ဝန်းထမ်းအားလုံး ၊ကျောင်း သား ကျောင်းသူတွေ မလာမနေရ နေ့လယ် 11း00 နာရီ လမ်းပေါ်မှာ
စောင့်ခိုင်းထားပြီးနေ့လည် 2း00ကျော်မှာရောက် လာခဲ့ပါတယ်။
န.တ.ခ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုတန်းသွားပါတယ်။
အစည်းဝေးခန်းမမှာနေ့လည် 13း0 နေရာယူခိုင်းထားပြီး 4း00နာရီထိရောက်ရှိလာခြင်းမရှိသေး
ကြောင်းသတင်းရရှိပါတယ်။
Myanmar News Now
Posted: 24 Mar 2012 05:09 AM PDT
မတ်လ(၂၄)ရက်နေ့ ၂၀၁၂
ယခုနောက်ဆုံးသတင်းရရှိသည့်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး
အခြေအနေကြောင့် ကျွန်းစုမြို့ နယ် စခန်းသစ်ရွာမှာ ပြန်လည်ထွက်ခွါလာပြီဟု သိရှိရပါသည်။
ရေကြောင်းခရီးဖြင့်သွားရောက်ရတဲ့ ခရီးစဉ်မှာ လှိုင်းမူးတဲ့ဒဏ်ကြောင့်လို့ သိရပါသည်။
ရှေ့ ဆက်သွားရမည့် အစီအစဉ်အရ ကံ့မော်ရွာကို သွားရောက်နိုင်တော့မည်
မဟုတ်ကြောင်း၊ယခုနောက်ဆုံးသတင်း
ရရှိသည်မှာ စခန်းသစ်ရွာမှာ မြိတ်မြို့ သို့
ပြန်လည်ထွက်ခွာလာပြီးဖြစ်ကြောင်း၊ခန့် မှန့် ခြေအရ ည ၆နာရီ(သို့မဟုတ်)
ဟုသိရပါသည်။
 Myanmar News Now
ဓါတ်ပုံ ( Super - Facebook)
Posted: 24 Mar 2012 04:05 AM PDT
တနင်္သာရီတိုင်း  မြိတ်မြို့ ကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၄ ရက်နေ့ 
 နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့  ရောက်ရှိလာပါတယ်။ 
၁၂နာရီ ၂၀မိနစ်ရောက်မှ မြိတ်မြို့ ဆိပ်ငယ်ဘောတံတားမှထွက်ခွာသွားပါပြီဖြစ်
ပါတယ်။
မတ်လ ၂၅ ရက်နေ့မှာတော့  မြိတ်မြို့ ၊ကန်ဖျားမြေနီလမ်းရှိ ဦးစောဂျက်
မြေပြင်တွင်ဟောပြောပွဲလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ 
ဓါတ်ပုံ Su per (Facebook) နှင့် မြိတ်မြို့ ခံပြည်သူပြည်သားများ
Posted: 24 Mar 2012 01:32 AM PDT
မတ် ၂၄၊ ၂၀၁၂ (YPI)
ယနေ့နံနက်ပိုင်းတွင်ပုသိမ်မြို့နယ်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သောပါတီ၃ခု
မြို့တွင်းတွင် အပြိုင်အဆိုင် မဲဆွယ်နေ ကြကြောင်းပုသိမ်မြို့ခံများထံကပြောသည်။
ကမ်းနားဈေးတွင် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက "အစောပိုင်းကဈေးရှေ့ကို ခမေါက်တံဆိပ်နဲ့ကားတစ်စီးရောက်လာပြီး မိုက်နဲ့လမ်းပေါ်မှာဟောတယ်။ ဆိုင်ကအတွင်းမှာဆိုတော့ထွက်မကြည့်ဖြစ်လိုက်ဘူး။ နောက်ခဏကြာတော့ ခွပ်ဒေါင်းတွေလာပြီဆိုပြီး ဈေးထဲမှာရုပ်ရုပ်သဲသဲဖြစ်သွားတော့ လမ်းမပေါ်ထွက်ကြည့်လိုက်တော့ ဈေးရှေ့လမ်းပေါ်မှာရောတိုက်ရှေ့တွေမှာရော
လူတွေပြည့်နေပြီး NLDကိုယ်စားလှယ်ဦးဝင်းမြင့်ကို
လက်ခုပ်ဝိုင်းတီးပြီးအားပေးနေတာတွေ့ရတယ်"ဟုပြောပြသည်။
ပုသိမ်မြို့ခံလူငယ်တစ်ဦးကတော့"ကျွန်တော်ကNLDကိုကြိုက်တယ်။ဒါကြောင့်NLDယဉ်တန်းနဲ့ပဲလိုက်သွားမိတယ်။တစ်မြို့လုံးကလူတွေကဦးဝင်းမြင့်ကိုပန်းတွေပေး၊အမေစုပုံဗီနိုင်းတွေကိုငါးထပ်တိုက်ပေါ်ကတောင်အပြည့်ချပြီးဦးဝင်းမြင့်ကိုကြိုဆိုနေတာမြင်ရတော့ ၀မ်းသာမိတယ်။"ဟုပြောပြသည်။
မြို့ထဲတွင်လည်းပြည်ခိုင်ဖြိုးပါတီမှဗီနိုင်းကပ်ထားသောလိုက်ထရပ်ကားနှစ်စီးနှင့်ပါတီဝင်
အယောက်၃၀ခန့်၊NDFပါတီမှဗီနိုင်းကပ်ထားသောလိုက်ထရပ်ကားတစ်စီးဖြင့်ပါတီဝင်၁၀ဦးခန့်
မဲဆွယ်စည်းရုံးနေကြသလို
NLDပါတီဘက်မှာတော့ ကိုယ်စားလှယ်လောင်းဦးဝင်းမြင့်ကိုယ်တိုင်ဦးဆောင်ကာ
ဒေါ်အောင်ဆန်းစုကြည်ပုံပါကား၁စီး၊
ခွပ်ဒေါင်းနှင့်ကြယ်ဖြူရုပ်လုံးများနှင့်မဲပေးနေဟန်ရုပ်ထုများပါသော
ချက်ပလက်ကားတစီးအပါအ၀င်ကား၁၀စီးနှင့်ဆိုင်ကယ်အစီး၂၀၀ကျော်တို့ဖြင့်
တစ်မြိုလုံး လိုက်လံမဲဆွယ်စည်းရုံးနေကြောင်းတွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်တစ်ဦးကတော့"NDFကကား၁စီးတည်းဆိုတော့အားအနည်းဆုံးပဲ။NLDကတော့လမ်းတွေပိတ်သွားတဲ့ထိအောင်လူတွေအားပေးနေတာတွေ့ရတယ်။
ဘာပဲပြောပြော တစ်လှေတည်းစီးတစ်ခရီးတည်းသွားနေကြတဲ့သူတွေအချင်းချင်းဆိုတော့
လမ်းမှာကျွန်တော်တို့နဲ့
NLDယာဉ်တန်းဆုံတော့၂ဖက်စလုံးကအပြန်အလှန်
လက်တွေပြပြီးနှုတ်ဆက်ကြတော့ပျော်ဖို့ကောင်းတယ်" ဟုပြောပြသည်။
လာမည့်ဧပြီ ၁ ရက်ကြားဖြတ်ရွေးကောက်ပွဲတွင်
ပုသိမ်မြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
ဦးအောင်တင်မြင့်၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
ဦးတင်ဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်သည်။ ။
Posted: 24 Mar 2012 01:30 AM PDT
မတ် ၂၄၊ ၂၀၁၂ (YPI)
ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်သုံးခုအတွင်း ငြိမ်းငြိမ်းချမ်းချမ်းရှိနေသော်လည်း အကန့်အသတ်မရှိယာယီရပ်ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုက မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောသည်။
"လုံခြုံရေးအရ ဆိုတာ ဘယ်သူကိုပြောချင်တာလဲ ဆိုတာ မေးခွန်ထုတ်စရာဖြစ်တယ်။ ကေအိုင်အိုကို အဖျက်သမားဆိုပြီး မီးမောင်ထိုးပြချင်တာလားဆိုတာ စဉ်စားစရာဖြစ်လာပြီ " ဟု ဦးလနန်းက YPI သို့ပြောသည်။
ရွေးကောက်ပွဲတရားမျှတမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ  ကေအိုင်အို အနေဖြင့် အနှောက်အယှက်ပေးမည် မဟုတ် ကြောင်းနှင့် ၂၀၁၀ ရွေကောက်ပွဲ အချိန်ကလည်း အနှောက်အယှက်ပေးခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း ကေအိုင်အိုက ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်း ယခုလ ၁၀ ရက်နောက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်မှ ကေအိုင်အိုကိုထိုးစစ်ဆင်မှုများရှိနေသော်လည်း ယခုရပ်ဆိုင်းလိုက်သော မဲဆန္ဒနယ်များအတွင်း တိုက်ပွဲ များ ဖြစ်ပွားမူ မရှိသေးကြောင့် ဦးလနန်းက ထပ်မံပြောဆိုသည်။
ဖားကန့်မြို့နယ် NLDပါတီ အောင်နိုင်ရေးအဖွဲဝင် တစ်ဦးက "လုံခြုံရေးဆိုတာ ဘာကိုပြောလဲမသိဘူး ဒီမှာက ထူးထူးခြာခြားဘာမဖြစ်ပါဘူး အာလုံးငြိမ်းချမ်းနေပါတယ်။ ကုမ္ပဏီတွေလည်း ပုံမုန် အလုပ်လုပ်နေတာပဲ" ဟု YPI သို့ပြောသည်။
"မနေ့ကမှ ဖားကန့်မြို့နယ်မှာ ရုံဖွင့်ပွဲတွေလုပ်ခဲ့ပြီး အားကြိုးမာန်တက်ပြန်လာကြတာ။ ဒီသတင်းလည်းကြာလိုက်ရော ၀မ်းနည်တာပေါ့ဗျာ" ဟု ၎င်းကဆက်ပြောသည်။
ကချင်ပြည်နယ်ရှိ ဖားကန့်၊ မိုးကောင်း နှင့်ဗန်းမော်မြို့နယ်များတွင် လုံခြုံရေးအရ ရွေးကောက်ပွဲမဲဆန္ဒနယ်များကို အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်သည်ဟု ယမန်နေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းအစီအစဉ်က ထုတ်လွှင့်ကြေငြာခဲ့သည်။
မြန်မာအစိုးရဘက်မှပြောနေသည့် ငြိမ်းချမ်းရေးဆိုသည်မှာ အလားအလာကောင်းဖြစ်လာနိုင်ဖွယ်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆန္ဒနယ်များကို အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုကသုံးသပ်ပြောဆိုသည်။                ။
Posted: 24 Mar 2012 01:29 AM PDT
မတ် ၂၄၊ ၂၀၁၂ (YPI)
ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ပါတီများက မဲရုံတိုင်း၌ မဲရုံကိုယ်စားလှယ်များ ထားရှိသွားမည်ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူ များက ပြောသည်။
လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက်  လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအနက် မွန်ပြည်နယ်တွင် တစ်နေရာ ပါဝင်သည်။
အဆိုပါ နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိသွားသည့် သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ဧ။်နေရာ ဖြစ်သည်။
"ကျွန်တော်တို့က တချို့ရုံတွေမဲရုံတွေမှာ ကိုယ်စားလှယ် တစ်ယောက်ထားမယ်၊တချို့ရုံဆိုနှစ်ယောက် ထားမယ်၊မဲရုံအပြည့်ထားသွားမှာပါ"ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သန်းဦးကပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်ဝေကလည်း သူတို့ ပါတီအနေဖြင့် မဲရုံတိုင်းမှာ မဲရုံကိုယ်စားလှယ် ထားသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်များဧ။်ပုံစံဖြည့်စာရွက်များကိုလည်း ပြင်ဆင်ဖြည့်စွက်နေပြီး ဖြစ်ကြောင်း ပြောသည်။
"၂၀၁၀ ရွေးကောက်ပွဲတုန်းကမော်လမြိုင်မှာ မဲရုံတရုံကိုကိုယ်စားလှယ် နှစ်ယောက် ထားနိုင်တယ် အခုက အကုန်အကျလည်း များတော့ တချို့မဲရုံမှာ တစ်ရုံတစ်ယောက်ပဲထားနိုင်တော့မယ်"ဟုသူမကဆက်ပြောသည်။
မော်လမြိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၁၁၉ ရုံရှိပြီး စစ်တပ်မဲရုံတရုံပါဝင်သည်။ မဲရုံကိုယ်စားလှယ်များ ဧ။်စာရင်းများကို မတ်လ၂၄ ရက်နေ့တွင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်သည်။
မဲရုံထားရှိမည့်အခြေအနေနှင့်ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီသို့ဆက်သွယ်မေးမြန်းရာတွင် အမည်မပြောကြားခဲ့သူ ရုံးဝန်ထမ်းတဦးက
"ကျွန်မတို့ က စစ်တပ်မဲရုံတရုံကလွဲပြီး ကျန်တာအကုန်မဲရုံကိုယ်စားလှယ်တွေ ထားရှိသွားမှာ ပါ၊တစ်ရုံကိုနှစ်ယောက် ထားရှိသွားမှာပါ"ဟုပြန်လည်ဖြေကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံးဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကလည်း မဲရုံတစ်ရုံလျင် နှစ်ယောက်နှုန်းဖြင့် မဲရုံတိုင်းမှာ  ကုယ်စားလှယ် ထားရှိသွားမည်ဖြစ်ကြောင်းမော်လမြိုင်အောင်နိုင်ရေး ကော်မတီရုံးမှပြန်ကြားရေးတာဝန်ခံဦးကိုကိုဇော်ကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ မဲပေးနိုင်သူ တသိန်းငါးသောင်းကျော်ရှိကြောင်းထုတ်ပြန်ထားသော်လည်း ပြန်ပြင်ရမည့်မဲစားရင်း အများအပြားရှိနေကြောင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများကပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာပြည်ခိုင်ဖြိုးပါတီမှ ဦးတင်စိုးမိုးနိုင်၊NLD မှဒေါ်ခင်ဌေးကြွယ် ၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေနှင့် တစညပါတီမှဦးအောင်သန်းဦးတို့ဖြစ်သည်။               ။
Posted: 24 Mar 2012 01:22 AM PDT
စစ်ကိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အောင်နိုင်ရေး ဟောပြောပွဲများ
ရပ်ရွာအနှံ့ ပြုလုပ် လျှက် ရှိရာ ၂၄-၃-၂၀၁၂ နေ့က ဘော်ဂါရပ်ကွက်နှင့်
ကနားတော်ကျေးရွာတို့တွင် အားပေးတက်ရောက်သူ အထူးများပြားခဲ့ပါတယ်။
စေတနာရှင်ပြည်သူများကလည်း ဟောပြောပွဲသို့ လာရောက်သူများကို
စားဖွယ်ရာထမင်း၊ဟင်းများအပြင် အချိုရည်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံ
ကြသည်မှာ မေတ္တာဆိုတာ အဓမ္မလုပ်ယူလို့ ရသောအရာ မဟုတ်ဘူးဆိုတာကို
 သက်သေပြနေသလားလို့တောင် ထင်မြင်မိပါတော့တယ်။
သတင်း-ဓါတ်ပုံ ။ ။ သားစု (စစ်ကိုင်း)
Posted: 24 Mar 2012 12:55 AM PDT
 "ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင်
 နိုင်ငံရေးပါတီငယ်တစ်ခု၏အမည်တပ်ကာလူတချို့မှမြိ့ပေါ်ရပ်ကွက်များနှင့်
 ကျေးရွာအချို့တွင် ချေးငွေထုတ်ချေးပေးမည်ဟုဆိုကာငွေတောင်းခံမှုများပြုလုပ်နေကြ"
       ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ညောင်တုန်းမြို့နယ်မှဘုရားကုန်းကျေးရွာအုပ်စု
အတွင်းရှိ ၀ါးတော၊ကြင်ဖော်၊  ချောင်းဝ ကျေးရွာများတွင် နိုင်ငံရေးပါတီတစ်ခု၏အမည်ကို
အသုံးချကာ ကျေးရွာနေပြည်သူများထံမှ ငွေတောင်းခံမှုများ ရှိခဲ့ပါသည်။
၎င်းကျေးရွာများသို့ လွန်ခဲ့သော တစ်လခန့်က လူ(5)ယောက်ခန့်ပါသောအဖွဲ့တစ်ဖွဲ့
ဆင်းလာကာ ကျေးလက်နေပြည်သူများအား ဆင်းရဲနွမ်းပါးမှု လျော့ချရေးအစီအစဉ်ဟု
ဆိုကာ လူတစ်ဦးလျှင် ငွေကျပ်ငါးသိန်းကျစီ ထုတ်ချေးပေးမည်ဆိုပြီးစည်းရုံးကာ
လူလိုက်လံ စုဆောင်းနေကြပါသည်။
စိတ်ဝင်စားသူ ကျေးရွာသားများအနေဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားပြသကာ
စာရင်းပေးသွင်းနိုင်ကြောင်း ပါတီဝင်ဦးစန်းသောင်းနှင့် အပေါင်းပါများမှပြောကြားကာ ရွာခံတစ်ဦးထံတွင်စာရင်းပေးရပါသည်။
ထိုသို့ စာရင်းပေးသွင်းသောအခါတွင် ယခုလူစာရင်းများအား နေပြည်တော်ရှိ၎င်းတို့၏
လူကြီးများထံသို့ စာရင်းသွားရောက်ပေးပို့ရန်အတွက် ခရီးစရိတ်နှင့် ဆောင်ရွက်ပေးခ
အတွက် ငွေကျပ်ငါးထောင်စီ ပေးရမည်ဟုဆိုကာ ၄င်းရွာခံမှနေပြီး ကောက်ခံပေးရပါသည်။
၎င်းတို့အနေဖြင့် ထိုသို့ လိုက်လံစည်းရုံးရာတွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအားတရားဝင်
အကြောင်းကြားခြင်းမရှိသလို မြို့နယ်အဆင့်တွင်လည်း သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့များသို့ သတင်းပေးပို့ခြင်းလည်းမ
ရှိခဲ့ကြောင်းနှင့် တရားဝင်နိုင်ငံရေးပါတီတစ်ခု၏ အမည်အား အသုံးချကာ ၄င်းတို့မှ ဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း စည်းရုံးပြီး ဆောင်ရွက်ပေးခဟုဆိုကာ ပြည်သူများထံမှ ငွေများတောင်း
ယူသွားကြခြင်း ဖြစ်ပါသည်။
ထိုသို့ငွေတောင်းခံသွားသော်လည်း ငွေလက်ခံရှိကြောင်းပြေစာ(သို့) အထောက် အထားများပေးမသွားကြပါ။
၎င်းတို့အဖွဲ့အစည်း၏အမည်နှင့် လာရောက်သူအဖွဲ့ဝင်များ ၏အမည်များသာပြောကြားခဲ့ပြီး မည့်သည့်နေရက်တွင်
 ချေးငွေထုတ်ချေးပေးမည်ဆိုသည့်နှင့် တခြားသေချာသော အချက်များအားပြောဆိုခြင်းမရှိဘဲ မက်လုံးပေးပြောဆိုခြင်း၊
 လူထပ်မံစုဆောင်းစေခိုင်းခြင်းတို့သာ ပြောကြားသွားပါသည်။
 ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့်လည်း ရွာခံသူများနှင့် တရားဝင်အဖွဲ့အစည်းတစ်ခုမှ လူများပါဝင်နေခြင်း၊
ဝင်ငွေနည်းပါးကာ အလုပ်အကိုင်အခွင့်အလမ်းသစ်များဖန်တီးနိုင်
မှု့အင်အားမရှိသဖြင့် အရင်းအနှီး လိုအပ်နေချိန်တွင် ၄င်းတို့ဒေသအတွင်း အခြားတရားဝင် လုပ်ကိုင်နေသော
 ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများနည်းတူ ပြည်သူများအားကူညီနိုင်
လိမ့်မည်ဟု ယုံကြည်သောကြောင့် မိမိတို့နည်းပါးလှသော ၀င်ငွေများထဲမှ ဖဲ့ကာ၎င်းတို့တောင်းခံသော ငွေကျပ်ငါးထောင်စီအား
 ပေးသွင်းခဲ့ခြင်းဖြစ်ပါသည်။
သို့ရာတွင် ယခုအချိန်ထိ ၄င်းအဖွဲ့မှချေးငွေများ လာရောက်ထုတ်ပေးသေးခြင်းမရှိသေးဘဲ အကျိုးအကြောင်းတစုံတရာ
အားလည်း ရွာသားများထံသို့ ယနေ့တိုင်အကြောင်းကြားခြင်း
မရှိသေးပါသဖြင့် တနေ့လာနိုး၊ တနေ့လာနိုးဖြင့်သာ မျှော်နေရပါသည်။
          ယင်းအဖွဲ့မှလူများပင် ညောင်တုန်းမြို့နယ်အတွင်းရှိ အခြားကျေးရွာများဖြစ်သော
သပြေချောင်း၊ဥတိုချောင်းဖျား ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာများအပါအ၀င်အချို့သော
 ကျေးရွာများနှင့် ညောင်တုန်းမြို့ပေါ်ရှိ ရပ်ကွက်များတွင်ပါ ပြည်သူများအားစည်းရုံးရ်ျ
 ငွေကြေးတောင်းခံနေသည်မှာ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မလုပ်သင့်သည့်အပြင် ၄င်းတို့အဖွဲ့အစည်းအနေဖြင့်လည်း
 အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တရားဝင်ဆောင်ရွက်သည့် အစီအစဉ်များ မပြုလုပ်ရသေးဘဲ
ယခုကဲ့သို့ငွေကောက်ခံခြင်း၊ မက်လုံးပေးစည်းရုံးခြင်းများ မလုပ်သင့်ပါကြောင်းနှင့် တရားဥပဒေနှင့်အညီ
 ဆောင်ရွက်ပေးမည်ဆိုပါကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ တဆင့်သော်လည်းကောင်း ၊မီဒီယာများမှသော်
လည်းကောင်း သတင်းထုတ်ပြန်ဆောင်ရွက်ပြီးမှ ဆောင်ရွက်သင့်ပါကြောင်းကို တင်ပြလိုက်ရပါတယ်။
တရားဥပဒေအားမထေမဲ့မြင်ပြု လိုက်လံဆောင်ရွက်နေသူများကိုလည်း သက်ဆိုင်ရာမှလိုအပ်သလို ဆောင်ရွက်ပေးပါရန်
 တိုက်တွန်းလိုက်ရပါသည်။
အဖွဲ့ လိုက်ဆောင်ရွက်နေကြရာတွင် ပါဝင်နေသူများမှာ---
                    ဦးစန်းသောင်း ၊ ခေတ်သစ်ပြည်သူ့ပါတီဝင်
                   ဦးဝင်းညွှန့်       ၊ ခေတ်သစ်ပြည်သူ့ပါတီဝင်
                   ဦးဝင်းဌေး      ၊  ခေတ်သစ်ပြည်သူ့ပါတီဝင် ၊ကြင်ဖော်ကျေးရွာနေထိုင်သူ
                   ကိုမြင့်ဆွေ    ၊  ခေတ်သစ်ပြည်သူ့ပါတီဝင် ၊၀ါးတောကျေးရွာနေထိုင်သူ
                    ကိုအောင်မြင့်၊  ခေတ်သစ်ပြည်သူ့ပါတီဝင် သပြေချောင်းကျးရွာနေထိုင်သူ
 စုစည်းစေခြင်းတို့ကိုဆောင်ရွက်သွားကြပါသည်။ ၄င်းတို့သည် စတင်လာရောက်စဉ်က အစုအဖွဲ့(10)ဦးပြည့်လျှင်
 ချေးငွေထုတ်ချေး ပေးမည်ဟုဆိုသော်လည်း နောက်ပိုင်းတွင် လူဦးရေရာနှင့်ချီပြီး ငွေကျပ်ငါးထောင်စီ ကောက်ခံသွားသော်
လည်း ယနေ့အချိန်ထိ အကြောင်းကြားခြင်းမရှိသေးဘဲ မည်သည့်နေရက်တွင်လာရောက် ချေးငွေထုတ်ချေးပေးမည်ကိုလည်း
 မေးမြန်းခြင်းမပြုလုပ်ရဟုနုတ်ပိတ်သွားပါသည်။ အခြားကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် များတွင်  ၄င်းတို့ ငွေယူသွားသော
 လူဦးရေစာရင်းမှာ-
-       ဥတိုချောင်းဖျား၊သပြေချောင်း၊ညောင်ဝိုင်းကျေးရွာများတွင် လူဦးရေ ( 300)ခန့်
-       ချောင်းဝ၊၀ါးတော၊ကြင်ဖော်ကျေးရွာများတွင်                   လူဦးရေ ( 400)ကျော်ခန့်
 ညောင်တုန်းမြို့ပေါ်ရက်ကွက်များတွင် (21-3-2012)နေ့အထိလူဦးရေ(350)ကျော်ခန့် ဟုစုံစမ်းသိရှိရပါသည်။
 ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်ပါ ငွေချေးယူလိုသူအတွက် လျှောက်လွှာရေး
သွင်းစေခြင်းမရှိဘဲ ၄င်းတို့ဆောင်ရွက်ပေးခဟုဆိုကာ ငွေကျပ်-(5000)၊(3000)၊(2200)၊
(1500)စသည့်ဖြင့် အမျိုးမျိုးကောက်ခံသွားပြီး ရေရာသော ရန်ပုံငွေပေးမည့် အဖွဲ့အစည်းအမည်၊ဆက်သွယ်ရမည့်
တာဝန်ခံရုံးနှင့်တာဝန်ခံအမည် ထုတ်ချေးပေးမည့်နေ့ တို့အား ပြောပြသွားခြင်းမရှိဘဲ စောင့်နေပါဟုသာ ပြောပြသွားခဲ့ပါသည်။
ညောင်တုန်းမြို့ ခံတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
Posted: 24 Mar 2012 01:15 AM PDT
တနင်္သာရီတိုင်း  မြိတ်မြို့ ကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၄ ရက်နေ့ 
 နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့  ရောက်ရှိလာပါတယ်။ 
၁၂နာရီ ၂၀မိနစ်ရောက်မှ မြိတ်မြို့ ဆိပ်ငယ်ဘောတံတားမှထွက်ခွာသွားပါပြီဖြစ်
ပါတယ်။
မတ်လ ၂၅ ရက်နေ့မှာတော့  မြိတ်မြို့ ၊ကန်ဖျားမြေနီလမ်းရှိ ဦးစောဂျက်
မြေပြင်တွင်ဟောပြောပွဲလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မြိတ်မြို့ ပြည်သူလူထုကြိုဆိုနေစဉ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မြိတ်မြို့ ပြည်သူလူထုကြိုဆိုနေစဉ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား မြိတ်မြို့ ပြည်သူတွေ ကြိုဆိုနေစဉ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဆိပ်ငယ်ဘောတံတားမှ ကျွန်းစုမြို့ သို့ ထွက်ခွါစဉ်
Myanmar News Now
Posted: 24 Mar 2012 12:44 AM PDT
ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို မြိတ်မြို့ မှာတွေ့ ရစဉ်
မတ်လ ၂၄ ရက်နေ့ ၂၀၁၂
လူထုခေါင်းဆောင်းဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း မြိတ်မြို့ ကို  နံနက် ၁၀
နာရီ ၁၅ မိနစ်ပါတီစည်းရုံးရေးခရီးစဉ်အဖြစ်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ရန်ကုန်ကနေ air mandalay ရောက်ရှိလာတာဖြစ်ပြီး  လေယာဉ်နောက်ကျတဲ့အတွက်
ကြိုဆိုသူတွေများလွန်တာကြောင့် ကျွန်းစုမြို့နယ် ကို နံနက်
၁၂နာရီ ၂၀မိနစ်ရောက်မှ ဆက်လက်ထွက်ခွါနိုင်ကြောင်း ထပ်မံသိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆိုနေကြတဲ့ မြိတ်မြို့ ခံပြည်သူများ
မြိတ်မြို့ ဆိပ်ငယ်ဘောတံတားတွင် ကြိုဆိုနေသူများအားတွေ့ ရစဉ်
Posted: 23 Mar 2012 11:00 PM PDT
သျှမ်းပြည်အရှေ့ပိုင်း တာလေဒေသ ငလျင်ဒဏ်သင့်ခဲ့သည်မှာ တနှစ်ပြည့်သော်လည်း အဆောက် အဦးများ
 ဆောက်လုပ်ပြီးစီးခြင်းမရှိသေးသဖြင့် အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
အစိုးရမှ တာဝန်ယူဆောက်လုပ်ပေးသောအိမ် (Photo: Tai Culture & Literature Society – Chiang Mai)
အစိုးရမှ တာဝန်ယူဆောက်လုပ်ပေးသောအိမ် (Photo: Tai Culture & Literature Society – Chiang Mai)
"တာလေ-မိုင်းလင်းမှာ အဓိကတော့ ဘုန်းကြီးကျောင်းတွေဘဲ။ ဘုန်းကြီးကျောင်းတွေ ဆောက်လို့မပြီး သေးဘူး။
 တချို့ဘုန်းကြီးကျောင်းတွေဆို အုတ်မြစ်ချ၊ တိုင်ထောင်ထားတာ ကြာလှပြီ။ ဆက်မဆောက် နိုင်တော့ တိုင်တွေအက်ကုန်တယ်"
 ဟု တာလေဒေသခံတစ်ဦးက ပြောပါသည်။
လွန်ခဲ့သည့်နှစ် ၂၀၁၁ မတ်ခ်ျလ ၂၄ ရက်၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အိမ်ပေါင်း ၃၉၀၊ အစိုးရရုံး ၉ ခု၊
ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း ၅၈ ခု ပြိုကျပျက်စီးခဲ့သည်ဟု ICRC ထုတ်ပြန်တဲ့ တရားဝင်စာရင်း များအရ သိရှိရသည်။
အစိုးရက တာဝန်ယူဆောက်လုပ်ပေးသော အိမ်များအားလုံးပြီးစီးသွားသော်လည်း အစိုးရ၏ အထောက် အပံ့ယူကာ
ကိုယ်တိုင်ဆောက်လုပ်သော အိမ်များမှာမူ တချို့သာ ပြီးစီးကြောင်း တာချီလိတ်ဒေသခံ တစ်ဦးကလည်း ဤကဲ့သို့ပြောပါသည်။
"အစိုးရက ပြိုကျခဲ့တဲ့အိမ်တွေကို တဝက်တာဝန်ယူဆောက်ပေးတဲ့ ပုံစံတူအိမ်တွေ အညံစားသစ်၊ အထပ်သားပြားတွေနဲ့
 လုပ်ပေးတော့ သိပ်မကြိုက်ကြဘူး။ အဲဒါတော့ အားလုံးပြီးသွားပြီ။ ကိုယ်တိုင် ဆောက်တဲ့အိမ်တွေ ပိုက်ဆံမလောက်လို့
 အားလုံးမပြီးသေးဘူး။ တချို့ဘဲပြီးသေးတယ်။ အစိုးရက ပေးပေမဲ့လဲ အာဏာပိုင်တွေက ကြားကနေ ဖြတ်စားတော့
အပြည့်အ၀မရကြဘူး။"
ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ဒေသခံပြည်သူများမှာ လွန်စွာထိတ်လန့်တုန်လှုပ်ခဲ့ပြီး ယခုတိုင် စိတ်ဝေဒနာခံစားနေကြ
ရကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက-
"မိသားစုဝင်တွေ သေသွားတဲ့သူတွေဆို စိတ်ပိုင်းဆိုင်ရာမှာ အခုထက်ထိ မကောင်းသေးဘူး။ တမှိုင်မှိုင် တငိုင်ငိုင်နဲ့။
အမျိုးသမီးတယောက်ဆို သူ့သားကို ကိုရင်ဝတ်ပေးတာ တပတ်လောက်ဘဲရှိသေးတယ်။ သူမရဲ့မျက်စိရှေ့မှာဘဲ သူ့သား
 ဘုန်းကြီးကျောင်းအုတ်နံရံဖိပြီးသေသွားတာတွေ့တော့ အခုထက်ထိ စိတ်ဝေဒနာခံစားနေရတယ်။"
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ချင်းမိုင်၊ မယ်ဆိုင်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်စသည့် ဒေသများမှ စေတနာရှင်/အလှူရှင်များက
 မိုးကာများ၊ အိုးခွက် ပန်းကန်များ၊ သောက်သုံးရေ၊ အသင့်စားသောက်နိုင် သော (ready made) စားသောက်ကုန်များ၊
 အိမ်ဆောက်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြသည်။
"အခုတော့ အလှူရှင်တွေ သိပ်မတွေ့ရတော့ဘူး။ တနှစ်ပြည့်ပေမဲ့ ဆင်းရဲတဲ့သူတွေ ပိုက်ဆံမတတ်နိုင် တဲ့သူတွေ
အိမ်ဆောက်တာ မပြီးသေးဘူး။ ဒါကြောင့် အကူအညီလိုအပ်နေသေးတယ်။ လာကူရင်လဲ ဒေသခံဆီကိုဘဲ တိုက်ရိုက်
သွားလှူဖို့ တိုက်တွန်းချင်ပါတယ်" ဟု တာလေအကြီးအကဲတစ်ဦးက ပြောပါ သည်။
မတ်ခ်ျလ ၂၄ ရက် ၂၀၁၁ အင်အား ၆.၈ ရှိ ငလျင်လှုပ်ခတ်သွားသောကြောင့် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ
 ရွာပေါင်း ၉၀၊ ပြည်သူ ၂ သောင်းနီးပါး ငလျင်ဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၁၀၀ ကျော်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု မြန်မာနိုင်ငံ
 ကြက်ခြေနီးအသင်းက ထုတ်ပြန်ခဲ့သည်။
သျှမ်းသံတော်ဆင့်သတင်း
Posted: 23 Mar 2012 10:59 PM PDT
ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာ၊ အန္တရာယ်မှန်သမျှကို မြန်မာနှင့်
တရုတ်နိုင်ငံအစိုးရများမှ တာဝန်ယူပေးစေလိုကြောင်း တရုတ်အစိုးရပိုင်သတင်းဌာနတစ်ခုနှင့်တွေ့ဆုံ စဉ်
 လယ်ယာမြေပိုင်ရှင်များက တောင်းဆိုလိုက်သည်ဟု သိရှိရပါသည်။
လယ်ယာများကြားမှ ပိုက်လိုင်းသွယ်တန်းထားပုံ (Photo: SHAN)
လယ်ယာများကြားမှ ပိုက်လိုင်းသွယ်တန်းထားပုံ (Photo: SHAN)
"ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာမဲ့ အန္တရာယ်တွေကို နှစ်နိုင်ငံစလုံးက အစိုးရကနေ တာဝန်ယူပေးစေချင် တယ်။
 ဘယ်လိုအန္တရာယ်တွေရှိနိုင်တယ်၊ ရှောင်ရန်ဆောင်ရန်တွေကို မြန်မာအစိုးရကနေ အသိပညာ ပေးစေချင် တယ်။
 တကယ်လို့ အဲဒီလိုမဟုတ်ရင်တော့ ဒေသခံတွေလဲ ပိုက်လိုင်းဖြတ်သန်းမှုကို မလို လားကြဘူး-လို့ ပြောပြလိုက်တယ်"ဟု
လယ်ပိုင်ရှင်တစ်ဦးက ပြောပါသည်။
တရုတ်အစိုးရပိုင်သတင်းဌာနတစ်ခုမှ သတင်းထောက် ၃ ဦးက နမ့်ခမ်းမှ လယ်ယာမြေပိုင်ရှင် ၂ ဦး၊ မုံးဝီးမှ ၂ ဦးအား
 မတ်ခ်ျလ ၅ ရက်နေ့  နေ့လည် ၁၂ နာရီခန့်က လာရောက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ် သည်။
ပိုက်လိုင်းအတွက် သိမ်းဆည်းခံရသည့်လယ်ယာမြေများ လျော်ကြေးရရှိမှု၊ မြေတိုင်းထွာမှု အချက်အ လက်အမှန်ကို
သိရှိလိုသောကြောင့် လာရောက်မေးမြန်းရခြင်းဖြစ်ကြောင်း ၎င်းကဆို၏။
"ကျနော်တို့လဲ အရှိအတိုင်း အမှန်အတိုင်း ပြောပြလိုက်တယ်။ မြန်မာအစိုးရနဲ့ကုမ္ပဏီက လုပ်ပေးတာ တွေ မြေတိုင်းတာအစ
 လျော်ကြေးပေးတာအဆုံး ကျေနပ်အားရတာ တခုမှမရှိဘူး။ မြေတိုင်းတာလဲ မှားမှား ယွင်းယွင်း တိုင်းတယ်။ လျော်ကြေးလဲ
 အပြည့်အ၀မပေးဘူး။ တဝက်ဘဲပေးတယ်။ တချို့ဆို တဝက်တောင် မရဘူး။ ဒါပေမဲ့ ဒေသခံတွေကလဲ အာဏာပိုင်တွေကို
မလွန်ဆန်နိုင်လို့ ဘာမှမတတ် နိုင်ကြဘူးပေါ့" ဟု အဆိုပါ လယ်ပိုင်ရှင်က ဆက်လက်ပြောပါသည်။
နမ့်ခမ်းမြို့နယ်အတွင်း မြို့နှင့်နီးပြီး အထွက်နှုန်းကောင်းသည့် လယ်ယာမြေများကို ပထမအဆင့် သတ် မှတ်ကာ ၁ ဧက ကျပ်
 ၁၃၅ သိန်း၊ မြို့နှင့်ဝေးပြီး အထွက်နှုန်းကောင်းသည့် လယ်မြေများကို ဒုတိယ အဆင့်သတ်မှတ်ကာ ၁ ဧက ကျပ်သိန်း ၁၀၀၊
 မြို့နှင့်ဝေး တောင်ကုန်းတောင်းစောင်းရှိ မြေများကို တတိယအဆင့်သတ်မှတ်ကာ ကျပ်သိန်း ၆၀ ပေးလျော်မည်ဖြစ်ကြောင်း
 အာဏာပိုင်များက တရားဝင် ထုတ်ပြန်ထားသော်လည်း အဆိုပါဈေးနှုန်းထက် အဆမတန်လျော့နည်းကာ ပေးလျော်ကြောင်း
 ဒေသခံများက ဆို၏။
အကျပ်အတည်းရင်ဆိုင်နေကြရသဖြင့် ရသင့်သည့်လျော်ကြေးကို အပြည့်အ၀ပေးစေလိုကြောင်း၊ တောင်းဆို ထားသည့်
အတိုင်း ဖြစ်မလာပါက ဒေသခံလယ်ယာမြေပိုင်ရှင်များအနေဖြင့်  ဆန္ဒပြကန့် ကွက်သင့်လျှင်လည်း ကန့်ကွက်သွား
မည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ သတင်းထောက်များအား ပြော ဆိုခဲ့ကြောင်း ဆို၏။
"ကျနော်တို့ ပြောသွားတာမှန်သမျှကို သူတို့က မှတ်သားထားတယ်။ တရုတ်အစိုးရကို ပြန်လည်တင်ပြ ပေးမယ်။
ကူညီနိုင်တာကို ကူညီသွားမယ်လို့ ပြောသွားတယ်။"
၂၈၀၀ ကီလိုမီတာ(မိုင်ပေါင်း ၁၇၄၀ ခန့်) ရှည်လျားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ သျှမ်း ပြည်အတွင်း
 နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ်တို့အား ဖြတ်သန်းသွားရာ နမ့်ခမ်းမြို့နယ်အတွင်း၌
လယ်ယာမြေဧက ၃၀၀ နီးပါး သိမ်းဆည်းခံရကြောင်း သိရှိရပါသည်။
သျှမ်းသံတော်ဆင့်သတင်း
Posted: 23 Mar 2012 10:57 PM PDT
ယခုနှစ်ဦးပိုင်းမှ စ၍ တရုတ်နှင့် မြန်မာအစိုးရ အကြား စီမံကိန်းများ တိုးချဲ့ လုပ်ကိုင်လာသောကြောင့် လမ်း
တံတားများ တရက်ထက်တရက် ပိုမိုပျက်စီးလာကာ ဒေသခံများသွားလာရေး အခက်အခဲတွေ့ နေရကြောင်း
 နမ့်ခမ်းမြို့ခံများက ပြောပါသည်။
shan231
"ဒီနှစ်ထဲမှာ နမ့်ခမ်းမြို့မှာ စီမံကိန်းနှစ်ခု ဆက်တိုက်ဝင်တော့လမ်းတွေ အရမ်းပျက်တယ်။ မနှစ်က စတဲ့ ရွှေရေနံ သဘာဝ
 ဓါတ်ငွေ့ စီမံကိန်းအပြင် ခဲမဖြူ သတ္တုတူးဖော်ရေးစီမံကိန်းပါတ ရုတ်က ကန်ထရိုက် ထပ်ရတယ်။ ကားတွေက
၂၄ နာရီလုံးလုံး သွားလာနေတော့ လမ်းတွေဘယ်ခံနိုင်မှာလဲ" - ဟု ခေတ်ပညာ တတ်လူငယ် စိုင်းခေး က ပြောပါသည်။
ခဲမဖြူ သတ္တုအား နမ့်ခမ်းမြို့နယ် ကောင်းကပ် ကျေးရွာအနီး (မုံရွဲတောင်) တွင်ထွက်ရှိပြီး တရုတ် နိုင်ငံပိုင် GSM ကုမ္ပဏီက
 လုပ်ကိုင်ခွင့်ရထား၏။ ခဲမဖြူသတ္တုများအား နေ့စဉ်ကားအစီး ၃၀ ထက်မနည်း နမ့်ခမ်းမြို့ အနောက်ဘက် မုံရွဲတောင် မှ
 နမ့်ခမ်းမြို့ကို ဖြတ်ကာ လွယ်ကျူလောက်တောင် (မူစယ်မြို့အနီး) ၌ သိုလှောင် ထားကြောင်း၊ ကားများဖြတ်သန်းသွား
လာမှုကြောင့် လမ်းများပျက်စီးနေကြောင်း ဒေသခံကားဆရာတဦး ဤကဲ့သို့ ပြောပါသည်။
"ပိုက်လုံးတင်တဲ့ကား၊ သတ္တုတင်တဲ့ ကားတွေက ဝိတ်အရမ်းများတယ်။ လမ်းကလဲ ကတ္တရာခင်းထားတာ ပါးတော့
ကားရဲ့ဝန် ကို မခံနိုင်ဘူး၊ နေ့ညမပြတ်မောင်းနေတော့ လမ်းတွေ ပျက်စီးရတာပေါ့၊ ကား ဆရာက ခေါက်ကြေးနဲ့ငှားမောင်းတာ။
 မကိုက်မှာစိုးလို့ သူတို့က မိုင်ကုန်တင် စည်းမဲ့ကမ်းမဲ့ မောင်းတယ်။ ယာဉ်တိုက်မှုလဲ မကြာခဏ ဖြစ်တယ်" - ဟု ဆို၏။
shan232
အခုအခါ ရေနံသဘာဝဓါတ်ငွေ့ စီမံကိုင်းအတွက် ရွှေလီမြစ်ထဲမြေဖို့ မြေသည် ကားများလည်း ၂၄ နာရီ ပြေးဆွဲပြီး
 နေ့ဆိုင်း အတွက် ဒေသခံ (ကားဆရာ) ကိုသုံးပြီး ညဆိုင်းအတွက်တော့ တရုတ်ပြည်သား (ကားဆရာ) ကို ငှားသုံးနေဟု
ဆိုသည်။
ရွှေလီမြစ်ကမ်းနှစ်ဘက်အား မြေဖို့ပြီး ပိုက်လိုင်းတည်ဆောက်ရန်အတွက် လိုအပ်သည့်မြေစိုင်မြေခဲများအား ကွန်လုံကျေးရွာ
အနီး လွယ်ကောင်းမောဝ်တောင်မှ တူးယူပြီး မန့်ဟောင်းကျေးရွာနှင့် နောင်တိန်း ကျေးရွာ အကြားရွှေလီကမ်းကိုမြေဖို့နေပါသည်။ ဖို့မြေ သယ်ယူပြေးဆွဲနေသည့်ကားများသည် တရက် (တခေါက်လျှင် တရုတ်ငွေ ယွမ် ၂၀၀) မြန်မာကျပ်ဖြင့် ၂၇၀၀၀ နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၀၀၀ နီးပါးကျန်သည်ဟု မြေသည်ကား ဆရာတဦးက ပြောပါသည်။
ထိုကားအများစုမှာ တရုတ်ပြည်သားပိုင်ကားများဖြစ်၏။
shan233
အဆိုပါကားများကြောင့် ပြည်သူများသည် အသက်ရှူကျပ်ရောဂါဝေဒနာခံစားရပြီး၊ လမ်းပျက်စီးမှုကြောင့် သွားလာရေးခက်
ခဲနေရုံသာမက ဗန်းမော်လမ်း(ပြည်ထောင်စုလမ်းမပေါ်) နေထိုင်သည့် ပြည်သူ လူထုတို့ ညကောင်းကောင်းမအိပ်ရ
 မြေသည်ကားများဆူဆူညံညံ သွားလာသံများ ဆူညံနေသည်ဟုဆို ပါသည်။
"သက်ဆိုင်ရာ လူကြီးမင်းတွေ မိုးတွင်း မရောက်မီ လမ်းတွေကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးရင်တော့ ကောင်းတာပေါ့"
- ဟု လမ်းမပေါ်နေထိုင်သည့် နန်းယေ့ က ပြောပါသည်။
နမ့်ခမ်းမြို့အနောက်ဘက် ကောင်းကပ်ရွာအနီးရှိ မုံရွဲတောင် ခဲမဖြူသတ္တုတွင်း အား တရုတ်GSM ကုမ္ပဏီက ပြည်ခိုင်ဖြိုးပါတီ
 အတွင်းရေးမှူး ဦးအောင်သောင်း ထံ ကျပ်ငွေသိန်းပေါင်း ၂၅၀၀၀ နှင့် ပုဒ်ပြတ် ဝယ်ယူထား သောကြောင့် မုံရွဲတောင်တခုလုံး
 ပျောက်ကွယ်သွားသည်အထိ တူးဖေါ်သည်ယူမည်ဆိုသည့် သတင်းက နမ့်ခမ်းမြို့အတွင်း ပျံ့နှံ့နေပါသည်။
 သျှမ်းသံတော်ဆင့်
Posted: 23 Mar 2012 10:52 PM PDT
ကျောက်ဖြူတွင် အိန္ဒိယ အလုပ်သမားများအား ကျေးရွာသားများက တုတ်၊ဓါး၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက်
သဖြင့် ရဲအဖွဲ့က သေနတ်ပစ်ဖေါက်ကာ လူစုခွဲခဲ့ရကြောင်း သတင်း ရရှိသည်။
india-workers
" ဖြစ်တာက မတ်လ ၂၀ ရက်နေ့ ညမှာ ကြက်တိန်ကျေးရွာ KP 14 လုပ်ငန်းခွင်မှာ ဖြစ်ပါတယ်။ ရွာသား ၆၀ ခန့်က
 အစောင့်တွေကို လေးဂွတွေနဲ့ စတင် တိုက်ခိုက်ရာကနေ ပြဿနာ ကြီးထွားလာတဲ့ အတွက် ရဲအဖွဲ့က မိုးပေါ်ကို
 သေနတ် သုံးချက်ပစ်ပြီး လူစု ခွဲခဲ့ရပါတယ်" ဟု ဒေသခံ လူငယ် တစ်ဦးက ပြောသည်။
အတိုက်ခံရသော အိန္ဒိယ လုပ်သားများမှာ Punj Lloyd အိန္ဒိယ ကုမ္ပဏီမှ ဖြစ်ပြီး ကျေးရွာသားများက မကျေနပ်မူများ
 တိုးပွားနေရာမှ ၀ိုင်းဝန်း တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
" သူတို့က ဒေသခံ ရွာသားတွေကို မလေးမစား လုပ်တာတွေ များလာတဲ့ အခါ မကျေနပ်မူတွေ များလာပြီးတော့
 ကျေးရွာသားတွေက တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရတာက အနည်းအကျဉ်းရှိတယ်လို့
 သိရပါတယ်" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ်မှ တာဝန်ရှိသူ ဦးသန္တာမောင်က ပြောသည်။
ကြက်တိန် ကျေးရွာသားများသည် အိန္ဒိယ လုပ်သားများကို တိုက်ခိုက်စဉ် အတွင်း မြေထိုးစက်ကြီးများ၊ ကရိန်း
 မောင်းတံများကိုလည်း ဖျက်ဆီးပစ်ကာ စက်သုံးဆီများကိုလည်း ထုတ်ယူ မီးရှို့ ပစ်ကြသည်ဟု ဆိုသည်။
အိန္ဒိယ လုပ်သားများနှင့် ရွာသားများမှာ တဘက်နှင့် တဘက် ရိုက်ပုတ်ကြသည့် အထိ အခြေအနေ ရောက်ရှိလာပြီး ရဲအဖွဲ့
က မိုးပေါ်ကို သေနတ် သုံးချက်တိတိ ထောင်ပစ်ဖေါက်ပြီးမှ ရွာသားများ ထွက်ပြေးသွားကြသည်ဟု ဒေသခံ လူငယ်က
 ပြောသည်။
ကျောက်ဖြူရဲစခန်းသို့ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက မိမိတို့ အနေဖြင့်
 ထိုသတင်းကို လက်ခံရရှိခြင်း မရှိသေးသဖြင့် မပြောနိုင်ကြောင်း ပြောကြားသည်။
ကြက်တိန်ကျေးရွာမှာ ကျောက်ဖြူမှ ကုန်းမိုင် (၁၂) မိုင်ခန့် ဝေကွာပြီး အဆိုပါ ကျေးရွာအနီးတွင် အိန္ဒိယ Punj Lloyd
 ကုမ္ပဏီမှ စီမံကိန်း တစ်ခုကို လုပ်ကိုင်နေကြောင်း သိရသည်။
 နိရဉ္စရာ
 ဘာတွေ ဖြစ်ပျက်နေသလဲ
Posted: 23 Mar 2012 10:49 PM PDT
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်းဟာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းရဲ့ အဓိက ပင်မအချက် အချာကျတဲ့
 နေရာဖြစ်ပါတယ်။ အခုအခါ အဲဒီကျွန်းပေါ်မှာ တရုတ်က ရေနံတင် သင်္ဘောတွေ ၀င်ထွက်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကို
 တည်ဆောက်နေသလို ဆီသိုလှောင်မယ့် ရေနံကန်ကြီးတွေ၊ သင်္ဘောတွေကို ဖြန့်ဖြူးမယ့် သောက်ရေကန်ကြီးတွေ။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်းဟာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းရဲ့ အဓိက ပင်မအချက် အချာကျတဲ့
 နေရာဖြစ်ပါတယ်။ အခုအခါ အဲဒီကျွန်းပေါ်မှာ တရုတ်က ရေနံတင် သင်္ဘောတွေ ၀င်ထွက်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကို
တည်ဆောက်နေသလို ဆီသိုလှောင်မယ့် ရေနံကန်ကြီးတွေ၊ သင်္ဘောတွေကို ဖြန့်ဖြူးမယ့် သောက်ရေကန်ကြီးတွေ။
သဘာဝဓါတ်ငွေ့ပို့လွှတ်မယ့် စက်ရုံတွေ၊ ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ၊ တရုတ်အင်ဂျင်နီယာတွေ နေထိုင်ဖို့ တိုက်တာ
 အဆောက်အဦးတွေ ကိုလည်း ဆောက်လုပ်နေပါတယ်။ အခုလို ကျွန်းပေါ်မှာ စီမံကိန်းကြီးတွေကို တည်ဆောက်နေတဲ့
 အတွက် ဘိုးစဉ် ဘောင်ဆက် အဲဒီကျွန်းပေါ်မှာနေထိုင် လာတဲ့ ဒေသခံ ရခိုင် ပြည်သူတွေရဲ့ အခြေအနေက ဘယ်လို
 ရှိနေပါသလဲ။ ကျွန်းပေါ်က အရပ်လူကြီး တစ်ဦးကို နိရဉ္စရာက ဖုံးထဲကနေ မေးမြန်းခွင့်ရခဲ့ပါတယ်။ သူက သူတို့ နေထိုင်တဲ့
 မဒေးကျွန်း အကြောင်းက စပြီး ခုလိုပြောပါတယ်။
မဒေးကျွန်းမှ ဒေသခံ နေ့စား အလုပ်သမားများ (ဓါတ်ပုံ- နိရဉ္စရာ)
မဒေးကျွန်းမှ ဒေသခံ နေ့စား အလုပ်သမားများ (ဓါတ်ပုံ- နိရဉ္စရာ)
( မဒေးကျွန်းပေါ်မှာ ရွာပေါင်း ဘယ်နှစ်ရွာရှိပြီး လူဦးရေက ဘယ်လောက်ရှိပါသလဲ)
-မဒေးကျွန်းမှာ ရွာကြီး သုံးရွာရှိတယ်။ ရွာမရွာ၊ ပြိန်ရွာ၊ ကျောက်တန်းရွာ ဖြစ်ပါတယ်။ အဲဒီရွာကြီး သုံးရွာမှာ အိမ်ခြေ ၇၀၀
 လောက်ရှိပါတယ်။ လူဦးရေက ၂၀၀၀ ကျော်ရှိမယ်ထင်တယ်။
(အများစု ဘယ်လို အသက်မွေးဝမ်းကျောင်းကြပါသလဲ)
-ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေ အများစုကတော့ တံငါ လုပ်ငန်းနဲ့ အသက်မွေးကြပြီး တချို့လည်း လယ်ယာစိုက်
ပျိုးတာတို့၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးတာတို့၊ နွားမွေးတာတို့နဲ့ အသက်မွေးကြပါတယ်။ ဒါကအရင်က အခြေအနေပါ။
အခုတော့ အဲသလို အသက်မွေးဝမ်းကျောင်း အလုပ်တွေ မရှိသလောက် ဖြစ်သွားပါပြီ။
(ဘာကြောင့်ပါလဲ)
-ကျွန်တော်တို့ မဒေးကျွန်းမှာ ရှိနေတဲ့ လူတွေက တံငါလုပ်ငန်းနဲ့ အသက်မွေး ကြတာပါ။ အဲဒီ တရုတ်တွေ က
 ဆိပ်ကမ်းကြီးတွေ ဆောက်တယ်။ အဲဒီ ဆိပ်ကမ်း ဆောက်တဲ့နေရာက ထွက်လာတဲ့ ကျောက်တွေ၊ ရွံ့နွံတွေကို မြစ်ချောင်း
 အနှံ့ စည်းကမ်းမရှိ လွင့်ပစ်တော့ ကျွန်တော်တို့အတွက် ငါးဖမ်းလို့ မရတော့ဘူး။ ငါးတွေ လည်း မရှိတော့ဘူး။
 ငါးဖမ်းရင်လည်း သူတို့ သင်္ဘောကို ရှောင်ရတာက တမျိုး၊ သူတို့ တူးနေတဲ့ ရွှံနွံ့တွေ၊ ကျောက်တွေ အောက်ကို
 ရောက်သွားတဲ့ အတွက် ပိုက်တွေ ဆုံးရှုံးတာ တမျိုး၊ ကျွန်တော်တို့အတွက် လုပ်စားစရာ အခွင့်အရေး မရှိတော့ဘူး။
(လယ်ယာလုပ်ငန်းတွေက ဘယ်လိုရှိပါသလဲ)
-ကျွန်တော်တို့ ဒေသမှာက အယင်တုန်းကဆိုလို့ရှိရင် နွားစားကျက်တွေ အများကြီးရှိတယ်။ တရုတ်တွေ က မြေတွေညှိတယ်။
 တောင်တွေ ဖြိုလိုက်တော့ နွားတွေကိုလည်း လွတ်ထားလို့ မရတော့ဘူး။ နွားတွေနေစရာ တွေ၊ စားစရာတွေ ပျောက်သွားတယ်။
 နောက်ပြီးတော့ စိုက်ပျိုးမြေတွေ အကုန်ပျက်တယ်။ တောင်တွေကို ဖြိုလိုက်တော့ အောက်မှာရှိတဲ့ လယ်မြေတွေဟာ
သဘာဝမြေသြဇာဆိုတာ လုံးဝ မရှိဘဲ ဖြစ်သွားပါတယ်။ တောင်ကျချောင်းတွေကို ပိတ်ပြီးဆည်လိုက်တော့ အောက်မှာ
 ရှိတဲ့ လယ်တွေလည်း အားလုံး ဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ ဒေသကတော့ အားလုံးပျက်စီးဖို့ အနေအထား ရှိပါတယ်။
ကျေးရွာရှေ့တွင် စွန့်ပစ်ထားသော အမိုက်သရိုက်များကို မြင်ရစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ကျေးရွာရှေ့တွင် စွန့်ပစ်ထားသော အမိုက်သရိုက်များကို မြင်ရစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
(ဒေသခံတွေကို အလုပ်ပေးတာတွေကော ရှိတယ်မဟုတ်ဘူးလား)
-ဒေသခံတွေကို တရက်ကို ၆၀၀၀ နဲ့ အလုပ်ပေးဖို့ ခေါ်ယူပြီးတော့ ဖြတ်စားတဲ့လူတွေက ဖြတ်စားလိုက် တော့ ၂၀၀၀ လောက်
ဘဲ ရတယ်။ သူတို့ဆီမှာ လူတိုင်းလည်း အလုပ် မရဘူး။ ရတဲ့ အလုပ်တွေကလည်း ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေ။
အနိုင်ကျင့်တာတို့၊ တစ်နေ့လုံး မနားမနေ ခိုင်းတာတွေလည်း ရှိတယ်။ သူတို့ဆီက အလုပ်နဲ့ ဒေသခံတွေက
 ထမင်းဝအောင် မစားရတဲ့ အဆင့်ဘဲ ရှိပါတယ်ခင်ဗျား။ အလုပ်သမား တော်တော်များများက အဲဒီ အခက်အခဲတွေ
 ကြုံနေရပါတယ်။
(အဲဒီမှာ ပြည်သူတွေအတွက် စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ ဆောက်ပေးတယ်ဆို)
-အခုတော့ ဆေးခန်းတခန်း ဆောက်ပေးတယ်။ အဲဒီဆေးခန်းမှာ ဆရာဝန်ထိုင်မလား။ ကျန်းမာရေးမှူး ထိုင်မလား
 ကျွန်တော်တို့လည်း မသိဘူး။ နောက်ပြီးတော့ ကျောင်းဆောင် တစ်ဆောင် ဆောက်ပေးတယ်။ အဲဒီကျောင်းမှာတောင်
 နေမယ့် ကျောင်းသား မရှိဘူး။ သူတို့ ဆောက်ပေးတဲ့ ကျောင်းဆောင်သစ်တွေက ဒေသခံတွေအတွက် အကျိုးစီးပွား ဖြစ်
လာဖို့မရှိဘူး။ ပညာရေးလည်း မြင့်တက်လာဖို့ အခြေအနေ မရှိဘူး။ ဘာလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသမှာက
 စားဝတ်နေရေး တော်တော့ကို အခက်အခဲ ရှိတယ်။ အဲဒီ တရုတ်တွေ လုပ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်တခုလုံးမှာ ရှိတဲ့
 မြစ်တွေမှာလည်း ပျက်စီးသွားပြီ။ ငါးဖမ်းလို့လဲ မရတော့ဘူး။ ဒေသခံ ထက်ဝက်ကျော်ဟာ စားဝတ်နေရေး အခက်အခဲ
 ကြုံနေရတယ်။ ဒါကြောင့် သူတို့ ဆောက်ပေးတဲ့ ကျောင်းတွေကို မြင်လေ ကျွန်တော်တို့က ဒေါသပိုလေဘဲ။ စားစရာ
 မရှိတဲ့ နေရာမှာ အဲဒီကျောင်းတွေ ဘာလုပ်မှာလဲ။
( ဒီလို အခွင့်အရေးတွေ ဆုံးရှုံးနေတာကို အထက် အာဏာပိုင်တွေကို တင်ပြတာတွေ မလုပ်ဘူးလား ခင်ဗျား)
-ကျွန်တော်တို့က ကြိုးစားတုန်းဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ကို အကူအညီပေးမယ့်သူ မရှိသေးလို့ ဘယ်လို
လုပ်ရမယ်ဆိုတာ မသိဘူး။ ဒါကြောင့် အဲဒါကို အခုအချိန်ထိ မလုပ်ဖြစ်သေးဘူး။ ပီးရင်ဒေသခံတွေ က အထက်ကို
 တင်ပြရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ယုံကြည်မူလည်း မရှိ ဖြစ်နေကြတယ်။
(ကိုယ်အစိုးရဘဲ။ တိုင်းတန်းရင် သူတို့သိလာမှာပေါ့။ သိရင် ဖြေရှင်းပေးမှာပေါ့။ မဟုတ်ဘူးလား)
-ကျွန်တော်တို့က ဒီလို မထင်ဘူး။ အခုကျွန်တော်တို့ကို ဘ၀ပျက်အောင် လုပ်နေတာမှာတရုတ်တွေသာ မကဘူး။
အုပ်ချုပ်တဲ့ လူကြီးတွေလည်း ပါတယ်။ ကျွန်တော်တို့ ဒေသမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရ အမိန့်ဆိုပြီး
 ကန်ပေါင်တလျှောက်လုံးမှာ၊ ရွာအနီး တ၀ိုက်မှာ အနီရောင်နောက်ခံမှာ အဖြူရောင်စာတန်းနဲ့ စည်းကမ်းချက်တွေ
 အများကြီး ရေးပြီး ကျွန်တော်တို့ ရွာသူရွာသားတွေကို အသိပေး ကန့်သတ်ထားပါတယ်။ စာရေးထားတာက အများကြီးဘဲ။
 အဲဒီမှာ အဓိက အကြောင်းရင်းကတော့ ကျွဲနွား တိရိစ္ဆာန်တွေ မမွေးမြူရဘူး၊ ပေါင်းမရှင်းရဘူး၊ မီးမရှို့ရဘူး၊ နောက်ပြီး ဥယျာဉ်
 အသစ်မချရဘူး၊ ရေမကူးရဘူး၊ ငါးမမျှားရဘူးဆိုပြီး ရေးထားပါတယ်။ ဒါကြောင့် သူတို့ကို တိုင်ရင်လည်း ဘာမှ ထူးလာမှာ
 မဟုတ်ဘူး။
( အဲသလို တားမြစ်တဲ့ အတွက် ဒေသခံတွေမှာ အခက်အခဲတွေရှိလား)
-ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပြီး မွေးတယ်။ အခု နွားမွေးလို့ မရတော့ဘူး။ ခုလိုကန့်သတ် ထားတဲ့ အတွက်
 ဥယျာဉ်ခြံမြေတွေကိုလည်း မလုပ်ရတော့ဘူး။ ဥယျာဉ်ထဲမှာ ပေါင်း မခုတ်ရ။ မီးမရှို့ရဘူးဆို ရင် ကျွန်တော် ဥယျာဉ်တွေက
 ပေါင်းထပြီး ပျက်စီးသွားတာပေါ့။ နောက်တစ်ခါ သယ်ယူပို့ဆောင်ရေးအခက် အခဲတွေရယ်၊ နောက်ပြီးတော့ လွတ်လွတ်လပ်
လပ် လုပ်ပိုင်ခွင့်မရတဲ့ ကန့်သတ်ချက် ရှိတဲ့အခက်အခဲ၊ နောက်ထပ် ဥယျာဉ် အသစ် ထပ်မချရဘူး။ ကျွဲ နွားတိရိစ္ဆာန်တွေ
 မွေးမြူလို့ မရဘူး။ အဲဒီမှာ အတည်တကျ နေဖို့အတွက်တဲတွေနဲ့ အိမ်တွေလည်း ဆောက်ခွင့်မပေးဘူး။ အဲဒါတွေကြောင့်
 အခက်အခဲ ဖြစ်နေရပါတယ်။
( ဒေသခံတွေ တိုးတက်ရာ တိုးတက်ကြောင်း သူတို့က တစ်ခုတလေတောင် လုပ်ပေးတာမျိုး မရှိဘူးလား )
-ဒေသခံပြည်သူတွေအတွက် ဘာမှ လုပ်ပေးတာ မရှိသေးဘူး။ အဲဒီမှာ ရေကန်ကြီးတစ်ခုတော့ ဆည်ဖို့ထား တယ်။
 ဒေသခံတွေကို ရေပေးမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ ဒေသက အယင်တုန်းကတည်းက သောက်ရေ သုံးရေ
အပြည့်အစုံရတဲ့ဒေသ ဖြစ်တယ်။ အဲဒီ ရေတခုပေးတာနဲ့ ကျွန်တော်တို့ ဒေသက ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
( အဲဒီ ဆည်ကန်ကြောင့် ဒေသခံတွေ ထိခိုက်နစ်နာမူတွေ ရှိနေတယ်ဆိုပြီး အသံတွေထွက်နေတယ်။ အဲဒါဘာကြောင့်ပါလဲ)
-ကန်ကြီးတခုလုံး ရေပြည့်သွားတော့ အဲဒီမှာ ကန်ရဲ့ တောင်ဖက်ခြမ်းမှာ ပါသွားတဲ့ ဥယျာဉ် ခြံမြေတွေကို သွားလာရခက်ခဲ
သွားတယ်။ အဲဒီ ဥယျာဉ်ခြံမြေကို အယင်တုန်းက ၁၀ မိနစ်ဘဲ သွားရတယ်။ အခု ၂ နာရီ လောက် သွားနေရတယ်။
ဥယျာဉ်ရောက်ဖို့အတွက် မနည်း ကြိုးစားပြီး သွားနေရပါတယ်။ အဲဒီ ဥယျာဉ်ခြံကို ပြန်ပြီး လုပ်စားဖို့ဆိုတာ အခြေအနေ
 လုံးဝမဖြစ်တော့ဘူး ဖြစ်နေတယ်။ ဥယျာဉ်ကထွက်တဲ့ ကွမ်းသီးတွေ၊ ခြံထွက် အသီး အနှံတွေကို တခြားနေရာတွေကို
သွားရောင်းဖို့အတွက် သယ်ယူဖို့ လုံးဝအခက်အခဲ ဖြစ်သွားပါတယ်။
(ဒီလို ကန်ဆည်တဲ့အတွက် အဲဒီကန်အောက်မှာ ပါသွားတဲ့ မြေတွေက ခင်ဗျားတို့ ပိုင်တဲ့ မြေတွေလား၊ အဲဒီအထဲမှာ
 ဥယျာဉ် ခြံမြေတွေ ပါသွားတာ ရှိပါသလား)
-ဟုတ်ကဲ့ ပါသွားပါတယ်။ အဲဒီမှာ ပါသွားတာတွေအတွက် သူတို့ သတ်မှတ်ထားတဲ့ လျော်ကြေးကိုတော့ လျော်ပေးသွားပြီ။
 ဒါပေမယ့် ဟိုလူကြီးက ဟိုအကြောင်းပြဖြတ်၊ ဒီလူကြီးက ဒီအကြောင်းပြဖြတ်နဲ့ ဒေသခံ တွေက နည်းနည်းလေးဘဲ
 ရလိုက်ပါတယ်။
နိရဉ္စရာ
Posted: 23 Mar 2012 08:05 PM PDT
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့
 ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်
ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားပါတယ်။
မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ၀န်ကြီးရဲ့ ပြောဆို ချက်
တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို
 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့
 မသင်းသီရိက တင်ပြပေးထားပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့
 ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News ဂျာနယ်ထဲမှာ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့
အင်တာဗျူး ဖော်ပြထားတာပါ။
ဒီတွေ့ဆုံမေးမြန်းခန်းထဲမှာ ဘတ်ဂျက်အဖြတ်ခံရတာနဲ့ ပတ်သက်လို့ ၀န်ကြီးဦးမြင့်လှိုင်ရဲ့ ပြောဆိုသုံးနှုန်းချက် တချို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေပါတယ်ဆိုပြီး ဒီကနေ့မနက် အင်တာဗျူးပါတဲ့ ဂျာနယ်ရဲ့ စာမျက်နှာကို မိတ္တူကူးကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးထဲမှာ ဝေငှတာတွေ ရှိခဲ့ပါတယ်၊ ဒါကို ဖတ်ရတဲ့ ကိုယ်စားလှယ်တွေလည်း မကျေမနပ်ဖြစ်ကြပြီး စုပေါင်းလက်မှတ်ရေးထိုးကာ လွှတ်တော် အခွင့်အရေးကော်မတီကို ဒီကနေ့ ညနေက တိုင်ထားတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တွေ အဓိက မကျေမနပ်ဖြစ်တဲ့ စကားစုတွေကတော့-
လယ်တစ်ဧကထဲကို ရေရောက်ဖို့ သိန်းဘယ်လောက်ကုန်တယ်ဆိုတာ၊ အဲဒီဈေးတွက်တွက်နည်းနဲ့ တွက်တာ သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါ-ဦးနှောက်မရှိတာပေါ့၊ ရှိရက်သားနဲ့ သက်သက် Negative ဆန်တာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့...
လို့ ပြောတာ….အဲဒါ၊ အဲဒီအပိုဒ်တွေပေါ့ဗျာ၊ အဲဒီအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက တော်တော့်ကို မကျေနပ်ဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာဗျာ့၊ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မီတီကို နိုင်ငံတော်ပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတို့ကနေ တရားဝင် ၀န်ချတောင်းပန်ဖို့၊ အဲလိုမှ မလုပ်ပေးရင်တော့ ကျနော်တို့ လွှတ်တော်က တရား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြကြတယ်လေ။"
ဦးမြင့်လှိုင်ဟာ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သလို ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး အဖြစ်လည်း လက်ရှိ တာဝန်ယူထားတာပါ။ အခုလို ၀န်ကြီး ဦးမြင့်လှိုင်ရဲ့ ပြောဆိုချက်တွေဟာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ဂုဏ်သိက္ခာကျစေပြီး လွှတ်တော်ထဲမှာ ရှိနေကြတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တွေကိုပါ ထိခိုက်နေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးပါတီရဲ့ ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကလည်း ပြောပါတယ်။
"အထူးသဖြင့် ဒီလိုကြားဖြတ်ရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့လည်း အနိုင်ရအောင် ကြိုးစားတာပါပဲ။ လောလောဆယ် ကျနော်တို့ လွှတ်တော်ထဲမှာ အများစုသော ကိုယ်စားလှယ်များဟာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်ပါတယ်။ ကျနော်တို့ စည်းရုံးရေးဆင်းတဲ့ နေရာမှာ ကျနော်တို့အားလုံးကို ထိခိုက်နစ်နာစေပါတယ်။ ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်ပျက်အောင်၊ ပြည်သူ့ကိုယ်စားလှယ်တွေကို အယုံအကြည်ပျက်အောင်၊ လုပ်ခဲ့တာသည်လည်းပဲ လွှတ်တော်သိက္ခာကျသလို နိုင်ငံလည်း သိက္ခာကျပါတယ်။ ကျနော်တို့ ပါတီလည်း သိက္ခာကျပါတယ်။"
Hot News ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ ဒီအင်တာဗျူးထဲမှာ မေးမြန်းသူ သတင်းသမားဘက်က အသုံးအနှုန်းတခုနဲ့ ပတ်သက်လို့လည်း အမျိုးသားဒ်ီမိုကရေစီအင်အားစု NDF ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ပြောတာက-
"ဂျာနယ်မှာ ဗျူးထားတဲ့အပိုင်းမှာက မေးတဲ့လူက မေးထားတာက လွှတ်တော်ထဲမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက ဆိုတော့- တကယ်ဆိုတော့ လွှတ်တော်မှာလည်း အတိုက်အခံဆိုတာ ကျနော်တို့ကို မပေးသုံးတော့ပါဘူး၊ မသုံးပါနဲ့။ အတိုက်အခံဆိုတဲ့ သဘောမထားပါနဲ့။ အားလုံး လက်တွဲလုပ်ကြရအောင်ပါလို့ သမ္မတကလည်း ပြောထားတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ပြောထားတယ်။ နောက်တခုကလည်း ကျန်တဲ့ဟာက ဒီမိုကရေစီအင်အားစု မဟုတ်ဘူး ဆိုတာမျိုး သွားပြီးသက်ရောက်နေတယ်။"
NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းပါရှင်။ ဘတ်ဂျက် ၆၅ ရာခိုင်နှုန်း အဖြတ် ခံထားရတဲ့ ၀န်ကြီးဌာနတစ်ခုအနေနဲ့ အများပြည်သူ စိတ်ဝင်စားတဲ့ ဘယ်လို ရပ်တည်ပြီး ဘယ် စီမံကိန်းတွေ ဆက်လုပ်ဖို့ ရပ်ပစ်ဖို့ ဆိုတဲ့အပေါ် တင်ပြချင်တာကြောင့် ဖြစ်ပြီး ကိုယ်စားလှယ် ဦးစိုးဝင်း ထောက်ပြခဲ့တဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူးကို ကိုယ်တိုင် မေးမြန်းခဲ့သူလည်းဖြစ် Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာ ခေါ် မမ က- အခုလို VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။
"ပြည်ခိုင်ဖြိုးက တက်တဲ့ အမတ်တွေရှိတယ်။ ဒီမိုကရေစီအင်အားစုကနေ တက်တဲ့ အမတ်ရှိတယ်။ အမတို့ ဂျာနယ်တွေက အင်တာဗျူးသွားရင် ဒီမိုကရေစီအင်အားစု အမတ်တွေကသာ အမတို့ စာနယ်ဇင်းတွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားလေ့ရှိပါတယ်။ ပြည်ခိုင်ဖြိုးဘက်ကနေ လက်ရှိ in service တို့၊ အဲလိုမျိုးဘက်ကနေ ဖြစ်လာတဲ့ အမတ်တွေဟာ မဖြေကြဘူးညီမလေး၊ မဖြေတဲ့အတွက် အမတို့လည်း မေးရတာအခက်အခဲရှိပါတယ်။
အဲဒီအတွက် အတိုက်အခံပါတီလို့ အမပြောတဲ့ဟာက လက်ရှိ ဆိုရှယ်လစ်စနစ်ကနေ မူဝါဒပြောင်းခဲ့တာ ဘယ်သူတွေက အတိုက်အခံပြုခဲ့ကြတာလဲ၊ အဲဒီအတွက် ၀န်ကြီးဌာနတခုမှာ ၀န်ကြီးတယောက်နဲ့ မေးတဲ့အခါမှာ ဘတ်ဂျက်ကိစ္စကို ကျယ်ကျယ်လောင်လောင် အော်နေတယ်လို့ အမက မေးရပါတယ်။ အမက စာနယ်ဇင်းသမား၊ သတင်းသမားဆိုတဲ့ အတွက် မေးတဲ့နေရာမှာ ကွဲကွဲပြားပြားမေးရပါတယ်။ အဲဒီသဘောနဲ့ သုံးနှုန်းခြင်းသာဖြစ်ပါတယ်။"
Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာခေါ် မမ ပြောခဲ့တာပါရှင်။ ရှေ့ဘဏ္ဍာနှစ်အတွင်း ၀န်ကြီးဌာနတွေကို ဘတ်ဂျက်ဖြတ်တာတွေနဲ့ ပတ်သက်လို့ သတ္ထုတွင်း ၀န်ကြီးဌာနကလည်း အပတ်စဉ်ထုတ် The Voice Journal ကို မမှန်မကန်ရေးသားတဲ့ အတွက်ဆိုပြီး တရားစွဲဆိုထားတာတွေလည်း ရှိပါတယ်။
ံHot News
first proof vol.1 no.22
VOA
Posted: 23 Mar 2012 07:16 PMငါးထောင်တန်ကြဲတဲ့ ငါးလုံး (ဓာတ်ပုံ - နေပြည်တော်ဘောလုံးအသင်း)
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပါတီမဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ
 ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းက ကျပ်ငွေ ငါးထောင်တန်၊ တထောင်တန်တွေကို တက်ရောက်လာတဲ့ လူထုထဲ ကြဲဖန့်ခဲ့ပါတယ် တဲ့။ ကွယ်လွယ်ရွာခံများက ပြောပါတယ်။
ကွယ်လွယ်ရွာ၊ မြစန္ဒရပ်ကွက်၊ ဘုရားကြီးဝန်း ဓမ္မာရုံအတွင်း လုပ်တဲ့ ဟောပြောပွဲအပြီးမှာပါ။
"ဘယ်လောက်လောက် ရှိမလဲတော့ မခန့်မှန်းတတ်ဘူး။ တစ်ထောင်တန်တွေကို သုံးခါ ကြဲချတယ်။ ငါးထောင်တန်တွေကို တစ်ခါကြဲချတယ်" လို့ ကွယ်လွယ်ရွာသားတဦးက ဧရာဝတီသို့ပြောသည်။
ဒီပွဲကို ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အတူ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်း အစိုးရ အဖွဲ့ဝင် ဦးဝင်းကိုကိုတို့လည်း တက်ရောက်ခဲ့ကြပါတယ်၊ "လျှပ်စစ်မီး ရရှိရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူရေး" လို့ အမည် တပ်ပြီး တအိမ်၊ တယောက် မလာမနေရ ဖိတ်ခေါ်တယ်၊ ကြံခိုင်ရေးပါတီကို မဲထည့်ဖို့ စည်းရုံးဟောပြောခဲ့တယ်လို့ ရွာခံများကပြောပါတယ်။
"ဟိုရောက်တော့ ဝန်ကြီးက လျှပ်စစ်မီးကိစ္စလည်း မပြောဘဲနဲ့။ ကျနော်တို့ ကွယ်လွယ်ရွာသားတွေဟာ ဖြိုးကိုကိုတင့်ဆန်းရဲ့ ထမင်းနဲ့ မကင်းကြဘူး၊ ငွေနဲ့ မကင်းကြဘူးပေါ့။ အဲဒီတော့ ဦးဖြိုးကိုကိုတင့်ဆန်းကို မဲပေးရမယ် ဆိုပြီး မဲဆွယ်တာပေါ့" လို့ ရွာသားတဦးက ပြောပြပါတယ်။
မြောင်းမြမြို့နယ် ကျေးရွာတချို့မှာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့က လူမှုရေးလုပ်ငန်းများ အကြောင်းပြပြီး ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိရေး မဲဆွယ်စည်းရုံး နေတယ် လို့ NLD မြောင်းမြမြို့နယ် မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဝင်းဆွေ က ဧရာဝတီကို ပြောပါတယ်။ အင်္ဂါနေ့မနက်ပိုင်းကလည်း ပျဉ်ရွာမှာ အဲဒီလို လုပ်ခဲ့တယ် တဲ့။
ဒါဟာ တရားမဝင်မဲဆွယ်စည်းရုံးတာဖြစ်တယ်၊ မှတ်တမ်းယူထားတယ်၊ ဓာတ်ပုံတွေ၊ အသံဖိုင်တွေ ရှိတယ် လို့ ဦးဝင်းဆွေက ဆက်ပြောပါတယ်။
မလာမနေရ အမိန့်တော်ချမှတ်တာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့တင် မကပါဘူး၊ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး မန်းသန်းရွှေ ဆိုသူလည်း ပါပါတယ်။ ဗိုလ်သန်းရွှေနဲ့ နာမည် ၁၀၀% တူတော့ သူလည်း တန်ခိုးထက်ဟန်တူပါရဲ့။
မတ်လ ဒုတိယပတ်ထဲမှာ ဝန်ကြီး မန်းသန်းရွှေက မြောင်းမြမြို့နယ် ငှက်ပျောတော၊ လပွတ်ကုလားကျေးရွာ ဒေသခံများကို တအိမ်တယောက် မလာမနေရ ဆင့်ခေါ်တယ်၊ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်ကြီး ဦးဖြိုးကိုကိုတင့်ဆန်းကို မဲထည့်ကြဖို့ စည်းရုံးတယ် တဲ့၊ ဒေသခံများက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ မြောင်းမြ မဲဆန္ဒနယ်မှာ သူ့ ပြိုင်ဘက်များကတော့
NLD ပါတီ - မန်းဂျော်နီ
NDF ပါတီ - ဦးအောင်မျိုးလှိုင်တို့ ဖြစ်ပါတယ်။
NLD နဲ့ NDF ပါတီကိုယ်စားလှယ်များလည်း ငါးလုံးကို အားကျပြီး ပိုက်ဆံကြဲရင် ဒေသခံတွေအတွက်တော့ သိပ်ကောင်းမှာပေါ့လို့ တချို့က ဆိုပါတယ်။ ဒါပေမယ့် ဒီပါတီ ၂ ခုမှာ ပါဝင်သူများက နှစ်ရှည်လများ နိုင်ငံရေးလုပ်လာလို့ ၀င်ငွေမရှိ အကြွေးတွေပဲ ပိနေတယ်၊ ငါးထောင်တန် မပြောနဲ့ ငါးကျပ်တန်တောင် မကြဲနိုင်ပါဘူး တဲ့။
ငါးလုံးအကြောင်း ပြန်ဆက်ရရင် -
ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းဟာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ အားကစားဝန်ကြီး ဌာန တို့ကို အပိုင်စား ရတော်မူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့ သားတော်မောင် ဖြစ်ပါတယ်။
ဦးတင့်ဆန်းက ပြီးခဲ့တဲ့လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြောင်းမြမြို့ စည်းရုံးရေး ခရီးမှာ ဟောပြောမယ့် ဘောလုံးကွင်းတွေကို ငှားရမ်းတော့ ဟင့်အင်း လို့ ပြောခဲ့သူပါ။
ကျော်ခ ရေးသားသည်။ ဧရာဝတီ ဘလော့ဂ် 
Posted: 23 Mar 2012 06:38 PM PDT
ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ်သုံးခုမှာ လုံခြုံရေးအခြေအနေကြောင့် လာမယ့် ဧပြီလ ၁ ရက်နေ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသတွေမှာကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ကျင်းပနိုင်မှာ မဟုတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေကို အပြည့်စုံ နားလည်နိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က ပြောပါတယ်။
"ကချင်ပြည်နယ်က ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးခွင့် ဆုံးရှုံးအောင် မြန်မာအစိုးရက တမင် လုပ်တာလား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ရွှေ့ဆိုင်းလိုက်တာလဲ ဆိုတာကို နားလည်နိုင်ဖို့ ကျမတို့ ဒီကိစ္စကို စုံစမ်းနေပါတယ်။ သူတို့နဲ့ စကားမပြောရသေးတဲ့အတွက် လောလောဆယ်တော့ ဘာမှ ဝေဖန် မပြောနိုင်သေးပါဘူး။ ကချင်ပြည်နယ်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိရပါလိမ့်မယ်။"
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland ပြောသွားတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ကတည်းကစလို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေသလို ဒီအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တဲ့အကြာင်းနဲ့ မြန်မာအစိုးရနဲ့ ကချင်အဖွဲ့တွေ နှစ်ဘက်စလုံးက အပစ်အခတ် ရပ်စဲကြဖို့ တိုက်တွန်းတဲ့ အကြောင်းလည်း ပြောခွင့်ရအမျိုးသမီး Nuland က ပြောသွားခဲ့ပါတယ်။
VOA
Posted: 23 Mar 2012 04:39 PM PDT
ဓါတ်ပုံ (facebook)
 မတ်လ ၂၃ ရက်နေ့ ၂၀၁၂
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ယနေ့ပြုလုပ်သောမဲဆွယ်
စည်းရုံးရေးပွဲ၌ဖျော်ဖြေနေသောသရုပ်ဆောင်တေးသံရှင်နန်းဆုရတီစိုး
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ပြုလုပ်မည့်မဲဆွယ်စည်းရုံးရေးပွဲအတွက်လာရောက်မည့်ပါတီတာဝန်ရှိသူများကိုကြိုဆိုရန်စောင့်ဆိုင်းနေသောထောက်ခံအားပေးသူတချို့
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ယနေ့ပြုလုပ်သောမဲဆွယ်စည်းရုံးရေးပွဲ၌ဖျော်ဖြေနေသောသရုပ်ဆောင်တေးသံရှင် မိုးယံဇွန်
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်
ယုဇနဥယျာဉ်မြို့တော်တွင်ယနေ့ပြုလုပ်သောမဲဆွယ်စည်းရုံးရေးပွဲ
အတွက်ပါတီတံဆိပ်ပါတီရှပ်အင်္ကျီများဝေငှနေသူတစ်ဦး
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးပွဲတွင်ဖျော်ဖြေရန်လိုက်ပါလာကြသည့်အနုပညာရှင်တချို့
 သတင်း-ဓါတ်ပုံ (မက်ဆင်ဂျာ)
Posted: 23 Mar 2012 04:14 PM PDT
ဦးစောလှိုင် နှင့် သားဖြစ်သူ ကိုဇွဲရန်နိုင် အိန္ဒိယဆေးရုံမှာတွေ့ ရစဉ်
အဖေ့အတွက် အသဲပေးလှူခဲ့တဲ့  ကိုဇွဲရန်နိုင် အခု စိတ်ချရတဲ့အခြေအနေရောက်လာလို့
ICU အခန်းမှ ထွက်လာခွင့်ရပါပြီ။
 သူ ၁၀တန်းအောင်တဲ့နေ့ရဲ့ နောက်တနေ့မှာ ဖခင် ကိုစောလှိုင် အဖမ်းခံရတာဖြစ်ပြီး
ဖခင်ရဲ့ စတုတ္ထထောင်သက် ၆ နှစ်တာကာလ အင်းတော်ကနေ ကသာကို ဆိုင်ကယ်နဲ့ ထောင်ဝင်စာသွားတွေ့လာခဲ့သူ ။ ထောင်ကထွက်ပြီး ၄လအကြာမှာ
 အသဲအစားထိုးပေးလှူဘို့ အသင့်ဖြစ်နေခဲ့သူ။ မိခင် မကျန်းမာစဉ်ကာလတလျှောက်လုံး
ကနေ  မကွယ်လွန်ချိန်ကာလအထိ ပြုစုပေးစောင့်ရှောက်ပေးခဲ့တဲ့ သားတယောက်ဖြစ်
ပါတယ်။
သားသမီးတချို့ ကို... ဖခင်ထောင်ကျစဉ်ကာလမှာ အိမ်ထောင်တွေတချို့စီးပွါးတွေ
 ပျက်စီးပြီုကွဲလို့ မိဘကို ငြိုငြင်တာတွေလည်း ကြားခဲ့ရဘူးပေမယ့် သား ကိုဇွဲရန်နိုင်
ကတော့ ခုလို ဖခင်ကို အသက်နဲ့ ထပ်တူ ချစ်ခင်မြတ်နိုးစောင့်ရှောက်တာတွေရတဲ့
အတွက် ကြည်နူးဝမ်းသာဖြစ်ရပါတယ်။
ကိုစောလှိုင် ကတော့ ICU အခန်းကနေ မထွက်ရသေးပါဘူး။ ဒါပေမယ့် အခြေအနေ တစတစ ကောင်းမွန်တိုးတက်လာတယ်လို့ သိရပါတယ်။ ဆရာဝန် ၂ ဦး က ၂၄ နာရီ
တချိန်လုံး ကွန်ပျူတာ များနဲ့ ချိတ်ဆက် monitor လုပ်ရင်း စစ်ဆေး ကြပ်မတ်နေ
ကြပါတယ် ။ နောက် ၂ ရက်လောက်နေရင် စိတ်ချရမယ့်အနေအထားရောက်မယ်လို့
သိရပါတယ်။ အခုတော့ သားငယ်ပေးထားတဲ့ အသဲ နဲ့ ဆက်အသက်ရှင်သန်နေပါပြီ။
ကိုစောလှိုင်တို့ သားအဖ အမြန်ဆုံး ကျန်းမာချမ်းသာစွာနဲ့ မြန်မာပြည်ပြန်နိုင်ပါစေလို့ အနီးအဝေး နေရာအနှံ့က မိတ်ဆွေ များက ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။
ဒီစာလေးကို ဦးခွန်ဆိုင်း ရဲ့  ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖတ်လိုက်ရလို့ ဦးစောလှိုင်
အကြောင်း သိလောက် ထပ်မံရေးပို့ ပေးဖို့ ကျနော် ဦးခွန်ဆိုင်း ကို မေတ္တာရပ်ခံ
လိုက်ပါတယ်။ ဒါနဲ့ ဦးခွန်ဆိုင်း က သူသိသလောက် အခုလို ပြန်လည်ရေးပို့ လာပါတယ်။
ကိုစောလှိုင် က အင်းတော်ဇာတိဖြစ်ပါတယ်။ ဖခင်က ဟိန္ဒူဖြစ်ပြီး မြန်မာနိုင်ငံ
သားဖြစ်နေခဲ့တာ ၁၉၆၀ ခန့်ကတည်းက ဖြစ်ပါတယ်။ မဆလခေတ် -၁၉၇၆ မှိုင်းရာပြည့် အရေးအခင်းမှာ ထောင်ကျ ကျောင်းမှာ ထုတ်ပယ်ခံရပြီး ပြန်လွတ်တော့ စာပေးစာယူနဲ့ ဘီအေအောင်ပါတယ်။အမ်အေ ဆက်တက်နေတုန်း day ကျောင်းသားအဖြစ်အတက်မခံလို့ တ၀က်တပျက်နဲ့ ကျောင်းထုတ်ခံရပါတယ်။
အင်းတော်မှာပဲ လပြည့်ဝန်းအခမဲ့ကျူရှင်ကိုနှစ်ပေါင်းများစွာဖွင့်ခဲ့ပါတယ်။
၁၉၉၀ရွေးကောက်ပွဲမှာ NLD အင်းတော်အမတ်ဖြစ်လာပေမယ့် အကြိမ်ကြိမ် အကျယ်ချုပ်
ဘ၀ အကျဉ်းချုပ်ဘ၀များနဲ့နေခဲ့ရပါတယ်။ ထောင် ၄ကြိမ်ကျပါတယ်။နောက်ဆုံး
အင်းတော်မှာ ကွန်ပြူတာ စင်တာထောင် ပြီး ကျောင်းသားများကို တဖက်တလမ်းမှာ
ကူညီနေစဉ် လုပ်ငန်း လိုင်စင် သက်တမ်းမတိုးပေးပဲ အမှုရှာကာ ထောင် ၁၂ နှစ်
ချလိုက်ပါတယ် ။
နပ်စ် အလုပ်ကို လုပ်ကိုင်သူ ဇနီးဖြစ်သူကိုလည်း မကွေးသို့ပြောင်းရွေလိုက်တဲ့အတွက် မပြောင်းနိုင်တော့ပဲအလုပ်က ထွက်လိုက်ရပါတယ်။သူ ထောင်ကျနေစဉ် ဇနီးသည်
 ကင်ဆာဖြစ်ကာ မတ်လ ၂၀၁၀ တွင်ဆုံးပါးခဲ့ပါတယ်။ ကိုစောလှိုင်ကတော့ ၂၀၁၁
 အောက်တိုဘာ ၁၂ ရက်နေ့မှာ လွတ်လာပါတယ်။ ဆေးစစ်ချက်များအရ စီပိုးကူးစက်နေကြောင်းတွေ့ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲမှာ NLD အတွက် ၀င်ေ၇ာက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေစဉ်မှာ ကျန်းမာရေးဆိုးဝါးလာတဲ့အတွက် ဆေးထပ်စစ်ရာ( HCC ) Hepato Cellular
 Carcinoma ခေါ် အသဲကင်ဆာဖြစ်နေတာ သိလိုက်ရပါတယ်။ အသက်ရှင်ရန်
အသဲအစားထိုးကုနည်းမှတပါး တခြားမရှိဘူး။
 အိန္ဒိယ မှာ နံမည်ကျော်ဆေးရုံတခုက ကုသပေးနေကြောင်းသိရပြီးဒေါ်အောင်ဆန်း
စုကြည်မှလည်း သွားရောက်ကြိုးစားဘို့ တိုက်တွန်းတဲ့အတွက် ထွက်ခဲ့ပါတယ်။
 ဆေးရုံက နယူးဒေလီ မှာရှိပြီး  Medanta ( မီဒန်တာ ) နောက် ဒေါ်အောင်ဆနုး
စုကြည်မှလည်းဆေးရုံနဲ့ တာဝန်ခံ ခွဲပေးမယ့်ဆရာဝန်ဆီ  အတတ်နိုင်ဆုံးကြိုးစား
ကုသပေးဘို့ ပုဂ္ဂိုလ်ရေးမေတ္တာရပ်ခံစာ ၂စောင်  ရေးပေးလိုက်ပါတယ်။
 ပထမ ပတ်စ်ပို့ မရနိုင်လို့ အတော်ကြိုးစားပြောဆိုခဲ့ရပါသေးတယ် ။
သားတယောက်သမီးတယောက်ရှိပါတယ်။ သား က ဇွဲ၇န်နိုင်လို့ခေါ်ပါတယ်။
ဖခင်ထောင်ကျစဉ် ကာလ ကသာထောင်ကို ပုံမှန်သွားတွေ့နေတဲ့ လိမ္မာတဲ့
သားတယောက်ဖြစ်ပါတယ် ။ သူက မဆိုင်းမတွ သူ့အသဲကို လှူမယ်လို့
ဖခင်ကိုပြောပါတယ်။
တကယ်တမ်း ဆေးစစ်ဆေးကု စရိတ်မှာ ရူပီး သိန်း အစိတ်။ (အမေရိကန်ဒေါ်လာ
 ၅သောင်းကျော်ကုန်) မှာမို့ မတတ်နိုင်ပဲ ပြန်ရမယ်ဖြစ်နေစဉ် မန္တလေးမှ အမျိုးများ
မိတ်ဆွေများ ရန်ကုန်မှလုပ်ဖေါ်ကိုင်ဖက်များ အမေရိကား သြစတေးလျ စတဲ့
 နေရာစုံမှာ မိတ်ဆွေများ ၀ိုင်းဝန်းကာ ရှာဖွေ ကူညီလှူဒါန်းတဲ့အတွက် အခု
 အောင်မြင်စွာ  ခွဲစိတ်နိုင်ခဲ့ပါတယ်။
အခု စကားပြောလို့ရနေပါပြီ။ ဒီနေ့ လမ်းစလျှောက်နေပါပြီ။ ဆက်လက်ကုန်ကျစားရိတ်မှာဆက်လက်စားရမယ်
့ဆေးများပြည့်စုံအောင်ဝယ်ပြီး
 မြန်မာပြည်ပြန်ရောက်သည်အထိ နောက်ထပ်ဒေါ်လာ ၆၀၀၀ ခန့်ကျန်သေးတာကို
ဆက်လက် အလှူခံဘို့ ရှာဖွေနေကြပါတယ်။  ဒီလောက်ဆိုပြည့်စုံပါပြီ သူ့ကို စောင့်ရှောက်နေတဲ့ ဒေါ်စိန်စိန်ဆီကို
 ဖုံးဆက်မယ်ဆို ရင် တော့
 ( ၀၀ ၉၁ ၈၄၄ ၇၃၂ ၆၈ ၅၃) အိန္ဒိယနိုင်ငံဖုန်းနံပါတ် ဖြစ်ပါတယ်။
ဦးခွန်ဆိုင်း ပြောပြချက်ဖြစ်ပါတယ်။
ဦးစောလှိုင် ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊ 
ဗန်းမောက်အမျိုးသားလွှတ်တော် လစ်လပ်နေရာ မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ဖို့ 
အမည်စရင်းတင်သွင်းထားရာမှာ ပင်လည်ဘူးမြို့နယ်ကြံဖွတ်ပါတီမှဝင်ရောက် 
ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်မြ မှကန့်ကွက်မှု့ ကြောင့် ရွေးကောက်ပွဲ
 ကော်မရှင် ကပယ်ဖျက်လိုက်သူပါ။  ကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ဦးစောလှိုင်
 သည်၁၉၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး
 သူ့ဖခင်မှာ ၁၉၅၉ ခုနှစ်မှသာနိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ယူရရှိခဲ့သော
 လူမျိုးခြားဖြစ်နေသောကြောင့်ဟုသိရပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းသည်
 "နိုင်ငံသားဖြစ်ရမည်" ဟု ဖေါ်ပြထားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေတွင်မူ
 "နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမည်" ဟု တမူကွဲစွာ ဖေါ်ပြထားတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်
 ၄၈ ဦးအနက် ၄၇ ဦးကို ကိုယ်စားလှယ်လောင်းများ အဖြစ် ပြည်ထောင်စု
 ရွေးကောက်ပွဲကော်မရှင်မှ ကြေညာပြီးဖြစ်ပါတယ်။
Medicity-The Medanta - Dr. a.S. Soin - 110312
by သစ်ထူးလွင်
Posted: 23 Mar 2012 08:18 AM PDT
မင်္ဂလာတောင်ညွန့်မြို့နယ် NLDက ရွေးကောက်ပွဲအောင်နိုင်ရေး
ရံပုံငွေဈေးရောင်းပွဲတော်ကို 22-3-2012နဲ့
23-3-2012နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ ဈေးဆိုင်ခန်းတွေနဲ့
ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ကိုချစ်ကြသူတွေက အောင်နိုင်ရေးရံပုံငွေတွေ
ထည့်လှူကြပါတယ်။ အမှတ်တရပစ္စည်းတွေလည်း ရောင်းမလောက်ပါပဲ။ 
လူကြီးလူငယ်သံဃာတွေပါမကျန် အားပေးကြတာပါ။ 
24-3-2012မှာလည်းအောင်နိုင်ရေးအလှပြယာဉ်ကို 91လမ်းထိပ်
 အောင်နိုင်ရေးရုံးခန်းရှေ့ကနေ မနက် 9 နာရီမှာ စထွက်ပြီး 
မင်္ဂလာတောင်ညွန့်မြို့နယ်အနှံ့ လှည့်မယ်လို့ သိရပါတယ်။
 Myanmar News Now
Posted: 23 Mar 2012 08:14 AM PDT
ချင်းမိုင် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့ချိန်မှ လုံခြုံရေး အကြောင်းပြချက်
ဖြင့် ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲများ ကျင်းပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
 က ကြေညာလိုက်ခြင်းမှာ မရိုးသားသော လုပ်ရပ်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက
ဝေဖန်လိုက်သည်။
ကချင်ပြည်နယ်အတွင်း လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း မြို့နယ်များတွင်
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သောကြာနေ့ ညနေပိုင်းတွင် ကြေညာခဲ့ခြင်း
 ကို ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ကျမတို့ကိုလည်း ဘာမှ အကြောင်းမကြားဘူး။ ဒါက ရိုးသားမှု မရှိဘူး။ လုံခြုံရေးက ဘာမှ မဖြစ်ပါဘူး။ ကျမတို့လည်း
 ညညနေ့နေ့ ဒီအတိုင်း သွားလာနေတာပဲ။ ဘာ အနှောက်အယှက်မှ မရှိပါဘူး။ ဖားကန့်မှာ ကျမက လုံးဝနိုင်နိုင်ပါ တယ်။
အဲဒါကို ဒီလိုလုပ်တယ် ဆိုတော့ ဒါ သက်သက်လုပ်တဲ့ သဘောပါ" ဟု ဖားကန့်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့်
 အမျိုးသားဒီမိုကရေစီအင်အားစု NDF လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာ က မဇ္ဈိမကို
ပြောသည်။
မိုးကောင်းမြို့နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာတူးဂျာ
ကလည်း ၎င်း၏မဲဆန္ဒနယ်တွင် လုံခြုံရေးအတွက် စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း၊ ရွေးကောက်ပွဲ ဖျက်သိမ်းခြင်း
နှင့် ပတ်သက်၍လည်း မြို့နယ်ကော်မရှင်မှ ၎င်းထံ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ပြောသည်။
"ဒီမှာကတော့ စိုးရိမ်စရာဘာမှ မရှိပါဘူး။ လုံခြုံရေး စိုးရိမ်လောက်တဲ့ အခြေအနေတော့ မရှိဘူး။ အခုကတော့
 မဲရုံအခြေအနေတွေကတော့ တည်ငြိမ်အေးချမ်းမှုရှိပါတယ်။ ကျနော်ကတော့ ဒီလိုပဲ နေရုံပဲပေါ့ဗျာ။ ဘာမှ မတတ်နိုင်တော့ဘူး။
 အာဏာပိုင်တွေလုပ်တဲ့ အလုပ်ဆိုတော့လည်း ကျနော့်အနေနဲ့ ဘာမှ မတတ်နိုင်ဘူး။ ဒီလိုပဲ နေရုံရှိတယ်" ဟု မဇ္ဈိမကို ပြောသည်။
ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု ကြေညာခဲ့သည့် ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဗန်းမော် မြို့နယ်
များအနက် ဖားကန့်မြို့တွင် မဲရုံပေါင်း ၇၁ ရုံ၊ မိုးကောင်းမြို့တွင် မဲရုံပေါင်း ၆၅ ရုံ တို့ကို ရွေးကောက်ပွဲ ကျင်းပနိုင်ရန်
 မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ပြီး ဖြစ်သည်ဟုလည်း သိရသည်။
ှဖားကန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကြံ့ခိုင်ရေးပါတီ၊ NDF ပါတီနှင့် မိုးကောင်းမြို့နယ်တွင် NLD၊
 ကြံ့ခိုင်ရေး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ NDF ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်
 ပြင်ဆင်ထားကြခြင်း ဖြစ်သည်။
Posted: 23 Mar 2012 08:07 AM PDT
ချင်းမိုင် (မဇ္ဈိမ) ။      ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေနှင့် မညီကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ထောက်ပြ ပြောဆိုလိုက်သည်။
ထို့ကြောင့် အခြေခံဥပဒေနှင့် အညီလုပ်ဆောင်ရန် သောကြာနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်
လွှာပေးပို့ကာ ဦးရွှေမန်း က တိုက်တွန်းလိုက်သည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။
အစိုးရအဖွဲ့တခုလုံး လစာခံစားခွင့် လျှော့ယူခြင်း၊ အစိုးရ ပင်စင်စားများကို လစာ တိုးမြှင့်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ အမျိုးသား
 လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း စသည့် လုပ်ဆောင်ချက်များတွင် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း
 မရှိခဲ့ဟု ဦးရွှေမန်း၏ သဝဏ်လွှာတွင် ပါရှိကြောင်း လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က
ပြောသည်။
shwemann
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ထောက်ပြ (ဓါတ်ပုံ မဇ္ဈိမ)
"ဒီကိစ္စတွေက အစိုးရအဖွဲ့မှာ သူ့ဟာသူ လုပ်ပိုင်ခွင့် မရှိဘူး။ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီး သဘောတူညီချက်
 ယူပြီးတော့မှ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီကိစ္စကို ဖွဲ့စည်းပုံနဲ့အညီ လုပ်ဖို့ အစိုးရကို တိုက်တွန်းတာ"
ဟု မဇ္ဈိမကို ပြောသည်။
ဦးရွှေမန်း၏ အဆိုပါ သဝဏ်လွှာကို "ပြည်ထောင်စု လွှတ်တော်က အတည်ပြုတယ်။ အဲဒါကို အစိုးရအဖွဲ့က ပြန်လည်
ပြုပြင်ပြီး လွှတ်တော်ကို တင်ပြဖို့ ကျနော်တို့ လွှတ်တော်က တိုက်တွန်းတယ်ပေါ့ဗျာ" ဟုလည်း လွှတ်တော်အမတ်
ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။
ဦးသိန်းစိန်သည် သမ္မတ ရာထူးလက်ခံရယူသည့် ၂ဝ၁ဝ မတ်လ ၃ဝ ရက်နေ့ မိန့်ခွန်းတွင် "လစဉ်ချီးမြှင့်ငွေကို
နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေအနေနဲ့ နိုင်ငံသားများ၏ အကျိုးကို ရှေးရှုသော
 အားဖြင့် မိမိတို့ခံစားခွင့်မပြုဘဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဗဟိုအဖွဲ့အစည်း အသီးသီးတွင်
 တာဝန် ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ၏ ခံစားခဲ့သော လစဉ်ထောက်ပံ့ငွေ အတိုင်းသာ ခံစားသွားရမှာ ဖြစ်ပါတယ်" ဟု
 ပြောကြားခဲ့သည်။
သမ္မတ၏ အဆိုပါ လုပ်ဆောင်ချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၆၉ တွင်ပါရှိသည့် "နိုင်ငံတော် သမ္မတနှင့်
 ဒုတိယ သမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များ ရရှိစေရမည်။ သင့်တင့်
 လျောက်ပတ်သည့် အိမ်တော်တဆောင်စီကိုလည်း ရရှိစေရမည်" ဟူသည့် ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိဟုလည်း
 လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာ တိုးမြှင့်ပေးခဲ့ရာတွင်လည်း
 လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း မရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံနှင့် မညီဟု လွှတ်တော်အမတ်များက
ပြောသည်။
ထိုစဉ်အခါက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာတိုးမြှင့်ပေးအမိန့်ကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ လက်မှတ် ထိုးထားပြီး
 ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် ၁၂/၂ဝ၁၁ ဆုံးဖြတ်ချက်အရ လစာတိုးပေးရန် ဆုံးဖြတ်ခြင်းဟု
 ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆/၂ဝ၁၁ ဖြင့် ထုတ်ပြန်ခဲ့သည်။
သူရဦးရွှေမန်း ထောက်ပြသည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင်
 ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင်ဖွဲ့စည်းမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာချက်အမှတ် ၃၄/၂ဝ၁၁
ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး အဆိုပါအမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှ လက်မှတ်
ထိုးထားသည်။
"အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းမှာ ထည့်တာ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး"
 ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၂ကို ကိုးကား၍ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
အခြေခံဥပဒေပုဒ်မ ၂ဝ၂ အရ "နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း
 ဖြည့်စွက်ခြင်း ပြုနိုင်သည်" ဟု ပြဋ္ဌာန်းထားသည်။
အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အထက်ဖေါ်ပြပါ ကွဲလွဲချက်များကို ဧပြီလ ၂၃ ရက်နေ့တွင် ညှိနှိုင်းဖွယ်ရှိပြီး
အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်လုံး ထိုနေ့တွင် ကျင်းပနိုင်ရန် ခေါ်ယူထားသည်ဟု သိရသည်။
နေပြည်တော်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက စတင်ကျင်းပနေသည့် လွှတ်တော်အရပ်အရပ် အစည်းအဝေးများကို
 ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment